← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

လက်ရှိတွင်တော့ လင်းမိသားစုမှ အမေနှင့်သားတို့က လီရှို့လီနဲ့ စုန့်ဝေ့တို့ရဲ့ တုံ့ပြန်မှုတွေကိုသာ စောင့်မျှော်နေရန် ကျန်တော့မည်….

ဤသည်ကို ကောင်းသောအကြံတစ်ခုဟု မယုံကြည်ခဲ့လျှင် သူတို့က စလုပ်ခဲ့မည်မဟုတ်ပေ။

သူတို့က တံခါးပေါက်ဆီသို့ တိုက်ရိုက်သွားနိုင်ပြီး သူတို့ကိုယ်တိုင် ကောင်းကောင်း “စကား” ပြောလို့ရနိုင်သည်။

ထို့အပြင် ကိစ္စဟောင်းများကို ရှင်းရန်အတွက်လည်း ဤအခွင့်အရေးကို အရယူနိုင်ပေလိမ့်မည်။

အဘိုးလီသည်လည်း အဘွားကြီးလင်းနှင့် လင်းကျန်းအန်း တို့၏ မျှော်မှန်းချက်နှင့် ကိုက်ညီနေခဲ့သည်။

သူ မြို့ထဲသို့ရောက်ရန် နာရီဝက်သာ ကြာမြင့်ခဲ့သည်။

ထို့နောက် သူက စာတိုက်တို့အမြန်သွားကာ လီရှို့လီ၏ အိမ်ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဆက်သွယ်ရေး လွှဲပြောင်းမှုဌာနက လောလောဆယ်တွင် အလုပ်မရှုပ်နေပေ။

သူခေါ်ဆိုပြီး မကြာမီတွင် ဆက်သွယ်ရေး လွှဲပြောင်းမှုဌာနက အော်ပရေတာဆီသို့ လွှဲပြောင်းမှုအောင်မြင်သည်ဟု ပြောလာခဲ့သည်။

တစ်စက္ကန့်အကြာတွင် အဘိုးလီက တစ်ဖက်မှ ဖုန်းဖြေနေသောသူက မည်သူဖြစ်သည်ကို ရှင်းရှင်းလင်းလင်းနားထောင်ရန် အချိန်မရှိခဲ့ပါဘဲ ဇာတ်လမ်းတစ်ခုလုံးကို အလျင်အမြန်ပြောပြခဲ့သည်။

“ရှို့လီ မကောင်းတာတစ်ခုခု ဖြစ်လာတော့မယ်၊ လင်းကျန်းအန်းရဲ့ မိသားစုတွေက မင်းရဲ့အိမ်ကိုလာပြီးတော့ လင်းရန်ကို လာခေါ်တော့မယ်ထင်တယ်၊ အဲဒီသေသင့်တဲ့ မိန်းကလေးက မင်း မိတ်ဆက်ပေးခဲ့တဲ့ အိမ်ထောင်ရေးကိစ္စရပ်က သူမကို တမင်တကာ ထိခိုက်နစ်နာစေဖို့ ရည်ရွယ်ထားတာလို့ သူ့အဖေကို ပြောခဲ့တာဖြစ်မယ်၊ အခု သူတို့က မင်းနဲ့ ဖြေရှင်းချင်တယ်လို့ ပြောတယ်!”

ဖုန်း၏အခြားတစ်ဖက်တွင်တော့ ဆိုဖာပေါ်တွင်ထိုင် လင်းရန်၏ သတင်းကိုစောင့်မျှော်နေသည့် စုန့်စစ်ယွီမှာ မမျှော်လင့်ထားဘဲ အဘိုးလီ၏စကားတို့ကို ကြားလိုက်ရသည်။

သူမ မျက်မှောင်ကြုတ်လိုက်မိပြီး နံပါတ်မှားခေါ်မိသလားဟု မမေးနိုင်ခင်မှာပင် အဘိုးလီ ပြေလာသည်ကို ကြားလိုက်ရသောကြောင့် သူမ၏အမူအရာအားလုံးက ရုတ်တရက် အေးခဲသွားခဲ့သည်။

“ရှင် ဘာပြောလိုက်တာလဲ!”

အဘိုးလီက စုန့်စစ်ယွီ၏ အသံကို လျင်မြန်စွာ မှတ်မိသွားခဲ့ပြီး သူ့လေသံကို ချက်ချင်းပြောင်းလဲကာ ချော့မော့လိုသောလေသံဖြင့် နှုတ်ဆက်လိုက်လေသည်။

“ဒါက စစ်ယွီဘဲ ၊ ဟုတ်တယ်မလား? ငါက အဘိုးလီပါ၊ မင်းနဲ့ ရှောင်စုန့်တို့ အဘိုးလီရဲ့အိမ်ကို ဘယ်အချိန်လာမှာလဲ? ဒါဆိုရင်….”

စုန့်စစ်ယွီသည်ကား လီရှို့လီနှင့် လီမိသားစုရှိ လူတိုင်းကို မုန်းတီးနေခဲ့သူဖြစ်ပြီး ယခုအချိန်တွင် သူမက အဘိုးလီ ပြောခဲ့သည့်အကြောင်းကို တွေးနေခဲ့သည်။

ထို့ကြောင့် အဘိုးကြီးလီ၏ ဖိတ်ခေါ်စကားကို ကြားသော် သူမက ရုတ်တရက် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားခဲ့ပြီး တိုက်ရိုက်ပင် အော်ငေါက်လိုက်သည်။

“ရှင် ခုနတုန်းက ဘာပြောခဲ့တာလဲ ကျွန်မမေးနေတာကို ဖြေစမ်းပါ! အပြည့်အစုံ နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း!”

အဘိုးလီမှာ သူမ၏ အော်ငေါက်ခံလိုက်ရသောကြောင့် ရှက်သွားခဲ့ရသည်။ သူ၏စိတ်ထဲတွင် စကားလုံးအချို့ကို မရေရွတ်ဘဲ မနေနိုင်တော့ပေ။

သူမရဲ့အဖေကြောင့်သာ မဟုတ်ဘူးဆိုရင် သူမလို ကောင်မစုတ်လေးကို ဘယ်သူက ဂရုစိုက်နေမှာလဲ!

သို့သော် သူ မည်မျှပင်မပျော်မရွှင်ဖြစ်နေပါစေ ယခု ဖြစ်ပျက်ခဲ့သော ကိစ္စကို ရိုးသားစွာပြောပြခဲ့ရသည်။

ထို့နောက်တွင် သူက စုန့်စစ်ယွီကို ပြောရန်မမေ့ခဲ့ပေ:

“စစ်ယွီ မင်းရဲ့အမေ.. အန်တီလီက အိမ်မှာ မရှိဘူးလား? သူ့ကို ဖုန်းပြန်ဖြေဖို့ ပြောပေးလို့ရမလား?”

အဘိုးကြီးလီဆီမှ ကြားလိုက်ရသောသတင်းက စုန့်စစ်ယွီကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

လင်းမိသားစုက ဘာဖြစ်သွားခဲ့တာလဲ?

သူတို့က လင်းရန်ကို မငြင်းဆန်ခဲ့ဘူးလား!

သူတို့က မငြင်းခဲ့ရုံသာမကဘဲ သူတို့(စုန်းမိသားစု)က လင်းရန်ကို ချိန်းတွေ့ရန် ခေါ်ဆောင်သွားခဲ့သည်ကိုတောင် ရှာတွေ့ခဲ့ကြပြီး ထိုလင်းမိသားစုက သူမအတွက် အမှန်တရားကို ရှာဖွေရန်ပင် ကူညီချင်ခဲ့ကြသည်။

ဘာတွေဖြစ်နေတာလဲ!

လင်းမိသားစုက လင်းရန်ကို ဘယ်တော့မှ မဆက်သွယ်ခဲ့ဖူးဘူးလေ။ သူတို့တွေသူမကို မုန်းတီးနေသင့်တာမလား?

သူတို့ ဘယ်လိုလုပ်ပေါင်းစည်းသွားနိုင်ခဲ့ရတာလဲ?

လင်းရန်က လင်းမိသားစုကို ဒီအကြောင်းတွေကိုတောင် အစပြုပြီးတောင် ပြောပြခဲ့သေးတယ်!

ဒီလိုမဖြစ်သင့်ဘူး!

ဒီလိုမဖြစ်သင့်ဘူး!

ဒီလိုသာဆိုရင် အရာအားလုံးက သူမနဲ့ သူမရဲ့အဖေတို့ စိတ်ကူးထားတာနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားရလိမ့်မယ်!

ပြီးတော့ လင်းမိသားစုရဲ့ ရည်ရွယ်ချက်ကို ကြည့်မယ်ဆိုရင် သူတို့က လင်းရန်ကို ပြန်ခေါ်သွားပြီးတော့ စုန့်မိသားစုဆီ ဘယ်တော့မှ ပြန်လာခိုင်းမှာမဟုတ်တော့ဘူးလို့ ထင်ရတယ်!

ဒါဆို သူတို့ရဲ့ အစီစဉ်က လုံးလုံးလျားလျား အချည်းနှီးဖြစ်နေပြီမဟုတ်ဘူးလား? အဲလိုဖြစ်လို့မရဘူး!

စုန့်စစ်ယွီတ၀်ယောက် ဤသည်ကို တွေးလိုက်မိပြီးနောက်တွင် တစ်ဖက်မှ အဘိုးလီကို လုံးဝ ဂရုမစိုက်တော့ဘဲ အလျင်စလို ဖုန်းချလိုက်သည်။

ဒီအကြောင်းကို သူမရဲ့အဖေကို အခုချက်ချင်းပြောပြရမယ်။ ပြီးတော့ လင်းရန်ကို စောစောပြန်ခေါ်ဖို့အတွက် လင်းမိသားစုရှိတဲ့ တပ်မဟာဆီ မြန်မြန်သွားခိုင်းရမယ်။ စောစောသွားနိုင်မှ ဖြစ်ရမယ်!

သို့သော် သူမ အပြင်သို့ထွက်ခါနီးတွင် မီးဖိုချောင်ထ၌ ပန်းကန်ဆေးနေသည့် လီရှို့လီကလည်း ထွက်လာခဲ့လေ၏။

သူမက မီးဖိုချောင်ထဲမှနေ၍ ဖုန်းမြည်သံကို သူကြားလိုက်သော်လည်း စုန့်စစ်ယွီက ဖုန်းဘေးတွင်ရှိနေသောကြောင့် မည်သူပြန်ဖြေသည်ဖြစ်စေ တူညီစွာသာဖြစ်လိမ့်မည်ဟု တွေးထားသောကြောင့် ကိစ္စများကို အရေးမထားခဲ့ပေ။

သို့သော်လည်း ယခု အပြင်သို့ထွက်လာပြီဖြစ်၍ မမေးဘဲမနေနိုင်ခဲ့ပေ...

“စစ်ယွီ ဖုန်းခေါ်တာ ဘယ်သူလဲ?”

ဤဖုန်းကို တပ်ဆင်ရသော အကြောင်းအရင်းများက များစွာရှိပေသည်။

မူလက ၎င်း၏ အကြီးမားဆုံးရည်ရွယ်ချက်မှာ စုန့်ဝေ့၏ လုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန်ဖြစ်ပြီး နောက်ပိုင်းတွင် သူက အိမ်ဖုန်းကို များစွာအသုံးမပြုတော့ဘဲ လီရှို့လီနှင့် လီမိသားစုတို့ ဆက်သွယ်ရန် ကိရိယာတစ်ခုဖြစ်လာခဲ့သည်။

သို့သော် လီရှို့လီက ထိုအကြောင်းကို စဉ်းစားပြီး မကြာခင်တွင် သူမ၏ မိသားစုကို မကြာသေးမီကမှ ဖုန်းခေါ်ခဲ့ကြောင်း သတိရမိသွားပြီး ထိုအချိန်တွင်လည်း မည်သည့် ကြီးကြီးမားမားကိစ္စမျှ မရှိခဲ့ပေ။

ထို့ကြောင့် သူမ၏ မိသားစုထံမှ ခေါ်လာတာ မဖြစ်လောက်ဟုထင်ခဲ့သည်။

သို့ဆိုပါက ထိုဖုန်းက စုန့်ဝေ့ကို ရှာနေတာလား?

သို့သော် သူမ မေးလိုက်သည်နှင့် သူမ၏ လင်ပါသမီးဖြစ်သူ စုန့်စစ်ယွီက ရုတ်တရက်လှည့်ကြည့်လာခဲ့ပြီး နာကျည်းမုန်တီးမှုလို့ ခေါ်နိုင်သည့် အမူအရာဖြင့် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအကြည့်က လီရှို့လီကို အံ့အားသင့်စေခဲ့သည်။

“စစ်.. စစ်ယွီ မင်းဘာဖြစ်နေတာလဲ?”

ဘာဖြစ်နေတာလဲ ဟုတ်လား!

ဒါတွေအားလုံးက ရှင့်ရဲ့သမီးကောင်းနဲ့ ခင်ပွန်းဟောင်းကြောင့်ပဲ မဟုတ်ဘူးလား!

“လင်းမိသားစုက လင်းရန်ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ရှင်ပြောခဲ့တာမလား? လင်းရန်က ကျေးလက်ဒေသကို ပြန်သွားတဲ့အချိန် သူတို့က လင်းရန်ကို လုံးဝ ကြိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား?

ရှင့်ရဲ့ခင်ပွန်းဟောင်းအကြောင်းကို ရှင်င်ကောင်းကောင်းသိတာ မဟုတ်ဘူးလား?

ဒါဆို အခုလင်းမိသားစုက ဘာလို့ လင်းရန်ကို လက်ခံချင်နေရသေးတာလဲ? သူတို့က လင်းရန်အတွက် တရားမျှတမှုကို ရှာဖွေပေးပြီးတော့ လင်းရန်ကို ပြန်ခေါ်သွားပြီး သူမကိုစောင့်ရှောက်ပေးမယ်လို့တောင် ပြောနေတယ်!”

လီရှို့လီမှာ သူမ၏လင်ပါသမီးဖြစ်သူထံမှ နားမလည်နိုင်၀ွာဖြင့် အော်ဟစ်ခံလိုက်ရသည်။ သူမက ဝမ်းနည်းမှုကို မခံစားရခင်အချိန်မှာပင် စုန့်စစ်ယွီ၏ ပြောစကားများကြောင့် ချက်ချင်းပင် ခေါင်းများမူးဝေသွားခဲ့ရသည်။

“နင်..နင် ဘာပြောလိုက်တာလဲ! လင်းမိသားစုက ဘယ်လိုလုပ်…”

လင်းကျန်းအန်းနဲ့ အမေက သူ့ရဲ့သမီးကို ဘယ်လိုလုပ်ပြီး အလွယ်တကူနှင့် ခွင့်လွှတ်နိုင်မှာလဲ?

ဒါက မဖြစ်သင့်ဘူး!

သူမ အလွန်ထိတ်လန့်သွားသည်ကို မြင်လိုက်ရလျှင် ဤကိစ္စက သူမမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေမကြောင်း ထင်ရှားစွာသိလိုက်ရသော်လည်း စုန့်စစ်ယွီ၏ စိတ်အခြေအနေများကတော့ ပြန်လည်ကောင်းမွန်မလာသေးပေ။

သူမက အံကိုတင်းတင်းကြိတ်လိုက်ပြီး လီရှို့လီကို စိုက်ကြည့်လိုက်သည်။

“လီရှို့လီ၊ ငါ့အဖေနဲ့ ငါက ကြွေလွှင့်သွားတဲ့ ကြယ်တစ်ခုလုံး အသတ်ခံရတော့မယ်! ငါတို့သာ တစ်ခုခုဖြစ်သွားခဲ့ရင် နင့်ကိုလည်း အလွတ်ပေးမှာမဟုတ်ဘူး!”

ထိုအချိန်က လီရှို့လီ ပြောခဲ့သည့်စကားကို သူမ ယုံကြည်ခဲ့မိပြီး လင်းရန်ကို အလွန်စိတ်ချစွာနှင့် ကျေးလက်ဒေသသို့ သွားခွင့်ပြုလိုက်မိသည်။

လီရှို့လီ ပြောခဲ့သည်ကသာ တကယ့်အခြေအနေနှင့် လုံးဝကိုက်ညီမှုမရှိနေသည်ကို သိရှိခဲ့ပါက သူမက လင်းရန်ကို မည်သည့်အချိန်တွင်မှ သွားခွင့်ပေးခဲ့မည်မဟုတ်ပေ။

ထို့ကြောင့် စုန့်စစ်ယွီ လီရှို့လီကို ပို၍မုန်းတီးခဲ့သည်။

သူမ၏အရင်ဘဝက လုပ်ခဲ့သကဲ့သို့ ဤဘဝတွင် ချောမွေ့စွာ ဖြစ်လာခြင်းမရှိခဲ့ပါက သူမ လီရှို့လီကို ဘယ်သောအခါမှ ခွင့်လွှတ်တော့မည်မဟုတ်ပေ။

ဒါက ဘာလဲ?

လီရှို့လီက စိတ်ရှုပ်ထွေးသွားခဲ့ပြီး ပို၍ပင် စိုးရိမ်နေခဲ့သည်။

“စစ်ယွီ ဘာတွေဖြစ်နေတာလဲ? ကျေးဇူးပြုပြီးငါ့ကို အရင်ပြောပြပါအုံး၊ ငါတို့ အတူတူအဖြေရှာပြီး ပြဿနာကိုဖြေရှင်းနိုင်လောက်တယ်!”

သူမက တစ်စုံတစ်ခုကို ယောင်ဝါးဝါးဖြင့် မှန်းဆမိပုံရသော်လည်း သိပ်ပြီး မသေချာနေခဲ့ပေ။

လင်းကျန်းအန်းရဲ့ မိသားစုက စုန့်စစ်ယွီပြောခဲ့တဲ့အတိုင်း လင်းရန်ကို အမှန်တကယ်ခွင့်လွှတ်ပြီး ပြန်လက်ခံလောက်မှာ မဟုတ်ဘူး!

ဒါ…ဒါက အဲလိုမျိုး မဖြစ်သင့်ဘူး!

ပြီးတော့ အရေးအကြီးဆုံးကတော့ လင်းကျန်းအန်းက အတိတ်ကိုစွန့်လွှတ်လိုက်ရင်တောင် လင်းရန်က သူ့အတွက် ခံစားချက်ရှိမနေနိုင်ဘူး။

ဒါ့အပြင် သူမဆီမှာ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိနေခဲ့တညကြောင့် လင်းမိသားစုနဲ့ ဘယ်တော့မှ ရင်းနှီးသွားမှာ မဟုတ်ဘူး!

အမှန်ပဲ!

လင်းရန်က သေချာပေါက် သူမရဲ့ဘက်ကနေ ရပ်တည်လိမ့်မယ်!

ဤအရာကို တွေးလိုက်ရင်း လီရှို့လီက ပြန်ပြောလိုက်သည်။

“စစ်ယွီ၊ မင်းဒီအကြောင်းကို ဘယ်သူ့ဆီကနေ ကြားခဲ့တာလဲ? အဲဒီလူက မင်းကို လိမ်တာဖြစ်ရမယ်! သေချာစဉ်းစားကြည့်လိုက်ပါဦး၊

လင်းမိသားစုက လင်းရန်အပေါ် စေတနာထားမယ်ဆိုရင်တောင် ငါက လင်းရန်ရဲ့ အမေပဲ၊ ငါ သူ့ကို နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်လာခဲ့တာ၊

သူမက ငါ့ကိုထားခဲ့ပြီး တစ်ခါမှ မတွေ့ဖူးသေးတဲ့ လင်းမိသားစုထဲက တစ်ယောက်ယောက်ဆီကို ထွက်သွားမှာမဟုတ်ဘူး၊ ငါဒီမှာရှိနေတာမလို့ သူမ သေချာပေါက် ပြန်လာလိမ့်မယ်!”

လီရှို့လီက စုန့်စစ်ယွီလောက် လင်းရန် အပေါ်တွင် ကြင်နာမှုမရှိသော်လည်း သူမ၏ထင်မြင်ယူဆချက်အရ သူမက လင်းရန်ကို ပြုစုပျိုးထောင်ရန်အတွက် ကြိုးစားခဲ့သည်။

အရေးကြီးဆုံးက လင်းရန်ကိုသာ ကျေးလက်ဒေသမှာရှိနေတဲ့ ညစ်ပတ်စုတ်ပဲ့တဲ့ လင်းမိသားစုနဲ့ ဝေးရာကို ခေါ်မသွားခဲ့ခဲ့ဘူးဆိုရင် လင်းရန်က နှစ်ပေါင်းများစွာကြာအောင် အခုလိုမျိုး ကောင်းမွန်တဲ့ဘဝကို နေထိုင်ခွင့်ရမှာတဲ့လား?

သူမက မြို့ထဲမှာ နေရတာကို နေသားကျနေပြီ။ မြို့ထဲက ကောင်းမွန်တဲ့ဘဝကို စွန့်လွှတ်ပြီးတော့ အဲ့ဒီဆင်းရဲတဲ့ ကျေးလက်ဒေသကို ဘယ်လိုလုပ်ပြီး ပြန်သွားနိုင်မှာလဲ?

ထို့ကြောင့် လီရှို့လီက လင်းမိသားစုက လင်းရန်ကို ပြုစုပျိုးထောင်ချင်သည်ဟု ပြောခဲ့လျှင်ပင် လင်းရန်က သဘောမတူဘဲ နေလိမ့်မည်ဟု သေချာနေသည်။

**

All Chapters