← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

အဘွားလင်းကတော့ လင်းရန် မီးဖို့ချောင်သို့ လိုက်ချင်နေသည့်အကြောင်းကို သိပ်ပြီးမစဉ်းစားခဲ့ပါချေ။

သူမ၏မြေးမလေးက ဝတ်ကြီးဝတ်ငယ်ကိုသိတတ်မှုကြောင့် သူမဘာသာသူမ ရေနွေးတည်ချင်နေသည်ဟုသာ ထင်မြင်သွားခဲ့သည့်အတွက် အလျင်စလိုပြန်ပြောခဲ့သည်။

“ဟေး၊ ဒါက ရေနည်းနည်းလောက် တည်ရုံပါပဲ ၊ မင်းရဲ့အဘွားက ဒါကိုမလုပ်နိုင်လောက်တဲ့အထိ မအိုသေးပါဘူး”

အဘွားလင်း၏ ငြင်းဆိုမှုကို မြင်လိုက်ရလျှင်ပင် လင်းရန်ကတော့ အဘွားဖြစ်သူကို မည်သို့ ဖြောင်းဖြရမည်ကို သေချာပေါက် သိရှိထားခဲ့သည်။

သူမက အဘွားလင်းထံသို့ တိုက်ရိုက် လျှောက်သွားကာ သူမ၏ လက်မောင်းကို ပွေ့ဖက်၍ လှုပ်ရမ်းလျက် နူးညံ့ညင်သာသော အသံဖြင့် တိုးညင်းစွာ ပြောလိုက်သည်။

“အဘွား၊ သမီးကို အဘွားနဲ့ လိုက်ခွင့်ပြုပါလို့!”

အဘွားလင်းက ထိုသို့ပြုမူမှုမျိုးကို မည်သို့ သည်းခံနိုင်မည်နည်း။

သူမ၏ မြေးမလေးက သူမအပေါ် ချစ်စရာကောင်းစွာ ပြုမူနေသည်ကို ကြားလိုက်ရချိန်တွင် အဘွားလင်း၏ နှလုံးသားများမှာ အရည်ပျော်လုမတတ်ဖြစ်သွားခဲ့ရပေသည်။

“ကောင်းပြီ ကောင်းပြီ၊ အဘွားနဲ့လိုက်ခဲ့!”

အဘွားလင်းက သဘောတူလိုက်ပြီးနောက်တွင် လင်းရန်၏လက်ကို အပြုံးတစ်ခုဖြင့် ဆုပ်ကိုင်လိုက်ကာ မြေးအဘွားနှစ်ယောက်က မီးဖိုချောင်သို့ အတူသွားကြခဲ့သည်။

သို့သော် လင်းရန်မသိခဲ့သည်မှာ အဘွားလင်းအပြင် လင်းမိသားစုအိမ်ထဲတွင် တခြားလူတစ်ယောက်ရှိနေသေးသည်ကိုပင်။

လင်းကွမ်းချင်း၏အိမ်ထဲရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသော စုန့်ရှီးယန်တစ်ယောက် တံခါးအပြင်ဘက်မှ တရွေ့ရွေ့ထွက်ခွာသွားကြသော ခြေထောက်နှစ်စုံ၏ ခြေလှမ်းသံများတဖြေးဖြေးဝေးကွာသွားသည်ကို ကြားလိုက်ရလေ၏။

ထို့နောက်မှသာ စုန့်ရှီးယန် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး လက်ကိုမြှောက်လျက် သူ၏ နားရွက်များကိုထိကာ ပွတ်သပ်လိုက်မိသည်။

လင်းရန်ထံမှ မတိုင်ခင်က ထွက်ပေါ်လာခဲ့သောစကားသံမှာ ချိတ်တစ်ခုကဲ့သို့ ဆွဲငင်နိုင်မှု ကြီးလွန်းပေသည်။

အလွန် နူးညံ့လွန်းသဖြင့် သူ၏ နားရွက်များပင် ယားယံလာပြီး သူ၏နှလုံးသည်လည်း နားမလည်နိုင်လောက်အောင် ယားယံလာခဲ့ရသည်။

ဒီမိန်းကလေးရဲ့ အသံက ဘယ်လိုလုပ်ပြီး ဒီလောက်ထိတောင် ချိုမြိန်နိုင်ရတာလဲ ။ အနုပညာရှင်အဖွဲ့ဝင်တွေရဲ့ သီချင်းဆိုသံတွေထက်တောင် ပိုပြီးကောင်းနေသေးတယ်။

သူ ဤကဲ့သို့ ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည် သိပ်ပြီးဆိုးရွားသကေ့်သို့ ခံစားမိပုံမပေါ်ပါချေ။ သူ သူမ၏ နောက်ထပ်စကားနည်းနည်းလောက် ဆက်ပြောလာသည်ကိုပင် ကြားချင်နေခဲ့သေးသည်။

သို့သော် စုန့်ရှီးယန်တစ်ယောက် လင်းရန်၏ သူ့အပေါ် သိသာထင်ရှားလှသည့် ကြောက်ရွံ့တုန်လှုပ်မှုနှင့် ရွံရှာလှသည့် သဘောထားကို တွေးလိုက်မိသောအချိန်တွင်တော့ မသိစိတ်မှ မျက်မှောင်ကြုတ်မိသွားရသည်။

သူက တကယ်ပဲ အဲလောက်ထိကြောက်စရာကောင်းနေတာလား?

....

လင်းရန်အနေဖြင့် မီးဖိုချောင်သို့ အဘွားလင်းနှင့်အတူ လိုက်ပါဝင်လာရသည့် အကြောင်းရင်းမှာ အဘွားလင်းကို ရေနွေးဆူအောင် တည်ရန် ကူညီချင်သည့်အတွက်ကြောင့် မဟုတ်ရပါချေ။

ရေနွေးတည်သည်က ဒုက္ခမများသည့်အတွက် လူနှစ်ယောက်လုပ်ဆောင်နေရန်အတွက် မလိုပေ။

သူမ၏နောက်သို့ လိုက်လာချင်ရသည့် အကြောင်းရင်းမှာ အဘွားလင်း၏ရှေ့မှာ သူမရဲ့ ဟင်းချက်လက်ရာကို ပြသချင်သည့်အတွက်ကြောင့်သာဖြစ်ပေသည်။

သူမအနေဖြင့် မီးဖိုချောင်၏ အခွင့်အာဏာကို သိမ်းပိုက်လိုသည့်အပြင် ဤနေရာတွင် သူမ၏ ဟင်းချက်လက်ရာဖြင့် သင့်လျော်သည့် အလုပ်များကို ရှိမရှိကို သိနိုင်ရန်အတွက်လည်း အဘွားလင်းထံမှလည်း ကြားချင်နေသေးသည်။

မီးဖိုချောင်ထဲသို့ ဝင်သွားပြီးနောက် အဘွားလင်းက မီးဖိုရှေ့တွင် ထိုင်ကာ မီးဖိုရန် အရင်ဆုံးလုပ်ခဲ့ပြီး လင်းရန်ကတော့ ရဆနွေးသတည်မည့် ဒယ်အိုးထဲသို့ ရေထည့်ပေးခဲ့သည်။

အဘွားနှင့် မြေးမတို့က တစ်ဖက်တစ်ချက်စီတွင် လိုက်လျောညီထွေဖြစ်စွာနှင့် အလုပ်များကို ခွဲဝေလုပ်ကိုင်ခဲ့ကြလေ၏။

အိုးကို ရေဖြည့်ပြီးနောက် လင်းရန်၏ မျက်လုံးများက မီးဖိုချောင် စားပွဲပေါ်ရှိ ဟင်းသီးဟင်းရွက်များဆီသို့ အကြည့်ရောက်ရှိသွားခဲ့ရသည်။

မကြာသေးမီအချိန်တွင် ကိုယ်ပိုင်မြေကွက်စိုက်ခင်းများရှိ ဟင်းသီးဟင်းရွက်မျိုးစုံတို့က တစ်ခုပြီးတစ်ခု ရင့်မှည့်လာခဲ့ကြသောကြောင့် အိမ်ထောင်စုတိုင်း၏ မီးဖိုချောင်ထဲတွင် ရာသီစာပဆါ်ထွက်သည့် ဟင်းသီးဟင်းရွက်သီးနှံများ အများအပြားရှိနေခဲ့သည်။

ရေနွေးကို ဒယ်စောက်အိုးထဲတွင် ထည့်ကာ ဆူပွက်လာသည်အထိ တည်ထားခဲ့ပြီးပြီ။ လင်းရန်အနေဖြင့် လက်ရှိတွင် ထင်းမီးများလိုအပ်သည့် ဟင်းလျာများကို ချက်ပြုတ်ရန် အစီအစဉ်မရှိသေးသဖြင့် သူမ၏ စိတ်ကူးများက သခွားသီးဆီသို့ လှည့်သွားခဲ့သည်။

လင်းရန် သူမ၏ မျက်လုံးကို လှိမ့်ကာ ခဏမျှတွေးတောပြီးနောက် အဘွားအိုဆီသို့ သနားစဖွယ်ကောင်းစွာဖြင့် လှမ်းကြည့်ကာ ပြောလိုက်လေ၏။

“အဘွား၊ သမီး သခွားသီးနှစ်လုံးလောက် စားလို့ရမလား၊ နေ့လည်ခင်းတစ်ပိုင်းလုံး အလုပ်လုပ်လာရပြီးလို့ ဗိုက်ဆာနေပြီ”

“ဒီမှာ မင်း ဘာကိုမစားရဘူးဆိုတာမျိုး ဘာမှမရှိဘူး၊ မင်းဗိုက်ဆာနေပြီလား၊ အဘွားက မင်းအတွက် အခုချက်ချင်း ရေဆေးပေးလိုက်မယ်!”

အဘွားလင်းက လင်းရန်စားဖို့အတွက် သခွားသီးကို ရေဆေး၍ ပေးဖို့ လုပ်နေသည်ကိုမြင်လျှင် လင်းရန်က သူမ၏လက်ကို အမြန်ဝှေ့ရမ်းလိုက်ပြီး :

“အဘွား သမီး ကိုယ်တိုင်လုပ်လိုက်မယ်၊ သမီး ဒီအတိုင်းတိုက်ရိုက်စားဖို့ကို နေသားမကျဘူး!”

လင်းရန်တွင် သခွားသီးကိုစားဖို့ သူမ၏ ကိုယ်တိုင်နည်းလမ်းရှိနေသည်ကိုကြားလျှင် အဘွားလင်းလည်း သူမကို အနှောင့်အယှက်မပေးတော့ပေ။

“ကောင်းပြီ၊ မင်းကိုယ်တိုင်ကြည့်လို့ရတယ်၊ မင်း တစ်ခုခုလိုချင်တာ ရှိရင် အဖွားကို လှမ်းခေါ်လိုက်နော်”

ထို့နောက် အဘွားလင်းက မီးဖိုအတွင်း မီးကို ဆက်ပြီး ထိုးနေခဲ့သည်။

လင်းရန်လည်း သခွားသီးနှစ်လုံးကို အလျင်အမြန် ကောက်ယူလိုက်သည်။ သူမကောက်လိုက်သည့် သခွားသီးများသည်က နုလည်း မနုလွန်းသလို ရင်းလည်း မရင့်လွန်းဘဲ အကြွတ်ဆတ်ဆုံး အရွယ်အစားဖြစ်ပြီး အလန်းဆန်းဆုံးလည်းဖြစ်လေ၏။

သခွားသီးများကို ရွေးချယ်ယူပြီးနောက် လင်းရန် ရေနှင့် အမြန်ဆေးချလိုက်ပြီး မီးဖိုချောင်တံခါးနားတွင် ချိတ်ထားသည့် ကြက်သွန်ဖြူတွဲဆီသို့သွားကာ ကြက်သွန်ဖြူနှစ်လုံးကို ဖြုတ်ယူလိုက်သည်။

ထို့နောက် မီးဖိုချောင်ဘက်သို့ ပြန်လှည့်လာခဲ့ကာ စဥ့်တီတုံးကို ထုတ်ယူလိုက်ပြီး သခွားသီးများကို ဓားပြားရိုက်လျက် ဇလုံတစ်ခုထဲတွင် ထည့်လိုက်လေ၏။

ထို့နောက် သခွားသီးများကို ရေထဲတွင်စိမ်ကာ အပေါ်မှ ဆားအနည်းငယ်ကို ထပ်မံဖြူးလိုက်လေသည်။

သခွားသီးကို ရေစိမ်ထားစဥ်တွင် ကြက်သွန်ဖြူများကို လျင်မြန်ကျွမ်းကျင်စွာ အခွံနွှာလိုက်ပြီး ထိုကြက်သွန်များကို သေးသေးမွှာမွှာများဖြစ်သွားသည်အထိ ဓားဖြင့် နုတ်နုတ်စင်းကာ ထိုစင်းထားသည့်ကြက်သွန်ဖြူများကို နောက်ပိုင်းအသုံးပြုရန်အတွက် ဖယ်ထားလိုက်ပြန်သည်။

ထို့နောက်တွင် မီးဖိုအတွင်းမှ ဟင်းခတ်အမွှေးအကြိုင်များ ထားရှိရာနေရာကို လှမ်းကြည့်လိုက်လျှင် အိမ်တွင် ဟင်းခတ်အမွှေးအကြိုင်များက အလွန်နည်းပါးသည်ကို တွေ့လိုက်ရသည်။

ထိုနေရာတွင် ပဲငံပြာရည်၊ ရှာလကာရည်၊ ဆား၊ နှမ်းဆီ ပုလင်းသေးသေးလေးတို့သာ ရှိနေခဲ့သည်။ ဤသည်က အိမ်တွင်ရှိသည့် ဟင်းခတ်အမွှေးအကြိုင်များ အားလုံးဖြစ်ပေလိမ့်မည်။

သို့သော်လည်း နုတ်နုတ်စင်းထားသည့် ကြက်သွန်ဖြူနဲ့ သခွားသီးအအေးသုတ်တစ်ပန်းကန်လုပ်ရန်အတွက် ဤဟင်းခတ်အမွှေးအကြိုင်များကလုံးဝလုံလောက်ပေသည်။

လင်းရန်၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ အဘွားလင်းက မီးဖိုရှေ့မှ ခေါင်းကို အနည်းငယ် ပြူထွက်လျက် စပ်စုစွာကြည့်နေခဲ့သည်။

သူမ၏မြေးမဖြစ်သူဆိုလိုသည့် စားသောက်နည်းမှာ သခွားသီးကို ပြားအောင် ရိုက်၍ ပန်းကန်လုံးထဲတွင် ထည့်ထားခြင်းဖြစ်ကြောင်းကို သူမရှာတွေ့ခဲ့သည်။

ထို့နောက်တွင် သူမက ဟင်းခတ်ပစ္စည်းပုလင်းများရှေ့တွင် ရပ်တန့်နေခဲ့ပြန်သည်။ သူမက အအေးစာစားဖို့ စီစဉ်နေသည်လား?

နေ့လယ်စာအတွက် သူမလုပ်ထားခဲ့တဲ့ သခွားသီးသုပ်ကို သူမရဲ့မြေးမလေးက အလွန်နက်နက်ရှိုင်းရှိုင်းကြိုက်ပုံရတယ်!

အဘွားလင်းတစ်ယောက် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုအတွက် အလွန်ဂုဏ်ယူနေခဲ့သေးသည်။

ခဏကြာလို့ ညစာချက်တဲ့အချိန်ကိုရောက်ရင် အအေးစာဖြစ်တဲ့ သခွားသီးသုတ်ကို များများပြုလုပ်ပြီး သူမရဲ့မြေးလေးကို လုံလုံလောက်လောက်စားနိုင်အောင် သေချာပေါက် ကြိုးစားရမယ်!

ယခုအချိန်ခဏတွင်တော့ သူမ၏ မြေးလေးကို ခဏလောက် ကစားခွင့်ပေးထားလိုက်ဦးမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သခွားသီးကို အအေးသုတ်အဖြစ်ပြုလုပ်မယ်ဆိုရင် အရသာမကောင်းဘူးဆိုတာမျိုး မရှိဘူးမလား။

သို့နှင့် လင်းမိသားစု၏ အဘွားအိုက သူမ၏ အကြည့်ကို အမြန်ပြန်ဆုတ်လိုက်ပြီး မီးဖို၏ မီးကိုသာ ဆက်ကြည့်နေခဲ့တော့သည်။

လင်းရန်ဘက်တွင်တော့ သူမက ပန်းကန်လုံးထဲရှိ သခွားသီးထဲသို့ မတိုင်ခင်က ထည့်ထားသည့် ရေကို သွန်ထုတ်လိုက်ကာ သခွားသီး၏ ကြွပ်ဆတ်သော အရသာကို မပျက်စီးစေဘဲ ကျန်ရှိနေသည့် ရေအနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။

ထို့နောက် ပန်းကန်လုံးထဲသို့ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူကိုထည့်ကာ နှမ်းဆီနှစ်စက်ထည့်လိုက်သည်။

ပြီးနောက် နေ့လယ်စာစားချိန်အတွင်း သူမ မြင်တွေ့ခဲ့မှုအရ လင်းမိသားစုမှာ အချဉ်အရသာကိုကြိုက်သည့်ပုံရကြောင်းကို လင်းရန် သတိပြုမိသောကြောင့် ပန်းကန်ထဲသို့ ရှာလကာရည် နှစ်စက်ထပ်မံထည့်လိုက်ပြန်သည်။

ထို့နောက်တွင် ကြက်သွန်ဖြူနဲ့ သခွားသီးရောသုတ်က အဆင်သင့်ဖြစ်သွားခဲ့ပြီ။

တကယ်တမ်းတွင် သခွားသီးအအေးသုတ်က အလွန် ရိုးရှင်းသော်လည်း ပိုမိုရိုးရှင်းလေလေ၊ အရသာရှိအောင် ပြုလုပ်ဖို့က ပို၍ခက်ခဲလေလေဖြစ်တတ်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုသို့သောဟင်းသည်ကား လင်းရန်အတွက် ဟင်းလျာအဆင့်ပင်မဟုတ်ပါချေ။ အများဆုံး ဤသည်က လက်လေ့ကျင့်ခန်းတစ်ခုစာမျှသာရှိသည်။ သူမအနေဖြင့် မျက်လုံးမှိတ်၍ပင် အရသာရှိအောင် ပြုလုပ်နိုင်ပေသည်။

ကြက်သွန်ဖြူ သခွားသီးအအေးသုတ် အဆင်သင့်ဖြစ်ပြီးနောက် လင်းရန် သူမကိုယ်တိုင် မြည်းစမ်းကြည့်လိုက်ရာ အရသာက သူမယခင်တုန်းက ပြုလုပ်ခဲ့သည့် အရသာနှင့် ဆင်တူကြောင်းကို တွေ့လိုက်ရသောကြောင့် စိတ်သက်သာရာရသွားသည်။

သို့နှင့် သူမ နောက်ထပ် တူအသစ်တစ်စုံကို ထုတ်ယူလိုက်က အဘွားလင်းဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

“အဖွား၊ သမီးလုပ်ထားတဲ့ သခွားသီးအအေးသုတ်ကို မြည်းစမ်းကြည့်ပါဦး”

အဘွားလင်း ခေါင်းကို မော့လိုက်သည်နှင့် တပြိုင်နက် အလွန်မွှေးကြိုင်လွန်းသော မွှေးရနံ့ကို ရရှိလိုက်သည် ။

မွှေးရနံ့မှာ နှမ်းဆီ၏ရနံ့နှင့်ဆင်တူသော်လည်း အနံ့အသစ်တစ်ခုဖန်တီးရန်အတွက် တခြားပေါင်းစပ်ထားသော အရသာများလည်းပါဝင်ပုံရပြီး ထိုပေါင်းစပ်ထားသော မွှေးရနံ့မှာ အလွန် ကောင်းမွန်လွန်းနေခဲ့သည်။

အဘွားလင်းတစ်ယောက် အလွန် အံ့သြသင့်သွားပြီး လင်းရန်၏လက်ထဲမှ ပန်းကန်ကို အမြန်ကြည့်လိုက်သည်။

ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် ပန်းကန်လုံးထဲတွင် မတိုင်ခင်က လင်းရန်ပြုလုပ်ထားသည့် သခွားသီးများသာ ပါဝင်နေသည်ကို သူမ တွေ့လိုက်ရသည်။ သေသေချာချာ ကြည့်လိုက်လျှင်ပင် တခြားမည်သည့်အရာမျှ မပါဝင်ဟု ထင်ရသည်။

သို့ဆိုပါက ထိုမွှေးရနံ့က အဘယ်ကြောင့် ဤမျှလောက်ကောင်းမွန်နေရသည်လဲ။

“အဘွား၊ အဘွားရဲ့ပါးစပ်ကိုဖွင့်လိုက်ပါဦး”

**

All Chapters