← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

ခရီး မစတင်မီ အဘွားလင်းနှင့် လင်းမိသားစုများက၊ အထူးသဖြင့် လင်းကွမ်းချင်းက စုန့်ရှီးယန်၏ ခြေထောက်များမှာ ထိုကဲ့သ်ို့ဝေးလံသောခရီးကို လျှောက်သွားရန် အဆင်ပြေမပြေကို စိတ်ပူခဲ့ကြသည်။

သို့သော် စုန့်ရှီးယန်က သူတို့အတွက် တစ်ချက်ခုန်ပြလိုက်ပြီး သူ့ခန္ဓာကိုယ်၏အခြေအနေကောင်းမွန်ကြောင်း ပြသခဲ့သည်။

လင်းကွမ်းချင်းနှင့် လင်းမိသားစုကလည်း ချက်ချင်းပင် ပြောနေသည်ကို ရပ်လိုက်ကြလေသည်။ သူတို့က အနည်းငယ်တုန်လှုပ်သွားခဲ့ကြပြီးနောက်တွင် ချီးကျူးစကားများပင်ပြောခဲ့ကြသည်။

သေချာတာပေါ့…သူတို့ခေါင်းဆောင်က အံ့ဩစရာအကောင်းဆုံးပဲ…သူက သန်မာရုံသာမက ခံနိုင်ရည်ကလည်း အရမ်းကောင်းတယ်…..

စုန့်ရှီးယန်၏ အခြေအနေနှင့်ပတ်သက်၍ လင်းကွမ်းချင်း၏ နှလုံးသားထဲတွင် အချိန်အတိုင်းအတာတစ်ခုထိ ပို၍ မြင့်တက်လာခဲ့သည်။

မကြာမီ အရာအားလုံးကို ထုပ်ပိုးပြီးသော လူသုံးယောက်က စတင်ထွက်ခွါသွားခဲ့ကြသည်။

တပ်မဟာမှ မြို့ထဲသို့ လမ်းလျှောက်သွားရန် တစ်နာရီခန့်ကြာမြင့်ပေသည်။

ကံကောင်းထောက်မစွာဖြင့် လမ်းတစ်လျှောက်တွင် အဘွားလင်းက စကားပြောနေခဲ့ပြီး လင်းရန်နှင့် စုန့်ရှီးယန်တို့ကို အခြေအနေများနှင့်ပတ်သက်၍ ပြောပြနေခဲ့သည်။ ခရီးက သိပ်ပြီးပင်ပန်းခက်ခဲသကဲ့သိာ့ မခံစားရပေ။

အဆုံးတွင် မြို့ထဲသို့ ရောက်သွားခဲ့ပြီးနောက် စုန့်ရှီးယန်နှင့် လင်းရန်တို့ ခွဲခွါဖို့လုပ်ခဲ့သည်။

စုန့်ရှီးယန်က စာတစ်စောင်ပို့ရန် မြို့ထဲသို့လာခဲ့သောကြောင့် စာတိုက်သို့သွားခဲ့ပြီး ထောက်ပံ့ရေးနှင့် သမဝါယမစျေးကွက်ရှာဖွေရေးအစုအရုံးသို့ တိုက်ရိုက် လိုက်သွားခဲ့သည်။

အရင်ဆုံးအလုပ်ပြီးမြောက်သောသူက အခြားတစ်ဖက်လူရှိနေသည့် နေရာတွင် တွေ့ဆုံမည်ဟု နှစ်ဖက်သဘောတူခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ မြို့ကသိပ်မကြီးသကဲ့သို့ စုစုပေါင်း လမ်းနှစ်လမ်းသာရှိပြီး လမ်းပျောက်ရန် အခွင့်အလမ်းပင် မရှိပေ။

သဘောတူညီချက်ရပြီးနောက် အဖွဲ့နှစ်ဖွဲ့ ခွဲခွါသွားခဲ့သည်။

လင်းရန်က အဘွားလင်း၏ ဦးဆောင်မှုနောက်သို့လိုက်ပြီး၊ လမ်းလျှောက်သွားခဲ့ကာ မကြာမီတွင် ထောက်ပံ့ရေးနှင့် သမဝါယမစျေးကွက်ရှာဖွေရေးအစုအရုံးသို့ ရောက်ရှိခဲ့သည်။

အချိန်က အတန်စောနေသေးသော်လည် အလုပ်သွားလုပ်ရမည့်သူတိုင်းက အလုပ်သွားခဲ့ကြပြီဖြစ်ကာ အတွင်းပိုင်းတွင် အလုပ်လုပ်နေသော သူများကလည်း နည်းပါးနေသောကြောင့် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးရုံတွင် လူအများကြီးရှိမနေပေ။

သူတို့ဝင်လိုက်သည်နှင့် လင်းရန်မှာ သိပ်ပြီးမကြီးလှသေးဘဲ လှပသော အရောင်းဝန်ထမ်းတစ်ဦးကိုတွေ့လိုက်ရသည်။ သူမက ရပ်နေပြီး စာရင်းစစ်ရန်အတွက် ခေါင်းငုံ့ထားလေ၏။

သူမ၏မျက်နှာမှာ လင်းကျန်းအန်းနှင့် အလွန်ဆင်တူနေကြောင်း လင်းရန်က ရှာတွေ့လိုက်ရသည်။ ထို့ကြောင့် ထိုအမျိုးသမီးမှာ လင်းကျန်းဖူ ဖြစ်မည်လမ့်မည်ဟု သူမ ခန့်မှန်းလိုက်သည်။

သေချာပေသည်။ နောက်တစ်စက္ကန့်တွင် အဘွားလင်းက ထိုတစ်စုံတစ်ယောက်ကို အော်ခေါ်လိုက်လေသည်။

“ရှောင်စစ်!”

အရောင်းကောင်တာရှိ အရောင်းဝန်ထမ်းအမျိုးသမီးက ရုတ်တရက် ခေါင်းမော့ပြီး အဘွားလင်းကို မြင်သော် ချက်ချင်းပြုံးလိုက်သည်။

“အမေ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?”

ထို့နောက် အဘွားလင်း၏ ဘေးတွင်ရှိနေသည့် လင်းရန်ကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးအား တစ်ခုခုဝယ်ဖို့ရန်အတွက် ရောက်လာသည့်ဖောက်သည်လာသည်ဟု သူမထင်ခဲ့သော်လည်း အဘွားလင်းက လင်းရန်၏ လက်ကိုကိုင်ကာ လင်းကျန်းဖူဆီသို့ ပြုံးပြီး လာနေသည်ကို သူမမြင်လိုက်ရသည်။

“ငါမင်းကို ပြောစရာနှစ်ခုရှိတယ်! ပထမတစ်ခုကတော့ ငါတို့မိသားစုအတွက် ပျော်စရာကောင်းတဲ့ ပွဲတစ်တော်တစ်ခုပဲ!”

လင်းကျန်းဖူက ထိုအရာကို နားထောင်ရင်း စိတ်ရှုပ်ထွေးနေခဲ့သော်လည်း အဘွားလင်း၏ ဦးတည်ချက်မှာ သိသာထင်ရှားလွန်းနေသဖြင့် “ပျော်ရွှင်စရာပွဲ” က သူ့ဘေးနားရှိ ငယ်ရွယ်ပြီးလှပသောမိန်းကလေးကို ရည်ညွှန်းနေမှန်းသိလိုက်ရသည်။

“အမေ ဒါက…”

သူမရဲ့ အသက်အရွယ်နဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်မယ်ဆိုရင် သူမက အကြီးဆုံးတူလေး လင်းကွမ်းချင်းအတွက်ဖြစ်နိုင်လောက်မလား?

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်! ဒါက မင်းရဲ့ ဒုတိယအစ်ကိုရဲ့ သမီးပဲ၊ မင်းတူမလေး ရန်ရန် ပြန်လာပြီ..”

လင်းကျန်းဖူမှာ ထိုစကားကိုကြားသောအခါ သူမ၏ မျက်လုံးများကပင် အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားခဲ့ကာ အချိန် အကြာကြီးတိတ်ဆိတ်နေခဲ့သည်။

အလွန်အမင်း အံ့ဩစရာကောင်းသည်မှလွဲ၍ သူမ မထင်မှတ်ထားလောက်အောင် အလွန်ကောင်းမွန်သည့်ကိစ္စဖြစ်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူမကအနည်းငယ်နှေးကွေးနေခဲ့ပြီး ထိုစကားကို အသံကျယ်ဖြင့် ပြောမထွက်ခဲ့သေးပေ။ မဟုတ်ပါက သူမက အဘွားလင်း၏ သင်ခန်းစာပေးသည်ကို ခံရလိမ့်မည်ဖြစ်သည်။

သို့သော် ဤအရာများကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် သူမ၏ ဒုတိယအစ်ကို အလွန်လွမ်းဆွတ်နေသည့် သမီးလေး ပြန်ရောက်နေသည်ကို တွေးလိုက်မိချိန်တွင် လင်းကျန်းဖူက သူမ၏ ဒုတိယမြောက်အစ်ကို အတွက် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။

လင်းရန် ထွက်သွားသောအချိန်တွင် သူမက ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်ခန်ဝရှိနေပြီဖြစ်သည်။ သူမက လင်းရန် ထွက်ခွါသွားခဲ့သည့် အချိန်ကို ရှင်းလင်းစွာမှတ်မိနေခဲ့သည်။

ထို့ကြောင့် လင်းရန်ကို ယခုမြင်လိုက်ရသောအခါတွင် သူမက စိမ်းသက်နေသည်ဟု မခံစားရပေ။

ထိုနေရာမှ လင်းရန် ထွက်သွားသည်ကို သူမကကြည့်နေရခဲ့သည်။ ယခင်တုန်းက အလွန်ပင်သေးငယ်နေသေးသော ကလေးမလေးမှာ ယနေ့တွင် ချောမောပြီး ကျက်သရေရှိသော မိန်းမပျိုလေး တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သောကြောင့် ပျော်ရွှင်မှုကို မခံစားဘဲမနေနိုင်ခဲ့ပေ။

“ရန်ရန်က အရွယ်ရောက်လာပြီပဲ၊ မင်း ဘယ်အချိန်ပြန်လာခဲ့တာလဲ?”

သူမက ပြုံးပြီး လင်းရန်နှင့် စကားပြောခဲ့သည်။

ဤအဒေါ်ငယ်လေးက သူမ ထင်ထားသည်ထက် စကားပြောကောင်းပြီး ဖော်ရွေသည်ကို တွေ့လိုက်ရသောအခါ လင်းရန်က သတိမထားမိစွာဖြင့် စိတ်သက်သာရာရသကဲ့သို့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထို့နောက် လင်းကျန်းဖူ၏ စကားကို အပြုံးနှင့် တုံ့ပြန်ခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ရက်က ပြန်ရောက်လာတာပါ အန်တီလေး ၊ ကျွန်မ လာခဲ့တဲ့အချိန်တုန်းက အန်တီလေး မြို့ထဲမှာ ရှိနေတာကို မသိခဲ့လို့ ကျေးလက်ကို တိုက်ရိုက်ပြန်သွားခဲ့တာ၊မဟုတ်ရင် နှုတ်ဆက်ဖို့အတွက် အန်တီလေးဆီကို အရင်လာခဲ့မှာပေါ့”

“ဟေး အဲလိုမခေါ်နဲ့၊ ငါ အဲဒီလောက် မအိုသေးပါဘူး ဟားဟားဟား”

(T/n : မြန်မာလိုဆိုရင် အန်တီလေးဆိုတာချင်းအတူတူပေမဲ့ လင်းရန်သုံးတာက နည်းနည်းလောက်ရှေး၁န်တဲ့စကားလုံးပါ)

သူမ၏ ဘေးနားရှိ အဘွားလင်းကလည်း ပြုံးပြီးနောက်ပြောင်လိုက်သည်။

“ဟုတ်တယ်၊ ဒီမိန်းကလေးက မင်းကိုအစကတည်းက အဲ့လိုခေါ်နေတာ၊ သူမကို ပြင်ပေးဖို့အတွက် အချိန်အများကြီး ယူလိုက်ရတယ်”

လူအနည်းငယ်က ပို၍ရယ်မောလိုက်သည်။

ထိုအခိုက်တွင် ဧည့်သည်နှစ်ယောက်က ရုတ်တရက် တံခါးဆီသို့ ရောက်လာခဲ့သည်။ လင်းကျန်းဖူက သူတို့ကို မြင်လိုက်ပြီး လျင်မြန်စွာပြောလိုက်လေ၏။

“အမေ၊ ရန်ရန် ဘာလို့ သမီးရဲ့အိမ်ကို အရင်သွားပြီး နေ့လယ်စာသွားမစားတာလဲ? အခုက နေ့ခင်းရောက်နေပြီ၊ အခု သမီးပစ္စည်းတွေကို ရွှေ့လိုက်ဦးမယ်”

ထိုအရာကိုကြားလျှင် အဘွားလင်းက လက်ကို အမြန်ဝှေ့လိုက်ပြီး ပြန်ပြောခဲ့တယ်။

“အထင်မလွဲပါနဲ့၊ ငါတို့တွေ မင်းဆီမှာ ထမင်းစားဖို့အတွက် ဒီကိုရောက်နေတာမဟုတ်ပါဘူး”

လင်းကျန်းဖူက သူမ၏ကိုယ်ပိုင်သမီးဖြစ်သော်လည်း သမီးဖြစ်သူနေသည့် အိမ်သည်ကား ခင်ပွန်းဖြစ်သူ မိသားစု၏ အိမ်ဖြစ်နေဆဲပင်။

သူမ၏ မြေးမလေးကို ထမင်းကျွေးရန်အတွက် သမီးဖြစ်သူ၏ အိမ်သို့ခေါ်သွားရန် မသင့်တော်ပါချေ။

ထို့အပြင် စတုတ္ထကလေးဖြစ်သည့် လင်းကျန်းဖူနှင့် သူမ စကားပြောချင်သည့်အရာမှာလည်း အလွန်ရှုပ်ထွေးခြင်းမရှိသည့်အပြင် စကားအနည်းငယ်ဖြင့်ရှင်းလင်းစွာ ရှင်းပြနိုင်သည်။

သို့သော် သူမက ယခုအချိန်တွင် ဧည့်သည်များကို လက်ခံဖို့လိုနေသည်ကို မြင်လိုက်သဖြင့် အဘွားလင်းက အလျင်လိုခြင်းမရှိဘဲ သွားခွင့်ပြုလိုက်သည်။

ထို့နောက် လင်းကျန်းဖူမှ ဧည့်သည်များကို နှုတ်ဆက်နေချိန်တွင် သူမက လင်းရန်ကို အနီးအနားတွင် စောင့်ခိုင်းရန် ခေါ်သွားလိုက်သည်။

အဘွားလင်းမှာ ကောင်တာပေါ်ရှိ အထည်အသစ်များ ချထားသည်ကို တွေ့လိုက်သဖြင့် သူမက ထိုအထည်များကို အလွန်စိတ်ဝင်စားသွားခဲ့ပြီး ၎င်းတို့ကိုကြည့်လိုက်သည်။

လင်းရန်မှာမူ သူမက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးအစုအရုံးမှ ပစ္စည်းများကို စေ့စေ့စပ်စပ် လေ့လာကြည့်ခဲ့သည်။ သို့သော် ပစ္စည်းအမျိုးအစားများအားလုံးက တူညီကြောင်း တွေ့လိုက်ရပြီးနောက့တွင်တော့ သူမက သိပ်မစပ်စုတော့ပေ။

သူမက လမ်းမဘက်သို့ မျက်နှာမူကာ အပြင်ဘက် ရှုခင်းကိုသာကြည့်နေတော့လိုက်သည်။

သို့သော် သူမ၏ မျက်လုံးများကို အပြင်သို့ လှည့်ကြည့်လိုက်မိသည်နှင့် ရုတ်တရက် လန့်ဖျပ်သွားခဲ့ရလေသည်။

သူမက မယုံနိုင်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရ၍ သူမ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားရခဲ့သည်။

လမ်းထောင့်ကနေ ပျောက်ကွယ်သွားတဲ့ ရုပ်ပုံနှစ်ပုံကို ဘာဖြစ်လို့ သူမ ဘာလို့ ရင်းနှီးနေသလို ခံစားနေရတာလဲ?

အဲဒါက စုန့်ဝေ့နဲ့ လီရှို့လီတို့ရဲ့ နောက်ကျောနဲ့ ဘာလို့ တူနေရတာလဲ!

ဒါ မဖြစ်သင့်ဘူး၊ လီရှို့လီနဲ့ စုန့်ဝေ့တို့က မြို့ထဲမှာ ရှိနေသင့်တာမလား? သူတို့က ဘယ်လိုလုပ်ပြီး ဒီမှာပေါ်လာရတာလဲ?

သေချာတာပေါ့၊ စုန့်ဝေ့က သူမကို ပြန်လာပြီး လက်ထပ်စေချင်တာဆိုရင် သူမကို ပြန်လာအောင် တွန်းအားပေးလာလိမ့်မယ်!

သို့သော်သူမ ဤနေရာသို့ ရောက်လာသည်မှာ နှစ်ရက်သာရှိသေးသည်။ ခွေးအိုကြီး၏ စိတ်နေသဘောထားအရဆိုလျှင် သူမ၏ နေရာသို့ အလျင်အမြန် လာလိမ့်မည်မဟုတ်ပေ။

ဒါကြောင့် ဖြစ်နိုင်တာက သူမအမြင်မှားတာ ဖြစ်လိမ့်မယ်…

သို့သော် သူမ တွေ့ခဲ့သည်မှာ မှန်ခဲ့လျှင် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ လွန်ခဲ့သည့်နှစ်ရက်က သူမ မသိခဲ့သော အဖြစ်အပျက်တစ်ခုခုကြောင့် စုန့်ဝေ့က ထိတ်လန့်သွားခဲ့ပြီး သူမအား လာရှာရန်အတွက် ထပ်၍ မစောင့်နိုင်သောကြောင့် ဖြစ်နိုင်သည်။

ကျစ်…ဒါက သူမကို နည်းနည်းစပ်စုချင်စိတ် ဖြစ်စေတယ်…

သို့သော် သူမ မြင်ခဲ့သော နောက်ကျောနှစ်ခုက စုန့်ဝေ့နှင့် လီရှို့လီတို့ ဟုတ်မဟုတ်ဆိုသည်ကို သူမသေချာပေ။

တစ်ဖက်တွင်တော့ လင်းရန်၏ အဒေါ်လေး လင်းကျန်းဖူက နော်ဆုံးဧည့်သည်နှစ်ယောက်ကို ရောင်းချပြီးသွားပြီကို တွေ့လိုက်ရသောကြောင့် အဘွားလင်းက အဒေါ်လေးနှင့် စကားသွားပြောရန်အတွက် လင်းရန်ကို ခေါ်လိုက်သည်။

“အမေ အမေလည်း ပင်ပန်းလာမှပဲဆိုတော့ သမီးရဲ့အိမ်ကို သွားပြီးတော့ ထမင်းသွားစားလိုက်ပါလား? ဘာပဲဖြစ်ဖြစ် နေ့လယ်ပိုင်းကျရင် အိမ်မှာ သမီးတစ်ယောက်ပဲ ရှိမှာလေ”

သူမက နောက်ဆုံးတစ်ကြောင်းကို ပြောသောအခါ လင်းကျန်းဖူ၏ အသံက သဘာဝမကျနေသည်မှာ သိသာထင်ရှားနေသော်လည်း သူမက လျင်မြန်စွာရယ်မောလိုက်ကာ စကားများကို ကျော်သွားခဲ့သည်။

“ပြီးတော့ အမေနဲ့မတွေ့တာကြာနေပြီပဲ၊ အမေ သမီးကို မလွမ်းဘူးလား၊ သမီးက အမေ့ရဲ့ အဖိုးအတန်ဆုံးသမီးဖြစ်ခဲ့ဖူးတာကို…ဘာလဲ အခု ရန်ရန် ပြန်လာပြီဆိုတော့ သမီးကို မချစ်တော့ဘူးလား?”

သူမက ဤကဲ့သို့ပြောနေသော်လည်း လင်းကျန်းဖူ၏ မျက်နှာက ပြုံးနေခဲ့ကာ တမင်တကာနောက်ပြောင်နေကြောင်းကို ထင်ရှားနေ၏။

**

All Chapters