← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

ဤနေရာတွင်၊ လင်းရန်က လင်းမိသားစု၏ ရင်းနှီးနေသော တံခါးပေါက်ကို တွေ့ပြီးနောက်စိတ်သက်သာရာ ရသွားခဲ့ရပြီး သူမ၏ခြေလှမ်းများကို ဖြည်းညင်းစွာဖြင့် နှေးလိုက်မိသည်။

စုန့်ရှီးယန်၏ မတိုင်ခင်ကပုံစံက သူမအား စိတ်သက်သာရာရစေနိုင်ခဲ့ပြီး အလွန်စိတ်ချလုံခြုံသည့် ခံစားချက်ကိုဖြစ်ပေါ်စေသည်ကိုတော့ သူမပြောရပေလိမ့်မည်။

စုန့်ရှီးယန် ဝတ်ဆင်ထားသော စစ်အင်္ကျီကြောင့်ထိုကဲ့သို့ ခံစားရခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် ထိုသူသည်ကား တခြားသူများအတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံတက်ကြောင်းကိုလည်း သိထားခြင်းကြောင့်ဖြစ်နိုင်သည်။

လင်းရန်က ယခုနေ့လည်ကကဖြစ်ခဲ့သော ကိစ္စများကြောင့် စု့ရှီးယန်အား အလွန်ပင် မကြိုက်သကဲ့သို့ ဖြစ်နေလျှင်ပင် သူမ၏မသိစိတ်အပိုင်းအစတစ်ခုထဲမှ ထိုသူက သူမအား ထိခိုက်နစ်နာစေရန်အောင်လုပ်လိမ့်မည် မဟုတ်ကြောင်းကို အလိုလိုသိရှိနေခဲ့သည်။

“ဘာလို့ လမ်းကို မြန်မြန်လျှောက်နေရတာလဲ?”

စုန့်ရှီးယန်၏ အသံက အနောက်မှ ထွက်ပေါ်လာခဲ့ပြီး စကားပြောနေရင်းနှင့်ပင် သူက လင်းရန်၏ တစ်ဖက်ခြမ်းမှ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။

လင်းရန်က မသိစိတ်ဖြင့် သူ၏ ခြေတံရှည်တို့ကို လှမ်းကြည့်လိုက်ရင်း မပျော်မရွှင်ဖြစ်လာရလေသည်။

ခြေတံရှည်တွေက တကယ်ကို့ မိုက်တာပဲ!

“ကျွန်မက တခြား ဘာလုပ်စရာရှိနေသေးလို့လဲ? အိမ်ကိုပြန်နေတာလေ”

လင်းရန်က စကားပြောပြီးနောက် သူမက ခေတ္တရပ်လိုက်ပြီး စုန့်ရှီးယန်အား ကျေးဇူးတင်စကား ပြောလာခဲ့၏။

“အခုဖြစ်သွားခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်”

စုန့်ရှီးယန်က အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်ပြီး သူမ၏ ကျေးဇူးတင်စကားကို လက်ခံခဲ့သည်။ သို့သော် သူက ထပ်မေးလာလေသည် ။

“ခုနက အဲဒီလူက ဘာဖြစ်လို့ မင်းနောက်ကနေ လိုက်နေရတာလဲ?”

လင်းရန်ကိုယ်တိုင်လည်း ထိုအကြောင်းကို သိချင်နေခဲ့သည်။

သူမနှင့် ချန်ကျားယန်သည်ကညး တစ်ကြိမ်တည်းသာ တွေ့ဆုံဖူးခဲ့ပြီး သူက သူမအား အဘယ်ကြောင့် ကြင်နာမှုများကို ပြရန် အစပြုလာသည်ကို သူမ မသိပေ။

သူက တခြားသူတွေကို ပျော်ရွှင်အောင်လုပ်ရတာကို နှစ်သက်တာကြောင့်တော့ မဟုတ်ဘူးမလား?

သူမက ပဟေဠိဖြစ်သွားရပြီး ရိုးသားစွာပြောလိုက်လေသည်။

“ကျွန်မလည်း မသိဘူး”

ထိုစကားကိုကြားသော် စုန့်ရှီးယန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ အမြင်များက အမြဲတစေ ချွန်ထက်နေလေ့ရှိပြီး၊ ယခုက သူတို့တွေ့ဆုံမှု၏ ပထမဆုံးအကြိမ်ဖြစ်နေလျှင်တောင် ချန်ကျားယန်၏ အမူအရာနှင့် လုပ်ရပ်အားကြည့်ဖြင့် ထိုလူက လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာသည်။

အနည်းဆုံးတော့ သူက အပေါ်ယံတွင် ပြသနေသလောက် ကောင်းမွန်နေခြင်း မရှိနိုင်ပေ။

“အခုကစပြီး သူနဲ့ဝေးဝေးမှာနေ၊ အဲဒီ အမျိုးသားက လူကောင်းတစ်ယောက် မဟုတ်ဘူး”

ထိုသူက ဤအရာကိုပင် တွေ့နိုင်လိမ့်မည်မဟု လင်းရန်မမျှော်လင့်ထားခဲ့သောကြောင် အံ့ဩစွာဖြင့် ရုတ်တရက် စုန့်ရှီးယန်ကို ကြည့်လိုက်မိသည်။

လင်းရန်၏ ထိုကဲ့သို့အကြည့်ကြောင့်သူမက သူ့အား မယုံကြည်၍ ကြည့်လာသည်ဟု စုန့်ရှီးယန် ထင်မြင်သွားသောကြောင့် သူက စကား အများကြီးရှင်းပြမနေခဲ့ဘဲ ပြောလိုက်သည်။

“မင်းရဲ့အစ်ကို ပြောတာကိုနားထောင်၊ ကိုယ် မင်းကို နာကျင်အောင်မလုပ်ပါဘူး”

လင်းရန်: “…..”

သူမ ဘယ်အချိန်တုန်းက အစ်ကိုတစ်ယောက် ရသွားခဲ့တာလဲဆိုတာကို မေးလို့ရနိုင်မလား?

သူ စဉ်းစားနေခဲ့သော အမည်ကို မတော်တဆပြောလိုက်မိသောကြောင့် စုန့်ရှီးယန်သည်လည်း အနည်းငယ်ရှက်ရွံသွားခဲ့သည်။

သူက ခပ်ဖွဖွချောင်းဟန့်လိုက်ပြီး ခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလိုက်သည်။

“နောက်ကျနေပြီ၊ ကိုယ်အရင် သွားပြီးဆေးကြောလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူက လင်းကွမ်းချင်း၏ အခန်းသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။

လင်းရန်က သူ့နောက်ကျောကို တိတ်ဆိတ်စွာကြည့်ရင်း နှာခေါင်းရှုံးလိုက်သည်———-

“ရှင် ခေါင်းစီပြောင်းဖို့ ကြိုးစားနေတာကို ကျွန်မ မမြင်ဘူးလို့ ထင်နေတာလား”

သို့သော် သူက သူမကို ကူညီခဲ့သောသည်ကို စဉ်းစားပြီးနောက် သူမ မေးခွန်းထပ်မမေးခဲ့တော့ပေ။

သို့သော်လည်း ယခုဖြစ်ပျက်ခဲ့သည်ကို စဉ်းစားပြီးနောက် လင်းရန်တစ်ယောက် အနာဂတ်တွင် ချန်ကျားယန်နှင့် မည်သည့်အချိန်တွင်မှ တစ်ယောက်ထဲ ထပ်မဆက်သွယ်တော့ရန် စိတ်ဆုံးဖြတ်လိုက်သည်။

အပြင်ဘက်မှာ ထိုကဲ့သို့ အရာမျိုးကို ကြုံဖူးလိုက်သောကြောင့် အနည်းငယ်ပင်ပန်းနေခဲ့သည်။

သို့နှင့် လင်းရန် အိမ်သို့ ပြန်ရောက်ပြီး မကြာမီတွင် သူမ၏ မိသားစုကိုပြောကာ အနားယူလိုက်တော့သည်။

မြို့၏အပြင်ဘက်ရှိ လူများက ညအချိန်တွေ သိပ်ပြီးလှုပ်ရှားလေ့မရှိကြပေ။ အချိန်က မှောင်မည်းလာပြီးနောက် လူတိုင်းက အိပ်စက်ရန်အတွက် အိမ်သို့ပြန်သွားခဲ့ကြပေပြီ။

ထို့ကြောင့် လင်းမိသားစု၏ အိမ်တွင်းတွင်လည်း တိတ်ဆိတ်သွားရန်အတွက် အချိန်ကြာမြင့်စွာ မစောင့်လိုက်ရပေ။

အသံထွက်နေသေးသည့် တစ်ခုတည်းသောအခန်းမှာ အဘွားအိုကြီး၏ အခန်းသာဖြစ်သည်။

အဘွားအိုကြီး၏ အခန်းတွင် လင်းကျန်းအန်းက နောက်တစ်နေ့တွင် လီမိသားစုရှိသည့် တပ်မဟာသို့ သွားမည့်အကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့သည်။

“အမေ မနက်ဖြန် ကျွန်တော်တစ်ယောက်ထဲ သွားလို့ရတယ်လေ၊ အမေ အိမ်မှာနေလို့ရတယ်”

ထိုအရာကို ကြားသော် အဘွားအိုကြီးက ဒေါသထွက်စွာဖြင့် နှာမှုတ်လိုက်သည်။

“ဒီလို လုပ်လို့ဘယ်ဖြစ်မလဲ? ဒီလို အရေးကြီးတဲ့အရာကို ငါတကယ်အလွတ်မခံနိုင်ဘူး၊ နောက်ပြီး လီရှို့လီနဲ့ မင်းရဲ့အိမ်ထောင်ရေးအကြောင်းကို စလာပြောတာကလဲ လီမိသားစုပဲ၊ လီမိသားစုကသာ ဒီကိစ္စကို အစမပျိုးခဲ့ဘူးဆိုရင် ငါလည်း လီရှို့လီကို ထည့်စဉ်းစားမှာတောင်မဟုတ်ဘူး!”

ထိုအချိန်တုန်းက လီရှို့လီမှာ ရုပ်ရည်ချောမောသော်လည်း ရုပ်ရည်ချောမောသည်မှလွဲ၍ သူမ၏ခန္ဓာကိုယ်မှ ဒုတိယအားသာချက်ကို သူမ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်က လီမိသားစုက မိန်းကလေးရှင်ဘက်ဖြစ်သော်လည်း သူမ၏ ဒုတိယမြောက်သား လင်းကျန်းအန်းနှင့် အိမ်ထောင်ရေးအကြောင်းကို ကိုယ်တိုင်လာရောက်မေးမြန်းခဲ့ကြသောကြောင့် အဘွားလင်းကလဲ အံ့အားသင့်သွားခဲ့ရသည်။

ထို့အပြင် နောက်ပိုင်းတွင် သူတို့၏ သဘောထားက အလွန်ရိုးသားနေခဲ့ပြီး လင်းကျန်းအန်း၏ အလုပ်ကြိုးစားအားထုတ်မှုကို သဘောကျကြောင်း ပြောခဲ့သည်။

သူတို့၏ သမီးနှင့် လင်းကျန်းအန်းတို့မှာ ကောင်းကင်ဘုံမှ တွဲပေးခဲ့သော လိုက်ဖက်သည့်စုံတွဲဖြစ်ကြောင်း ပြောခဲ့ကြသည်။

သူတို့နှစ်ဦးက တူညီစွာ ချောမောကြသည်။ အိမ်ထောင်ကျပြီးလျင် သာယာသောဘဝတစ်ခုအား ပိုင်ဆိုင်ရမည်ဖြစ်ပြီး သူတို့၏ သားသမီးများကလည်း လှပလာမည်မှာ အသေအချာပေ။

သူတို့က ဤကဲ့သို့ပြောလာခဲ့ကြပြီး လင်းကျန်းအန်းကိုလည်း ချီးမွမ်းခဲ့ကြသည်။

သူတို့ ကလေးနှစ်ယောက်တွင် တောက်ပသောအနာဂတ်နှင့် ပျော်ရွှင်နေကြသည်။ အဘွားလင်းက ဘယ်လိုငြင်းဝံ့မည်နည်း။

လီရှို့လီနှင့် တွေ့ပြီးနောက်ပိုင်းတွင် ဤမိန်းကလေးတွင် ကောင်းမွန်သောမျက်နှာရှိသည်ကို တွေ့လိုက်ရသည်။

သူမက အလုပ်လုပ်ရန်တွင် ကျွမ်းကျင်ပုံမပေါ်သော်လည်း သူတို့၏ မိသားစုက ချွေးမအားအမြတ်ထုတ်တက်သော မိသားစုမျိုးမဟုတ်သောကြောင့် သူကိုယ်တိုင် လုပ်ရန်မပျင်းနေသရွေ့ အဆင်ပြေသည်။

အိမ်အသေးလေးက သပ်သပ်ရပ်ရပ်မရှိနေသော်လည်း ထိုအရာကလည်း ကြီးမားသောပြဿနာမဟုတ်ပေ။

သေချာသည်မှာ အဘွားလင်းက ထိုအချိန်တုန်းက လီမိသားစု၏ အဘိုးအိုကြီးနှင့် တူညီသောအကြံရှိခဲ့သည်။

ဆိုလိုသည်မှာ ဤကလေးနှစ်ယောက်က အလွန်ကြည့်ကောင်းပြီး အနာဂတ်တွင် မွေးဖွားလာမည့် မြေးနှင့် မြေးမလေးများက အလွန်လှပနေမည်မှာ သေချာသည်ဟုတွေးထင်ခဲ့သည်။

ဤကဲ့သို့ဖြင့် အဘွားအိုကြီးက လီရှို့လီနှင့် လင်းကျန်းအန်း တို့၏ အိမ်ထောင်ရေးကို သဘောတူခဲ့သည်။

လင်းကျန်းအန်း အတွက်မူကား ထိုအချိန်တွင် လင်းကျန်းအန်းက ငယ်ရွယ်သောအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ၏ အိမ်ထောင်ရေးအတွက် ကိုယ်ပိုင် အကြံများမရှိခဲ့ပေ။

ထို့အပြင် အကြီးဆုံးအစ်ကိုကလည်း အဘွားလင်း၏ ရွေးချယ်မှုကိုလိုက်နာခဲ့ရသောကြောင့် သူသည်လည်း အဘွားအိုကြီး၏ စီစဉ်မှုကို လိုက်နာကာ လီရှို့လီကို လက်ထပ်ခဲ့သည်။

လက်ထပ်ပြီး မကြာမီ အဘွားလင်းတစ်ယောက် နောင်တရလိမ့်မည်ဟု မည်သူက သိခဲ့မည်နည်း။

လီရှို့လီက အမှန်တကယ်တမ်းတွင် မပျင်းရိတတ်ပါချေ။ သူမက ပျင်းရီသူမဟုတ်သော်ငြား သူတို့၏မိသားစုနှင့် လင်းကျန်းအန်းကို မကြိုက်သည့် နားမလည်နိုင်သော ခံစားချက်များရှိနေခဲ့သည်။

ထိုအချက်များကြောင့် အဘွားလင်းမှာ အလွန်စိတ်မသက်မသာဖြစ်နေခဲ့ရသည်။

ထိုငယ်ရွယ်သော စုံတွဲက စကားများလေ့မရှိသည်ကို တွေ့သောကြောင့် အဘွားလင်းက သူမကသာ အတွေးများနေသည်ဟုထင်ကာ ထိုအကြောင်းနှင့်ပတ်သက်၍ လင်းကျန်းအန်းကပါ အတွေးမများစေရန်အတွက် မည်သည်ကိုမျှမပြောခဲ့ချေ။

ရလဒ်အနေဖြင့် နောက်ပိုင်းတွင် ဖြစ်လာနေသော ကိစ္စများက အဘွားအိုကြီး၏ အတွေးများက အထင်မှားမှုတစ်ခုမဟုတ်ကြောင်း အတင်ပြုရန် လုံလောက်လာခဲ့သည်။

လီရှို့လီက လင်းမိသားစုကို အလွန်အထင်သေးနေခဲ့လေသည်။ ထို့ကြောင့်ပင် သူမ ကွာရှင်းချင်သောအချိန်တွင် အဘွားလင်းက အံ့အားသင့်သွားသော်လညငး သူမအား စကားတစ်ခွန်းမှပင် မပြောခဲ့ပေ။

လင်းကျန်းအန်းကသာ သူမဆီမှ ကွာရှင်းစာချုပ်ကို ရရန်အတွက် ခရိုင်သို့ သွားခဲ့သည်။

ထိုအချိန်မှစ၍ လင်းမိသားစုနှင့် လီမိသားစုက လုံးဝပြိုကွဲသွားခဲ့ရသည်။

သို့သော် လင်းမိသားစုက လီမိသားစုအပေါ်တွင် အနည်းငယ်မျှပင် အားနာနေရန် မလိုအပ်ကြောင်း အဘွားလင်းခံစားမိခဲ့သည်။

အမှန်တကယ် တွက်ချက်ရလျှင် အိမ်ထောင်ရေးအကြောင်းကို အစပျိုးခဲ့သည်မှာ လီမိသားစုဖြစ်ပြီး၊ ကွာရှင်းရန်အတွက် ပြဿနာရှာခဲ့သောသူကလည်း လီမိသားစု၏ သမီးသာဖြစ်သည်။

ဒါကြောင့် အရာအားလုံးကိုပြီးစီးသွားချိန်တွင် ပို၍ခံစားရမည်က လင်းမိသားစုသာ ဖြစ်သည် မဟုတ်ပါလား?

“မဟုတ်ဘူး ငါသွားရမယ်၊ ငါ အဲဒီ အဘိုးအိုကြီးလီကို သွားရှာပြီး ရှင်းရှင်းလင်းလင်း သွားမေးရမယ်၊ အရင်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပိတ်သက်တဲ့ ကိစ္စတွေအတွက် ငါ သူနဲ့ရှင်းရမှကိုဖြစ်မယ်?”

ယခင်တုန်းက အဘွားအိုကြီးက မြို့ထဲတွင် လီရှို့လီနှင့်အတူ ပျော်ရွှင်စွာ နေထိုင်နေသော သူမ၏ မြေးမလေးအကြောင်းကို တွေးတောနေခဲ့ရသောကြောင့် သည်းခံနေခဲ့ရသည်။

သို့သော် ယခုအချိန်တွင် မြို့ထဲတွင်ရှိနေခဲ့သည့် လင်းရန်၏ ဘဝက သူတို့တွေးထားသကဲ့သို့ မကောင်းကြောင်းသိလိုက်ရသည့်အတွက် အဘွားလင်းက မည်သို့သည်းခံနိုင်လိမ့်မည်နည်း?

အတိတ်တုန်းက အဟောင်းနဲ့ အသစ်သော ရန်ငြိုးတွေကို ဖြေရှင်းမှသာဖြစ်လိမ့်မည်!

အဘွားလင်းက စိတ်ပိုင်းဖြတ်ထားသည်ကိုမြင်လျှင် လင်းကျန်အန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

“ကောင်းပြီ အတူတူသွားချင်တယ်ဆိုရင်လည်း သွားကြတာပေါ့”

**

All Chapters