အခန်း (၆၇)
Vol. 7 Ch. 67
“မင်းတို့နှစ်ယောက် တစ်ခုခုတော့မှားနေပြီ! ငါ့ရဲ့သားမက်က ဘယ်လိုလူမျိုးလဲ?
သူက လင်းရန်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရလောက်အောင် ကြင်နာပေးခဲ့တာလေ! သူအမှားလုပ်မိခဲ့လို့လား?
သူက ဘယ်သူ့နဲ့မဆို ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးနိုင်မယ်ထင်လို့လား? နည်းနည်းလောက် ရုပ်လေး လှပနေတာကြောင့်သာ မဟုတ်ဘူးဆိုရင် လင်းရန်ရဲ့ မကောင်းတဲ့အကြောင်းတွေကြောင်း သူမကို ဘယ်သူကဂရုစိုက်မယ်ထင်လို့လဲ? မင်းက ဒီကိစ္စမျွုးအတွက်တောင် တကယ်ကြီး မကျေမနပ်ဖြစ်နေတာပဲ”
ဒါပေမယ့် ခဏလေး…
လင်းမိသားစုရဲ့ အမေနဲ့သားက သူတို့သမီးနဲ့ သားမက်က လင်းရန်ကို လက်တွဲဖော်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ အကြောင်းကို ဘယ်လိုသိတာလဲ? လီမိသားစုကတောင် အဲဒါကို မသိကြသေးဘူး!
အဘိုးလီက တစ်ခုခုမှားနေပြီဟု မသိစိတ်မှ ခံစားမိသော်လည်း အကြောင်းအရင်းကို အဖြေရှာမရမီ အဘွားအိုကြီးက ထပ်မံကျိန်ဆဲလာခဲ့သည်။
“ဒီလောက်ကောင်းတာ ရှိနေရင် မင်းကိုယ်တိုင်လက်ထပ်လို့ရတယ်! ဘာပဲဖြစ်ဖြစ် မင်းရဲ့သားမက်နဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက်ပဲ လက်ထပ်တာ မဟုတ်ဘူးလား!”
“မင်းဘယ်လိုလုပ် ပြောနိုင်ရတာလဲ!”
အဘိုးအိုကြီးလီနှင့် အဘွားလင်း နှစ်ယောက်က ထပ်မံရန်ဖြစ်တော့မည်ဟု ခံစားလိုက်ရသဖြင့် လင်းကျန်းအန်း အနည်းငယ်စိတ်ရှုပ်သွားကာ အဘိုးလီကို ထပ်မံနှောင့်ယှက်ရန် စကားပြောလိုက်သည်။
“လီမိသားစုက ဘယ်လိုပဲတွေးထားတွေးထား၊ ဒီအကြောင်းကိုပြောလိုက်ရအောင်၊ လီရှို့လီက ရန်ရန်ကို ခေါ်သွားမယ်လို့ ပြောတုန်းက ရန်ရန်က တစ်နှစ်ကို အကြိမ်ပေါင်းများစွာ လာလည်ခွင့်ရှိမယ်လို့ ပြောခဲ့တယ်၊
ဒါပေမယ့် နှစ်တွေကြာလာပေမဲ့ တစ်ခေါက်တောင် ပြန်မလာခဲ့ဘူး ၊ အစတုန်းကတော့ ကျုပ် ဒါကို ဂရုမစိုက်ဘူး၊ ခင်ဗျားတို့ရဲ့ လီမိသားစုကို ဒုက္ခပေးဖို့အတွက် တစ်ခါမှလည်း ငါလာခဲ့တာမဟုတ်ဘူး၊ ဦးလေးလီ ခင်ဗျား ဒါိကို ဝန်ခံသင့်တယ်မလား?”
သေချာသည်ပင်။ အဘိုးကြီးလီက ဤအရာကို မှတ်မိသည်။
နောက်ဆုံးတွင် ထိုအချိန်တုန်းက ထိုသူမှာ လီရှို့လီကိုအဖော်ပြုကာ လင်းမိသားစုကိုတောင်းပန်၍ အကူအညီတောင်းရန်အတွက် အရှက်မဲ့စွာ လိုက်ပါလာခဲ့သည်။
ထို့ကြောင့် လင်းကျန်းအန်းပင် အချိန်အတော်ကြာအောင် ပြောစရာမဲ့နေခဲ့ရသည်။
“အစတုန်းကတော့ စုန့်မိသားစုအတွင်းမှာရှိနေတဲ့ ရန်ရန်ရဲ့အခြေအနေကို ထိခိုက်မှန် စိုးရိမ်လို့ ဒီကိစ္စကို မပြောခဲ့ဘူး၊
ဒါပေမဲ့ အခုတော့ လီရှို့လီနဲ့ စုန့်ဝေ့တို့က ရန်ရန်ရဲ့ ဆန္ဒကိုဂရုမစိုက်ဘဲ သူ့ကိုချိန်းတွေ့ဖို့အတွက် ခေါ်သွားခဲ့တယ်၊ ရန်ရန် ရောင်းစားခံလိုက်ရရင်တောင် ကျုပ်တို့ သိလိုက်မှာမဟုတ်ဘူး”
“ဦးလေးလီ ခင်ဗျားလည်း သားသမီးရှိတဲ့ ယောက်ျားတစ်ယောက်ဘဲ၊
အဖေတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့သမီးလေး ဒီလိုအဖြစ်မျိုးကြုံလာရင် မင်းလည်း ဒါကိုလျစ်လျူရှုနိုင်မှာ မဟုတ်ဘူး”
“ဒါကြောင့် ကျုပ်တို့ဒီနေ့လာရတာက ရည်ရွယ်ချင်တစ်ခုပဲရှိတယ်၊ အဲဒါက လီရှို့လီနဲ့ စုန့်ဝေ့ကို ပြောလိုက်ပါ၊
အခုကနေစပြီး ရန်ရန်ကို ကျုပ်တို့ လင်းမိသားစုက ပြုစုပျိုးထောင်မှာဖြစ်ပြီးတော့ စုန့်မိသားစုဆီကို ပြန်လာခွင့်မပေးတော့သလို သူတို့ကို စိတ်ပူခွင့်လဲပေးမှာ မဟုတ်တော့ဘူးဝ
သူမက ရန်ရန်ကို ဆယ်ရှစ်နှစ်ကြာအောင် ပြုစုပျိုးထောင်လာတယ်၊ ဒါကြောင့် ကျုပ်တို့တွေက ရန်ရန် သူမကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ပြန်ပေးဆပ်တာကို တားဆီးမှာဟုတ်ဘူး၊
ဒါပေမယ့် အခုကနေစပြီး ကျုပ်တို့ လင်းမိသားစုက လီရှို့လီကို ရန်ရန်ရဲ့ အိမ်ထောင်ရေးနဲ့ သူမရဲ့ အနာဂတ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုကိုမှ ဆုံးဖြတ်ခွင့်ပြုတော့မှာမဟုတ်ဘူး!”
*
ယနေ့ လင်းကျန်းအန်းနှင့် အဘွားလင်းတို့က လီမိသားစုဆီကို ဤကိစ္စနှင့်ပတ်သက်၍ အသေအချာဖြေရှင်းပြီး လင်းရန်၏ ကိစ္စကိုရှင်းလင်းရန် ရောက်လာခဲ့သည်။
သူတို့ပြောခဲ့သလိုပဲ အနာဂတ်မှာ လင်းရန်နှင့် ပတ်သက်တဲ့ အရာအားလုံးကို လင်းမိသားစုက ဆုံးဖြတ်ပေးမှာဖြစ်ပြီးတော့ လီမိသားစုကို ထပ်ပြီး အချိန်ထပ်ဖြုန်းခိုင်းတော့မှာ မဟုတ်ဘူး!
သေချာသည်မှာ ထိုသူတို့က လင်းရန်ကို အမှန်ပင်ဂရုစိုက်မည်ဆိုပါလျှင် သူတို့ လင်းမိသားစုမှ လင်းရန်အား သူ့အမေရင်းနှင့် တွေ့မည်ကို တားဆီးမည်မဟုတ်ပေ။
သို့သော် ယခုအကြိမ်တွင် လီရှို့လီနှင့် စုန့်ဝေ့တို့က လင်းရန်ကို ချိန်းတွေ့ရန်အတွက် လျှို့ဝှက်စွာ ခေါ်ဆောင်သွားခဲ့သည်။ သူတို့က ထိုအရာကို လုံးဝထပ်မံဖြစ်ခိုင်းတော့မည် မဟုတ်ပေ!
ထိုစကားကို ပြောပြီးနောက် လင်းကျန်းအန်းနှင့် အဘွားလင်းတို့က ထွက်ခွါရန် စီစဉ်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့ပြောချင်သည်ကို ပြောပြီးပြီဖြစ်ပြီး သူတို့၏ သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။
ထိုအချိန်တွင် လီရှို့လီနှင့် လီမိသားစု တို့ဘက်ကာ မည်သို့ပင်တွေးတောနေပါစေ ထိုအရာကို သူတို့ကထိန်းချုပ်လို့ မရပေ။
သေချာတာပေါ့၊ သူတို့က မယုံကြည်ဘူးဆိုရင် သူ့ကိုရင်ဆိုင်ဖို့အတွက် လင်းမိသားစုဆီ လာလို့ရတယ်!
ထို့ကြောင့် မထွက်ခွါခင်အချိန်တွင် အဘွားလင်းက မထိန်းနိုင်တော့ပဲ လီမိသားစုရဲ့ အိမ်တံခါးကို တံထွေးထွေးလိုက်ပစ်လိုက်တယ်…
“ဖီး! မင်းတို့မိသားစုမှာ အနာဂတ်မရှိဘူး၊ မင်းတို့က မင်းနဲ့ကိုက်ညီမှုမရှိတဲ့ သားမက်ပေါ်မှာပဲ မှီခိုအားခားနေတယ်၊ ဒီတိုင်းစောင့်နေလိုက် ! မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းတို့တွေ ဒဏ်ပြန်ခံရလာလိမ့်မယ်”
ဆိုရိုးစကားအတိုင်း ပြေးဖို့အတွက် လူတိုင်းကို အားကိုးရမယ်၊ ဒါပေမယ့် အရာအားလုံးတည်ငြိမ်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ကိုယ်ကို အားကိုးရမယ်။
ဒီလီမိသားစုက အကြာကြီး မောက်မာနေနိုင်မှာ မဟုတ်ဘူး!
ဆူပူကြိမ်းမောင်းပြီးနောက် အဘွားလင်းက သက်တောင့်သက်သာရှိသွားပြီး အောင်ပွဲခံသည့်ကြက်မတစ်ကောင်ကဲ့သို့ ရင်ဘတ်ကို မြင့်တင်ပြီး လှည့်ကာ လီမိသားစု၏ တပ်မဟာမှ ပြန်လည်ထွက်သွားခဲ့လေသည်။
အဘွားလင်းနှင့် အဘိုးလီတို့က ယခုလေးတင်ပင် တစ်ယောက်နှင့်တစ်ယောက် ဆဲဆိုကြိမ်းမောင်းနေကြပြီး အနီးပတ်ဝန်းကျင်မှ ကြည့်ရှုသူ အများအပြားကို သူတို့က ဆွဲဆောင်နိုင်ခဲ့သည်။
ထိုလူအုပ်စုက မူလတွင် လင်းကျန်းအန်းမှ လီမိသားစုထံမှ မည်သည့်အကူအညီမျိုးကို လိုအပ်သောကြောင့် လာရောက်ခဲ့သည်ကို ကြည့်ချင်ခဲ့သော်လည်း တကယ်တမ်းတွင် လင်ကျန်းအန်းက ဆန့်ကျင်ဘက်ကိစ္စအတွက် ရောက်လာခဲ့မှန်းကို သူတို့မသိခဲ့ပေ။
သူက တကယ်ကို ချိုးဖျက်ဖို့ ရောက်လာတာပဲ…
လီမိသားစုနဲ့ အဘိုးလင်းကို လီရှို့လီ ဆီ မက်ဆေ့ချ်ပို့ခိုင်းပြီး သူတို့၏ သမီးကို ထိန်းချူပ်ထားခိုင်းလိုက်သည်!
သို့သော် ယခုလေးတင် လင်းကျန်းအန်း ပြောခဲ့သည်ကို တွေးကြည့်လိုက်သောအခါ လီရှို့လီနှင့် သူမ၏ လက်ရှိခင်ပွန်းက သူ၏သမီးလေးကို အသိမပေးခဲ့ဘဲ ချိန်းတွေ့ဖို့ရန်ခေါ်သွားခဲ့သည့် ကိစ္စက လူများကို စိတ်မသက်မသာဖြစ်စေသည်။
နောက်ဆုံးအနေနှင့် ဒီလိုမျိုးကြီးမားသည့် အိမ်ထောင်ရေးအကြောင်းကိုတော့ သူမရဲ့သမီးနဲ့ ဆွေးနွေးသင့်တာမဟုတ်ဘူးလား?
အခု လင်းမိသားစုရဲ့ အဘွားလင်းပြောခဲ့သလိုပဲ စုန့်ဝေ့နဲ့ လီရှို့လီတို့ လင်းရန် အပေါ်ကောင်းခဲ့တာက အခုလိုအရွယ်ရောက်လာတဲ့အချိန်မှာ “သူမကို စျေးကောင်းကောင်းနဲ့ ရောင်းဖို့အတွက်လား?”
ခဏအကြာတွင် ပတ်ဝန်းကျင်ရှိလူများအားလုံးက မတက်နိုင်စွာပဲ စကားစပြောလာခဲ့ကြသည်။
အဘိုးလီမှာ လင်းကျန်းအန်း၏ စကားများကြောင်း လုံးဝအံ့အားသင့်နေခဲ့သည်။
လင်းမိသားစုက မိုက်မဲနေတုန်းပဲဟု သူတွေးမိခဲ့သည်။ သူတို့၏ သားမက်က ကြင်နာစွာနဲ့ လင်းရန်အတွက် အိမ်ထောင်ဖက်တစ်ယောက်ကို မိတ်ဆက်ပေးခဲ့သည်။ ဤသည်ကို သူက သူမကို ထိခိုက်အောင်လုပ်နေသည်ဟု အဘယ်ကြောင့်ထင်နိုင်နေသည်နည်း
သို့သော်လည်း ဤသည်ကို ထည့်မပြောဘဲ ထားလိုက်ဦးတော့။
လင်းမိသားစုက လင်းရန်ကို ဂရုစိုက်ဖို့အတွက်၊ လင်းရန်ကို ပြန်ခေါ်လာဖို့အတွက် မြို့ထဲသွားခဲ့တာ ဖြစ်နိုင်လား?
အာ…သူတို့က ဒီအတိုင်း သူ့သမီးနဲ့ သားမက်ကို ဒုက္ခပေးဖို့အတွက်ပဲ လာခဲ့တာမလား? သူ ဒီအကြောင်းကို သူ့သမီးနဲ့ အရင်ပြောသင့်တယ်!
ဤကိစ္စက သူ့သမီး၊ သားမက်တို့နှင့်ပတ်သက်သည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် အဘိုးကြီးလီက အချိန်ဆွဲရန် လုံးဝမဝံ့ရဲပေ။ သူက စက်ဘီးကို အိမ်အပြင်သို့ ထုတ်ကာ စက်ဘီးလမ်းကြောင််းသို့ အမြန်သွားပြီး မြို့တွင်းသို့ ဦးတည်လိုက်သည်။
သူက လီရှို့လီထံသို့ လျင်မြန်စွာသွားပြီး လင်းမိသားစုက ပြဿနာလာရှာကာ လင်းရန်ကို လာခေါ်တော့မည်ဖြစ်ကြောင်း ပြောပြရန်လာခဲ့သည်။
သို့သော် လင်းရန်မှာ လင်းမိသားစုရှိသည့် တပ်မဟာသို့ သွားရန်အတွက် ကျေးလက်ဒေသသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်းကို အဘိုးလီမသိခဲ့ပေ။
လင်းမိသားစုက လီရှို့လီရဲ့ လက်ရှိဘဝကို မနှောင့်ယှက်ဘူးလို့ ပြောခဲ့တယ်လို့ထင်နေခဲ့တာ။ တကယ်တော့ သူက မြို့ထဲကို တိတ်တဆိတ် ခိုးဝင်လာတာ ကြာနေပြီပဲ။ သူက ထိုနေရာမှာ သူ့သမီးနဲ့ သူမ၏မိသားစုဘဝကို ချောင်းကြည့်ဖို့သွားနေခဲ့တယ်….
ဒီအရှက်မဲ့တဲ့ဟာတွေကတော့!
ဤသည်ကို စဉ်းစားကြည့်လိုက်သောအခါ အဘိုးလီက စက်ဘီးကို ပို၍ပင် ကြမ်းတမ်းစွာ နင်းသွားခဲ့ပြီး မြို့ထဲမှ အလောတကြီးလာရန် လုပ်ဆောင်နေသော စုန့်ဝေ့ပင် သူ၏စက်ဘီးအဟောင်းကို အံ့သြသွားစေနိုင်လောက်ပေ။
လင်းကျန်းအန်းနှင့် အဘွားလင်းက လီမိသားစုမှ ထွက်ခွါသွားခဲ့ပြီးနောက်တွင် အဘိုးကြီးလီက သူ၏စက်ဘီးကို လမ်းမပေါ်သို့ အမြန်စီးလာနေသည်ကို တွေ့လိုက်ရသည်။
မှန်းဆစရာပင်မလိုပဲ ထိုလူအိုကြီးက မည်သည့်အရာသွားလုပ်မည်ဆိုသည်ကို လူတိုင်းက ခန့်မှန်းနိုင်သည်။
သို့သော်လည်း လင်းကျန်းအန်း သို့မဟုတ် အဘွားလင်းက တားဆီးရန် မကြိုးစားခဲ့ကြပေ။
အဘိုးလီက ပို၍ပင် လျင်မြန်စွာ စီးနိုင်ပါစေဟုပင် ဆန္ဒပြုခဲ့ကြသည်။
အဆုံးတွင် ဤသည်က သူတို့၏ အစီစဉ်များထဲက တစ်စိတ်တစ်ပိုင်းပင်ဖြစ်ပေသည်။
အစောပိုင်းတွင် မိခင်နှင့် သားတို့က စာရင်းရှင်းရန်အတွက် လီမိသားစုထံသို့ သွားရန် သဘောတူလိက်ပြီးကတည်းက အဘိုးလီက ဤအကြောင်းအရာများကို လီရှို့လီထံသို့ ပြောပြရန် စိတ်အားထက်သန်နေလိမ့်မည်ဖြစ်ကြောင်းကို သူတို့က မျှော်လင့်ထားပြီးသားပင်ဖြစ်သည်။
ဤသည်ကလည်း အစောပိုင်းက သူတို့ ထိုကဲ့သို့ လုပ်ခဲ့ရတဲ့ အကြောင်းအရင်းများထဲက တစ်ခုဖြစ်ပေသည်။ သူတို့က အဘိုးလီမှ လီရှို့လီဆီသို့ သတင်းကို မြန်မြန်ပို့နိုင်ရန် စီစဥ်ထားခြင်း ဖြစ်သည်….
အဆုံးတွင် သူ့တို့ထံတွင် လီရှို့လီနှင့် စုန့်ဝေ့တို့ကို ဆက်သွယ်ရန်အချက်အလက်များ မရှိပေ။
လင်းရန်ကို မေးမြန်းမည်ဆိုပါကလည်း သူမအတွက် ခက်ခဲမည်ဟု ထင်သောကြောင့် စိတ်ပူပန်ကာ မမေးခဲ့ကြပေ။
ထို့အပြင် ဤအရာက သူတို့ အရွယ်ရောက်ပြီးသားသူများ၏ ကိစ္စဖြစ်သည့်အတွက် သူတို့၏ သမီးငယ်က ဤအတွက်စိတ်ပူပန်နေစရာမလိုပါချေ။
ထို့ကြောင့် အဘွားလင်းနှင့် လင်းကျန်းအန်းတို့က အဘိုးလီမှ သတင်းပို့ပေးစေရန် တမင်တကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
**