← Chapters

အခန်း (၅၆)

Vol. 6 Ch. 56

အခန်း (၅၆)

Vol. 6 Ch. 56

“ကောင်းပြီ၊ လင်းရန်ရဲ့ကိစ္စအပေါ် စိတ်မပူနဲ့တော့၊ မင်းပြောတဲ့ဆက်သွယ်ရေးအဆင်မပြေတဲ့ အကြောင်းကို ငါသိပြီးသားပဲ”

သူ၏သမီးဖြစ်သူက အလွန်အမင်း စိတ်ပူနေသေးသည်ကို မြင်လိုက်ရလျှင် စုန့်ဝေ့ဆက်ပြောခဲ့သည်။

“ငါ မနေ့တုန်းက ခရိုင်ရုံးကို သွားပြီး လင်းမိသားစုရှိတဲ့ တပ်မဟာအကြောင်းကို သွားမေးထားပြီးပြီ၊ သူတို့ဘက်မှာ ဆက်သွယ်ရေးက အဆင်မပြေဘူးဆိုတာကို သိထားပြီးသားပဲ”

လင်းရန်တို့၏ ပညာတတ်လူငယ်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားပြီးနောက် စုန့်ဝေ့က ခရိုင်ရုံးသို့ ချက်ချင်းသွားရောက်ခဲ့ကာ ပညာတတ်လူငယ်ကိစ္စများကို ကိုင်တွယ်နေသည့် အန်တီဝမ်နှင့် တွေ့ဆုံခဲ့သည်။

သူက လင်းရန်သွားရောက်ခဲ့သည့် ကျေးလက်ဒေသ၏နေရာ အခြေအနေအကြောင်းကို အန်တီဝမ်ဆီသို့ သီးသန့် မေးမြန်းခဲ့လေ၏။

အန်တီဝမ်သည်လည်း ထိုနေရာသို့ လူကိုယ်တိုင်မရောက်ဖူးကြောင်းနှင့် သူမသည်လည်း ထိုအကြောင်းကို အများကြီးမသိခဲ့ကြောင်းကို သူ သေချာပေါက်သိရှိထားခဲ့ပေသည်။

သို့သော်လည်း သူ့အနေနဲ့ တိကျသည့် အချက်တစ်ခုကိုသာ ရရှိဖို့ လိုအပ်ပေသည်။

၎င်းမှာ တပ်မဟာ၏နေရပ်လိပ်စာနှင့် ဆက်သွယ်ရမည့် အချက်အလက်သာဖြစ်ချေသည်။

လီရှို့လီဆီသို့ အဘယ်ကြောင့် တိုက်ရိုက်မမေးသည်လဲဟူသော မေးခွန်းအတွက်ကတော့...

ထိုနေရာ၏အခြေအနေအကြောင်းကို အန်တီဝမ်ဆီသို့ မေးဖို့ အစပျိုးခဲ့ခဲ့ခြင်းအားဖြင့် လင်းရန်အတွက် သူ၏စိုးရိမ်ကြောင့်ကြမှုများကိုလည်း ကောင်းကောင်းပြသနိုင်ဖို့ရန်အတွက် ဖြစ်ပေသည်။

တွေးထားသည့်အတိုင်းပင်။ သူ ထိုနေရာ၏ အခြေအနေများကို မေးမြန်းကြည့်ပြီးနောက်တွင် အန်တီဝမ်မှ သတင်းအချက်အလက်များကို စိတ်အားထက်သန်စွာနှင့် ပြောပြခဲ့ပြီး လင်းရန်အတွက် သူ၏စိုးရိမ်ပူပန်မှုကို အလွန်ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း စုန့်စစ်ယွီမှာ အဖေဖြစ်သူ၏ ထိုစကားကိုကြားရပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ရသည်။

လက်ရှိ ပြဿနာမှာ လင်းရန်မှ သူတို့ဆီကို လုံးဝ ဆက်သွယ်၍မရနိုင်ပါချေ။ သူမ၏ အဖေဘက်မှ လှမ်းခေါ်လျှင်ပင် သူမက ပြန်မဖြေနိုင်သည် မဟုတ်ပါလား။

စာများ ရေးသားဖို့အတွက်ကတော့ အဆင်ပြေနိုင်သော်လည်း စာများအသွားအပြန်လုပ်ရန်အတွက် အချိန်က အလွန်နှေးကွေးပေသည်။

သမီးဖြစ်သူ၏ စိတ်ရှုပ်ထွေးမှုများကို မြင်လိုက်ရသော် စုန့်ဝေ့က မျက်လုံးတွေကို မှေးကျဥ်းလိုက်ပြီး ရုတ်တရက် အဓိပ္ပါယ်အပြည့် ရှိသည့် စကားတစ်ခွန်းကို ပြောလာခဲ့လေ၏။

“ငါက သူမဆီကို ဖုန်းဆက်ပြီး စကားပြောဖို့ ဒါမှမဟုတ် စာတစ်စောင်ရေးပြီး ပြောချင်တာတွေကို ရေးပြီးပို့ပေးဖို့အတွက် ဒီအချက်အလက်တွေကို လိုချင်တယ်လို့ ဘယ်သူပြောလဲ”

“အဖေ ဘာကိုဆိုလိုတာလဲ...”

“ သူမကို ပြန်ခေါ်ဖို့အတွက် ငါ ကျေးလက်ဒေသကို လူကိုယ်တိုင် သွားမှာ”

ဘာလဲ!

သူ၏စကားကိုကြားလျှင် စုန့်စစ်ယွီတစ်ယောက် မျက်လုံးများ ချက်ချင်းပြူးကျယ်သွားခဲ့ရသည်။

သူမ စက္ကန့်အတော်ကြာအောင် ထိတ်လန့်နေခဲ့ပြီးနောက် သူမ၏ အဖေက မည်သည့်ကိုဆိုလိုကြောင်းကို သိရှိလိုက်ရပြီး နောက်ဆုံးတွင် စိတ်ရင်းမှန်ဖြင့် သက်ပြင်းချလိုက်သည်။

“အဖေ၊ အဖေပြောတာမှန်တယ်၊ ကျွန်မက တကယ်ကိုစိတ်မရှည်တတ်သေးဘူး”

သူမက အလွန်အမင်း စိတ်ပူပန်လွန်းနေခဲ့သည်။ အလွန်စိတ်ပူလွန်းအားကြီးနေခဲ့သည့်အတွက် ပို၍ကောင်းမွန်သည့် အဖြေကို ရှင်းရှင်းလင်းလင်း သိရှိထားခဲ့ပါသော်လည်း ထိုအကြောင်းကို အေးအေးဆေးတည်ငြိမ်စွာ မစဉ်းစားနိုင်ဖြစ်နေခဲ့ရသည်။

ထိုအကြောင်းကို တွေးပြီးနောက်တွင် စုန့်စစ်ယွီမှာ စိတ်အနှောင့်အယှက်ဖြစ်စွာ မခံစားရဘဲ မနေနိုင်တော့ချေ။

လင်းရန်ဆီကို အရင်ဆုံးဆက်သွယ်ပြီး သူမကို ပြန်လာဖို့ရန်အတွက် နှိုးဆော်နေခဲ့မည်ဆိုလျှင်ပင် ဤသည်ကာ နည်းလမ်းတစ်ခုတည်းသာ ရှိနေသေးသည်။

သို့သော်လည်း “ဆွေမျိုး” တစ်ယောက်က သူမ၏ရှေ့မှာ အမှန်တကယ်ပေါ်လာပြီး သူမကို ဤဒုက္ခပင်လယ်ထဲမှ ကယ်ထုတ်နိုင်သည်ဟု ပြောခဲ့မည်ဆိုပါက မည်သည့်နည်းလမ်းက ပို၍အကျိုးသက်ရောက်မှု ရှိစေနိုင်မည်လဲဆိုသည်ကတော့ ထင်ရှားလွန်းပေသည်။

သူမအနေဖြင့် သူမ၏ အဖေဆီမှ သင်ယူစရာတွေ အများကြီးကျန်နေသေးပုံရသည်။

သူ၏သမီးဖြစ်သူက သူ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်သွားသည်ကို မြင်လိုက်ရလျှင် စုန့်ဝေ့မှာ အလွန်ပင် စိတ်ကျေနပ်သွားခဲ့သည်။

“ဒါပေမယ့် ဒီတစ်ရက်၊နှစ်ရက်လောက်ကတော့ ဒီကိစ္စအတွက် အလျင်စလိုလုပ်နေစရာ မလိုအပ်သေးဘူး၊ ငါ့ရဲ့လက်ထဲမှာရှိနေတဲ့အလုပ်တွေလက်စသတ်ပြီးရင် ငါသွားလိုက်မယ်”   

သို့သော်လည်း ဤကိစ္စကို အချိန်အကြာကြီး နှောင့်နှေးနေ၍မရပါချေ။ စုန့်စစ်ယွီ ပြောခဲ့သည့်အတိုင်း အချိန်များစွာ ကုန်သွားခဲ့ပါက လင်းရန်က ကျေးလက်ဒေသတွင် ကျင့်သားရသွားခဲ့ပေလိမ့်မည်။ သို့ဆိုပါက မည်သို့ဖြစ်လာမည်လဲ တွေးတောနိုင်တော့မည်မဟုတ်ပါချေ။

ဆိုရပါလျှင် အလေ့အကျင့်ဆိုသည်က ကြောက်စရာအကောင်းဆုံးအရာများထဲက တစ်ခုဖြစ်ပေသည်။

ထို့ကြောင့် သူ့အနေဖြင့် သုံးရက်ကို နောက်ဆုံးအနေဖြင့် သတ်မှတ်ပြီး သုံးရက်အတွင်း တုန်ဖန်း တပ်မဟာသို့ ထွက်ခွာမှသာ ဖြစ်ပေလိမ့်မည်။

ဟိုဘက်တွင်ရှိနေသော လင်းမိသားစုအတွက်ကတော့၊ သူ့အနေဖြင့် လင်းရန်နဲ့ နှစ်အတော်ကြာအောင် တစ်အိမ်တည်းတွင် အတူရှိနေခဲ့ပြီးနောက် သူမက လင်းမိသားစုနဲ့ ဤမျှရက်အနည်းငယ်ကြာအချိန်အတွင်းမှာ ရင်းနှီးဖို့အတွက်က မည်သို့မှ ဖြစ်နိုင်မည်မဟုတ်ကြောင်းကို သူ သေချာပေါက် အတတ်ပြောနိုင်သည်။

သူမအနေဖြင့် ထိုလင်းမိသားစုကို သူ့ထက်တွယ်တာဖို့အတွက်က လုံးဝဖြစ်နိုင်မည်မဟုတ်ပါချေ။

ထို့အပြင် လင်စမိသားစုဆီမှ သူမကို လက်ခံမလားဆိုသည်ကလည်း တိတိကျကျမရှင်းလင်သတ်မှတ်နိုင်သေးပေ။

သူမ၏အဖေဖြစ်သည့် စုန့်ဝေ့နှင့် စကားပြောပြီးနောက်တွင် စုန့်စစ်ယွီမှာ စုန့်ဝေ့မှ လင်းရန်၏အရေးကိစ္စများကို မဖြေရှင်းနိုင်တော့မည်ကို စိုးရိမ်ခြင်းမရှိတော့ပေ။

သူမအဖေရဲ့ လုပ်ဆောင်မှုတွေနှင့်ဆိုရင် မအောင်မြင်ဘူးဆိုတာက ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ?

ကျေးလက်ဒေသတွင်ရှိနေသည့် နုံချာလှသော လင်းမိသားစုဝင်များက သူမကို တားဆီးမည်လားဆိုသည့်အချက်ကတော့ စုန့်စစ်ယွီ၏ ထည့်သွင်းစဉ်းစားခြင်းထဲ၌လုံးလုံးလျားလျား မပါဝင်ခဲ့ပါချေ။

ယခုအချိန်တွင် ကိစ္စများက ပြေလည်သွားပြီဖြစ်၍ စုန့်စစ်ယွီတစ်ယောက် စိတ်သက်သာရာရသွားခဲ့ရပြီး လုပ်ဆောင်သင့်သည့်အရာများအတွက် ကြိုတင်ပြင်ဆင်နိုင်လောက်ပြီဟု ခံစားမိသည်။

သူမ၏ယခင်ဘဝတွင် စက်ယန္တရားစက်ရုံသို့ဝင်ရောက်လာသည့်အချိန်တွင် ပထမဆုံးလုပ်ခဲ့ရသည့်အရာမှာ စက်ရုံ၏လူထုဆက်သွယ်ရေးဌာနတွင်အလုပ်လုပ်ရခြင်းဖြစ်သည်။

အလုပ်မှာ အလွန် ရိုးရှင်းလွယ်ကူလှပြီး အားထုတ်ရန်မလိုအပ်ပေ။ တစ်ချိန်တည်းမှာပင်၊ လုပ်ငန်းတာဝန်ကို လှပစွာပြီးမြောက်ပြီးသည်နှင့်အမျှ ထင်ရှားပေါ်လွင်လာရန်အတွက် အခွင့်အလမ်းများစွာရှိခဲ့သည်။

သူမက စက်ယန္တရားစက်ရုံမှ စပရိန်ဘုတ်တစ်ခုနှင့်ခုန်ကူးလိုက်သကဲ့သို့ နောက်ထပ်ဌာနတစ်ခုသို့ လွယ်ကူစွာ ရောက်ရှိသွားခဲ့ရသည်မှာ စက်ပစ္စည်းများကို စစ်ဆေးရန် စက်ရုံကို လာရောက်ကြသော မြို့တော်ခေါင်းဆောင်များ၏ အာရုံကို ဖမ်းဆုတ်နိုင်ခဲ့သောကြောင့်ဖြစ်ပေသည်။

ထိုအချိန်တုန်းက သူမ၏ စွမ်းဆောင်ရည်မှာ အထူး ထင်ရှားကောင်းမွန်နေခဲ့ပြီး ခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့သောကြောင့် သူမက ဒါရိုက်တာရှု၏ ကူညီအကြံပြုချက်အောက်တွင် အောင်မြင်စွာ နောက်တစ်ဆင့်သို့ တက်လှမ်းကာ ရာထူးတိုးနိုင်ခဲ့သည်။

ထို့ကြောင့် သူမအနေဖြင့် ဒါရိုက်တာ ရှု၏ စိတ်ကို အနိုင်ယူရမည်ဟုတွေးတောလိုက်သည်။

ဤသို့ဖြင့် စုန့်စစ်ယွီက အချိန်စောလွန်းနေသေးသည်ကို ကြည့်ပြီးနောက် နောက်ကိုပြန်လှည့်ပြီး မြို့လယ်သို့ တိုက်ရိုက်သွားခဲ့တော့သည်။

ရှုကျစ်ဝမ်၏ အလုပ်စက်ရုံက မည်သည့်နေရာတွင်ရှိလဲဟူသည်ကို သူမ သိထားခဲ့သည်။

ရှုမိသားစုအတွက်၊ ထိုတစ်ယောက်ကို အသုံးချခြင်းက သေချာပေါက် အကောင်းဆုံးနည်းပင်ဖြစ်ပေလိမ့်မည်။

လင်းရန် ပြန်မလာသေးခင်အချိန်တွင် အစ်မတစ်ယောက်အနေဖြင့် သူမက သေချာပေါက် ညီမဖြစ်သူနှင့် ရှုမိသားစုကြားမှ အိမ်ထောင်ရေးကို ချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် စေတနာကြီးမားစွာဖြင့် ပထမဆုံး အရာတစ်ခုကို အရင်ဆုံးလုပ်ဆောင်ထားရပေမည်။

......

တုန်ဖန်း တပ်မဟာအတွင်း..

ဤနေရာ၌ မရှိနေသင့်သော ဇာတ်ကောင်တစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသောကြောင့်ဖြစ်နိုင်ပေသည်။ လင်းရန်တစ်ယောက် နေ့လည်ခင်းဘက်တစ်ချိန်လုံးတွင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ရသည်။

ထို့အပြင် နေ့လည်ခင်းတွင် သူမလုပ်ခဲ့ရသော အလုပ်တာဝန်မှာ လင်းရန်မျှော်လင့်ထားသည်ထက် များစွာခက်ခဲနေခဲ့ပြန်သည်။

အလုပ်ချိန်ကုန်ဆုံးကြောင်း ဝီစီသံ မှုတ်ထုတ်လိုက်သည့်အသံကိုကြားလိုက်ရပြီးချိန်တွင်တော့ သူမ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းမှာ သူမသည်ကား ဤအလုပ်များအတွက် လုံးဝ သင့်လျော်ခြင်း မရှိကြောင်းကိုပင်။

သို့သော်လည်း အဖေလင်းက သူမကို မည်သည့်အလုပ်မှ မလုပ်စေဘဲ ပြုစုပျိုးထောင်ပေးထားခြင်းမျိုးကိုတော့ သူမ လက်ခံနိုင်မည်မဟုတ်မှာ သေချာပေသည်။

သူမအနေဖြင့် တခြားသောပညာတတ်လူငယ်များနှင့် တူညီသောအလုပ်ရမှတ်များရရှိစေနိုင်မည့် အလုပ်တစ်ခုကို လျင်မြန်စွာပြောင်းလဲရန် နည်းလမ်းရှာရလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူမအတွက်လည်း ပိုမိုလွယ်ကူစေမည့်အလုပ်ဖြစ်စေရလိမ့်မည်။

ဖြစ်နိုင်ပါက ဟင်းလျာချက်ပြုတ်ခြင်းနဲ့ သက်ဆိုင်သည့် အလုပ်တစ်ခုဖြစ်နိုင်ပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။

လင်းရန် ထိုကိစ္စကို လေးလေးနက်နက် စဉ်းစားလာခဲ့သည်။

ညနေဘက်တွင် လင်းရန် လင်းမိသားစုအိမ်သို့ ပြန်ရောက်ပြီးချိန်တွင် လင်းမိသားစုမှ တခြားမည်သူမျှ ပြန်မလာသေးဘဲ အဘွားလင်းတစ်ယောက်တည်းသာ အိမ်တွင် ရှိနေခဲ့သည်။

အဘွားလင်းက သူမပြန်ရောက်လာသည်ကိုမြင်လျှင် လင်းရန်၏အလုပ်အခြေနေများကို စိုးရိမ်ပူပန်စွာဖြင့် အမြန်မေးလိုက်သည်။

လင်းရန် ရှက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့ကိုင်းလိုက်မိကာ ရှက်ရွံ့နေသောလေသံဖြင့် ပြန်ဖြေလိုက်မိသည်။

“ဒါက သမီးထင်ထားတာထက် အများကြီး ပိုပင်ပန်းတာပဲ...”

လင်းရန်၏ မျက်နှာလေးမှာ နေရောင်ခြည်သင့်မှုကြောင့် နီရဲနေခဲ့ပြီး နဖူးလေးမှာ ချွေးများဖြင့် ဖုံးအုပ်နေခဲ့သည်ကို မြင်လိုက်ရလျှင် အဘွားလင်းမှာ အလွန်စိတ်ဆင်းရဲသွားခဲ့ရသည်။

“ပေါင်ပေ့ ၊ မင်း ဒီအလုပ်တွေ မလုပ်သင့်ဘူးလို့ အဘွားပြောခဲ့သားပဲ၊ မင်းက အရမ်းကို အလုပ်လုပ်ချင်နေတာလေ၊ အခုတော့ ကောင်းရောမလား၊ ကြည့်ပါဦး၊ မင်း ဘယ်လောက်တောင် ပင်ပန်းနေလိုက်သလဲ၊ လာခဲ့၊ အဖွား မင်း ဆေးကြောသန့်စင်ဖို့အတွက် ရေနွေးအမြန်တည်ပေးမယ်”

လင်းရန်တစ်ယောက် အဘွားလင်းက အလျှင်အမြန်လှည့်ကာ မီးဖိုချောင်ဘက်သို့ ဦးတည်သွားသည်ကို မြင်လျှင် အကြံတစ်ခုရသွားခဲ့ပြီး သူမ၏အနောက်သို့ အမြန်လိုက်သွားခဲ့သည်။

“အဖွား၊ သမီးလည်း အဘွားနဲ့လိုက်ခဲ့မယ်!”

**

All Chapters