အခန်း (၅၄)
Vol. 6 Ch. 54
မွန်းလွဲပိုင်းဘက်အချိန်ကိုရောက်ရှိလာချိန်တွင်တော့ လင်းရန်ျစ်ယောက် အိမ်တွင်ရှိနေသော အခြားသူများကိုနှုတ်ဆက်ခဲ့ပြီး အဖေလင်း၏ ဦးဆောင်မှုအောက်တွင် ပညာတတ်လူငယ်အိမ်ရာဘက်ကို ပထမဆုံးသွားရောက်ခဲ့သည်။
ထိုနေရာတွင် သူမနှင့် တစ်မနက်လုံး ခွဲခွာနေရသော ကျောက်ရှီလဲ့နှင့် တွေ့ဆုံခဲ့ပြီး ကျောက်ရှီလဲ့တစ်ယောက် ဤအချိန်အတွင်း ပညာတတ်လူငယ်နေရာတွင် ကောင်းမွန်စွာနေထိုင်နိုင်ခဲ့သည်ကို တွေ့ရသောကြောင့် စိတ်သက်သာရာရသွားခဲ့ရသည်။
နေ့လယ်ပိုင်းအချိန်တုန်းက အချိန်သိပ်မရှိခဲ့သောကြောင့် သူမနှင့် လင်းကျန်းအန်းတို့က ကျောက်ရှီလဲ့ကို အိမ်တွင် ထမင်းလိုက်စားရန်အတွက် ဖိတ်ခေါ်ခြင်းမလုပ်ခဲ့ရပေ။
ထို့ကြောင့် လက်ရှိအချိန်တွင်တော့ သူတို့က ကျောက်ရှီလဲ့ကို ညစာအတူလိုက်စားရန် ဖိတ်ခေါ်ဖို့အတွက် မမေ့ကြခဲ့ပေ။
သူ၏သမီးလေးက ကျောက်ရှီလဲ့နှင့်အတူ အဆင်ပြေပြေရှိနေပြီး တစ်ယောက်တည်း အထီးကျန်မနေကြောင်းကို တွေ့လိုက်ရသောကြောင့် လင်းကျန်းအန်းသည်လည်း သူမကို ချန်ထားခဲ့ပြီး သူ၏ကိုယ်ပိုင်အလုပ်နေရာသို့သွားခဲ့သည်။
သို့သော် သူ မထွက်ခွာမီတွင် လင်းရန်ကို သတိပေးနေဆဲပင်။
“မင်း အဲဒါကို နေသားမကျရင် ဖိအားပေးနေစရာနေမလိုဘူးနော်”
လင်းရန်က သူ့ကို အပြုံးလေးဖြင့် လက်ဝှေ့ရမ်းပြီး ပြောခဲ့သည်။
“သိပါပြီ အဖေ!”
ဤသည်ကိုမြင်လျှင် လင်းကျန်းအန်းလည်း ထပ်မံအချိန်မဆွဲနိုင်တော့ဘဲ လှည့်ထွက်သွားသည်။
သူ ထွက်သွားပြီးသည်ကိုကြည့်ကာ ကျောက်ရှီလဲ့က လင်းရန်ကို မနာလိုစွာနှင့် မကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။
“ရန်ရန်၊ အန်ကယ်လင်းက နင့်ကို သိပ်ကြင်နာတာပဲ၊ နောက်ပိုင်း နင် အလုပ်မလုပ်ချင်ရင် လုပ်ရတော့ဘူးလို့ထင်လား”
လင်းရန်သည်လည်း ထိုကောင်မလေးက တခြား မည်သည့်အရာကိုမျှ ထပ်မစဉ်းစားဘဲ သက်ပြင်းချနေမှန်းကို သိနိုင်သဖြင့် ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
“ငါ့အဖေက အဲလိုပြောတာပဲ၊ ဒါပေမဲ့ ငါ အရင်ဆုံးကြိုးစားကြည့်ပြီး အဆင်ပြေ၊မပြေ ကြည့်ဦးမယ်”
ထိုစကားများကိုကြားလျှင် ကျောက်ရှီလဲ့မှာ ပို၍ပင် မနာလိုဖြစ်လာရပြန်သည်။
“ စကားမစပ်၊ နင် ဒီမှာ အဆင်ပြေပြေရှိနေရဲ့လား”
လင်းရန် ကျောက်ရှီလဲ့၏ အခြေအနေကို စိုးရိမ်ခဲ့သည်။
ကျောက်ရှီလဲ့သည်ကား စိတ်နှလုံး ကြီးမားလွန်းသည်။ သူမအနေဖြင့် ဤပတ်ဝန်းကျင်တွင် မြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်လောက်ပေ။
သို့သော် ထိုအချက်ကလွဲလျှင် တခြား အဆင်မပြေသည့်အရာကတော့ မရှိပါချေ။
သို့သော်လည်း လက်ရှိတွင် ကျောက်ရှီလဲ့က သူမကို အံ့အားသင့်စေသည့် အရာတစ်ခုကို ရှာတွေ့ခဲ့သည့်ပုံရှိနေခဲ့သည်။
ဖြစ်နိုင်တာက__
သူမက လှည့်ပတ်ကြည့်လိုက်ပြီးနောက် အသံကိုလျှော့ကာ လင်းရန်အား လျှို့ဝှက်စွာပြောလာသည်။
“ ရန်ရန် ၊ ငါပြောပြမယ် ၊ ဒီမှာရှိတဲ့ ပညာတတ်လူငယ်တွေထဲမှာ အရမ်းကြည့်ကောင်းတဲ့ ယောကျ်ားလေးတစ်ယောက်ရှိတယ်! နောက်ပြီး သူက ပညာအရည်အချင်းလည်း အရမ်းရှိတယ်တဲ့! အမျိုးသမီး ပညာတတ်လူငယ်တွေထဲမှာ လူတော်တော်များများက သူ့ကိုကြိုက်နေကြတာတဲ့လေ!”
.
လင်းရန်တစ်ယောက် ထိုစကားကိုကြားလျှင် သူမ၏အမူအရာမှာ အံ့သြမှုများဖုံးလွှမ်းသွားခဲ့သည်။
ပညာတတ်လူငယ်နေရပ်တစ်ခုတွင်သာ အချိန်သိပ်ပြီးကြာရှည်စွာ မနေနိုင်ခဲ့ရသေးသော ကျောက်ရှီလဲ့က ထိုသို့သော အတင်းအဖျင်းစကားများကိုပင် ရှာဖွေတွေ့ရှိနိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
လင်းရန်၏ အံ့အားသင့်မှုကို မြင်လိုက်ရလျှင် ကျောက်ရှီလဲ့က တခစ်ခစ်ရယ်မောလာသည်။
“စိတ်မပူပါနဲ့ ငါက အရမ်းစပ်စုချင်ပေမယ့် ငါ့မှာ အရမ်းအရမ်းကိုတင်းကျပ်တဲ့ ပါးစပ်ရှိတယ်!”
လင်းရန် အချိန်အတိုင်းအတာ တစ်ခုလောက်အထိ သူမကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။
သို့သော်လည်း သူမကိုယ်တိုင်ကတော့ ထိုကဲ့သို့ အချစ်ရေး အတင်းအဖျင်းများကို သိပ်စိတ်မဝင်စားသည့်အတွက် သူမ ထိုအကြောင်းကို ဆက်လက်၍ မမေးမြန်းဖြစ်ခဲ့ပါချေ။
သူမ သိပ်ပြီးစိတ်မဝင်စားသည်ကိုတွေ့လိုက်ရသောကြောင့် ကျောက်ရှီလဲ့ကလည်း ထိုအကြောင်းကို ဆက်ပြောဖို့ ရည်ရွယ်ချက်မရှိခဲ့တော့ပေ။
သို့သော်လည်း သူတို့ ထိုကိစ္စကို ကျော်လွှားခါနီးတွင် ဘေးဘက်ရှိအိမ်တွင်ရှိနေသော ယောက်ျားလေး အိပ်ဆောင်ထဲမှ လူတစ်ယောက် ထွက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရလေ၏။
ကျောက်ရှီလဲ့၏ မျက်လုံးများက တောက်ပလာခဲ့ပြီး လင်းရန်၏လက်ကို စိတ်လှုပ်ရှားစွာ အမြန်ဆွဲကိုင်လှုပ်လိုက်သည်။
“အဲဒါသူပဲ၊ ကြည့်လိုက်စမ်း၊ သူက အရမ်းကြည့်ကောင်းတာပဲမဟုတ်ဘူးလား!”
ကျောက်ရှီလဲ့က အလွန်စိတ်လှုပ်ရှားနေခဲ့သဖြင့် လင်းရန်လည်း သူမ၏အကြည့်နောက်သို့ လိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ပထမအကြည့်တစ်ချက်တွင် အပြာနုရောင်ရှပ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး မျက်မှန်တစ်လက်ကိုတပ်ဆင်ထားသော အမျိုးသားတစ်ယောက် အိပ်ဆောင်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရလေ၏။
ထိုအမျိုးသားမှာ ဖြူဖွေးသော အသားအရေ၊ ပုံမှန်ရုပ်ရည်အသွင်အပြင်နှင့် နူးညံ့သိမ်မွေ့သော ပုံစံရှိသည်။ သို့သော် သူ့တွင် မိန်းကလေးများကို ဆွဲဆောင်နိုင်သော အရည်အချင်းတစ်မျိုးမျိုးရှိနေပုံရသည်။
လင်းရန်ကတော့ ထိုကဲ့သို့သောကောင်လေးမျိုးကို သိပ်ပြီးမကြိုက်လှသောကြောင့် မည်သည်ကိုမျှ မခံစားရပါချေ။
“ဟေး ချန်ကျစ်ချင်း*ရဲ့ ရုပ်ရည်က ရောက်ကာစထက်တောင် ပိုပိုပြီးချောမောလာတာပဲတဲ့၊ ပြောကြတဲ့အတိုင်းဆိုရင် သူ ကျေးလက်ဒေသမှာနေလာတာ နှစ်နှစ်တောင်ရှိနေပြီိုပဲ၊ ဒါကို ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူ ဒီလောက်တောင် သန့်ရှင်းသပ်ရပ်အောင် နေနိုင်သေးလဲ၊ သူ့ရဲ့အသားအရည်က အရမ်းကိုဖြူဖွေးလွန်းနေတာပဲ”
(T/n: ကျစ်ချင်းက ပညာတတ်လူငယ်တွေကို သုံးနှုန်းတဲ့ နာမ်စားပါ)
လင်းရန် စိတ်ထဲကိုမထည့်ဘဲ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေခဲ့သည်။
“တချို့လူတွေက ဘယ်လောက်ပဲ ပင်ပင်ပန်းပန်းလုပ်ကိုင်နေပါစေ အသားအရောင် မပြောင်းလဲနိုင်
ဘူး”
သူမ ထိုသို့ပြောပြီးနောက် ကျောက်ရှီလဲ့ကို အိပ်ဆောင်အပြင်သို့ထွက်ရန် ခေါ်ဖို့လုပ်ခဲ့သည်။
ထိုအခိုက်တွင် အိပ်ဆောင်အပြင်ဘက်ရှိ သစ်ပင်အောက်တွင် ပညာတတ်လူငယ်အချို့ ရပ်နေသည်ကို သူမတွေ့လိုက်ရသည်။
သူတို့တွေက အတူတကွ လှုပ်ရှားမှုများကို ကျင့်သားရနေခဲ့ကြပြီး လက်ရှိတွင်လည်း လူများ အားလုံးစုဝေးရန်အတွက် စောင့်ဆိုင်းနေကြခြင်း ဖြစ်ပုံရသည်။
ရလဒ်အားဖြင့် သူမ ကျောက်ရှီလဲ့ကို စကားမပြောမီ သစ်ပင်အောက်တွင် ရပ်နေသော လူများထံမှ အသံတစ်ခု ကြားလိုက်ရသည်။
“ချန်ကျားယန် မင်း ဘာတွေ အချိန်ဖြုန်းနေတာလဲ၊ မင်းက မင်းရဲ့အဝတ်အစားတွေကို ထပ်ပြီး လဲလှယ်ခဲ့ပြန်ပြီ၊ ဘာပဲဖြစ်ဖြစ် မင်း လယ်ကွင်းထဲကို သွားတဲ့အချိန်ကျရင် မင်းရဲ့အဝတ်အစားတွေက ညစ်ပတ်သွားမှာပဲလေ၊ မင်း ဘာတွေ စဥ်းစားပြီး ဒီလောက်ထိ အသန့်ကြိုက်နေတာလဲဆိုတာကို ငါတကယ်မသိတော့ဘူး”
သူ့လုပ်ဖော်ကိုင်ဖက်၏ လောဆော်မှုနှင့် နောက်ပြောင်မှုတို့ကို ကြားလိုက်ရလျှင် ချန်ကျစ်ချင်းက စိတ်ဆိုးခြင်းမရှိပါဘဲ အပြုအမူကောင်းများရှိစွာဖြင့် အပြုံးတစ်ခုနှင့် ပြန်လည် ရှင်းပြလိုက်သည်။
“သန့်ရှင်းအောင် ပြုမူနေထိုင်တာက ကိုယ့်အနီးအနားမှာရှိနေတဲ့ လူတိုင်းကို လေးစားတဲ့ လက္ခဏာတစ်ခုပါပဲ၊ ညစ်ပတ်ပြီးရင်လည်း ပြန်ပြီး ဆေးကြောလျော်ဖွတ်လို့ရနိုင်တယ်လေ”
သူ၏စကားကိုကြားလျှင် သူကို အမြန်လုပ်ဖို့ တိုက်တွန်းခဲ့သော တခြားပညာတတ်လူငယ်တွင် ပြောစရာစကားမရှိတော့ချေ။ ချန်ကျားယန်မှ သူတို့ကို လေးစားခြင်းအား အမှားတစ်ခုလုပ်ခဲ့သည်ဟုလည်း မပြောနိုင်သည် မဟုတ်ပါလား။
ကျောက်ရှီလဲ့က တစ်စုံတစ်ဦးထံမှ ထိုသို့သောအဖြေမျိုးကို ပထမဆုံးအကြိမ် ကြားလိုက်ရသည်ဖြစ်၍ ချန်ကျစ်ချင်းဆီသို့ စိတ်လှုပ်ရှားမှုနှင့် လေးစားသဘောကျမှုရောနှောကာ ကြည့်လာခဲ့လေသည်။
“ရန်ရန် ကြည့်စမ်း၊ သူက အရမ်းယဉ်ကျေးတာပဲ၊ တခြားယောက်ျားလေးတွေနဲ့ မတူဘူး!”
သို့သော် သူမက လင်းရန်ကို ခေါ်၍ စကားပြောနေလျှင်ပင် လင်းရန်၏ အဖြေကို မကြားရပါချေ။
ကျောက်ရှီလဲ့လည်း လင်းရန်ဆီသို့ နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ ထို့နောက်တွင် လင်းရန်က ချန်ကျစ်ချင်း၏ နောက်ကျောပြင်ကို ပြူးကျယ်သော မျက်လုံးများနှင့် အံ့သြတကြီး ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။
“ရန်ရန် နင်ဘာဖြစ်နေတာလဲ”
လင်းရန်တစ်ယောက် အသိစိတ်များပြန်ဝင်လာခဲ့ပြီး သူမ၏နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို ထိန်းချုပ်ကာ ကျောက်ရှီလဲ့ကို မေးမြန်းခဲ့သည်။
“အဲဒီချန်ကျစ်ချင်းရဲ့ နာမည်က ဘာလဲ၊ ငါ ခုနတုန်းက ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး”
“သူ့နာမည်က ချန်ကျားယန်တဲ့”
“သူ့ရဲ့ နာမည်က ဘယ်လိုပေါင်းတာလဲ၊ ဘယ်စကားလုံးရဲ့ ကျားယန်လဲ”
ကျောက်ရှီလဲ့မှာ ဤမေးခွန်းကိုကြားလျှင် ပို၍ပင် စိတ်ရှုပ်ထွေးသွားသော်လည်း ၎င်းကို သေသေချာချာ ပြန်မှတ်မိနေသေးသဖြင့် ပြန်လည် ဖြေပေးခဲ့သည်။
“အဲဒါက ချီးကျူးခြင်းလို့ အဓိပ္ပါယ်ရတဲ့ စကားလုံးပဲ”
ချန်ကျစ်ချင်း၏ နာမည်ကို အတည်ပြုပြီးနောက် လင်းရန်တစ်ယောက် သူမ၏နှလုံးသားထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ဒီကမ္ဘာကြီးက ပြိုကျသွားတာ ဖြစ်နိုင်လောက်လား။
သူမ အခု သူမရဲ့ “ခဲအို” နဲ့ အချိန်စောပြီး ကြိုတင်တွေ့နေခဲ့ရတယ်..
*
တစ်ချိန်တည်းတွင် အလွန်ဝေးကွာသောနေရာတွင်ရှိသည့် မြို့ထဲမှ စုန့်မိသားစုအိမ်တွင်..
လင်းရန်မှာ ယမန်နေ့မနက်အစောပိုင်း စက်မှုအိမ်ရာအတွင်းမှ ထွက်သွားပြီးကတည်းက စုန့်စစ်ယွီတစ်ယောက် သူမ၏အိမ်တွင်ရှိနေသော ဖုန်းလှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။
ယခုအချိန်တွင် သူမက ဆိုဖာပေါ်တွင် ထိုင်ကာ သတင်းစာဖတ်လျက် ဖုန်းမြည်လာမည့်အသံကို ငြိမ်သက်စွာ နားထောင်စောင့်ဆိုင်းနေသည်။
လင်းရန် ထွက်သွားသည်မှာ တစ်ရက်ကျော်သာရှိသေးသော်လည်း လင်းရန်မှာ လက်ရှိတွင် လင်းမိသားစု၏အနီးအနားတွင်ရှိသော ကျေးလက်တောရွာသို့ အစောကြီးကတည်းက ရောက်နေလောက်ပြီဟု သူမ ခန့်မှန်းမိသည်။
လင်းရန်၏အကြောင်းကို သူမနားလည်မှုနှင့် သူမ၏ယခင်ဘဝမှ ကျေးလက်တောရွာအတွင်း တပ်မဟာအဖွဲ့တစ်ဖွဲ့တွင်ပါဝင်ခဲ့သည့် အတွေ့အကြုံအရ လင်းရန်မှာ လက်ရှိတွင် ယခုအလုပ်စလုပ်နေလောက်ပြီဖြစ်သည်။
အကယ်၍ တခြားမည်သည့်ကိစ္စမျှ မဖြစ်ခဲ့ပါက ယနေ့နေ့လည်ခင်းတွင် သူမက ငိုကြွေးပြီး အိပ်ဆောင်ကို ပြန်ပြေးရတော့မည်ဖြစ်ပြီး ည မအိပ်ခင်အချိန်တွင် လင်းရန်က သူတို့ဆီသို့ ဖုန်းဆက်၍အကူအညီတောင်းခံလာလိမ့်မည်။
သို့သော်လည်း လင်းရန်က ကျေးလက်ဒေသသို့ ရောက်သွားပြီဖြစ်၍ သူတို့နဲ့ ဆက်သွယ်နိုင်ပါ့မလားဆိုသည်ကိုတော့ သူမ သေချာမသိခဲ့ပါချေ။
ထိုအကြောင်းကိုတွေးလျှင် သူမ ဘေးနားတွင်ရှိနေသည့် လီရှို့လီကို လှမ်းကြည့်လိုက်မိပြန်သည်။
လီရှို့လီမှာ လင်းရန် ထွက်သွားကတည်းက လွန်ခဲ့တဲ့ နှစ်ရက်လောက်လုံးလုံး စိတ်ဓာတ်ကျနေခဲ့သည်။
သူမက အပြင်ဘက်သို့သွားကာ တခြားလူများနဲ့ စကားစမြည်ပြောခြင်းကဲ့သို့ သူမ နှစ်သက်သည့် အရာကိုတောင် မလုပ်ဖြစ်ခဲ့ပေ။
အိမ်တွင်ထိုင်နေခဲ့ပြီး လင်းရန်၏ ဓာတ်ပုံကို ထုတ်ကြည့်က် သက်ပြင်းကိုသာ အခါခါချနေခဲ့သည်။
စုန့်စစ်ယွီကတော့ ၎င်းကိုမြင်ပြီးနောက် သူမ၏ နှလုံးသားထဲတွင် လှောင်ပြောင်သရော်လိုစိတ်တို့သာ ရှိနေခဲ့သည်။
သေချာတာပေါ့။ လီရှို့လီရဲ့ လင်းရန်ကို သဘောမကျတဲ့ပုံမျိုးလုပ်ပြနေခြင်းက သရုပ်ဆောင်နေခြင်းသက်သက်ပဲဆိုတာ သူမသိသားပဲ။
**