အခန်း (၇၅)
Vol. 8 Ch. 75
လင်းရန်၏အသံကိုကြားသည်နှင့် မြေပြင်ပေါ်တွင်ထိုင်နေသော လီရှို့လီနှင့် လီရှို့လီ၏ နံဘေးတွင် အိတ်ကြီးများစွာကို ကိုင်ဆောင်နေသော စုန့်ဝေ့တို့၏ ဝမ်းနည်းနေသောမျက်နှာပေါ်တွင် ဗလာဖြစ်သွားခဲ့သော အကြည့်များဖြင့် ပြန်ကြည့်လာခဲ့ကြသည်။
“ကျွန်မကိုတွေ့ဖို့အတွက် ရောက်နေတာလား?”
ထိုစကားပြောပြီးနောက် လင်းရန်က ဝမ်းသာအားရစွာဖြင့် ရယ်မောကာ သူတို့၏ အနီးကိုလျှောက်သွားပြီး စုန့်ဝေ့၏ လက်ထဲမှ ပစ္စည်းများကို ယူလိုက်လေသည်။
“အိုး...ဦးလေးစုန့်လဲ အတူတူပါလာတာလား၊ သမီးကို တွေ့ဖို့အတွက်လား၊ ပစ္စည်းတွေ အများကြီးဝယ်လာခဲ့တာပဲ၊ ဒါတွေနှင့်ဆို ဘယ်တော့မှ သုံးလို့ကုန်မှာလဲတောင် မသိတော့ဘူး!”
သူမက ထိုစကားကိုပြောလိုက်ရင်း ပစ္စည်းများကို တုံ့ဆိုင်းမှုမရှိ ဆွဲယူလိုက်သည်။ ထိုလေးလံလှသော အထုပ်များကို ဆွဲယူပြီးနောက် စုန့်ဝေ့အား စကားပြောခွင့်ပင် အချိန်မပေးခဲ့ဘဲ အဘွားလင်း၏ အခန်းထဲသို့ သယ်သွားခဲ့လေသည်။
“အမေ၊ ဦးလေးစုန့်၊ ခဏစောင့်နော် သမီးပစ္စည်းတွေကို သွားထားပြီး ပြန်လာခဲ့မယ်”
စုန့်ဝေ့တစ်ယောက် သူ၏လက်ထဲမှ လက်ဆောင်များကို ငုံကြည့်လိုက်မိချိန်တွင် — လင်းရန်နှင့် အခြားသူများ အထင်ကြီးအောင် သို့မှမဟုတ် အနိုင်ယူရန် စီစဉ်ထားသော လက်ဆောင်များက — ရုတ်တရက် ပျော်က်ဆုံးသွားခဲ့သည်ကိုမြင်တွေ့လိုက်ရကာ အံ့အားသင့်သွားရလေ၏။
“?”
လင်းကျန်းအန်းမှာ သူ့သမီးလေး၏ ပထမဆုံးတုံ့ပြန်မှုက ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လင်းရန်မှ သူမ၏ အဖေနှင့် အမေတို့ကြားတွင် ရွေးချယ်ရန်အတွက် ရုန်းကန်နေရသည်ကို ကြည့်ရန် စောင့်နေခဲ့ကြသူများ: “?”
ဒါက ဘာဖြစ်လို့ သူတို့မျော်လင့်ထားတာနဲ့ ကွဲပြားနေရတာလဲ?
အဘွားလင်းကတေမ့ စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သူမက မြေပြင်ပေါ်တွင်ထိုင်နေသည့် လီရှို့လီနှင့် သူမ၏ဘေးမှ စုန့်ဝေးကို စိုက်ကြည့်နေခဲ့သည်။
“ဒီနှစ်ယောက်ကို ဘယ်သူဝင်ခွင့်ပေးလိုက်တာလဲ?”
သူမက ဒေါတကြီးဖြင့် အနားရှိနေသည့် သူ့မိသားစုဝင်များကို ကြည့်လိုက်သည်။
အိမ်ထဲတွင် လှုပ်ရှားမှုများစွာရှိနေသောကြောင့် ဖြစ်နိုင်သည်။ မိသားစုဝင်များအားလုံးက အလုပ်မှ ပြန်လာခဲ့ပြီး မိသားစုတစ်ခုလုံးက အနီးအနားတွင် ရပ်နေကြသည်။
ထိုစကားကိုကြားသောအခါ လင်းမိသားစုမှ အဖွဲ့ဝင်များက အချင်းချင်း ထိတ်လိန့်စွာ ကြည့်လိုက်ကြသည်။ အဆုံးတွင်တော့ တတိယချွေးမ ယင်းဖန်က ကျည်ဆန်ကို ကိုက်ရုံသာတက်နိုင်ခဲ့ပြီး တုန်လှုပ်စွာ မတ်တပ်ရပ်လိုက်သည်။
“အမေ၊အဲဒါက ကျွန်မပါ…”
အဘွားလင်း၏ အမူအရာက အေးစက်လာခဲ့ပြီး ဒေါသထွက်လာခါနီးတွင် ယင်းဖန်က လျင်မြန်စွာ ပြောလာခဲ့သည်:
“ဒါပေမယ့် အဲဒါက ကျွန်မအမှားမဟုတ်ဘူး၊ ဒီလူနှစ်ယောက်က ရန်ရန်ကို လာတွေ့တာလို့ပြောပြီး သူတို့က ဆွေမျိုးတော်တယ်လို့ ပြောခဲ့တာ!”
“ကျွန်…ကျွန်မက သူတို့က မြို့ထဲကနေလာပြီးတော့ ရန်ရန်ကို တွေ့ဖို့အတွက်ရောက်လာတာထင်လို့ ပေးဝင်လိုက်တာ”
ယင်းဖန် လက်ထပ်သည့်အချိန်တွင် လီရှို့လီနှင့် လင်းကျန်းအန်းတို့က ကွာရှင်းပြတ်စဲခဲ့ပြီ ဖြစ်သောကြောင့် သူမက လီရှို့လီကို မသိသည်မှာ ပုံမှန်ပင်ဖြစ်သည်။
သူမ၏ ရှေ့တွင်ရှိသော အမျိုးသမီးမှ မိသားစုဝင်တိုင်းမှ ရိုက်နှက်ချင်စိတ်ဖြစ်လာစေရန် အော်ဟစ်နေခဲ့သော ဒုတိယချွေးမဟောင်းမှန်း သိခဲ့မည်ဆိုလျှင် သူမကို မည်သောအခါမှ ဝင်ခွင့်ပေးမည််ဟုတ်ပေ။
အဘွားလင်းက ထိုအရာကိုကြားသော် ဒေါသကို ထိန်းထားခဲ့သော်လည်း နောက်တစ်စက္ကန့်အတွင်းယရင်းဖန်ကို ပြောလာခဲ့သည်။
“မင်းက ဒီလူတွေကို ဝင်ခွင့်ပေးလိုက်တာဆိုမှတော့ သူတို့ မောင်းထုတ်ဖို့အတွက်လည်း မင်းမှာ တာဝန်ရှိတယ်!”
ထို့နောက် နောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုခုရှိသော စကားတစ်ခွန်းကို ထပ်ပြောလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဆွေမျိုးတွေကို ဖယ်ထုတ်တဲ့နေရာမှာ မင်းက အတော်ဆုံးဘဲမလား?”
ယင်းဖန်မှာ အဘွားလင်း၏ ခြိမ်းခြောက်ခံရမှုကို ခံနေရပြီး လူအများ၏ ကြည့်ရှုခြင်းကိုလည်း လက်ခံနေရသောကြောင့် အနည်းငယ်ရှက်ရွံ့သွားသော်လည်း သူမက ခေါင်းညိတ်လိုက်ဆဲသာဖြစ်သည်။
ထို့နောက် အခြားသူများ၏ သံသယရှိနေသော အကြည့်များအောက်တွင် သူမက ခြံထောင့်သို့ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး ထောင့်တွင်ရှိနေသော တံမြတ်စည်းကို ကောက်ယူလိုက်လေသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းက လင်းမိသားစု၏ တတိယချွေးမကို မျက်လုံးပြူးကာ စိုက်ကြည့်လာခဲ့ကြသည်။
သူမက တံမြတ်စည်းနဲ့ ရိုက်ထုတ်မလို့ လုပ်နေတာလား?
ဘေးဘက်တွက်ရှိနေသည့် လီရှို့လီနှင့် စုန့်ဝေတို့က ပို၍ပင် မယုံနိုင်ဖြစ်ခဲ့ကြသည်။
လင်းမိသားစုက ဘယ်လိုပဲ ရိုင်းစိုင်းနေပါစေ၊ လူအများရှေ့မှာ သူတို့ကို ရိုက်နှက်လို့မရဘူးလေ။
သူတို့က ရက်စက်ကြမ်းကြုတ်တဲ့သူတွေလား?
လီရှို့လီနှင့် စုန့်ဝေ့တို့ ထိတ်လန့်နေစဉ်တွင် လင်းမိသားစု၏ တတိယချွေးမ ယင်းဖန်က သူတို့ဆီသို့ တံမျက်စည်းကို မျက်နှာမူလိုက်လေသည်။
သူမက တံမျက်စည်းကို ဝှေ့ယမ်းရင်း ဆောင်ပုဒ်တစ်ခုကို ကြွေးကျော်လိုက်သည်။
“ ငါ ပိုက်မဆံမလိုဘူး၊ ငါ့ဘဝကို ဝင်စွပ်ဖက်မှာကို မလိုအပ်ဘူး၊ ငါက မင်းပြောသမျှကို နားထောင်ပြီး လှည့်စားခံရမဲ့သူမဟုတ်ဘူး၊ ငါ့ကိုထပ်နှောင့်ယှက်နေမယ်ဆိုရင် မင်းထပ်မလုပ်ရဲအောင် ငါရိုက်လိုက်မယ်၊ အားးးးး ဒီမှာလာပြီ….”
“အခုထွက်သွားလိုက်စမ်း!”
ယင်းဖန်က ပြင်းထန်သည့် အော်ဟစ်သံနှင့်အတူ သူမ၏အမူအရာကလည်စ တစ်ဖက်မှလူများကို ပျောက်ကွယ်သွားအောင် သုတ်သင်ချင်နေသကဲ့သို့ဖြစ်နေခဲ့သည်။
သူမ၏ပုံစံက လွန်ခဲ့သောနှစ်အနည်းငယ်က ပိုက်ဆံတောင်းရန် အိမ်ပေါက်ဝသို့ ရောက်လာခဲ့သော သူမမိခင်၏ မိသားစုများ၏ ရွံ့ရှာဖွယ်မျက်နှာများကို ပြန်လည် သတိရမိသွားပုံရသည်။ တံမျက်စည်းကို ပို၍ ပြင်းထန်စွာ ဝှေ့ယမ်းလာခဲ့ပြီး ဟိန်းဟောက်သံနှင့်အတူ ရှေ့သို့ ဆက်တိုက်တိုးနေခဲ့သည်။
လီရှို့လီနှင့် စုန့်ဝေ့တို့မှာ ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသောကြောင့် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။ တားဆီးရန်အတိက် သူတို့၏ လက်များကိုသာ အသုံးပြုနိုင်ခဲ့ပြီး အနောက်ဘက်သို့ ဆုတ်ခွာရင်းဖြင့် မကြာမီ တံခါးဝသို့ ရောက်ရှိသွားခဲ့လေသည်….
ထိုမြင်ကွင်းကို မြင်သောအခါ အဘွားလင်းက ဝမ်းသားအားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဤတတိယချွေးမက မည်သည့်အရာမျှကို ကျွမ်းကျင်ပုံမရသော်လည်း သူမက တံမြတ်စည်းကိုင်ရန်တွင်တော့ အလွန်ကျွမ်းကျင်နေခဲ့သည်။
သူမ နှစ်ပေါင်းများစွာကြာအောင် တတိယချွေးမကို ဂရုတစိုက်နှင့် အသွင်ပြောင်းပေးခဲ့သည်မှာ အချည်းနှီးမဖြစ်ခဲ့ပါချေ။ သူမ မိခင်ဘက်မှ မိသားစုများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံရလေ့ရှိသော ငတုံးတစ်ယောက်အဖြစ်မှ တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်ဟု ဆိုနိုင်သည်။
တတိယမြောက်ချွေးမ ယင်းဖန်သည်ကား သမီးများထက် သားများအပေါ်တွင် ဦးစားပေးသည့် မိသားစုတွင် မွေးဖွားခဲ့သည်။
ငယ်စဉ်ကလေးဘဝတည်းက အစ်မများက မောင်ငယ်များအတွက်သာ လုပ်ကိုင်ပေးတတ်ရန် သင်ကြားပေးခဲ့သည်။
သူတို့ ငယ်ရွယ်စဉ်တွင် သူတို့၏ မောင်ငယ်များကို အိမ်တွင် စောင့်ရှောက်ပေးခဲ့လေသည်။
သူတို့ ကြီးပြင်းလာပြီး အိမ်ထောင်ကျသွားအခါတွင်လည်း ပြန်လည်ထောက်ပံ့ပေးရပြသည်။
ယင်းဖန်၏
အစ်ကိုနှင့် မောင်များက ယင်းဖန်ခင်ပွန်းသည်၏အိမ်ကို ပြောင်လတ်သွားအောင်လုပ်နေသကဲ့သို့ အိမ်သို့လာသည့်အချိန်တိုင်း ပစ္စည်းများစွာ ပြန်သယ်သွားလေ့ရှိသည်။
ယင်းဖန်က အစတွင် လက်ခံချင်ခဲ့သော်လည်း အဘွားလင်း၏ ပထမဆုံးအကြိမ် အော်ငေါက်ခြင်းကို ခံခဲ့ရသည်။
ထို့နောက်တွင် သူမက တစ်စုံတစ်ရာမှားနေကြောင်းကို သိရှိသွားပြီး သူမ၏ မှားယွင်းနေသော အယူအဆကို အလျင်အမြန်ပြင်ဆင်ခဲ့ရလေသည်။
သေချာသည်ကတော့ အစပိုင်းတွင် မလွယ်ကူခဲ့ပေ။ သို့သော် တတိယချွေးမက အားနည်းသူကို အနိုင်ကျင့်ကာ သန်မာသူများကို ကြောက်ရွံ့တတ်သူဖြစ်သည်။
အဘွားလင်းက တင်းမာသောမျက်နှာထားဖြင့် ကြိမ်ဖန်များစွာ ဆူပူကြိမ်းမောင်းခဲ့သည်။ အကြပ်ကိုင်တက်သော မိသားစုနှင့် အတူနေခဲ့သော ယင်းဖန်မှာ စိတ်တည်ငြိမ်စွာထားသင့်ပြီး ရိုးသားစွာတွေးတောနိုင်မှသာလျှင် အဆင်ပြေမည်ဖြစ်သည်။
သူမသည်လည်း အဘွားလင်း၏ သင်ကြားမှုအောက်တွင် ယခင်ကဲ့သို့သောအတွေးများက မှားနေကြောင်း အမှားအမှန်ကို သိလာခဲ့သည်။
သူမရဲ့ပစ္စည်းတွေကို သူမပိုင်တယ်။ ဘာဖြစ်လို့ သူမရဲ့မိသားစုဆီကို ပေးပစ်ရမှာလဲ?
ထို့နောက် ယင်းမိသားစုက အကြိမ်ပေါင်းများစွာ လာခဲ့သော်လည်း အဘွားလင်းက ယင်းဖန်အား မောင်းထုတ်ရန် ပြောခဲ့သည်။
ထိုအချိန်မှစ၍ သူမ၏ တံမျက်စည်းကျွမ်းကျင်မှုက တိုးတက်လာခဲ့သည်။
စုန့်ဝေ့နှင့် လီရှို့လီတို့က ရှက်ရွံစွာဖြင့် တံခါးဆီသို့ အလျင်အမြန်ပြေးသွားခဲ့ရပြီး သူတို့၏ မျက်နှာက အလွန်ပင်ရုပ်ဆိုးနေခဲ့သည်။
အထူးသဖြင့် စုန့်ဝေ့၏ မျက်နှာထားက အလွန်ပင် ရှုံ့တွနေလျက်ရှိနေပြီး ဒေါသကိုထိန်းထားရန် အတတ်နိုင်ဆုံးကြိုးစားနေခဲ့ရသည်။
လင်းမိသားစုက သူ့ကို ဒီလိုဆက်ဆံရဲလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး…
သူ၏ လက်ရှိအနေအထားအရ စက်ရုံရှိ လူတော်တော်များများကပင် လေးစားအားကျကြသည်။ သို့သော် ကျေးလက်ဒေသသို့ရောက်သောအခါတွင် လင်းမိသားစု၏ တံမြတ်စည်းဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
သူ့ဘဝမှာ တစ်ခါမှ ဒီလောက်ထိ အရှက်မရဖူးဘူး…!!
လီရှို့လီကတော့ အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရပြီး ယခုတွင် သူမက ငိုရန်ပင်မေ့နေပြီဖြစ်ကာ ဒေါသသာထွက်နေခဲ့သည်။
“ကြွက်စုတ်လိုဟာမ၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ? မင်းကများ ငါ့ကို ဘယ်လိုလုပ်ရိုက်ရဲရတာလဲ?”
ယင်းဖန်က လူကိုရိုက်နှက်ကာ တိုက်ခိုက်ပြီးနောက် ပြန်လည်လန်းဆန်းသွားခဲ့သည်။
“ရှင်ဘယ်သူလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် ရှင်က လင်းမိသားစုက မဟုတ်ဘူး၊ ပြီးတော့ ရှင်က ကျွန်မတို့အိမ်ကို လာပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲသေးတယ်၊ ဒါကြောင့် ရှင်က ကျွန်မ ရိုက််ရမဲ့သူပဲ!”
သူက ခဏတာလောက်စဉ်းစားပြီးနောက် လီရှို့လီအား ရွံစရာကောင်းသောအရာတစ်ခု မပြောဘဲ မနေနိုင်ခဲ့ပေ။
“ လက်ရှိယောက်ျားကို ခင်ပွန်းဟောင်းအိမ်ဆီခေါ်လာတဲ့ ရှင့်လို အရှက်မဲ့တဲ့မိန်းမကို ကျွန်မ တစ်ခါမှမတွေ့ဖူးသေးဘူး! ထွီ! ကျွန်မကတော့ ရှင့်အစား တကယ်ကို ရှက်မိတယ်!”
လီရှို့လီမှာ သူမပြောခဲ့သည့်စကားကြောင့် ရှက်သွားရသော်လည်း ရင်းဖန် ပြောခဲ့သည်က အမှန်ပင်ဖြစ်နေခဲ့သည်။
“နင် နင် နင် နင်!”
“လောင်စုန့် သူတို့ကို ကြည့်ပါဦး၊ ဒါကြောင့် ကျွန်မကို ရှင်နဲ့အတူ မလိုက်ခိုင်းနဲ့လို့ ကျွန်မပြောခဲ့တယ်လေ၊ အခု သူတို့က ကျွန်မကို အရှက်ရအောင်လုပ်နေတယ်၊ အခု ကျွန်မ တကယ်ကိုရှက်နေပြီ ဝူးဝူး…”
ဝူး….
စကားပြောရင်းပင် လီရှို့လီက ဒေါသတကြီး အော်ငိုလိုက်လေသည်။
သူမက ဤကျေးလက်ဒေသ၏ကြွက်စုတ်ကို အနိုင်မယူနိုင်သလို ငေါက်လည်းမငေါက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ စိတ်ဓာတ်ကျသွားခဲ့ရပြီး သေလုနီးပါးပင်ရှက်ရွံ့နေခဲ့၏။
မူလတွင် စုန့်ဝေ့မှ ယမန်နေ့အချိန်တွင် လင်းရန်အား ပြန်ခေါ်ရန် ကျေးလက်ဒေသရှိ လင်းမိသားစုဆီသို့ သွားမည်ဟု ပြောသောအခါ သူမက သဘောတူခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ထိုသူက သူမကိုပါ အတူလိုက်ရမည်ဟု ခေါ်လာဖို့ကို မထင်ထားခဲ့ပေ။ သေချာသည်ကတော့ လီရှို့လီမှာ အလွန်ပင် မပျော်မရွှင်ဖြစ်နေခဲ့ရသည်။
လင်းကျန်းအန်းနှင့် ကွာရှင်းပြတ်စဲသည့်အချိန်တွင် သူမနှင့် လင်းမိသားစု၏ ဆက်ဆံရေးက တင်းမာလွန်းလှသည်။
သူမ ယခု လင်းမိသားစုထံသို့ ရောက်လာမည်ဆိုလျှင် သူတို့က သူမအား အရှက်ရစေမည်မှာ သေချာသည်။
ရလဒ်အနေဖြင့် ယခုတွင် သူမ၏ ခန့်မှန်းချက်က အမှန်ပင်ဖြစ်လာခဲ့ပြီး လီရှို့လီမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ချင်လောက်အောင် ရှက်ရွံနေခဲ့ရသည်။
**