← Chapters

အခန်း (၅၅)

Vol. 6 Ch. 55

အခန်း (၅၅)

Vol. 6 Ch. 55

စုန့်စစ်ယွီ၏ အတွေးထဲတွင်တော့ လီရှို့လီက သူမကို လင်းရန်ထက်ပိုပြီး သိတတ်လိမ္မာကြောင်းပြောပြီး သူမကို ပိုသဘောကျကြောင်း ပြောခဲ့သော်လည်း တကယ်တမ်းတွင် သူတို့၏စိတ်နှလုံးထဲ၌ မည်သူက ပို၍ အရေးကြီးဆုံးလဲဆိုသည်ကို အရေးကြုံလာသည့် အခိုက်အတန့်များတွင် သိရှိစေနိုင်သည်ပင်။

ကံကောင်းထောက်မစွာဖြင့် သူမသည်ကား လီရှို့လီ၏ ရုပ်ဖျက်မှုကို ယုံကြည်ရန် လုံလောက်ည်အထိ နုံအခြင်း မရှိခဲ့ပေ။ ထိုအမျိုးသမီးက သူမအား လှည့်စားခြင်း ပြုနိုင်ရန် ဝေးကွာလွန်းပေသးသည်။

“ဒီကောင်မလေး အခု ဘယ်လိုရှိနေလောက်ပြီလဲမသိဘူး...”

လီရှို့လီ မသိစိတ်ဖြင့် ရေရွတ်လိုက်မိသည်။

သူမက လင်းရန်အတွက် အမှန်တကယ်ပင် စိတ်ပူနေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် လင်းမိသားစုမှ သူမ၏မကောင်းကြောင်းကို လင်းရန်ရှေ့တွင် ပြောမည်ကို ပို၍စိုးရိမ်နေခဲ့ရသည်။

လီရှို့လီက လင်းရန်အား သူမ၏အဖေအရင်းနဲ့ ကွာရှင်းခဲ့သည်မှာ ထိုသူက ဆင်းရဲ ညံ့ဖျင်းပြီး အရည်အချင်းမပြည့်မီသောကြောင့် သူ့ကို မကြိုက်နှစ်သက်နိင်တော့၍ ဖြစ်ကြောင်းဟူသည်ကို မည်သည့်အချိန်ကမှ မပြောခဲ့ဖူးပါချေ။

သူမ လင်းရန်ကို အမြဲတမ်းပေးနေခဲ့သည့် အကြောင်းပြချက်မှာ သူမနဲ့ လင်းကျန်းအန်းတို့က ယခင်အချိန်များတွင် ကောင်းစွာ ယှဥ်တွဲ၍ အတူနေနိုင်ခြင်းမရှိတော့၍ ကွာခြင်းခဲ့သည်ဟူ၍ပင်။

လင်းကျန်းအန်းကသာ ပဲစေ့များကို ဖိတ်စင်စေခဲ့ပါက (ပါးစပ်မလုံခဲ့ပါက) လင်းရန်က သူမကို သေသည်အထိ မုန်းတီးသွားတော့မှာဖြစ်ပြီး သူမ၏စကားကို မည်သည့်အချိန်တွင်မှ နားထောင်တော့မည်မဟုတ်ပါချေ။

သူမ ထိုအကြောင်းကိုတွေးတောလိုက်လျင် လီရှို့လီမှာ အလွန်အမင်း ပိုမိုစိုးရိမ်လာခဲ့ရတော့သည်။

“ရှင် သူမကို အဲလောက်ထိစိတ်ပူနေရင် ဖုန်းဆက်လိုက်ရင် ရနေတာပဲမလား”

သူမ၏ဘေးတွင်ရှိနေသော စုန့်စစ်ယွီက လီရှို့လီ၏ပြောစကားကို ကြားပြီး အချိန်ကိုက်ပင် ဝင်ပြောလိုက်သည်။

သူမသည်လည်း လင်းရန်ထံမှ မည်သည့်သတင်းကိုမျှ မကြားရသည့်အတွပ် မစောင့်နိုင်ဖြစ်နေခဲ့ရသောကြောင့် လင်းရန်၏ မိခင်အရင်းဖြစ်သူ လီရှို့လီကို ဖုန်းဆက်၍မေးရန် တောင်းဆိုခဲ့ရုံသာ တတ်နိုင်ခဲ့သည်။

သို့သော် သူမ၏စကားကိုကြားလျှင် လီရှို့လီ၏ အမူအရာက ရပ်တန့်သွားပြီး အနေရခက်စွာဖြင့် ရယ်မောလာခဲ့လေသည် ။

“သူမရဲ့ဘက်က ဖုန်းဖြေရတာ အဆင်မပြေမှာကို ကြောက်မိတယ်...”

ဖုန်းဆက်ဖို့ရန်အတွက်က အမှန်တကယ်ပင် အဆင်မပြေပါချေ။ အဘယ်ကြောင့်ဆိုသော် လင်းမိသားစုအိမ်နှင့်အနီးဆုံးကွန်မြူနတီတွင် တယ်လီဖုန်းမရှိသောကြောင့်သာ ဖြစ်ပေသည်။

ဖုန်းဆက်၍ ဆက်သွယ်စကားပြောကြားလိုပါက မြို့တွင်းမှ စာတိုက်သို့သာ သွားနိုင်လိမ့်သည်။

မေ့လိုက်တာပိုကောင်းပါတယ်။ အရေးကြီးဆုံးက သူမ ဖုန်းဆက်လိုက်မယ်ဆိုရင် မြို့ထဲမှ စာပို့သမားက ဖုန်းခေါ်ဆိုမှုရောက်လာကြောင်းကို သတင်းပို့ဖို့ တပ်မဟာကို သွားလိမ့်မယ်။ ဒီလိုဆိုရင် လင်းမိသားစုကလည်း ဒီအကြောင်းကို သေချာပေါက်သိသွားမှာပဲ။

ဒါက ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်နိုင်မှာလဲ။

သူမနှင့် လင်းကျန်းအန်းတို့ ကွာရှင်းပြတ်စဲသည့်အချိန်တွင် သူမက ၎င်းတို့အတွက် ဆက်သွယ်ရန်အချက်အလက် သို့မဟုတ် လိပ်စာကို ချန်ထားခဲ့ခြင်းမရှိပေ။

သူမ မိဘများ၏ မိသားစုကိုလည်း ၎င်းတို့၏ လက်ရှိဆက်သွယ်ရန် အချက်အလက်ကို ထိုသူတို့ဆီသိုသ မျှဝေခြင်းမပြုရန် ညွှန်ကြားချက်များစွာကို ပေးခဲ့သည်။ သို့မဟုတ်ပါက သူမအနေဖြင့် ၎င်းတို့(လီရှို့လီရဲ့မိဘတွေ)ကို အသိအမှတ်မပြုတော့ကြောင်း ခြိမ်းခြောက်ထားခဲ့သည်။

လင်းကျန်းအန်းက သူ၏စကားများကို စောင့်ထိန်းထားနိုင်သော်လည်း သူ၏မိသားစုက သူမကို ကောင်းမွန်သည့်ဘဝနှင့် မတွေ့မြင်ချင်ခဲ့ဘဲ ဒုက္ခဖြစ်စေနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းချင်နေသည်ဆိုပါက မည်သို့ ဖြစ်သွားမည်နည်း။

ထို့ကြောင့် သူမကိုယ်တိုင် ဖုန်းခေါ်၍ ဖော်ထုတ်သလိုဖြစ်သွားစေရန်အတွက် အစပြုလို့ မရပါချေ။

စုန့်စစ်ယွီကတော့ လီရှို့လီ၏စကားကို သိပ်ပြီးမတွေးလိုက်မိပေ။ လင်းမိသားစုရှိနေသည့် တပ်မဟာအတွင်း အခြေအနေများက ညံ့ဖျင်းနုံချာလွန်းသဖြင့် ဖုန်းခေါ်ဆိုခြင်းကိစ္စသည်ပင် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေလောက်သည်ဟု သူမ တွေးလိုက်မိသည်။

သူမသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ဒေါသထွက်လာရသည်။

“ဒါဆိုရင်လည်း ရှင် သူ့ကို တတ်နိုင်သမျှ အမြန်ဆုံးဆက်သွယ်ရမယ်!”

သူတို့ကသာ သူမကို တတ်နိုင်သမျှ အမြန်ဆုံးမဆက်သွယ်ခဲ့ပါက လင်းရန်က ထိုနေရာတွင် ဆက်လက်ရှိနေခဲ့ပြီး နေသားကျသွားလျှ မည်သို့ဖြစ်လာနိုင်မည်နည်း။

လူများက ပတ်ဝန်းကျင်အသစ်သို့ စတင်ဝင်ရောက်သောအချိန်မျိုးတွင်၊ ၎င်းတို့မှာ ပထမရက်အနည်းငယ်အတွင်း အမှန်တကယ်ပင် နေရာအသစ်ကို သည်းမခံနိုင်ဆုံးဖြစ်နေတတ်ပြီး ၎င်းကို ကျင့်သားရခြင်းမရှိကြပေ။

ထိုကာလတွင်သာ ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေမရှိမှု အမျိုးမျိုးကြောင့် အတိတ်တုန်းက အရာအားလုံးအပေါ်ကို အရူးအမူး လွမ်းဆွတ်မိကြလိမ့်မည်။

ထိုနည်းအားဖြင့် ပထမဆုံးရက်အနည်းငယ်အတွင်း၌ လင်းရန်၏ အိမ်ပြန်ချင်စိတ်က ပိုမိုပြင်းထန်လာလိမ့်မည်။

သို့သော် သူမသာ အချိန်အတော်ကြာမြင့်သည်အထိ စောင့်ဆိုင်းရမည်ဆိုပါက တဖြည်းဖြည်းနှင့် အခြေအနေကို လက်ခံနိုင်ဖို့ သင်ယူလိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိနိုင်တော့ဟု တွေးတောလာတန်ကြသည်။

ယခင်အချိန်တုန်းက လင်းမိသားစုက မည်မျှပင်ဆင်းရဲနေပါစေ၊ အခြေအနေများ မည်မျှပင်ဆိုးရွားနေပါစေ အနည်းဆုံးတော့ တယ်လီဖုန်းတစ်လုံးလောက်ရှိနေလိမ့်မည်ဟု သူမထင်ခဲ့တယ်။

သို့သော်လည်း လီရှို့လီက ထိုသို့ပြောတဲ့အချိန်မှာတော့ သူမက အလွန်အမင်း ရိုးရှင်းစွာသာ တွေးတောနေမိခဲ့ခြင်း ဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားခဲ့ရသည်။

သို့သော်ငြား လီရှို့လီကတော့ စုန့်စစ်ယွီ၏ စိတ်ထဲ၌ မည်သည့်အရာများရှိနေကြောင်းကို မသိခဲ့ပါချေ။

သူမ၏ လင်ပါသမီးဖြစ်သူက လင်းရန်အပေါ်ကို အလွန်ဂရုစိုက်ကြောင်း ကြားလိုက်ရသောကြောင့် သူမ စိတ်သက်သာရာ ရသွားခဲ့သည်။

မထင်မှတ်ပဲ သူမ၏ လင်ပါသမီးဖြစ်သူနှင့် သူမ၏သမီးကြားမှ ဆက်ဆံရေးမှာ သိပ်ပြီး သဟဇာတမရှိ ဖြစ်နေခဲ့သော်လည်း တကယ်တမ်း အရေးကြီးသည့်အခိုက်အတန့်မှာတော့ သူမက အမေဖြစ်သူထက်ပင် လင်းရန်ကို ဆက်သွယ်ဖို့ ပို၍စိတ်စောနေခဲ့သည်။

လီရှို့လီ အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး စုန့်စစ်ယွီကို နှစ်သိမ့်ပေးလိုက်လေ၏။

“စစ်ယွီ ၊ မင်း မင်းရဲ့ညီမကို စိတ်ပူနေတယ်ဆိုတာ အန်တီသိပါတယ်၊ ဒါပေမယ့် အရမ်းကြီး စိတ်မပူပါနဲ့၊ အဲဒီကောင်မလေးဆီမှာ ဘာမှဖြစ်မလာနိုင်လောက်ပါဘူး၊ တကယ်လို့ ကိစ္စ တစ်ခုခုဖြစ်လာခဲ့ရင် သူက ငါတို့ဆီကို သေချာပေါက် စာရေးပြီး ပို့ပေးလိမ့်မယ်!”

လင်းမိသားစုရှိသည့်တပ်မဟာသည်ကား အမှန်တကယ်ပင် ဆင်းရဲမွဲတေသော်လည်း ရိုးရာဓလေ့ထုံးတမ်းများကို ကောင်းမွန်စွာစောင့်ထိန်းနေကြဆဲဖြစ်ပြီး အသက်အန္တရာယ်ရှိလာနိုင်မည်မဟုတ်ကြောင်းကိုတော့ အတတာပြောရဲနိုင်ပေသည်။

စုန့်စစ်ယွီကတော့ ထိုစကားကို ကြားပြီးနောက်တွင် ထိုတုံးအ,လွန်းသော လီရှို့လီအား စကားပြန်ပြောကာ ရှင်းပြနေဖို့ကိုတောင် စိတ်မ၀င်စားနိုင်တော့ပေ။

သူမ ဒါသတကြီးနဲ့ မတ်တပ်ထရပ်လိုက်ပြီး သူမ၏လင်ပါသမီးနဲ့ သူမရဲ့သမီးအရင်စကြားတွင် တဖြည်းဖြည်း တိုးတက်လာသည့် ဆက်ဆံရေးကြားထဲတွင် စိတ်ကူးယဥ်ကာ အတွေးများ၌ နှစ်မြုပ်နေဆဲဖြစ်သည့် လီရှို့လီကို နောက်တွင် ချန်ထားခဲ့ပြီး အိမ်ကနေ တိုက်ရိုက်ထွက်ခွာလာခဲ့တော့သည်။

သူမ ဘယ်နေရာကို သွားမလဲဆိုတဲ့အတွက်လား ?

သေချာတာပေါ့။ သူမရဲ့အဖေကို သွားရှာဖို့သွားခဲ့တာပဲ!

သူမအနေဖြင့် ဤမျှကြီးမားသောကိစ္စရပ်အကြောင်းကို ဖခင်ဖြစ်သူထံသိား အမြန်ဆုံးပြောပြရမည်ဖြစ်ပြီး တန်ပြန်တိုက်ခိုက်ရမည့် အစီအမံများကို အတူတကွ ဆွေးနွေးရလိမ့်မည်ဖြစ်သည်။

သူမ လုံခြုံရေးဌာနမှ လူများကို အလျင်အမြန်ဆွဲထုတ်ခဲ့ပြီး သူမအတွက် စုန့်ဝေ့ကို ခေါ်ပေးရန် တောင်းဆိုခဲ့ကာ စက်ယန္တရားစက်ရုံ၏တံခါးဝတွင် ခဏရပ်၍စောင့်ဆိုင်းနေခဲ့သည်။

သိပ်မကြာမီ စုန့်ဝေ့လည်း ထွက်လာခဲ့လေသည်။

စုန့်စစ်ယွီမှာ အချိန်ကြာမြင့်စွာ မနှောင့်နှေးရဲခဲ့ပေ။ သူတို့၏ အနီးအနားတွင် လူတစ်ယောက်မျှမရှိသည်ကို မြင်လိုက်ရသဖြင့် သူမ၏အဖေစုန့်ဝေ့ထံသို့ ထိုအကြောင်းကို အမြန်ပြောပြလိုက်သည်။

စုန့်ဝေ့သည်ကား ထိုစကားကိုကြားပြီးနောက် အံ့အားသင့်သွားခြင်းမရှိခဲ့ပေ။ ဤအရာအားလုံးကို သူမျှော်လင့်ထားပြီးပုံရသည်။

သို့သော် သူ့သမီးဖြစ်သူ စုန့်စစ်ယွီ၏ စိုးရိမ်သောကရောက်နေသောအကြည့်ကို မြင်လိုက်ရလျှင် သူက မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။

“စစ်ယွီ၊ မင်းက သိပ်ပြီးစိတ်မရှည်တတ်သေးဘူး”

“အဖေ!”

သူတို့က အခု ဒီလိုမျိုးလမ်းဆုံကို ရောက်နေခဲ့ပြီလေ။ သူမ ဘယ်လိုလုပာပြီး စိတ်မပူဘဲ နေနိုင်မှာတဲ့လဲ။

လင်းရန်တစ်ယောက် လွန်ခဲ့သောနှစ်ရက်က ကျေးလက်ဒေသသို့ ထွက်သွားခဲ့ရခြင်းကြောင့် ပတ်ဝန်းကျင်ရှိအိမ်နီးချင်းများအကြားတွင် အတင်းအဖျင်းများ မည်မျှပျံ့နှံ့နေသည်ကို လိုက်မကြည့်ဘဲ သိရှိနိုင်ပေသည်။

သူတို့တွင် ပြောစရာစကားများ အများကြီးရှိနေသော်လည်း အရေးကြီးဆုံးအချက်ကတော့ ဤအကြောင်းသာ ဖြစ်နေခဲ့သည်: စုန့်ဝေ့မှာ သူ၏သမီးအရင်းကိုသာ အချစ်ဆုံးဖြစ်ပြီး နောက်ဆုံးမှာတော့ သူ့၏ မယားပါသမီးဖြစ်သူကို ကျေးလက်ဒေသဆီကို စေလွှတ်နေဆဲပင်ဖြစ်သည်!

စုန့်စစ်ယွီအတွက်ကတော့ သူမက အစ်မတစ်ယောက်ဖြစ်နေခဲ့သော်လည်း သူမ၏ညီမဖြစ်သူကို သနားကြင်နာမှုများ မပြချင်ခဲ့ပေ။

ထိုစကားများကို ထိုလူများက ပေါ့ပေါ့တန်တန်ပြောဆိုနေခဲ့ကြခြင်းဖြစ်သော်လည်း၊ ၎င်းစကားတို့သည်ကား စုန့်စစ်ယွီအတွက်တော့ အလွန်အမင်း ကြမ်းတမ်းလွန်းနေခဲ့သည်။

အဓိကအချက်မှာ ဤကဲ့သို့ ကောလဟာလများ အလွန်များပြားလာခဲ့ပါက သူမရဲ့နာမည်ဂုဏ်သတင်း ပျက်ယွင်းသွားနိုင်မှာ ဖြစ်ပြီး အနာဂတ်တွင် သူမ အလုပ်စလုပ်သည့်အချိန်၌ အတိုင်းအတာတစ်ခုလောက်အထိ ထိခိုက်လာလိမ့်မည်။

သူမ၏ယခင်ဘဝတွင် ချောချောမွေ့မွေ့ဖြစ်သွားခဲ့ရခြင်း၏ အကြောင်းရင်းမှာ သူမ၏ကိုယ်ပိုင်အလုပ်ကြိုးစားမှုများကြောင့်သာမကဘဲ သူမဖခင်ဖြစ်သူ၏ဂုဏ်သတင်းကောင်းမွန်မှုနှင့် သူမက ကျေးလက်ဒေသသို့သွားရန် ကိုယ်တိုင်စာရင်းပေးသွင်းခဲ့ပြီး တစ်နှစ်ခွဲကြာသည်အထိ အခက်အခဲများကို ကြံ့ကြံ့ခံခဲ့သည့်အတွက်ကြောင့်လည်းဖြစ်ပေသည်။

လူအများက အခက်အခဲတွေကို သည်းညင်းခံခဲ့ပြီး ပိုမို သန်မာကြံ့ခိုင်စွာ ရှင်သန်လာခဲ့ကြသည့်သူများအပေါ် အလွန်အမင်းစိတ်ရှည်ကြပေလိမ့်မည်။

ထို့အပြင် လူတိုင်း၏အမြင်တွင် စုန့်ဝေ့မှာ သူ၏ မယားပါသမီးဖြစ်သူကို သဘောကျသော်လည်း သူ၏ကိုယ်ပိုင်သမီးအရင်းအပေါ်တွင်တော့ ရက်စက်လွန်းလှသည်။

သူတို့၏အမြင်တွင် စုန့်စစ်ယွီသည်ကား တစ်ကိုယ်ကောင်းဆန်တတ်သည့်သူမဟုတ်ခဲ့ပေ။

သူမဆီတွင် “တကယ့်ကို သနားစရာလေး” ဆိုသည့် အရှိန်အဝါများပင် ရှိနေသည် မဟုတ်ပါလား။

ထို့ကြောင့် လူအများစုက သူမနှင့်ရင်ဆိုင်ရသောအခါတွင် ပိုပိုသည်းခံပြီး သူမအပေါ် ပို၍ ကြင်နာပေးခဲ့တတ်ကြသည်။

  သို့သော်လည်း လက်ရှိဘ၀တွင်တော့ ကျေးလက်ဒေသသို့ မသွားတော့ဟူသည့် သူမ၏ ဆုံးဖြတ်ချက်ကြောင့် သူမ၏လက်ရှိအခြေအနေများက ပြောင်းလဲသွားခဲ့ပေပြီ။

ထိုအစား သူမနေရာတွင် ကျေးလက်ဒေသထွက်ခွာသို့သွားသူက လင်းရန် ဖြစ်လာခဲ့သည်။

သို့ဆိုပါက လူတိုင်းက လင်းရမ်ကိုသာ သနားကြင်နာနေကြတော့မည်မဟုတ်ပါလား။

လင်းရန်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ခေါ်နိုင်မှသာ ကောင်းမွန်ပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ သူမက မြို့ထဲတွင် သက်တောင့်သက်သာနေထိုင်သည်ကိုမြင်နေရကြရသည့် လူတိုင်းက ကျေးလက်ဒေသတွင်အခက်အခဲများကြုံတွေ့နေရသည့် လင်းရန်၏ အကြောင်းကိုတွေးတောက် သူမအပေါ် လူတိုင်း၏ အထင်အမြင်မှာ ပို၍ပင် ဆိုးလာမည်မှာ သေချာပေသည်!

**

All Chapters