← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

သူတို့ကို စီမံအုပ်ချုပ်သော ကွန်မြူနတီတွင် အနည်းဆုံး ထုတ်လုပ်မှုတပ်မဟာ ခုနစ်ခု သို့မဟုတ် ရှစ်ခုခန့်ရှိနေခဲ့ပြီး ၎င်းတပ်မဟာများကို စီမံခန့်ခွဲရန်အတွက် ကွန်မြူနတီတွင် ခေါင်းဆောင်အနည်းငယ်ရှိသည်။

ကွန်မြူနတီ၏အရွယ်အစားအကြောင်းကို ပြောရလျှင် ရုံးခန်းအဆောက်အအုံများစွာရှိသည့်အတွက် မဆိုးလှပါချေ။

စားသောက်ဆောင်အတွက်ကတော့ သီးခြားအခန်း ပါဝင်ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်က မဆိုးပေ။

အဘွားလင်းက ဤအကြောင်းကို ပို၍တွေးတောလေလေ ဤအလုပ်က အလွန်ကောင်းမွန်သည်ဟု ခံစားရလာလေလေဖြစ်သည့်အတွက် သူမ၏မြေးဖြစ်သူအတွက် ဤအလုပ်ကို ရအောင်ယူဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။

သူတို့ဝင်ပြီးသည်နှင့် ခေါင်းဆောင်ထဲမှတစ်ယောက်က အဘွားလင်းနှင့် လင်းရန်ကို တွေ့မြင်ခဲ့ကာ သူက အဘွားလင်းကို မှတ်မိစွာနှင့် နှုတ်ဆက်လာခဲ့သည်။

“ဟေး၊ ဒါက တုန်ဖန်း တပ်မဟာက ဒုတပ်ဖွဲ့မှူးလင်းရဲ့ အဖွားမဟုတ်ဘူးလား ၊ အဘွား ခင်ဗျား ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ”

လင်းကွမ်းချင်း၏အမည်သည်ကား ၎င်းတို့၏ တပ်မဟာနှင့် နယ်မြေတစ်ခုလုံးဆီတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေနေသေးသည်။ အနည်းဆုံးတော့ ထိုသူက ဤသို့ပြောလာခဲ့ပါက ထိုဒုတပ်ဖွဲ့မှူးလင်းက မည်သူလဲဆိုသည်ကို လူတိုင်းသိကြလိမ့်မည်။

ဤသို့ဖြင့် အဘွားလင်းမှာ ကွန်မြူနတီခေါင်းဆောင်မှ သူမကို အမှန်တကယ်မှတ်မိနေခဲ့သည့်အတွက် အဘွားလင်း၏ မျက်နှာလည်း တောက်ပနေခဲ့လေသည်။

“ဟေး မင်္ဂလာပါ ခေါင်းဆောင်”

ခေါင်းဆောင်ကို ဦးစွာနှုတ်ဆက်ပြီးနောက် အဘွားကြီးလင်းက သူမ၏ရည်ရွယ်ချက်ကို အမြန်ရှင်းပြလိုက်သည်။

“ခေါင်းဆောင်၊ ဒါက ဒီလိုပါ၊ ဒီမှာ မင်းတို့အတွက် ချက်ပြုတ်နေတဲ့ ရဲဘော်ကျိုးက မြို့ကိုသွားရတော့မဲ့ပုံရတယ်၊ ငါ မေးချင်တာက မင်းတို့တွေ စားဖိုဆောင်မှာ ချက်ပြုတ်မယ့် စားဖိုမှူးကို တွေ့ပြီလား””

အဘွားလင်း ဤကိစ္စအတွက် ဤနေရာသို့ ရောက်လာသည်ဖြစ်ကြောင်းကို ကြားသောအခါ တစ်ဖက်လူက အနည်းငယ် ကြောင်အမ်းသွားခဲ့ပြီး အဘွားအိုလင်းအား ချီတုံချတုံ မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

အဘွားလင်းက ထိုအကြောင်းကိုသတင်းကြားပြီးနောက် ဤအလုပ်တာဝန်ကို သူမကိုယ်တိုင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်လောက်မလား?

ဤကိစ္စက ကြီးကြီးမားမားမဟုတ်သော်လည်း အဘွားလင်း၏ အသက်အရွယ်ကြောင့် သူတို့တွေက သူမအပေါ် ဤအလုပ်ကို လွှဲအပ်လိုက်ဖို့အထိ အမှန်တကယ်ပင် မယုံကြည်နိုင်ပါချေ။

သေချာပေသည်။ ထို ငြင်းဆန်ရသည့်ကိစ္စအတွက် နောက်ထပ်အရေးကြီးသည့်တစ်ချက်ကတော့ သူတို့က လောင်ကျိုး ချက်ပြုတ်ထားသည့် အစားအစာများကို စားသောက်ခဲ့ပြီးသည့်နောက်တွင် တခြားသောကျေးလက်ဒေသမှ ကွန်မြူနတီအဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုအပေါ်ကို အာမခံချက် လုံးဝမပေးနိုင်တော့ပါချေ။

လောင်ကျိုး၏ ကျွမ်းကျင်မှုက စစ်တပ်၏ ဟင်းချက်သင်တန်းမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် သူ၏ ဟင်းချက်လက်ရာက မည်မျှ အရသာရှိသည်ကို မပြောဘဲနှင့်ပင် သိရှိသင့်သည်။

ထိုသူမှ ဤတစ်ကြိမ်တွင် သမီးဖြစ်သူက ကိုယ်ဝန်ရှိနေပြီဖြစ်၍သာ ထွက်သွားခဲ့ရခြင်းဖြစ်ပေသည်။ သူတို့အနေဖြင့် ဤမျှလောက်ကောင်းမွန်သည့် အစားအစာများကို မည်သည့်အချိန်တွင်မှ မစားနိုင်တော့မည်ကိုပင် ကြောက်မိရသည်။

သူတို့တွေ ဘယ်လောက်တောင် အဆင်မပြေဖြစ်သွားနိုင်မလဲဆိုတာ ပြောတောင် မပြောနိုင်တော့ဘူး။

သို့ပေမယ့် လူများ ထွက်သွားသည်ကို တားဆီး၍မရနိုင်သောကြောင့် သူတို့ လက်ခံလိုက်ရုံသာ တတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လောင်ကျိုး၏ နေရာကို ဆက်ခံမည့် ကိုယ်စားလှယ်လောင်းအတွက်ကတော့ သူတို့၏ မိသားစု ဆက်ဆံရေးကို အခြေခံပြီး တစ်ယောက်ယောက်ကို ထည့်မသွင်းရဘူးလို့ အားလုံးက တညီတညွတ်တည်း သဘောတူထားခဲ့ကြသည်။

လူတိုင်းက အနီးနားတွင်ရှိသည့် တပ်မဟာ သို့မဟုတ် မြို့မှ ရောက်လာကြခြင်းဖြစ်ပေသည်။ သူတို့ကဲ့သို့ သာမန်လူများ၏ လက်ရာများက မည်သို့ ဖြစ်နေလောက်မည်နည်း။

သူတို့တွေ ထိုကဲ့သို့လက်ရာမျိုးကိုအိမ်တွင် နေ့တိုင်း လုံလုံလောက်လောက် မြည်းစမ်းပြီးပြီ။ ဒီနေ့လယ်စာတစ်ချိန်လေးကိုသာ နေ့တိုင်း သူတို့ရဲ့ အစားအစာအပေါ် အရသာတိုးတက်စွာ စားသောက်နိုင်ဖို့ လောင်ကျိုးကို အားကိုးခဲ့ရသည်။

ထို့ကြောင့် နောက်ဆုံးတွင် ဟင်းချက်ကျွမ်းကျင်ပြီး လူတိုင်း၏ခွင့်ပြုချက်ကို ရရှိနိုင်သော စားဖိုမှူးအသစ်ကိုသာ ရွေးချယ်ရမည်ဟု အားလုံးက သဘောတူခဲ့ကြသည်။

စားသောက်ဆောင်အတွက် ထမင်းချက်ကိစ္စကြောင့်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို မည်သူမျှ မထိခိုက်စေလိုသောကြောင့် ၎င်းတို့ကမိသားစုများထံသို့ပင် မပြောပြခဲ့ကြပေ။

သူတို့၏မိသားစုနှင့် ဆွေမျိုးတချို့က အဆက်အသွယ်ကိုသုံး၍ ဝင်ရောက်ရန် ကြိုးစားမည်ကို စိုးရိမ်သောကြောင့် ပိတ်ပင်ထားခဲ့ကြသည်။

သို့သော်လည်း သူ မမျှော်လင့်ထားသည့်အရာက အဘွားလင်းမှ ဤအကြောင်းကို အမှန်တကယ်သိခဲ့ပြီး အတိအကျ မေးလာခဲ့ခြင်းကိုပင် ဖြစ်ချေသည်။

“ ကျွန်တော်ပြောမယ် ၊ အဘွား ကျွန်တော်တို့ရဲ့ လောင်ကျိုးက နှစ်ရက်နေရင် ထွက်သွားတော့မှာ၊ ဒါပေမယ့် စားဖိုမှူးကိစ္စက ကျွန်တော် နောက်ဆုံးဆုံးဖြတ်စကားပြောမယ့်သူတော့ မဟုတ်ဘူး၊ ဒီကိစ္စအတွက် ကျွန်တော်တို့အားလုံး အတူတူ ဆုံးဖြတ်ရမယ်၊

ဟင်းချက်ကျွမ်းကျင်မှုအတွက် လိုအပ်ချက်တွေက အရမ်းများတယ်၊ ဒါတွေက အဘွားရဲ့ ဟင်းချက်လက်ရာအပေါ်မှာပဲ မူတည်တယ်၊ ဘာလို့ အရင်ဆုံး ပြန်သွားပြီး မစဉ်းစားကြည့်ရတာလဲ”

“အို ခေါင်းဆောင်၊ မင်း အထင်လွဲနေတာ၊ စားဖိုမှူးအတွက် လျှောက်ထားချင်တာက ငါမဟုတ်ဘူး၊ ငါ့မြေးမလေးပဲ”

ထိုစကားကို ပြောရင်းဖြင့် အဘွားအိုလင်းက အမြန်ခွာလိုက်ပြီး သူမ၏နောက်မှ လင်းရန်ကို အရှေ့သို့ ထွက်လာစေလိုက်သည်။

အဘွားလင်း မဟုတ်ကြောင်း ကြားလိုက်ရသည့်အချိန်တွင် ခေါင်းဆောင်က အတော်လေး စိတ်သက်သာရာ ရသွားခဲ့ရသည်။

ရလဒ်အနေနဲ့ သူ အသက်ရှုမဝသေးခင် ဗိုက်ထဲသို့ပြန်ကျသွားသွားသည့် ခံစားချက်က အဘွားလင်း၏နောက်မှာ လင်းရန်ကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားရပြန်သည်။

ဒါ.. ဒါ.. ဒါက အဘွားလင်းကို ထမင်းချက်ခိုင်းတာနှင့် အတူတူပဲ အဆင်မပြေနိုင်ဘူးလေ!

“အဘွား၊ ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား...”

ခေါင်းဆောင်က အဘွားလင်းဘေးက လင်းရန်ကို လှမ်းကြည့်လိုက်သည်။ သူမက အလွန် လှပပြီး ငယ်ရွယ်နုနယ်လွန်းပေသည်။

သူမ၏အသွင်အပြင်အရ ဟင်းကိုမည်သို့ချက်ရမည်နည်းကိုပင် မသိသေးပုံရသည်။ သူမ၏ရုပ်ရည်သွင်ပြင်မှာ် ရောင်းလိုအားနှင့် စျေးကွက်ရှာဖွေရေး သမဝါယမပူးပေါင်းဆောင်ရွက်မှုစျေးတွင်သာ အလှပြရန်အတွက် ရပ််ခိုင်းထားသင့်သည်။

သို့ဆိုပါက ဖောက်သည်များစွာကို ပိုမိုကြိုဆိုနိုင်ဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်လာနိုင်သည်။

ဤကဲ့သို့မိန်းကလေးမျိုးကိုသာ ချက်ပြုတ်ခွင့် ပေးလိုက်ပါက ကိုယ့်အိမ်မှ အစားအသောက်တွေလောက်ပင် စားကောင်းမည်မဟုတ်ဘဲနေမည်ကို သူကြောက်မိသည်။

အဘွားလင်းက ခေါင်းဆောင်၏ တုံ့ပြန်မှုကို မြင်သော် စိုးရွံ့လာရသည်။

“ခေါင်းဆောင်၊ မင်းဘာလို့ စာအုပ်တစ်အုပ်ကို သူ့ရဲ့ပြင်ပအသွင်အပြင်နဲ့ အကဲဖြတ်နေရတာလဲ၊ ငါ့တို့ရဲ့ ရန်ရန်က ရုပ်ရည်ချောမောပေမယ့်၊ သူမရဲ့ ချက်ပြုတ်မှုစွမ်းရည်က ငါတို့ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးမှာ ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ ပြောမယ်ဆိုရင် တခြားဘယ်သူကမှ ပထမလို့ ပြောရဲမှာမဟုတ်ဘူး!”  .

လင်းရန် အဘွားဖြစ်သူ၏ စကားကို နားထောင်းရင်းဖြင့် အကြောင်းပြချက်မရှိဘဲ အနည်းငယ်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

သို့သော် အဘွားလင်းက သူမ၏ အ၀ားအေသာက်များကို တစ်ကြိမ်စားကြည့်ပြီးရုံလောက်နှင့် သူမ၏ အစားအသောက်ကို ရောင်းချရန် အကောင်းဆုံးကြိုးစားနေသည့်ပုံကို ကြည့်ပြီး သူမ၏ အချက်အပြုတ်လက်ရာကလည်း တပ်မဟာအဖွဲ့ထဲတွင် အကောင်းဆုံးဟု ဆိုနေသည်ကို နားထောင်လျှက်ဖြင့် သူမ၏အဘွားဖြစ်သူထံတွင် ရှိနေသည့် filterက အလွန်ပင် အစွမ်းထက်လွန်းသည်ဟုသာ ပြောနိုင်တော့သည်။

မျှော်လင့်ထားသလိုပဲ ခေါင်းဆောင်ကတော့ လုံးဝကို မယုံကြည်ခဲ့ဘူး။

‘အဘွား ဒီအကြောင်းကို ဆက်မပြောနဲ့တော့၊ အဘွားရဲ့မြေးမလေးက တကယ်အရည်အချင်းရှိတယ်ဆိုရင် လောင်ကျိုးဆီကိုပဲ တိုက်ရိုက်သွားလိုက်ပါ၊ သူသာ ကောင်းတယ်လို့ပြောခံရင် ကျွန်တော်တို့ဘာမှပြောမှာမဟုတ်ဘူး”

ယခုအချိန်မှာ လောင်ကျိုးက သူတို့အတွက် စစ်ဆေးရေး တံခါးစောင့်နီးပါးလောက်ဖြစ်နေခဲ့ပြီ။ အကယ်၍လောင်ကျိုး၏ စာမေးပွဲကို အောင်မြင်ခဲ့ပါက သူတို့က လင်းရန်ကို သဘာဝကျစွာဖြင့် စမ်းကြည့်နိုင်လိမ့်မည်။

အဘွားလင်းက ထိုစကားကိုကြားသော် ဤကိစ္စ၏ အဓိကအချက်မှာ လောင်ကျိုးနှင့် သက်ဆိုင်နေသေးကြောင်း လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။

“ကောင်းပြီ ၊ဒါဆို ခေါင်းဆောင်၊ လောင်ကျိုးရဲ့အိမ်က ဘယ်မှာရှိလဲဆို ငါ့ကိုပြောပါဦး၊ ငါတို့ အခု သွားရှာလိုက်မယ်!”

ဆိုရိုးစကားအတိုင်း၊ အချိန်မနှောင်းသေးခင် ကိစ္စများကို အကောင်မထည် ဖော်ရမည်။ ထို့ကြောင့် အဘွားလင်းက ကိစ္စများကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ စဉ်းစားခဲ့သည်။

အဘွားလင်းမှ သူမ၏မြေးမလေးကို လောင်ကျိုးနှင့်တွေ့ခိုင်းရန်အတွက် အမှန်တကယ် သတ္တိရှိရှိ ခေါ်ဆောင်သွားဖို့တွေးတောနေသည်ကို တွေ့လိုက်ရလျှင် ခေါင်းဆောင်က နည်းနည်းလောက် မသေချာသကဲ့သို့ ခံစားလာရသည်။

ဒီကောင်မလေးက တကယ်ကိုအရည်အချင်းရှိနေတာများ ဖြစ်နိုင်လောက်မလား။

“ကောင်းပြီ ၊ ဒါဆို ကျွန်တော် လောင်ကျိုးရဲ့ လိပ်စာကို ပြောပြမယ် ၊ အဘွားတို့ သူ့ကို သွားရှာလို့ရတယ် “

ထို့နောက် ခေါင်းဆောင်က အဘွားလင်းနှင့် လင်းရန်တို့ကို စားဖိုမှူး ကျိုး၏လိပ်စာကို ပြောပြပြီးနောက် သူတို့ကို ပြန်လွှတ်လိုက်လေသည်။

စားဖိုမှူးကျိုးသည်လည်း ဤကွန်မြူနတီမှ ဖြစ်သော်လည်း သူရှိနေသည့်တပ်မဟာသည်ကား ၎င်းတို့၏ တုန့်ဖန်းတပ်မဟာနှင့် အနည်းငယ် ဝေးကွာနေသေးသည်။

ထို့ကြောင့် ကွန်မြူနတီမှ လမ်းလျှောက်ထွက်လာပြီးနောက် အဘွားလင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

အကယ်၍ သူမကသာ စားဖိုမှူးကျိုး၏နေရာကို ယခုအချိန် သွားလျှင် သူမက တစ်ဖက်လူများ နေ့လည်စာစားသည့် အချိန်နှင့် တိုးသွားနိုင်လိမ့်မည်။

ထို့ကြောင့် သူက တစ်ဖက်လူ၏နေရာသို့ မသွားသေးဖို့ စိတ်ကူး လိုက်သည်။

နောက်ဆုံးတော့ အဘွားလင်းက အိမ်သို့အရင်ဆုံးပြန်ဖို့ ဆုံးဖြတ်လိုက်ပြီး နေ့လည်စာစားပြီးချိန်လောက်မှသာ စားဖိုမှူးကျိုးဆီကို သွားရှာရန် ဆုံးဖြတ်လိုက်လေ၏။

ဤသို့ဖြင့် လူသုံးယောက်က ကွန်မြူနတီမှ ထွက်ခွာပြီး တပ်မဟာဆီသို့ လျှောက်သွားခဲ့ကြသည်။

အပြန်လမ်းတွင် အဘွားလင်းက နေ့လည်စာစားပြီးနောက် အစီအစဉ်ရှိကြောင်းကို လင်းရန်အား ပြောပြခဲ့သည်။

သူမက လင်းရန်အား နေ့လည်ခင်းတွင် ထမင်းချက်ရန် အချိန်ယူခိုင်းပြီး နေ့လည်တွင် စားဖိုမှူးကျိုး၏ အိမ်သို့ ယူသွားခိုင်းခဲ့လေသည်။

အဘွားကြီလင်း၏ ထင်မြင်ယူဆချက်အရ သူ့မြေးမ၏ ထမင်းပေါင်းက အလွန်အရသာရှိနေခဲ့သည်။ ထိုဟင်းလျာက သူမ၏ ထူးခြားချက် ဖြစ်လိမ့်မည်ဖြစ်သောကြောင့် သူ့မြေးမလေး၏ အရည်အချင်းကို မြင်အောင်ကြည့်နိုင်ရန်အတွက် စားဖိုမှူးကျိုးကို ပြသပေးရန်ကြိုးစားရလိမ့်မည်ဖြစ်သည်။

သူမရဲ့မြေးမလေးချက်တဲ့ အစားအစာက အရမ်းကိုအရသာရှိလွန်းတယ်။

ဟင်းအစုံထမင်းပေါင်းနဲ့ သခွားသီးအအေးသုပ်အပြင် တခြား အရသာရှိတာတွေ ရှိနေလောက်သေးလား...

အဟမ်း၊ လောလောဆယ် ဒါကို စိတ်ပူမနေသေးနဲ့ဦး။ ဒီအလုပ်ကို အရင် ပြီးအောင်လုပ်ရအောင်။

အဆိုးဆုံးအနေဖြင့် သူမက ယခုချိန်မှစပြီး ခေါင်းဆောင်များကို နေ့စဥ်နေ့တိုင်း ဟင်းအ၀ုံထမင်းပေါင်းကို ကျွေးရမည်သာဖြစ်သည်။

မည်သို့ပင်ဆိုစေ တစ်သက်လုံး ဟင်းအစုံထမင်းပေါင်းကိုသာ စားရမည်ဆိုရင်တောင် မည်သည့်အချိန်တွင်မှ ငြီးငွေ့သွားမည် မဟုတ်ဟု သူမ ခံစားနေရသည်။

**

All Chapters