← Chapters

အခန်း (၅၈)

Vol. 6 Ch. 58

အခန်း (၅၈)

Vol. 6 Ch. 58

အဘွားလင်း စိတ်ရှုပ်ထွေးနေချိန်တွင် လင်းရန်က သခွားသီးတစ်ပိုင်းကို တူဖြင့်ကောက်ယူလိုက်ပြီး အဘွားလင်း၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်လေ၏။

အဘွားလင်းလည်း မသိစိတ်က ပါးစပ်ကိုဖွင့်လိုက်မိကာ သခွားသီးကို ကိုက်ဝါးလိုက်မိသည်။

အရသာက သူမကို ချက်ချင်းပင် ပို၍အံ့သြသင့်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သခွားသီး၏ အရသာက သူမ မတိုင်ခင်က ရရှိခဲ့သော ထိုမွှေးကြိုင်လှသည့် ရနံ့ထက်တောင် ပို၍ ဆွဲဆောင်မှုရှိနေခဲ့သေး၍ပင်။

သူမကိုယ်တိုင်သည်လည်း သခွားသီးအအေးသုတ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ဖူးပြီး သူမ၏ ဟင်းချက်သည့်စွမ်းရည်အရ အလွန်အရသာကောင်းသည်ဟု အမြဲထင်နေခဲ့သည်။

သို့သော်ငြား ဤအခိုက်အတန့်တွင်တော့ အဘွားလင်းတစ်ယောက် သူ၏မြေးမလေးလုပ်ထားသည့် သခွားသီးအအေးသုတ်နဲ့ ယှဉ်လိုက်ပါက သူမ ယခင်က လုပ်ထားသည့် သခွားသီးသုတ်မှာ စား၍ဖြစ်ရုံအဆင့်မျှသာရှိကြောင်း ရုတ်တရက် ခံစားလိုက်သည်။

အဘွားလင်းက သခွားသီးကို အမြန်မျိုချလိုက်ပြီး လင်းရန်ဆီသို့ မေးလာလေ၏။

“ရန်ရန်၊ ဒီသခွားသီးအအေးသုတ်ကို ဘယ်လိုလုပ်ထားတာလဲ၊ ဒါက အရမ်းအရသာရှိတာပဲ!”

လင်းရန်မှာ သူမ၏ ဟင်းချက်စွမ်းရည်ကို တခြားသူများ အသိအမှတ်ပြုသည့်အချိန်တိုင်းတွင် သဘာဝကျစွာ အလွန်အမင်း စိတ်ကောင်းဝင်တတ်လေ့ရှိသည်။

“ဒါက နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူနဲ့ နှမ်းဆီနည်းနည်းလောက်ထည့်လိုက်ရုံပါပဲ၊ နောက်ပြီး ပစ္စည်းတွေကို အတူတူရောလိုက်ရုံပဲလေ၊ တခြား ထွေထွေထူးထူးလုပ်စရာအများကြီးမရှိဘူး”

သူမ အပြုံးလေးနဲ့ ရှင်းပြခဲ့သည်။

ဤသည်မှာ အလွန်ပင်ရိုးရှင်းလွန်းသည်ဟုထင်ရသော်လည်း ဤမျှအရသာရှိသည့် အဆင့်ကို အောင်မြင်စွာရောက်လာဖို့အတွက် လင်းရန် အတိတ်ဘဝတွင် မည်မျှကြိုးစားခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပါချေ။

ဟင်းလျာချက်ရာတွင် အရေးအကြီးဆုံးအချက်က ကျွမ်းကျင်မှုသာဖြစ်ပေသည်။ သင် ကျွမ်းကျင်မှသာလျှင် ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များ၏ အချိုးအစားအပြင် အပူရှိန်ကို အတိအကျ ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။

ဤသည်က အရည်အချင်းများသာဖြစ်ပြီး အစားထိုး၍နိုင်သည့်အရာမျိုးမဟုတ်ပါချေ။

အဘွားလင်းကတော့ သူမ၏ထိုစကားကိုကြားလိုက်ရလျှင် ပန်းကန်ကို အနီးကပ်ကြည့်လိုက်မိလေသည်။

လင်းရန်ပြောသည့် ပစ္စည်းများအပြင် တခြားမည်သည့်အရာမှ မတွေ့သည်က အံ့သြစရာ မရှိတော့ချေ။ မတိုင်ခင်က လင်းရန် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူနှင့် ပါးပါးရိုက်ထားသော သခွားသီးများကို ရောနှောများကို ရောနှောထားပုံရပြီး အရသာမှာ နှမ်းဆီနှင့် ရောထားသော ကြက်သွန်ဖြူ၏ အမွှေးအကြိုင်ရနံ့တို့ရှိနေခဲ့သည်။

သို့သော် မြည်းစမ်းကြည့်လိုက်ပါက ကြက်သွန်ဖြူအသားတို့ကို မကိုက်မိဘဲ သခွားသီး၏အရသာကြွတ်ဆပ်မှုကိုသာ ခံစားရရှိနေခဲ့သည်။

“ဒါက ရိုးရှင်းလွန်းတာပဲ၊ ဒါပေမယ့် တခြားလူတွေက ဒါမျိုးအရသာထွက်အောင်မလုပ်နိုင်ဘူး၊ မင်းရဲ့အဘွားတောင် ဒါမျိုး မလုပ်နိုင်ဘူး!”

အဘွားလင်းမှာ သူမ၏မြေးမလေးက ဟင်းလျာများကို အလွန် အရသာရှိအောင်ချက်နိုင်သည်ဟု တွေးတောကာ ဂုဏ်ယူမှုနှင့် အပျော်များဖုံးလွှမ်းနေခဲ့သည်။

“အဘွား၊ အာ! နောက်တစ်ကိုက် ထပ်ကိုက်ကြည့်လိုက်ပါဦး”

ဤစကားကိုကြားလျှင် အဘွားလင်းလည်း သူမ၏ ပါးစပ်ကို ပြန်ဖွင့်လိုက်သည်။

ရလဒ်အနေဖြင့် လင်းရန်က သူမကို ဖြေးဖြေးချင်း ဖျောင်းဖျလိုက်ပြီး ခဏအတွင်း အဘွားလင်းက သခွားသီးအအေးသုတ်၏ တစ်ဝက်ကျော်လောက် စားမိခဲ့သည်။

ပန်းကန်လုံးထဲမှ သခွားသီးသုတ်က အကုန်လုံးနီးပါး ကုန်ဆုံးလုနီးပါး ဖြစ်သွားသည်ကို သတိပြုလိုက်မိမှသာ အဘွားလင်းတစ်ယောက် အာရုံများဝင်လာခဲ့ပြီး နောင်တရစွာဖြင့် အလျှင်အမြန် ပြောခဲ့ရသည်။

“အိုး တော်ပါပြီ၊ ရန်ရန် မင်းဘာသာ စားလိုက်ပါဦး၊ အဖွားက ထပ်စားရင် မင်းအတွက် မကျန်ဘဲ ကုန်သွားလိမ့်မယ်!”

သူမ ဘယ်လိုလုပ်ပြီး ထိန်းချုပ်မရနိုင်ဘဲ ဒီလောက် အများကြီးစားလိုက်နိုင်တာလဲ!

“ရပါတယ် အဘွား၊ သမီး နောက်တစ်ခေါက် ထပ်လုပ်လိုက်ဦးမယ်လေ၊ ခဏနေရင် အဖေနဲ့ဦးလေးတို့တွေလည်း ပြန်လာမှာဆိုတော့ အတူတူစားရအောင်!”

အဘွားလင်းကလည်း ဤစကားကိုကြားလိုက်ရလျှင် သေချာပေါက်ငြင်းဆန်မည်မဟုတ်ပါချေ။

သူမ၏မြေးမလေးက ကျန်သည့်မိသားစုဝင်များအတွက် အလွန်ဂရုစိုက်နေသည်ကို တွေ့လိုက်ရလျှင် အလွန်အမင်း ဝမ်းသာသွားခဲ့ရသည်။

သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို အဘွားလင်းမှ အသိအမှတ်ပြုလိုက်သည်ကို မြင်လျှင် လင်းရန်က ဤအခွင့်အရေးကို သေချာပေါက် ဆုပ်ကိုင်လိုက်လေ၏။

သူမက ဤအခြေအနေကို အခွင့်ကောင်းယူလျက် မေးလိုက်သည်။

“အဘွား၊ ဒီညအတွက် ညစာကို သမီးချက်ပြုတ်ပါရစေ၊ အခုက သမီးဆီမှာ ဘာမှလုပ်စရာ မရှိဘူးလေ၊ ဒီတော့ အဘွားတို့ကို သမီးရဲ့လက်ရာကို မြည်းစမ်းကြည့်စေချင်တယ်!”

အဘွားလင်းအတွက်ကတော့ သူမ၏ မြေးမလေးက ပြုလုပ်သည့် သခွားသီးက အလွန် အရသာရှိသည်ဟု ထင်မိသော်လည်း ထိုသို့ချက်ပြုတ်မည်ဆိုပါက သူမ၏မြေးမလေး အလွန်အလုပ်ပင်ပန်းနေမည်ကို စိုးရိမ်နေဆဲပင်။

အဘွားဖြစ်သူ၏ အမူအရာကိုမြင်လျှင် လင်းရန်က သူမ၏လက်ကို အမြန်ဝှေ့ရမ်းလိုက်ပြီး ပြောလိုက်လေ၏။

“အဘွား၊ သမီး တကယ်မပင်ပန်းပါဘူး၊ သမီးကို စမ်းချက်ကြည့်ခွင့်ပြုပါ.. နော်”

  “ကောင်းပြီ ၊ ဒါဆိုလည်း မင်းပင်ပန်းလာရင် အဘွားကိုပြောရမယ်နော်၊ အဘွား မင်းအတွက် ဆက်ချက်ပေးမယ်”

လင်းရန်ကတော့ နောက်ဆုံးတွင် ထမင်းချက်ခွင့်ကို ရရှိခဲ့သည့်အတွက် လွန်စွာပျော်သွားခဲ့တော့သည်။

အိုးထဲတွင်ရှိသည့် ရေများ ပွက်ပွက်ဆူလာသည့်အချိန်တွင်တော့ ညစာအတွက် ပါဝင်ပစ္စည်းများကို အမြန်ပြင်ဆင်ခဲ့ကြသည်။

နေ့လယ်စာ စားပွဲကြီးအတွင်းမှ ဟင်းပွဲများကို မိသားစုတစ်စုလုံးက ပြောင်စင်အောင် စားခဲ့ကြပြီး လက်ရှိတွင် ပန်းကန်များအတွင်း၌ မည်သည့် အရာမှ မကျန်တော့သည့်အတွက် စားကြွင်းစားကျန်များ မကျန်ရှိဟု ဆိုနိုင်သည်။

သို့ဖြစ်၍ ညနေစာအတွက် မည်သည်ကို ချက်ပြုတ်ရမည်လဲဆိုသည်က လင်းရန်၏ လွတ်လပ်ခွင့်အပေါ် မူတည်တော့မည်။

မီးဖိုချောင်ထဲရှိ ဟင်းချက်ပစ္စည်းများကို နောက်ဆုံးကြည့်ရှုပြီးနောက် မွန်းတည့်အချိန်၌ ဆုံတွေ့ခဲ့ရသည့် လူကောင်ကြီးများ၏ တိုက်ပွဲဆန်ဆန် စားသောက်နိုင်သည့် စွမ်းအားတို့ကို တွေးတောကြည့်ကာ သူမ ရိုးရိုးရှင်းရှင်းပင် ထမင်းပေါင်းချက်ရန် စတင်ခဲ့သည်။

သူမ ဤတစ်ကြိမ် ပြန်သယ်လာသည့် စည်သွပ်အသားများရှိနေသည့်အတွက် အံကိုက်ပင်ဖြစ်ပေလိမ့်မည်။

ဟင်းအစုံ ထမင်းပေါင်းကို တစ်ယောက်တည်း စားရန်ဖို့အတွက် ချက်ပြုတ်မည်ဆိုပါက အနည်းငယ်အလုပ်ရှုပ်လှသော်လည်း ယခုကဲ့သို့ လူအများစာအတွက်ဆိုလျှင် အလွန်ပင် သင့်တော်ပေသည်။

ဤသို့တွေးပြီးနောက် လင်းရန်က စည်သွပ်ဘူးများကို ယူဖို့အတွက် သူမ၏ အိမ်ခန်းဆီသို့ ပြန်သွားခဲ့သည်။

စည်သွပ်ဘူးများကို ရရှိပြီးနောက် ပဲ၊ အာလူးနှင့် မုန်လာဥနီတို့ကို အမြန်ဆေးကြောလိုက်ပြီး အသီးအရွက်များနှင့် စည်သွပ်ဘူးအသားများအားလုံးကို လှီးဖြတ်ကာ ဘေးတွင် ခဏလောက် ဖယ်ထားလိုက်သည်။

အဘွားလင်းအား အိုးထဲတွင် တည်ထားသည့် ရေနွေးများကို ပုံးတစ်ပုံးထဲသို့ထည့်ရန်အတွက် ကူညီပေးပြီးနောက် လင်းရန်က အိုးထဲသို့ ဝက်ဆီအနည်းငယ် လောင်းထည့်လိုက်ကာ ပါးပါးလှီးထားသော ပါဝင်ပစ္စည်းများကို လောင်းထည့်လိုက်သည်။

ပွတ်တိုက်သံများနှင့်အတူ ဆီပူပူနှင့် ပါဝင်ပစ္စည်းများတို့ ရောနှောသွားရာမှ ထွက်ပေါ်လာသည့် မွှေးရနံ့များက အခန်းထဲသို့ ထွက်ပေါ်လာခဲ့လေသည်။

ပါဝင်ပစ္စည်းများကို တစ်ဝက်လောက်နီးပါး ကျက်အောင် ကြော်ပြီးနောက် လင်းရန်က ခဏအကြာတွင် ပြန်လည်အသုံးပြုရန် ဘေးသို့ဖယ်ထားပြန်သည်။

ပြီးနောက် ဆန်ကို ရေဆေးပြီး အိုးထဲသို့ထည့်လိုက်ကာ ကြော်လှော်ထားသည့် ပါဝင်ပစ္စည်းများကို အပေါ်ကနေ လောင်းထည့်လိုက်လေ၏။

နောက်ဆုံးအဆင့်အနေဖြင့် အိုးကို အဖုံး ဖုံးပြီး ထမင်းများ ကျက်လာသည်အထိ စောင့်ဆိုင်းရလိမ့်မည်။

လင်းရန်၏ ပြင်ဆင်ချက်ပြုတ်နည်းများကို ကြည့်ကာ အဘွားကြီး အံသြသင့်သွားရသည်။

၎င်းတို့၏ကျေးလက်ဒေသများတွင် အစားအစာအတွက် လိုအပ်ချက်သည်ကား ဗိုက်ဝစေရန်အတွက် လုံလောက်သောအစားအစာနှင့် အရသာခံနိုင်လောက်သည့် အဆင့်တွင်သာ ရှိနေသေးသည်။

ယခုကဲ့သို့ အစားအသောက်ကို ပို၍အရသာရှိလာစေရန် ချက်ပြုတ်နည်းကို မည်သူကမှ လေ့လာဖူးခြင်းမရှိပါချေ။

ထို့ကြောင့် လင်းရန်၏ ဟင်းချက်နည်းလမ်းကို အဘွားလင်းက တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။

သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ အဘွားလင်းတွင် ပြောကိုပြောရမည့်အရာကတော့ _ အနံ့က အရမ်းကို ကောင်းလွန်းတယ်!

ထမင်းပေါင်းချက်ရန်အတွက် နောက်ထပ် မိနစ်နှစ်ဆယ်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းထားသောကြောင့် လင်းရန် ဤအချိန်ကို အခွင့်ကောင်းယူပြီး ရေချိုးဖို့ ပြင်ဆင်ခဲ့သည်။

သူမက မီးဖိုခန်းထဲတွင်ရှိနေသော အဘွားလင်းကို မီးကြည့်ရန် အကူအညီတောင်းခဲ့သည်။

ထမင်းပေါင်းချက်ရန်အတွက် မီးက အလွန် မပြင်းသင့်ပေ။ ဖြည်းညှင်းစွာ သာ ဆူအောင်တည်ထားရလိမ့်မည်။ မဟုတ်ပါက အိုးအောက်ခြေတွင် အလွယ်တကူတူးသွားနိုင်ပေသည်။

သူမ စိတ်ပူနေသည်ကို မြင်လျှင် အဘွားလင်းက အထပ်ထပ်အခါခါ အာမခံခဲ့သည်။

“စိတ်မပူပါနဲ့၊ အဘွားက ဒီထင်းမီးဖိုနှင့် နှစ်ပေါင်းများစွာ ချက်နေတာ၊ ပြဿနာမရှိဘူးလို့ အာမခံတယ်!

လင်းရန်လည်း ထိုစကားကိုကြားလျှင် ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့သည်။

ထို့နောက် ရေနွေးထည့်ထားသည့် ရေပုံးကို သယ်ကာ ခြံထောင့်ရှိ တဲဆီသို့ လျှောက်သွားခဲ့သည်။

သူမ အထူးကျေးဇူးတင်မိသည်မှာ လင်း မိသားစုတွင် ရေချိုးခန်းတစ်ခုရှိနေခြင်းကိုပင်။ ထိုအတွက်ကြောင့် သူမ ခန့်မှန်းထားသကဲ့သို့ ခြံဝင်းထဲလူမြင်ကွင်းတွင် ရေချိုးရန် သို့မဟုတ် သူမ၏အခန်းထဲသို့သယ်ကာ ရေချိုးနေစရာ မလိုအပ်ပါချေ။

မီးဖိုချောင်မှ ရေချိုးခန်းဆီသို့ သွားဖို့အတွက် ထောင့်ဖြတ်လမ်းတစ်ခုသာရှိပြီး အတော်လေးရှည်လျားသည်။

သူမအနေဖြင့် ရေပုံးကိုသယ်ကာ ရေချိုးခန်းဆီသို့ အမြန်သွားနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း လင်းရန်တစ်ယောက် သူမ၏ ကိုယ်ပိုင်ခွန်အားကို လွန်ကဲစွာ တွက်ဆမိသွားခဲ့သည်။

အဓိက ပြသနာကတော့ ရေနွေးငွေ့မျာ့က သူမ၏လက်များကို ဆက်လက်လောင်ကျွမ်းစေပြီး ပုံး၏လက်ကိုင်ကိုပင် ဆက်မကိုင်နိုင်လောက်အောင် ဖြစ်လာခြင်းပင်။

လင်းရန် ခဏရပ်ပြီး အနားယူချင်သည့်အချိန်တွင် နက်ရှိုင်းလွန်းသည့် အသံတစ်ခုက သူမ၏ဘေးနားမှ ရုတ်တရက်ထွက်လာလေ၏။

“ကိုယ့်ကို ပေး”

လင်းရန် ခဏတာလောက် ကြောင်အမ်းအံ့အားသင့်သွားရသည်။ သူမ၏ဘေးနားတွင်ရှိနေသော လူကို မော့မကြည့်မိခင် သူမ၏လက်ထဲမှ အလေးချိန်တစ်ခုက ပေါ့ပါးသွားခဲ့လေ၏။

တစ်စုံတစ်ယောက်က သူမ၏ လက်ထဲမှရေပုံးကို ဆွဲယူလိုက်သည်ပင်။

ထို့နောက် တစ်ဖက်လူ၏အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

“ဘယ်ကို ယူသွားရမှာလဲ”

လင်းရန်တစ်ယောက် အာရုံပြန်ရောက်လာပြီးနောက် သူမ၏ဘေးနားတွင် ပေါ်ထွက်လာသည့် စုန့်ရှီးယန်ကို မော့ကြည့်လိုက်မိသည်။

ထို့နောက် သူမလက်နှစ်ဘက်ဖြင့်သာ သယ်ဆောင်နိုင်သည့် ရေပုံးကို ထိုလူက လက်တစ်ဖက်ဖြင့် သယ်ဆောင်ထားခဲ့ပြီး သူ့၏ပုံစံက အလွန်ပေါ့ပါးနေခဲ့ကာ ရေပုံးအလွတ်တစ်လုံးကို သယ်ဆောင်ထားသကဲ့သို့ရှိနေသည်ကို မြင်လိုက်ရလျှင် အလွန်စိတ်ရှုပ်ထွေးသွားရသကဲ့သို့ ခံစားလိုက်ရပြန်သည်။

**

All Chapters