← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

လီရှို့လီ ပြောသည်ကို ကြားပြီးနောက် စုန့်စစ်ယွီက အနည်းငယ်စိတ်ငြိမ်သွားခဲ့သော်လည်း စိုးရိမ်နေဆဲပင်ဖြစ်သည်။

“ရှင့်အဖေကိုယ်တိုင်က ဒီအကြောင်းကိုပြောပြဖို့အတွက် ဖုန်းခေါ်ခဲ့တာ၊ အဲဒါက ဘယ်လိုလုပ်ပြီး လိမ်ညာတာဖြစ်နိုင်မလဲ? တခြားကိစ္စတွေကို ကျွန်မကို ပြောပြစရာမလိုတော့ဘူး၊ ကျွန်မရဲ့အဖေကိုပဲ တိုက်ရိုက်ရှင်းပြလိုက်တော့!”

ထိုစကားကိုပြောပြီးနောက် စုန့်စစစ်ယွီက သူမ၏ ရှေ့တွင်ရှိနေသော လီရှို့လီကို တွန်းထုတ်ပြီး သူမ၏အဖေ စုန့်ဝေ့ကို ရှာရန် စက်မှုလုပ်ငန်းစက်ရုံသို့ သွားခဲ့သည်။

ထိုစကားများကို ပြောခဲ့သည့်သူမှာ သူမ၏ အဖေဖြစ်သည်ဆိုတာကို လီရှို့လီ ကြားပြီးနောက် သူမက လျင်မြန်စွာ တုံ့ပြန်လိုက်မိပြီး တယ်လီဖုန်းရှိရာသို့ လျှောက်သွားကာ မြို့တွင်းရှိ စာတိုက်ကို အမြန်ခေါ်လိုက်လေသည်။

ကံကောင်းထောက်မစွာဖြင့် အဘိုးလီမှာ မကြာခင် လီရှို့လီက ပြန်ခေါ်လာလိမ့်မည်ဟု တွေးထားခဲ့သလို၊ ထိုစကားများက သူ့သမီး၏ နားထဲသို့မရောက်သွားမည်ကို စိုးရိမ်သောကြောင့် ထွက်သွားနိုင်ခဲ့ဘဲ ရှိနေလေ၏။

ကံကောင်းထောက်မစွာဖြင့် သူ ထွက်မသွားမီအချိန်လေးတွင် လီရှို့လီက တိုက်ရိုက် ဖုန်းဆက်လာခဲ့သည်။

လီရှို့လီ၏ အသံကိုကြားလိုက်သော အခိုက်တွင် အဘိုးလီမှာ မျက်ရည်များကျလုမတက်ဖြစ်နေခဲ့၏။

“ရှို့လီ မင်းနဲ့ ရှောင်စုန့် သတိထားသင့်တယ်၊ လင်းမိသားစုက….”

အဘိုးလီက သူ့သမီးနှင့် သားမက်အတွက် စိုးရိမ်နေသောအကြောင်းများကို မဖော်ပြနိုင်မီ လီရှို့လီက စိတ်မရှည်စွာဖြင့် ကြားဖြတ်နှောင့်ယှက်လာခဲ့သည်။

“အဖေ ကျွန်မကို အကြောင်းအရာဖြစ်ခဲ့သမျှအားလုံးကို အရင်ပြောပြ!”

ကောင်းပြီ၊

အဆုံးတွင် အဘိုးလီက ဤကိစ္စကို နောက်တစ်ကြိမ်ထပ်ပြောခဲ့ရသည်။

လင်းကျန်းအန်းနှင့် အခြားသူများက သူမနှင့် စုန့်ဝေ့တို့မှ လင်းရန်၏ သတို့သားကို ရွေးချယ်ခဲ့သောအကြောင်းကို သိနေကြောင်း သိလိုက်သောအခိုက်တွင် လီရှို့လီမှာ အလွန် ထိတ်လန့်သွားခဲ့ရပြီး ဖုန်းကိုပင် ချလုနီးပါးဖြစ်သွားခဲ့သည်။

ဤသတင်းက လင်းမိသားစုမှ လင်းရန်ကို ဂရုစိုက်ရန် ပြန်ခေါ်ချင်သည်ဟု စုန့်စစ်ယွီမှ သူမကိုပြောပြခဲ့သော သတင်းထက် ပို၍ပင် ထိတ်လန့်စရာကောင်းနေသည်။

“သူတို့ကဘယ်လိုသိတာလဲ? ကျွန်မ ဒါကို မပြောဖူးဘူး….”

သူက လီမိသားစုကိုပင် မပြောပြရသေးခင် ဤအကြောင်းအရာများက မည်သူ့၏ပါးစပ်ပေါက်မှ လင်းမိသားစုဆီသို့ ရောက်သွားခဲ့သနည်း။

သူမ ဤအကြောင်းကိုပြောထွက်လုနီးပါး ဖြစ်သွားခဲ့သည်…

ရလဒ်အနေဖြင့် သူမမည်သည်မှ မပြောနိုင်သေးခင်မှာ လင်းရန်ကို တွေးလိုက်မိတယ်!

ဟုတ်တယ်၊ ဒီကိစ္စကို ပါဝင်ပတ်သက်နေတဲ့ လင်းရန်က အခုထိ အသက်ရှင်နေသေးတယ် ။

ပြီးတော့ သူမမှာလည်း ပါးစပ်ရှိတာကြောင့် သူမဘာသာသူမ ပြောပြနိုင်တယ်။

ဒါဆို သူမက လင်းမိသားစုကို ဘာဖြစ်လို့ ပြောပြခဲ့တာလဲ?

ဒါပေမယ့် သူမပြောခဲ့တယ်ဆိုရင် လင်းမိသားစုနဲ့ သူမရဲ့ဆက်ဆံရေးက သူမ ထင်ထားတာထက် အများကြီးပိုကောင်းနေတယ်မလား!

“မကောင်းတော့ဘူး! မကောင်းတော့ဘူး! ဒီကောင်မစုတ်လေး ဘယ်လိုတောင် သတ္တိရှိနေတာလဲ!”

လင်းရန်က လင်းမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိနေလိမ့်မည် သို့မဟုတ် ဆက်ဆံနေနိုင်ခြင်းမရှိတော့သည်ဖြစ်ကြောင်းကိုသူမစုန့်စီးယွင်အား ကတိပေးခဲ့လိုက်သော်လည်း လက်ရှိတွင် သူမ၏ ပါးကိုဖြတ်ရိုက်ခံလိုက်ရသောကြောင့် လီရှို့လီမှာ စိုးရိမ်သောကများလွန်းရသည့်အတွက်ကြောင့် သူမ၏ လျှာများပင် ဒေါသတကြီး ကိုက်မိလုနီးပါးဖြစ်သွားခဲ့သည်။

“ရှို့လီ ဘာဖြစ်တာလဲ? ဘာဖြစ်လို့ မကောင်းတော့တာလဲ? အဲဒီမှာ သားမက်ရှိမနေဘူးလား? လင်းကျန်းအန်းက ဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ ရှောင်စုန့်ထက်တော့ ပိုမကောင်းနိုင်ပါဘူး၊ ဒါကြောင့် မစိုးရိမ်ပါနဲ့…”

အဘိုးလီက လီရှို့လီမှာ လင်းကျန်းအန်း လာရောက်ဒုက္ခပေးမည်ကို စိတ်ပူနေသည်ဟု ထင်ခဲ့သော်လည်း သူက တကယ့်ဖြစ်ရပ်မှန်အကြောင်းကို ဘယ်တော့အခါမှ မတွေးခဲ့ဖူးပေ။

နောက်တစ်စက္ကန့်တွင် လီရှို့လီက စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောသည်ကို သူ ကြားလိုက်ရသည်။

“အဖေ သူက ဘာဖြစ်လို့ ကျွန်မတို့ဆီကို လာနေဦးမှာလဲ? လင်းရန်က မနေ့က မနက်ကဘဲ ကျေးလက်ဒေသဆီ ထွက်သွားပြီ ၊အဲ့ ဒါက လင်းမိသားစုရဲ့ တပ်မဟာဆီကိုပဲ!”

ဒါကြောင့် လင်းကျန်းအန်းက လင်းရန်ကို ခေါ်သွားဖို့အတွက် စုန့်မိသားစုဆီ လာစရာလိုတော့မှာမဟုတ်ဘူး!

လီရှို့လီမှာ လင်းကျန်းအန်းက သူမအဖေကို အဘယ်ကြောင့် ဤကဲ့သို့သောအရာကို သွားပြောခဲ့သည်ကို နားမလည်သော်လည်း ယခု အရေးကြီးဆုံးအရာမှာ လင်းရန်ကို ထိုသူများဆီမှ ဝေးကွာအောင်ထားရန်မှလွဲ၍ တခြားမရှိပေ။

လင်းကျန်းအန်းက သူမကို ခေါ်သွားခွင့်မရစေရဘူး။

“ကောင်းပြီ အဖေ၊ ကျွန်မ အဖေနဲ့ ဆက်မပြောတော့ဘူး၊ အခု ကျွန်မ အရေးကြီးကိစ္စကို ဖြေရှင်းဖို့အတွက် အဖြေရှာရမယ်”

ထိုစကားကိုပြောပြီးနောက် လီရှို့လီက ဖုန်းကိုအမြန်ချလိုက်ပြီး စုန့်ဝေ့ကို ရှာရန် ပြင်ဆင်လိုက်သည်။

သူမ၏ စိတ်ကကောင်းမွန်စွာ အလုပ်မလုပ်တော့ဘဲ ယခုတွင် အလျင်လိုနေသောကြောင့် စိတ်တည်ငြိမ်စွာ မထားနိုင်ဖြစ်နေခဲ့ကာ ဖြေရှင်းဖို့ရန်အတွက်ပင် အဖြေရှာမရနိုင်တော့ပေ။

ထို့ကြောင့် စုန့်ဝေ့ အပေါ်တွင်သာ သူ့မျှော်လင့်ချက်များအားလုံးကို ပုံအောထားနိုင်ခဲ့သည်။

စုန့်စစ်ယွီ အတွက်မူကား လီရှို့လီနှင့် အဘိုးလီတို့ ဖုန်းပြောနေသောအချိန်ကတည်းက စက်ရုံသို့ အလျင်အမြန်ပြေးသွားခဲ့ပေပြီ။

သူမက စုန့်ဝေ့ကို ရှာဖွေရန်အတွက် လုံခြုံရေးဌာနမှ တစ်စုံတစ်ဦးကို တောင်းဆိုခဲ့ပြန်သည်။

သူမက အပြင်တွင် စောင့်နေခဲ့ပြီး ခဏအကြာတွင် စုန့်ဝေ့ အတွင်းဘက်မှ ထွက်လာခဲ့သည်။

စုန့်စစ်ယွီ ထပ်ရောက်လာသည်ကို မြင်တွေ့သောအခါ သူ၏အမူအရာက စိတ်ပျက်သွားရပုံပေါ်သွားခဲ့ပြီး ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်သည်။

“ငါ မင်းကို စိတ်အေးအေးထားသင့်တယ်လို့ မနေ့ကမှ မင်းကိုပြောခဲ့တာမလား?”

မင်း ဒီနေ့ ဘာဖြစ်လို့ရောက်လာပြန်တာလဲ!

ထို့အပြင် အလုပ်အချိန်တွင်း သူ့ နှစ်ရက်ဆက်တိုက် အပြင်မှာရှိနေသည်ကို တစ်စုံတစ်ယောက်က တွေ့သွာစခဲ့လျှင် သက်ရောက်မှုက မကောင်းနိုင်ပါချေ။

သို့သော် ဤအခိုက်အတန့်တွင် စုန့်စစ်ယွီ၏ အတွေးများအားလုံးက အဘိုးလီ ပြောခဲ့သောသတင်းများဖြင့်သာ အုပ်စိုးနေခဲ့ပြီး သူမ၏ ဖခင်အား အသေးစိတ်ရှင်းပြရန် အချိန်မရှိနေပေ။

သူမက စိုးရိမ်တကြီးဖြင့်သာ ပြောနိုင်ခဲ့သည်။

“အဖေ တစ်ခုခုဖြစ်နေပြီ! လင်းမိသားစုက လင်းရန်ကို ကျွန်မတို့ဆီက ပြန်ခေါ်သွားချင်နေပြီးတော့ ဒီကိုပြန်မလာနိုင်အောင် တားဆီးချင်နေတယ်!”

“ဘာလဲ!”

စုန့်ဝေ့သည်ကား ဤကဲ့သို့သော ကိစ္စများဖြစ်လာလိမ့်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့သောကြောင့် အံ့အားသင့်စွာဖြင့် ပြောလာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ?”

ထို့နောက် စုန့်စစ်ယွီက စုန့်ဝေ့အား ဖြစ်ခဲ့သည်များကို လျင်မြန်စွာ ပြောပြလိုက်သည်။

စုန့်ဝေ့ ထိုစကားများကိုကြားပြီးသောအချိန်တွင် အကြောင်းအရာ၏ လေးနက်မှုကို သဘောပေါက်သွားခဲ့လေသည်။

လင်းမိသားစုက ဒီလိုမျိုး သဘောထားမျိုး ရှိလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး…

လင်းကျန်းအန်းက ယောက်ျားတစ်ယောက်လေ? သူက ဘယ်လိုဖြစ်ပြီး သူ့ကိုစွန့်ပစ်ခဲ့တဲ့ ဇနီးဟောင်းမှ ပြုစုပျိုးထောင်ထားတဲ့ကလေးကိုတောင် ကူညီချင်နေတာလဲ?!

“အဖေ အခု သမီးတို့ဘာလုပ်သင့်လဲ? လင်းရန်က လင်းမိသားစုပြောတဲ့ စကားကိုနားထောင်ပြီးတော့ မပြန်လာတော့ဘူးဆိုရင် ရှုမိသားစုနဲ့ ကိစ္စတွေက လုံးဝပျက်စီးသွားတော့မှာမဟုတ်ဘူးလား!”

ယခုတွင် စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့၏ အစီအစဉ်မှာ သူတို့ဦးတည်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီပင်။ သူတို့ အလျင်အမြန်အရေးတယူ မဆောင်ရွက်လျှင် အရာအားလုံးက နောက်ပြန်လည့်၍ မရနိုင်တော့ပေ။

ဤအရာကိုကြားသော် စုန့်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး ခေတ္တစဉ်းစားလိုက်ကာ နောက်ဆုံးတွင် ပြတ်သားစွာ ပြောလာခဲ့သည်။

“ငါ မနက်ဖြန်ကျရင် လင်းမိသားစုဆီကို သွားပြီးတော့ လင်းရန်ကို ပြန်ခေါ်လာခဲ့မယ်”

မူလတွင် သူ့လက်ထဲရှိ အလုပ်များကို စနစ်တကျလွှဲပြောင်းပေးပြီးမှသာ ထွက်ခွါရန် စီစဉ်ထားသော်လည်း ယခု အခြေအနေက အလွန်အရေးကြီးနေသဖြင့် လွှဲပြောင်းပေးရန်ပင် အချိန်မရှိပေ။

သူမနက်ဖြန် ထွက်ခွါမှဖြစ်လိမ့်မယ်!

စုန့်စစ်ယွီလည်စ စကားကို ကြားလျှင်သိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

အဖြစ်အပျက်များက သူမကို အမှန်ပင်ထိတ်လန့်စေသော်လည်း သူမ၏နှလုံးသားထဲတွင် တည်ငြိမ်စေသောဆေးထိုးအပ်တစ်ချောင်းရှိနေပြီး ထိုတည်ငြိမ်စေသောဆေးထိုးအပ်မှာ သူမ၏ ဖခင် စုန့်ဝေ့သာဖြစ်သည်။

အတိတ်ဘဝကဖြစ်စေ ၊ ယခုဘဝတွင်ဖြစ်စေ သူမ၏အဖေက ဖြေရှင်းပေးနေသရွေ့ ပြဿနာအားလုံးက ဖြေရှင်းသွားနိုင်သကဲ့သို့ ထင်ရသည်။

သူမ၏စိတ်ထဲတွင် သူမ၏အဖေ စုန့်ဝေ့က အလွန်အစွမ်းထက်သောသူပင်ဖြစ်သည်။

ထို့ကြောင့် ဤအဖြစ်အပျက်များက စုနိ့စစ်ယွီကို အထိတ်တလန့်ဖြစ်စေခဲ့သော်လည်း စုန့်ဝေ့၏ စကားများကို ကြားလိုက်ရချိန်တွင် သူမက လုံးလုံးလျားလျား ပြန်လည်တည်ငြိမ်သွားခဲ့သည်။

သူမအဖေမှ သူမ၏ ပြဿနာများအားလုံးကို တစ်ခုချင်းစီ ဖြေရှင်းပေးနိင်လိမ့်မည်ဟု သူမယုံကြည်သည်။

ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ရသောကြောင့် စုန့်ဝေ့တစ်ယောက် အချိန်မဆွဲဝံ့ဘဲ လက်ထဲရှိ အလုပ်များကို အမြန်လွဲပြောင်းပေးလိုက်ရန် စက်ရုံသို့ပြန်ဝင်သွားခဲ့သည်။

သူ လွှဲပြောင်းပေးခဲ့သော လုပ်ဖော်ကိုင်ဖက်များက ထိုအဖြစ်ပျက်ကြောင့် အံ့ဩသွားကာ ကြိုတင်ပြင်ဆင်ထားမှုလဲမရှိခဲ့ပေ။

ကံမကောင်းစွာဖြင့် စုန့်ဝေ့တွင်လည်း တစ်ဖက်တွင် ပို၍ အရေးကြီးနေသောကြောင့် သူက သူ၏လုပ်ဖော်ကိုင်ဖက်ကို တောင်းပန်သောအပြုံးဖြင့်ကြည့်ကာ ဤအကြိမ်တွင် သူ့အားကူညီပေးရန် တောင်းဆိုခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် စုန့်ဝေ့က အများအားဖြင့် နာမည်ကောင်းရှိသည့်သူ ဖြစ်သောကြောင့် လူတိုင်းက အထင်ကြီးလေ့ရှိခဲ့ကြလေ၏။

ထိုသူက တစ်ဖက်သားများကို နှိမ့်ချခြင်းလည်းမရှိခဲ့သည့် လုပ်ဖော်ကိုင်ဖက်ဖြစ်သောကြောင့် သူတို့၏စိတ်ထဲတွင် မသက်မသာဖြစ်နေသော်လည်း မျက်နှာကြောင့် သဘောနိုင်ရုံသာ တတ်နိုင်ခဲ့ကြခဲ့သည်။

လီရှို့လီအတွက်တော့ ထိုနေရာသို့သွားရာလမ်းတွင် စုန့်ဝေ့နှင့် စကားပြောပြီးသွားပြီဖြစ်သော စုန့်စစ်ယွီနှင့် တွေ့ဆုံခဲ့ရပြီး သူအကိုပြန်ခေါ်သွားခဲ့သဖြင့် အိမ်သို့သာပြန်သွားရခဲ့လေသည်။

စုန့်စစ်ယွီမှ သူမ၏ ဖခင်ကို ထပ်မံမနှောင့်ယှက်တော့ရန် တောင်းဆိုခဲ့သည်ပင်။ ဤကိစ္စနှင့်ပတ်သက်၍ သူမက သူ့အဖေကို ပြောပြခဲ့ပြီးဖြစ်ကြောင်း ဆိုခဲ့သည်။

“ဒါဆို လောင်စုန့်က ငါ့ကို ဘာလုပ်ရမယ်ဆိုတာကို ပြောခဲ့လား?”

စုန့်စစ်ယွီ သူမကို အေးစက်စွာဖြင့် ပြန်ပြောခဲ့သည်:

“ကျွန်မတို့ပြန်ရောက်သွားရင် သိရလိမ့်မယ်”

**

All Chapters