← Chapters

အခန်း (၅၃)

Vol. 6 Ch. 53

အခန်း (၅၃)

Vol. 6 Ch. 53

လင်းရန်၏ အစားအသောက်ကို ကြိတ်မှိတ်စားသောက်နေခဲ့ပုံမှာ သူမ၏ဘေးနားတွင်ထိုင်နေသော အဖေလင်း၏ မျက်လုံးများထဲတွင်တော့ ထိုအမူအရာက အသားကို နှမျောတွန့်တိုစွာ စားသုံးနေသော သမီးလေးအဖြစ် ရှိနေခဲ့သည်။

သူ၏နှလုံးသားထဲတွင် သနားဂရုဏာသက်မှုများ အရှိန်အဟုန်ဖြင့် ဝင်လာခဲ့ရသည်။

သူ့ရဲ့သမီးလေးက စုန့်မိသားစုထဲမှာ အသားတွေအများကြီးမစားခဲ့ရတာ သေချာတယ်!

မဖြစ်သေးဘူး! သူ့ရဲ့သမီးလေး စားဖို့အတွက် အသားတွေပြန်သယ်လာနိုင်မယ့် နည်းလမ်းကို ရှာဖို့ အခွင့်အရေး ရအောင်ရှာရမယ်!

တစ်ဖက်တွင်တော့ လင်းရန်မှာ သူမ၏ဖခင်ဖြစ်သူက မတော်တဆ အထင်လွဲသွားသည်ကို မသိခဲ့ပေ။

သူမက စားပွဲပေါ်ရှိ တခြားဟင်းလျာများကို မြည်းစမ်းကြည့်ခဲ့ပြီး နောက်ဆုံးတွင် အရသာအရှိဆုံးသောဟင်းလျာမှာ အရွက်ချဉ်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသောကြောင့် သူမ၏ထမင်းပန်းကန်ထဲသို့ အရွက်ချဥ်များကိုသာ ဆက်လက်ထည့်ခဲ့သည်။

သူမရဲ့ လုပ်ဆောင်မှုများက သူမ၏မြေးမလေးမှ မိသားစုနှင့်အတူ ပထမဆုံးစားသောက်သည့်နေ့ဖြစ်၍ ဂရုတစိုက်ကြည့်နေသော အဘွားလင်း၏မျက်လုံးထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူမ အလွန်ပင် ဝမ်းနည်းသွားခဲ့ရပြီး တခြားဟင်းလျာများကို နှစ်ကြိမ် ထပ်ထည့်ပေးကာ စိတ်ဆင်းရဲစွာပြောလိုက်သည်။

“ရန်ရန်၊ လတ်ဆတ်တဲ့ ဟင်းလျာတွေကို ပိုစားပါဦး၊ အဘွားက ဒီနေ့ အဘွားရဲ့ အထူးဟင်းချက် စွမ်းရည်ကို ပြသပြီး စားသောက်ပွဲကြီးအဖြစ် အထူးပြင်ဆင်ထားတာဖြစ်လို့ မင်း များများစားသင့်တယ်!”

ဤသည်မှာ သူမ၏ အထူးကျွမ်းကျင်သောဟင်းပွဲဖြစ်ကြောင်း အဘွားဖြစ်သူပြောလာသည်ကိုကြားလျှင် လင်းရန်တစ်ယောက် ချက်ချင်းပင် မည်းမှောင်လုနီးပါး ဖြစ်ရသွားသည်

...အဘွားလင်းသာ နောင်အနာဂတ်တွင် မီးဖိုချောင်ကို ဆက်လက်တာဝန်ယူမည်ဆိုပါကလည်း နောက်ပိုင်းတွင် စားရမည့် အစားအစာအားလုံးမှာ ဤကဲ့သို့သာ ဖြစ်လာလိမ့်မည်ဟု သူမ ဟောကိန်းထုတ်ထားနိုင်သည်။

မဟုတ်သေးဘူး။ ဒါက ဒီထက်တောင်ပိုလို့ ဖော်ပြလို့မရနိုင်လောက်အောင်ပင် အရသာဆိုးရွားနိုင်လောက်တယ်!

သူမ သူမ၏အဖေဖြစ်သည့် လင်းကျန်းအန်း အပါအဝင် လင်းမိသားစုမှ တခြားမိသားစုဝင်များကို လှမ်းကြည့်လိုက်ရာ လူတိုင်းက အလွန်အမင်းအရသာရှိသည့် အစားအစာများကို စားနေကြရသကဲ့သို့ စားပွဲပေါ်ရှိ ဟင်းပွဲများအားလုံး မြိန်ရေရှက်ရေစားသောက်နေကြသည်ကို တွေ့လိုက်ရလေသည်။

ထိုအချိန်တွင် လင်းရန်မှာ လင်းမိသားစုတစ်ခုလုံးအတွက် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်ခဲ့ရသည်။

သူတို့၏ ယခုပုံစံကို ကြည့်လျှင် ဤထက် ပို၍အရသာရှိသည့် မည်သည့်အစားအသောက်ကိုမျှ မစားဖူးခဲ့ကြသည့်ပုံရသည်။

ဤသို့ဆိုပါက သူမအနေဖြင့် မီးဖိုချောင်ကို သိမ်းပိုက်ရန် နည်းလမ်းကို သေချာပေါက် ရှာမှဖြစ်ပေလိမ့်မည်။

လင်းမိသားစုကို အရသာပိုရှိသော အစားအစာများကို စားသုံးနိုင်စေရန်အတွက်သာမက သူမကိုယ်တိုင်အတွက်ပါ ထိုသို့လုပ်မှ ဖြစ်ပေလိမ့်မည်။

  ထမင်းစားပြီးသည့်နောက်တွင် ကျန်ရှိနေသည့် လင်းမိသားစုဝင်များက နေ့ခင်းဘက်အတွက် အလုပ်ပြန်ဆင်းရဦးမည်ဖြစ်၍ ပန်းကန်များကို ရှင်းလင်းဆေးကြောပြီး ခဏမျှ အနားယူရန် သူတို့နေထိုင်ရန် အိမ်ခန်းဆီသို့ ပြန်သွားခဲ့ကြသည်။

လင်းရန်အတွက်ကတော့ ကျောက်ရှီလဲ့နှင့်တွေ့ရန်နှင့် ပညာတတ်လူငယ်နေရပ်ကို သိရှိထားရန်အတွက် သိပ်မကြာခင် ပညာတတ်လူငယ်နေရာသို့ သွားဖို့ တွေးတောခဲ့သည်။

သူမအနေဖနင့် ယခုအချိန်တွင် လင်း မိသားစု၌ နေထိုင်နေသော်လည်း အနာဂတ်တွင် အလုပ်သွားလုပ်ပါက ပညာတတ်လူငယ်များနှင့် တွဲဖက်၍ အလုပ်လုပ်ရလိမ့်မည်။

အဆုံး၌ သူမအနေဖြင့် စုဆောင်းရေးအဖွဲ့ထဲတွင် ပါဝင်နိုင်ခြင်းမရှိပါချေ။

လင်းကျန်းအန်းကလည်း ဤအကြောင်းကို သိထားပြီးနောက် လင်းရန်အား ပညာတတ်လူငယ်နေရပ်သို့ သွားခြင်းကို မတားဆီးခဲ့ပေ။

သို့သော်လည်း သူမ အလုပ်လုပ်ဖို့ တွေးတောနေသည်ကို သိလိုက်ရသည်တွင် မျက်မှောင်ကြုတ်လျက် ပြောလာခဲ့သည်။

“ရန်ရန် ၊ အလုပ်အတွက် စိတ်မပူပါနဲ့၊ မင်းရဲ့ အဖေက လုံလောက်တဲ့ အလုပ်အမှတ်တွေ အဆုံးသတ်နိုင်တယ်၊ မင်းအလုပ် လုပ်လုပ် ၊မလုပ်လုပ် အရေးမကြီးပါဘူး”

လင်းကျန်းအန်းအနေဖြင့် မတိုင်ခင်က လင်းရန် ကျေးလက်ဒေသသို့ရောက်လာခြင်းအတွက် အလွန်အံ့အားသင့်ခဲ့ရသည့် အကြောင်းရင်းမှာ ကျေးလက်ဒေသတွင် အလွန်အမင်းခက်ခဲသော အခြေအနေများရှိနေသည့်အပြင် အလုပ်များသည်လည်း သဘာဝကျစွာဖြင့် အလွန် ပင်ပန်းလှသောကြောင့် ဖြစ်ပေသည်။

သူ့လိုလူမျိုးအတွက်ကတော့ ကျေးလက်တောရွာဒေသတွင် ကြီးပြင်းလာကာ ခက်ခဲကြမ်းတမ်းသည့်အလုပ်မျိုးစုံကိုလည်း ငယ်စဥ်ကပင် လုပ်လေ့ရှိသောကြောင့် သည်းခံနိုင်ပေသည်။

သို့သော်လည်း ယခင်တုန်းက မြို့ဘက်မှ ဆင်းလာခဲ့ကြသည့် ပညာတတ်လူငယ်များထဲတွင် ခက်ခဲပင်ပန်းစွာ အလုပ် လုပ်ရပြီးသည့်နောက် မျက်ရည်မကျပြီး အိပ်ဆောင်ကို ပြန်ရောက်နိုင်သည့်သူမျိုးမရှိခဲ့ဖူးပါချေ။

အမှန်တကယ် အလုပ်လုပ်ကိုင်ဖူးပြီးသည့်သူများသာလျှင် ကြုံတွေ့ရသော အခက်အခဲနှင့် ပင်ပန်းမှုများကို နားလည်နိုင်မည်ဖြစ်သည်။

လင်းရန်မှာ ဖခင်ဖြစ်သူ၏ ထိုစကားကိုကြားလျှင် တခဏမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း အခြေအနေကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးကြိုးစားပြီးနောက်တွင် သူမကသာ ထိုသို့သောအလုပ်အတွက် အမှန်တကယ် မသင့်တော်ကြောင်း တွေ့ရှိခဲ့ပါက၊ သူမကိုယ်သူမ အတင်းအကြပ်ဖိအားပေးကာ လုပ်ကိုင်မည်မဟုတ်ပေ။

မည်သို့ဆိုစေ သူမ၏ ကျွမ်းကျင်သည့်ပညာရပ် လယ်ယာအလုပ် မဟုတ်ပေ။ သူမအနေဖြင့် 360ခုသော အသက်မွေးဝမ်းကျောင်းမှုထဲမှတစ်ခုတွင် နံပါတ်တစ်နေရာတွင် ရှိနေသောကြောင့် လယ်ယာလုပ်ငန်းကို သင်ယူရန် သူမကိုယ်သူမ တွန်းအားပေးနေရန် မလိုအပ်ပါချေ။

လင်းကျန်းအန်းလည်း ထိုစကားကိုကြားသော် အဆုံး၌ သူဘာမှ မပြောတော့ပေ။ အကယ်၍ လင်းရန်သာ သည်းမခံနိုင်တော့ပါက အိမ်သို့ပြန်ခိုင်းရန် ဆုံးဖြတ်ခဲ့သည်။

မည်သို့ပင်ဆိုစေ ယခုတပ်မဟာရှိလူများအနေဖြင်် အလုပ်အမှတ်များရရှိရန် အလုပ်ဆင်းနေရသည့် အဓိက အကြောင်းရင်းမှာ သူတို့သာ အလုပ်မလုပ်ပါက စားစရာမရှိသောကြောင့်သာ ဖြစ်ချေသည်။

သို့သော်လည်း သူတို့၏မိသားစုကတော့ မတူညီပါချေ။

မိသားစုတွင် လုပ်သားအင်အားများစွာရှိသောကြောင့် လင်းရန်၏ ပါးစပ်တစ်ပေါက်စာအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်မဟုတ်ပေ။

သူတစ်ဦးတည်း၏ကိုယ်ပိုင် အလုပ်အမှတ်များနှင့်ပင် သူ့သမီးလေးကို ပံ့ပိုးပေးနိုင်သည်။

လူတိုင်း တစ်ရေးတစ်မော အိပ်နေကြစဉ် အဘွားလင်းကတော့ ငြိမ်ငြိမ်ထိုင်မနေခဲ့ရသေးပေ။

သူမက လင်းကွမ်းချင်းနှင့်အတူပါလာခဲ့သော် ရဲဘော်လီက သူမအား ခဏမျှ လှမ်းခေါ်လာခဲ့လဆသည်။

အဘွားလင်းက အကြောင်းကိစ္စကို မမေးခင်တွင် ရှောင်လီက သူ့အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလာသည်ကို တွေ့လိုက်ရလေ၏။

သူက ငွေစက္ကူတစ်ထပ်ကို ထုတ်ယူလိုက်ပြီး အဘွားလင်း၏လက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။

အဘွားလင်း ရုတ်တရက် ကြောင်အမ်းသွားရသည်။

“ရှောင်လီ၊ ဒါက မင်း ဘာကိုဆိုလိုတာလဲ”

“အဘွား၊ စိတ်မပူနဲ့၊ ကျွန်တော်ပြောတဲ့စကားကို အရင်ဆုံးနားထောင်ပါဦး”

“ဒီငွေစက္ကူတွေက ကျွန်တော် အဘွားကို ပေးတာမဟုတ်ပါဘူး၊ ဒါတွေက ကျွန်တော်တို့တပ်ရင်းခေါင်းဆောင်ရဲ့မိဘတွေက ကျွန်တော့်ကို ကိုယ်စားပေးခိုင်းလိုက်တာပါ၊

တပ်ရင်းခေါင်းဆောင်က သူ့ရဲ့ဒဏ်ရာတွေပြန်ကောင်းလာဖို့အတွက် အဘွားရဲ့အိမ်မှာ ခဏလောက်နေရဦးမှာကို ကျွန်တော် ကြောက်မိတယ်၊

အဘွားတို့ရဲ့ အိမ်မှာ တစ်ချိန်လုံး အလကား စားသောက်နေမယ်ဆိုတာက သိပ်ပြီး ကျိုးကြောင်းမညီညွတ်လှဘူးမလား၊ ဒါကြောင့် အဖွဲ့ခေါင်းဆောင်ရဲ့မိဘတွေက ကျွန်တော်ကို လျော်ကြေးအနေနဲ့ ဒီငွေစက္ကူတွေကို အဘွားဆီကို လွှဲပေးဖို့ တောင်းဆိုခဲ့တာပါ”

“အဘွား ဒါကို လက်မခံချင်ဘူးဆိုရင်ရင် တပ်ရင်းခေါင်းဆောင်ရဲ့ မိဘတွေကို လူကိုယ်တိုင် ပြန်ပေးခိုင်းလို့ ရပါတယ်၊ ကျွန်တော်ကတော့ ကြားထဲက ယူလာပြီး ပို့ပေးတဲ့သူသာဖြစ်တဲ့အတွက် ဒီကိစ္စကို ဆုံးဖြတ်ချက် မချနိုင်ပါဘူး”

ထိုသို့ပြောပြီးနောက် ရှောင်လီတစ်ယောက် ခါးသက်စွာ ပြုံးလိုက်သည်။

အဘွားလင်း သူ့ကို စိုက်ကြည့်လိုက်ပြီနောက် သူမ၏လက်ထဲမှ ငွေစက္ကူအမြောက်အမြားကို ပြန်ကြည့်လိုက်ပြီး ရှောင်စုန့်၏ မိဘများဆီကို ဖုန်းခေါ်သင့်သည်ဟု သူမဘာသာ တွေးတောလိုက်သည်။

သို့သော်လည်း ထိုသူတို့က မည်သည့်နေရာတွင် ရှိနေမှန်းကိုပင် သူမ မသိပေ။ ဤပိုက်ဆံကို မည်သို့ ပြန်ပို့ပေးရမည်နည်း။

ဒါက ဒီငွေစက္ကူတွကို ခဏမျှ လက်ခံယူလိုက်ဖို့ ပြတ်ပြတ်သားသား ပြောနေခ့်တာပဲမဟုတ်ဘူးလား?

နောက်ဆုံးတော့ အဘွားလင်းလည်း အချိန်တစ်ခုစာလောက် ငွေစက္ကူလက်မှတ်များကို လက်ခံထားရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

နောက်ပိုင်းတွင် ဤငွေစက္ကူများကို စုန့်ရှီးယန်ထံသို့ တိုက်ရိုက်ပြန်ပေးဖို့ စီစဉ်ထားခဲ့သည်။

ထိုသူမှတဆင့် သူ၏မိဘများဆီကို ပြန်ပို့ပေးနိုင်ပေသည်။ အဆုံးတွင် သူတို့က မိသားစုတစ်ခုသာ မဟုတ်ပါလား။

ရလဒ်အနေဖြင့် သူမ၏ရှေ့တွင်ရပ်နေခဲ့သော ရှောင်လီက သူမ တွေးတောနေသည့်အရာကို မှန်းဆနိုင်ခဲ့ပုံရပြီး လျှင်မြန်စွာပင် ထပ်ပေါင်းထည့်၍ပြောလာလေ၏။

“အဘွား ၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကို မပြောပြလိုက်ပါနဲ့၊ သူ့ရဲ့မိဘတွေက တကယ်တော့ ဒီငွေစက္ကူတွေကို သူ့ရဲ့ နောက်ကွယ်မှာ ပေးခဲ့တာပါ..”

ဒါက ဘာကိုဆိုလိုတာလဲ?

အဘွားလင်း အံသြစွာ ကြည့်လိုက်မိသည်။

သို့သော် ရှောင်လင်းအနေဖြင့် စုန့် မိသားစု၏ မိသားစုအတွင်းရေးကိစ္စများကို မပြောရဲပါချေ။

ထို့ကြောင့် နောက်ဆုံးတွင် သူ မရေရာသော ဝေဝေဝါးဝါးရှင်းပြချက်တစ်ခုကိုသာ ပေးနိုင်ခဲ့သည်။

“တင်းရင်းခေါင်းဆောင်နှင့် သူ့ရဲ့မိသားစုကြားထဲမှာ မဖြေရှင်းရသေးတဲ့ နားလည်မှုလွဲမှားမှုလေးတွေ ရှိနေလို့ပါ၊ ဘာပဲဖြစ်ဖြစ် သူ့ကို မပြောလိုက်ပါနဲ့”

အဆုံးတွင်တော့ အဘွားလင်းသည်ကား နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးပေပြီ။ သူမက ထိုစကားအနည်းငယ်လောက်ကို ကြားလိုက်ရုံနှင့် အခြေအနေကို ခန့်မှန်းလို့ရနိုင်ခဲ့သည်။

အတိုချုပ်ပြောရလျှင် စုန့်ရှီးယန်က သူ၏မိဘများနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း မရှိပေ။ သို့မဟုတ်ရင် သူ၏မိဘများက သူတို့ကို ကျေးဇူးတင်ချင်လျှင် စုန့်ရှီးယန်၏ သူ့နောက်ကျောဘက်ကနေတဆင့် တကူးတကသွားနေစရာမလိုအပ်ပါချေ။

ထိုသို့တွေးကြည့်လျှင် အဘွားလင်းက ဤစာကြောင်းကို အမှန်တကယ်သဘောတူမိခဲ့သည်: ကမ္ဘာပေါ်က မိဘတွေအားလုံးရဲ့ နှလုံးသားက သနားစရာကောင်းတယ်။

ထိုအကြောင်းကို သိလိုက်ရသည့်အတွက်ကြောင့် အဘွားလင်းလည်း စုန့်မိသားစုမှ သူတို့၏ကလေးအပေါ် စိုးရိမ်မှုကို လျော့နည်းသွားရစေရန်အတွက် ငွေလက်မှတ်များကို လက်ခံဖို့ ဆုံးဖြတ်ခဲ့သည်။

  သို့သော် သူမက ငွေလက်မှတ်များကို သူမလက်ခံခဲ့သော်လည်း ထို ပိုက်ဆံများကို မိသားစုအတွက် အသုံးပြုရန် အမှန်တကယ်မရည်ရွယ်ခဲ့ပေ။

အချိန်ကျလာပါက သူမက မြို့ထဲသို့သွားကည ပစ္စည်းများဝယ်ပြီးစုန့်ရှီးယန်ကို အပိုပစ္စည်းများ ပေးဖို့ တွေးထားခဲ့သည်။

ဤကိစ္စကို ရှင်းပြပြီးနောက် ရှောင်လီင သူ၏တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်၍ ချက်ချင်းပင် ထွက်ခွာသွားတော့မည့်အကြောင်းကို ပြောခဲ့သည်။

သူ ထွက်ခွာသွားဖို့ အလျင်လိုနေသည်ကိုမြင်လျှင် အဘွားလင်းလည်း သူ့အတွက် ထမင်းထုပ်လုပ်ပေးရန် အမြန်သွားခဲ့သည်။

ရလဒ်အားဖြင့် သူမ မီးဖိုချောင်ထဲမှမှ မထွက်ခွာမီ ရှောင်လီ၏ ရုပ်ပုံက အဝေးသို့ ရောက်သွားခဲ့ပေပြီ။

“ဟေး မင်းဘာလို့ ဒီလောက်တောင်စိတ်ပူနေရတာလဲ!”

အဆုံးတွင် အဘွားလင်းမှာ ရှောင်လီ၏ နောက်ကျော တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရပြီး ခေါင်းကိုခါရမ်းကာ အနောက်ခန်းသို့ ပြန်သွားခဲ့ရသည်။

**

All Chapters