အခန်း (၇၂)
Vol. 8 Ch. 72
အဘွားလင်းက သမီးဖြစ်သူ၏ ပြောစကားများကိုကြားလျှင် ချက်ချင်းပြုံးရယ်လိုက်မိပြီး သူမကို ရိုက်လိုက်လေသည်။
“မင်းမှာ ပါးစပ်ရှိတိုင်း ဘာမဆိုပြောနိုင်နေတာပဲ၊ ဟုတ်တယ်မလား? အမေတို့က ကိစ္စရှိလို့ အတူလာခဲ့တာမလို့ ဒီနေ့တကယ်သွားလို့မရဘူး၊ ဒါအပြင် ငါနဲ့ ရန်ရန်အပြင် ကွမ်းချင်းရဲ့အဖော်တစ်ယောက်လည်းပါသေးတယ်၊
သူက ဒီနေရာကို ပထမဆုံးအကြိမ်လာလည်တာလေ၊ ငါ ဘယ်လိုလုပ် သွားလို့ ရဦးမှာလဲ? ဒီနေရာကို ရုတ်တရက်ရောက်လာခဲ့လို့ တောင်းပန်ပါတယ်၊
နောက်ကျရင် ရန်ရန်ကို ခေါ်ပြီးတော့ မင်းအိမ်ကို လာခဲ့မယ် ၊ မင်း ငါတို့ကို မောင်းထုတ်ရင်တောင် ထွက်သွားမှ မဟုတ်တော့ဘူး!”
ထိုစကားကိုကြားသောအခါ လင်းကျန်းဖုက သူမအား တွန်းအားပေးရန် မကြိုးစားတော့ဘဲ ပြုံးလိုက်လေသည်။ သို့သော် ဆုံးရှုံးမှုနှင့် အထီးကျန်မှုများက သူမ၏ မျက်လုံးထဲသို့ ရုတ်တရက်ရောက်လာခဲ့သည်။
ထိုအရိပ်အယောင်များက ဖြတ်ခနဲသာကြာရှည်ခဲ့သောကြောင့် ထိုအချိန်တွင် လင်းရန်ကသာ လင်းကျန်းဖူကို ကြည့်မနေခဲ့ပါက ထိုအရာကို သတိထားမိမည်မဟုတ်ပေ။
ထိုသည်ကိုမြင်လျှင် လင်းရန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။
လင်းမိသားစုမှာ သူမ၏ အဒေါ်ဖြစ်သူ လင်းကျန်းဖူ၏ ခင်ပွန်း၏မိသားစုနှင့် ကြားမှခရီးမှာ လမ်းလျှောက်လျှင်ပင် တစ်နာရီခန့်သာဝေးသည်။
လမ်းပန်းဆက်သွယ်ရေးအဆင်မပြေလှသော ယခုခေတ်ကာလတွင် အလွန်နီးသော နေရာဟုပင် ပြောနိုင်သည်။
အဘွားလင်း၏ ပုံစံကို ကြည့်ခြင်းအားဖြင့် အဘွားလင်းက အဒေါ်ငယ်လေးနှင့် တွေ့ရန် မြို့ထဲသို့ ရံဖန်ရံခါ လာနေမည်မှာ သေချာသည်။
ဒါဆိုရင် သူမ၏ အန်တီလေးက ဘာဖြစ်လို့ အရမ်းစိတ်ပျက်သွားတဲ့ပုံ ပေါ်နေရတာလဲ?
အိမ်တွင် သူမ တစ်ယောက်တည်းသာရှိသည်ဟု ပြောသောအချိန်တွင် သူမ အန်တီလေး၏မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာတို့ရှိနေသည်ကို တွေးတောမိရင်း လင်းရန်က တစ်ခုခုမှားနေသကဲ့သို့ ခံစားနေရသည်။
သူမရဲ့အဒေါ်နဲ့ ခင်ပွန်းသည်ရဲ့မိသားစုထဲမှာ တစ်ခုခုဖြစ်နေတာလား?
အဘွားလင်းက ထိုအကြောင်းများကိုမသိရှိထားပုံရပြီး ဒေါ်လေးဖြစ်သူကိုယ်တိုင်ကလည်း မည်သည်ကိုမှမပြောသောကြောင့် လင်းရန် သူမဘာသာ အတွေးလွန်နေခြင်းဖြစ်လိမ့်မည်ဟု တွေးတောလိုက်သည်။
လင်းကျန်းဖူက အဘွားလင်းမှာ နေ့လယ်ခင်းတွင် သူမ၏နေရာ၌ အမှန်ပင် နေရန်အဆင်မပြေသည်ကို မြင်လိုက်ရသောကြောင့် သူမက လက်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
“ကောင်းပြီ ၊နောက်တစ်ခါကျရင် အမေ ရန်ရန်ကို သေချာပေါက် ခေါ်လာရမယ်နော်၊ ပြီးရင် ကျွန်မ အမေတို့နှစ်ယောက်အတွက် အရသာရှိတာတွေ လုပ်ကျွေးမယ်”
နောက်တစ်ကြိမ် ပြန်လာရန်အတွက် ချိန်းဆိုပြီးနောက် လင်းကျန်းဖူက သူ့အမေက သူ့မကို ပြောစရာနှစ်ခုရှိသည်ဟု ပြောခဲ့သည်ကို မမေ့သေးပါချေ။
ပထမတစ်ခုအနေဖြင့် လင်းရန် ပြန်လာသောအကြောင်းနှင့် ပတ်သက်နေသည်မှာ သေချာသည်။
သို့ဆိုပါက ဒုတိယတစ်ခုကမည်သည့်အရာများဖြစ်နေသည်လဲ?
အဘွားလင်းက သူတို့သုံးယောက်မှလွဲ၍ စျေးကွက်ရှာဖွေရေးအစုရုံးတွင် မည်သူမှ မရှိသည်ကို မြင်လိုက်သောအခါ အလျင်အမြန်ပြောလိုက်သည်။
“ရှောင်စစ် အဲဒါက ဒီလိုပါ၊ ရန်ရန်က ပညာတက်လူငယ်တစ်ယောက် အနေနဲ့ပြန်ရောက်လာတာလေ၊ ဒါပေမယ့် ကျေးလက်ဒေသက အလုပ်တွေက ဘယ်လောက်ကြမ်းလဲဆိုတာ မင်းသိပါတယ်၊ ကလေးမလေးတစ်ယောက်အနေနဲ့ သူမက အရမ်းမလုပ်နိုင်ဘူး၊
ဒါပေမယ့် သူမက ဟင်းချက်တာ အရမ်းတော်တယ်၊ ဒီမြို့ထဲမှာ ချက်ပြုတ်တာနှင့်ပတ်သက်ပြီး အလုပ်သမားရှာနေတဲ့သူမရှိဘူးလား ဒါမှမဟုတ် ယာယီအလုပ်သမားအဖြစ်တောင် ငှါးတဲ့လူမရှိဘူးလား!”
သူတို့၏ မြို့က သေးငယ်သော်လည်း လိုအပ်သော အဖွဲ့အစည်းများနှင့် စက်ရုံငယ်လေးများကတော့ ရှိနေပေသည်။
လောလောဆယ် အစိုးရဌာနတွေမှာရှိတဲ့ စားသောက်ဆောင်တွေကြောင်း မပြောသေးနဲ့၊ စက်ရုံတွေမှာရှိတဲ့ စားသောက်ဆောင်တွေက ပိုပြီးလွယ်ကူကူ ဝင်ရောက်သွားနိုင်သင့်တယ်….
သေချာတာပေါ့။ ဒါကလည်း မင်းဆီမှာ အဆက်အသွယ်ရှိမရှိပေါ်မှာ မူတည်လိမ့်မယ်။
လင်းကျန်းဖူက သူ့တူမလေး၏ အလုပ်နှင့်ပတ်သက်သည်ဟု သူမကြားသောအခါတွင် ပို၍ လေးနက်လာခဲ့လေသည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး ခဏတာစဉ်းစားလိုက်သောအခါ တစ်စုံတစ်ခုကို သတိရမိသွားခဲ့သည်။
“အမေ ဟိုနားက ထမင်းချက် ဦးလေးကျိုးက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲပစ္စည်းလာဝယ်တာကို တွေ့လိုက်တယ်။
သူက သူ့ရဲ သမီးမှာကိုယ်ဝန်ရှိနေလို့ သူ့ သမီးဆီကိုသွားပြီး ထမင်းချက်ပေးဖို့အတွက် မြို့သွားရလိမ့်မယ်တဲ့၊ ဒါကြောင့် သူရဲ့လက်ထဲကအလုပ်ကို ဆက်မလုပ်နိုင်တော့ဘူး၊
သူ အလုပ်မလုပ်နိုင်တော့တာကြောင့် သူ့နေရာမှာ အ၀ားထိုးဖို့အတွက် ရှာနေတာလေ၊ ဒီနှစ်ရက်အတွင်းမှာ အစားထိုးအလုပ်သမားရှာတွေ့ပြီးပြီလားဆိုတာမသေချာဘူး!”
ဦးလေးကျိုးသည်ကား တခြားတပ်မဟာ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပေးသည်။ ထိုသူမှာ ယခင် စစ်တပ်ထဲသို့ဝင်ပြီး ထမင်းချက်လုပ်ခဲ့ဖူးပေသည်။
ထို့ကြောင့် သူ တပ်မဟာသို့ ပြန်ရောက်သောအချိန်တွင် ကွန်မြူနတီခေါင်းဆောင်များက သူတို့မှာ အနီးနားတွင် နေထိုင်ခြင်းမရှိသောကြောင့် နေ့ခင်းဘက်တွင် တပ်မဟာသို့ သွားလာကြရပြီး ညနေဘက်တွင်တော့ ပြန်သွားရသည့်အပေါ် အဆင်မပြေသည့်အကြောင်းကို တွေးတောစဥ်းစားကာ နောက်ပိုင်းမှာ ကွန်မြူနတီ၏ ခေါင်းဆောင်များအတွက် ချက်ပြုတ်ဖို့ သူတို့ကွန်မြူနတီတွင် စားသောက်ဆောင်လေးတစ်ခု ဖွင့်ဖို့
လျှောက်ထားခဲ့ကြသည်။
ဦးလေးကျိုးက ထိုစားသောက်ဆောင်တွင် နေ့လည်စာ ချက်ပြုတ်ရန် နှစ်အတော်ကြာ အောင်တာဝန်ပေးခံခဲ့ရသည်။
လက်ရှိသူ၏သမီး ကိုယ်ဝန်ရှိနေ၍သာ မဟုတ်ပါက ဤကဲ့သို့ ထွက်သွားမည်မဟုတ်ပါချေ။
ထိုနေ့တွင် ပစ္စည်းများလာဝယ်သောအချိန်၌ ဦးလေးကျိုး၏မျက်နှာက အလွန် ရွှင်မြူးနေသောကြောင့် လင်းကျန်းဖူလည်း သိချင်လာရကာ မေးခွန်းများ မေးမြန်းကြည့်ခဲ့ပြီ ထိုအကြောင်းကို သိလိုက်ရခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူမအမှန်တကယ်မသိနိုင်ပါချေ ။
အဘွားလင်းက ဒီစကားကိုကြားသည်နှင့် ချက်ချင်းပင်ဝမ်းသာသွားရသည်။
“ဒါက ဘယ်လိုခေါ်တာလဲ ၊ မင်း အိပ်ချင်နေတဲ့အချိန်မှာ ခေါင်းအုံးပေးတာလို့ ခေါ်တယ်မဟုတ်ဘူးလား၊
ကောင်းပြီ၊ ငါတို့တွေ ကွန်မြူနတီကို ဖြတ်သွားတဲ့အခါ သတင်းသွားရှာကြည့်လိုက်မယ်”
ဦးလေးကျိုးက အလုပ်ကိုလွှဲပေးမည်ဟု သူတို့ သေချာမသိသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်များ ရှိနေခဲ့သည်။
ထို့အပြင် ထိုနယ်မြေသည်ကား သူတို့၏ တပ်မဟာနှင့် ပို၍နီးပေသည်။ လင်းရန်သာ ကွန်မြူနတီ၌ အလုပ်သွားလုပ်မည်ဆိုပါက ပို၍အဆင်ပြေမည် မဟုတ်ပါလား။
ဤသတင်းကို ဤသို့ လျှင်မြန်စွာသိရဖို့အတွက် သူတို့ မမျှော်လင့်ထားကြပါချေ။
လင်းရန်နဲ့ အဘွားလင်းကတော့ သေချာပေါက် ကျေနပ်သွားကြရသည် ။
သို့သော်လည်း လင်းကျန်းဖူကလည်း ဤကိစ္စကို ဆက်လက်စုံစမ်းမေးမြန်းဖို့ရန်အတွက် ကူညီပေးသွားမည်ဟုဆိုခဲ့သည်။
အကယ်၍ ကွန်မြူနတီတွင် မအောင်မြင်ပါကလည်း အနည်းဆုံး တခြားနည်းလမ်းတစ်ခု ရှာရပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် အန်တီလေး”
လင်းရန်က သူမကို ကျေးဇူးတင်စကားပြောခဲ့ပြီး မနေ့က သူပြင်ဆင်ထားခဲ့သော အရာများကို ချက်ချင်းထုတ်လိုက်ကာ လင်းကျန်းဖူကို ပေးလိုက်သည်။
“ဒါက ဒီတစ်ခေါက် ပြန်လာတုန်းက မိသားစုဆီကို ယူလာပေး ဖို့အတွက် မြို့ကဝယ်လာတဲ့ လက်ဆောင်တစ်ခုပါ၊ ဒါကို အန်တီလေးအတွက် ယူလာပေးတာ၊ အန်တီလေးနဲ့ အရမ်းလိုက်ဖက်လိမ့်မယ်လို့ ထင်ပါတယ်၊ မင်းကို ကြည့်ကောင်းလိမ့်မယ်!”
လင်းကျန်းဖူက ထိုစကားကိုကြားသောအချိန်တွင် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုက ရုတ်တရက်ပေါ်လာပြီး လင်းရန်ဆီသို့ ကြည့်လာသည့် သူမ၏မျက်လုံးများသည်လည်း ပို၍ နူးညံ့လာခဲ့သည်။
“မင်း ငါတို့အတွက် အဝေးကြီးကနေ လက်ဆောင်တွေ ယူလာပေးခဲ့တာလား၊ ရန်ရန် မင်းရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်”
သူက စာအိတ်ကို တွန်းထုတ်ရသည် ကြိုက်သည့်လူမျိုးမဟုတ်သကဲ့သို့၊ ဤသည်ကလည်း တူမဖြစ်သူ၏ စိတ်ဆန္ဒဖြစ်နေသည်။
‘မလိုချင်ဘူး”ဆိုပြီး တိုက်ရိုက်ပြောလိုက်မည်ဆိုလျှင် သူတို့ကြားက ဆက်ဆံရေးက သိပ်ပြီး မရင်းနှီးသလို ဖြစ်သွားလိမ့်မည်။
“ဒါဆို အန်တီလေးက အလု လက်ခံထားလိုက်မယ်၊ နောင်ကျရင် မင်းအတွက် သုံးလို့ရအောင် သိမ်းထားမယ်”
အဘွားလင်းက သူမ၏မိသားစုနဲ့ လိုက်လျောညီထွေဖြစ်ပြီး သင့်မြတ်နေခြင်းကို သဘောကျနှစ်သက်သည်။ အထူးသဖြင့် သူမ၏ အချစ်ဆုံး မိန်းကလေးနှစ်ယောက်ကိုပင်။
“ကောင်းပြီ၊ ငါ ဒီလက်ဆောင်ကို ကြည့်ထားပြီးပြီ၊ မင်းကြိုက်မှာ သေချာတယ်။ မင်းအိမ်ပြန်ရောက်ရင် ကောင်းကောင်းထိန်းသိမ်းထားလိုက်ဦး၊ ရန်ရန်နှင့် ငါအရင်ပြန်လိုက်မယ်”
“ကောင်းပါပြီ အမေ၊ ရန်ရန် နဲ့ အပြန်လမ်းမှာ သတိထားပါဦး၊ ရက်ပိုင်းအတွင်း သမီးကိုလာတွေ့ဖို့ မမေ့နဲ့နော်!”
“သိပြီ!”
အဘွားလင်းကတော့ ထိုကိစ္စကို သိပ်မစဉ်းစားပါချေ။ တကယ်တမ်းတွင် သူမနဲ့ သမီးငယ်ဖြစ်သူ၏ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်နေခဲ့သည်။ သူတို့ ဆုံတွေ့တိုင်းတွင် ဤကဲ့သို့သာ ဖြစ်နေတတ်သောကြောင့် သိပ်ပြီး ထူးဆန်းပုံမပေါ်ပါချေ။
ထောက်ပံ့ရေးနှင့် သမဝါယမစျေးကွက်ရှာဖွေရေးမှ ထွက်ခွာပြီးနောက် အဘွားလင်းက အပြင်ဘက်၌ စုန့်ရှီးယန်ကို မတွေ့သောကြောင့် လင်းရန်ကို မဝေးမဝေးလှသည့်နေရာတွင်ရှိသော စာတိုက်သို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။
သို့သော် သူတို့ ထိုနေရာကိုဖြတ်သွားချိန်တွင် စုန့်ရှီးယန်သည်လည်း တစ်ဘက်မှထွက်လာခဲ့သည်။
“ရှောင်စုန့် မင်းကိစ္စတွေပြီးပြီလား”
အဘွားလင်း မေးလိုက်သည်။
စုန့်ရှီးယန်က ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက်ကို ကြည့်ကာ မေးလာခဲ့သည် ။
“အဘွား၊ အဘွားတို့ရော ဘယ်လိုလဲ”
“ငါတို့လည်း ပြီးခါနီးပြီ၊ ငါတို့ အတူတူလုပ်စရာတွေ ရှိသေးလား ကြည့်ရအောင်၊ မရှိတော့ရင် ထုပ်ပိုးပြီး ပြန်သွားလို့ရပြီ”
စုန့်ရှီးယန်သည်ကား စာတစ်စောင်ပို့ရန်အတွက်သာ မြို့သို့ရောက်လာခြင်းဖြစ်ပြီး တခြားအရာများကို လုပ်စရာမရှိပေ။
စုန့်ရှီးယန်မှ ခေါင်းကို ခါရမ်းနေသည်ကိုမြင်လျှင် အဘွားလင်းက သူတို့ကို အမြန်ပြန်ခေါ်သွားခဲ့သည်။
နောက်ဆုံးတွင် သူမ၏သမီးဖြစ်သူက ကွန်မြူနတီမှ စားသောက်ဆောင် အတွင်းရှိ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုသာ ပြောခဲ့ပြီး ယခုလက်ရှိအခြေအနေက မည်သို့ဖြစ်နေကြောင်းကို သူမ မသိသောကြောင့် သွားကြည့်ဖို့ လိုအပ်ပေသည်။
အပြန်လမ်းတွင်၊ အဘွားအိုသည် အလွန်လျင်မြန်စွာ လမ်းလျှောက်နေကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသော်လည်း သူမ မည်သည်ကိုမှ မပြောသောကြောင့် စုန့်ရှီးယန်သည်လည်း မမေးခဲ့ပေ။
နောက်ဆုံးတွင် သူတို့ ကွန်မြူနတီ၏ တံခါးသို့ ရောက်သောအခါတွင် အဘွားအိုက ရပ်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားကာ စုန့်ရှီးယန်အား မေးလိုက်သည်။
“ရှောင်စုန့်၊ ရန်ရန် နဲ့ ငါ အထဲကို တစ်ခုခုမေးချင်လို့ ၊ မင်း အဆင်ပြေလောက်မလား”
“အဘွား သွားလိုက်လေ၊ ကျွန်တော် အပြင်မှာစောင့်နေမယ်ဦး”
သေုက ထိုစကားကိုပြောလာသည့်နောက်တွင် အဘွားအိုမှာ ရှောင်စုန့်က အမီန်တကယ့ပင် ရဲဘော်ကောင်းတစ်ဦးဟု ထင်မြင်လာခဲ့ကာ စိတ်သက်သာရာရသွားခဲ့အြီး လင်းရန်ကို အလျင်အမြန် ဆွဲခေါ်သွားခဲ့သည်။
**