← Chapters

အခန်း (၇၇)

Vol. 8 Ch. 77

အခန်း (၇၇)

Vol. 8 Ch. 77

စုန့်ဝေ့က အရှက်မရှိဖြစ်နေသည်ကို မြင်နေခဲ့ရပြီးနောက် တစ်ဖက်မှ လင်းကျန်းအန်းမှာ သည့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ပြောလိုက်သည်။

သူက စုန့်ဝေ့ကို လေးနက်ပြင်းထန်နေသော မျက်နှာထားဖြင့် ကြည့်ကာ ဒေါသတကြီးနှင့် ပြောလိုက်လေသည်။

“ကောင်းပြီ၊ စုန့်ဝေ့ မင်းရဲ့မျက်နှာကို ဖယ်ထားလိုက်စမ်းပါ! ငါ့သမီးလေး စားချင်တာ၊ ဝတ်ချင်တာ ဘာပဲဖြစ်ဖြစ် ဒီအဖေက သူ့အတွက် ဝယ်ပေးမယ်၊ ငါ မင်းကို စော်ကားပြီး စိတ်ပူပမ်ခိုင်းနေစရာမလိုဘူး၊ ဒီအရာတွေနဲ့ သူ့ကို ပြန်ဆွဲဆောင်ဖို့ မကြိုးစားနေခနဲ့”

“မင်းတို့နှစ်ယောက် ဘာတွေစီစဉ်နေလဲဆိုတာကို ငါမသိဘူးမထင်နဲ့၊ မင်းတို့တွေက ရန်ရန်ကို ပြန်ခေါ်သွားပြီး

တတ်နိုင်သမျှ အမြန်ဆုံးလက်ထပ်ခိုင်းချင်နေတာပဲ၊ ဟုတ်တယ်မလား?”

စုန့်ဝေ့နှင့် လီရှို့လီတို့က လင်းရန်ကို သူတို့နောက်ကွယ်တွင် မည်သူနှင့် မိတ်ဆက်ပေးမည်ကို လင်းကျန်းအန်းက မသိသော်လည်း၊ သူတို့ထံတွင် ကောင်းသောရည်ရွယ်ချက် ရှိမနေမည်မှာသေချာသည်။

စုန့်ဝေ့ကို ကြိမ်းမောင်းပြီးနောက် လင်းကျန်းအန်းက လီရှို့လီကိုလည်း အလွတ်မပေးခဲ့ပေ။

“လီရှို့လီ၊ ရန်ရန်က မင်းရဲ့သမီးအရင်းပဲ၊ မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ရက်စက်နိုင်ရတာလဲ၊ သူမ မကြိုက်တဲ့သူတစ်ယောက်နဲ့ မင်းက လက်ထပ်ပေးလိုက်ပြီး သူမကို မီးတွင်းထဲတွန်းချချင်နေတယ်၊ မင်းက သူမရဲ့ အမေဖြစ်ဖို့ မထိုက်တန်ဘူး!”

လင်းကျန်းအန်းက သူမအား အထင်အမြင်သေးသည့်အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လျှင် လီရှို့လီမှာ လှုံ့ဆော်ပေးခံရသကဲ့သို့ ခံစားရသောကြောင့် ရုတ်တရက် သူမ၏ အသံကိုမြင့်တင်လိုက်သည်။

“လင်းကျန်းအန်း! ရှင် ဘာအဓိပ္ပါယ် မရှိတာတွေပြောနေတာလဲ? ကျွန်မက ဘာဖြစ်လို့ လင်းရန်ကို မီးတွင်းထဲတွန်းချရမှာလဲ?

ရှောင်ရှု.. ဒါရိုက်တာရဲ့သားက အရမ်းအရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ.. သူ့ကိုလက်ထပ်ပြီးရင်၊ သူမက ကေဒါရဲ့ ဇနီး တစ်ယောက်ဖြစ်လာနိုင်တယ်၊

အဲဒါက ဘာမှားလို့လဲ? ကျွန်မ သူမကိုအရမ်းဂရုစိုက်လို့ ဒီလိုလုပ်တာလေ၊ ကျွန်မက ဘာဖြစ်လို့ သူမရဲ့ အမေ မဖြစ်ထိုက်တာလဲ!”

ဘေးတွင်ရှိနေသည့် စုန့်ဝေ့မှာ လီရှို့လီကို တားဆီးချင်သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။

ဤစကားများကိုပြောပြီးသည်နှင့် သူတို့၏ရည်ရွယ်ချက်က လင်းရန် ကိုပြန်ခေါ်သွားပြီး လက်ထပ်ခိုင်းဖို့ဖြစ်ကြောင်းကို ဝန်ခံလိုက်သည်နှင့် အတူတူဖြစ်သွားခဲ့ပြီ။

အရာအားလုံးက အချည်းနှီးဖြစ်သွားရပေပြီ။

လီရှို့လီက ဤသည်ကို ဝန်ခံသည်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်မှ လူများက အံ့ဩသွားခဲ့ကြသည်။

လီရှို့လီနှင့် စုန့်ဝေ့တို့က လင်းရန်ကို ဒုက္ခပင်လယ်ထဲမှ ခေါ်ထုတ်ရန် အမှန်တကယ်ပင် စီစဉ်နေကြသည်ဟု ထင်ခဲ့ကြသော်လည်း ထိုသူများမှာ လင်းရန်ကို လက်ထပ်ခိုင်းရန်အတွက်သာ စိတ်အားထက်သန်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

လင်းကျန်းအန်း ပြောတာ တကယ်ဖြစ်နိုင်တယ်။ ဒီလင်မယားနှစ်ယောက်က သူတို့သမီးကို ရောင်းစားဖို့ စီစဉ်နေတာဖြစ်ရမယ်!

“ဒီလူက ဘယ်သူလဲ? သူက လူသားတစ်ယောက်လိုနှင့်တူပြီး စက်ရုံရဲ့ခေါင်းဆောင်ဖြစ်နေတုန်းပဲ၊ ဒါပေမယ့် နောက်ကွယ်မှာတော့ အရမ်းမည်းမှောင်နေတာမဟုတ်ဘူးလား!”

“ဟုတ်တယ်၊ စကားပုံအတိုင်း မင်းမှာ ပထွေးရှိရင် မိထွေး ရှိလာလိမ့်မယ်၊ ဒီ လီရှို့လီကိုပဲကြည့်လိုက် ၊ သူ့သမီးကိုတောင်သူ ဂရုမစိုက်ဘူး၊ ဒီလူရဲ့ နောက်ကိုပဲ လိုက်ဖို့ အာရုံစိုက်နေတော့တာ၊ ကျစ် ကျစ်”

“အဲလောက် ကောင်းတဲ့လူရှိရင်လည်း ကြွားပြဖို့အတွက် ဘာဖြစ်လို့ မင်းရဲ့သမီးအရင်းနဲ့ မမိတ်ဆက်ပေးလိုက်တာလဲ? ထွီ…ဘယ်လိုတောင် ပုပ်သိုးနေတဲ့လူတွေလဲ!”

သူ့နားထဲတွင် ဝင်ရောက်လာသည့် ဆဲဆိုသံ အမျိုးမျိုးကို နားထောင်ရင်း စုန့်ဝေ့၏ မျက်နှာက အလွန်အမင်း ရုပ်ဆိုးလာခဲ့သည်။

သူ မွေးကတည်းက ယခုချိန်ထိ မည်သူ့ထံကမှ ဤကဲ့သို့ စော်ကားချင်းကို မခံရဖူးပေ။

ယခုအချိန်တွင် သူ့သမီး၏အနာဂတ်ကို တွေးနေသေးသော်လည်း သူ သည်းမခံနိုင်တော့ပေ။

သူကလင်းရန်ကို ဒေါသတကြီးမျက်နှာဖြင့် ကြည့်ကာ နောက်ဆုံးအကြိမ် မေးလိုက်သည်။

“ရန်ရန်၊ အန်ကယ်စုန့်က မင်းကို နောက်ဆုံးတစ်ခေါက်အနေနဲ့ ထပ်မေးမယ်၊ မင်း ဒီနေ့ ဦးလေးတို့နဲ လိုက်မှာလား မလိုက်ဘူးလား?”

“မင်း အခု အန်ကယ်တို့နဲ့ ထွက်သွားမယ်ဆိုရင် ခုနက ကတိပေးထားတဲ့ အရာအားလုံးက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊

အန်ကယ်စုန့်က မင်းကို အရင်တုန်းက ပုံစံအတိုင်း ဆက်ဆံခဲ့ပြီး နောင်မှာလည်း မင်းကို ဒီလိုပဲ ကောင်းကောင်းဆက်ဆံမှာ၊

ဒါပေမယ့် မင်းမလိုက်ဘူးဆိုရင် အခုကစပြီး ငါတို့ စုန့် မိသားစုကလည်း မင်းကို အရင်လို ဆက်ဆံလိမ့်မယ်လို့မထင်နဲ့တော့၊ ငါတို့ကြားမှာ ထပ်ပတ်သက်စရာမရှိတော့ဘူး!”

နောက်ဆုံးစကားကို ခြိမ်းခြောက်မှုဟုပင် ခေါ်ဆိုနိုင်သည်။

စုန့်ဝေ့က မူလတွင် ဤမျှလောက်ကြီးကျယ်သော အရာကို မလုပ်ချင်သော်လည်း သူ့ရှေ့တွင် မြင်လိုက်ရသည်မှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

သူ့အနေဖြင့် လက်ဗလာနှင့် ပြန်သွားရန် ဆန္ဒမရှိသောကြောင့် တစ်ခုခုတော့ ရအောင်ယူရမည်ဖြစ်သည်။

လင်းရန်က သူနဲ့ပြန်လိုက်ပြီး သူစီစဥ်ပေးတဲ့အတိုင်း “မင်္ဂလာဆောင်”ပြီး သူမကို ဆယ်နှစ်ကျော်ကြာ ပြုစုပေးခဲ့တဲ့ကြင်နာမှုကို ပြန်ပေးဆပ်ရမှာမဟုတ်ဘူးလား?

သူမသာ လက်မခံရင် သူက သူမကို လုံးဝစွန့်ပစ်လိုက်မှာဖြစ်ပြီး သူ့ရဲ့ စုန့်မိသားစုအပေါ် ဘယ်တော့မှ အခွင့်အရေးယူခွင့် ပေးတော့မှာ မဟုတ်ဘူး။

သူ့သမီးအတွက် ခြေနင်းကျောက်တုံးအနေဖြင့် လင်းရန်မရှိခဲ့ပါက အနည်းငယ်လောက်တော့ အခက်အခဲရှိလာလိမ့်မည် ဖြစ်သည်။

သို့သော် စုန့်ဝေ့က သူ၏ကိုယ်ပိုင်အစွမ်းအစနဲ့ အဆက်အသွယ်ချိတ်ဆက်မှုများအပြင် သူ့သမီး၏ ယခင်ဘဝက အတွေ့အကြုံများနှင့်ဆိုလျှင် လင်းရန်မရှိလျှင်ပင် သူတို့ကိုယ်ပိုင်နည်းလမ်းများကို ရှာဖွေနိုင်လိမ့်မည်ဟု သေချာပေါက်ယုံကြည်နေခဲ့သည်။

ထိုစကားများကို ပြောပြီးနောက် လင်းရန်က မည်သည့်သဘောထားကိုမျှ မပြောရသေးသော်လည်း လီရှို့လီကတော့ လုံးလုံးလျားလျားပင် အံ့အားသင့်သွားခဲ့သည်။

သူမ၏ မျက်လုံးများကပြူးကျယ်လာခဲ့ပြီး စုန့်ဝေ့ကို မယုံကြည်နိုင်စွာ ဖြင့် ကြည့်နေမိသည်။

“လောင်စုန့် ရှင် ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ? ရန်ရန်က ကျွန်မသမီးလေ၊ သူမသာ စုန့်မိသားစုဆီကို မပြန်ဘူးဆိုရင် သူမ ဘယ်ကိုသွားလို့ရမလဲ? သူမ ဘယ်သွားလို့ရနိုင်မှာလဲ?”

လီရှို့လီက စုန့်ဝေ့မှ ဤကဲ့သို့သောစကားမျိုးပြောလာလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့မိပေ။

စုန့်မိသားစုနဲ့ လင်းရန်က အတူတူနေဖို့ သတ်မှတ်ထားပြီးသားပဲလို့ သူပြောခဲ့တာမလား။

အခုကျတော့ လင်းရန်ကို စုန့်မိသားစုဆီ ဘယ်တော့မှ ပြန်မလာရတော့ဘူးလို့ ပြောနေတာ မဟုတ်ဘူးလား?

သူမကို လုံးဝ နှင်ထုတ်ပြီးတော့ အမေနှင့်သမီးကို ခွဲထားချင်တာလား!

လီရှို့လီမှာ စိတ်ဆိုးနေသည့် စုန့်ဝေ့၏လက်ကို ဖမ်းကိုင်လိုက်ပြီး ထိုသူ ဒေါသထွက်နေသောကြောင့်သာ ထိုစကားလုံးများကို ပြောခဲ့သည်ဟု ဝန်ခံခိုင်းရန် ကြိုးစားနေခဲ့သည်။

“လောင် စုန့် အဲလိုဟာသတွေ မလုပ်နဲ့၊ ရှင် စိတ်ဆိုးနေတာကို ကျွန်မသိပါတယ်၊ ဒီကောင်မလေးက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်၊

ဒါပေမယ့် ရှင်က စိတ်ရှည်တယ်လေ၊သူမကို ရှင့်ရဲ့သမီးအရင်းလို့ နှစ်အတော်ကြာအောင် သတ်မှတ်ခဲ့တာမဟုတ်ဘူးလား? ရှင် ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ၊ သူနဲ့ အဆက်အသွယ်ဖြတ်ချင်တယ်လို့ ပြောလို့မရဘူးလေ!!”

သို့သော် စုန့်ဝေ့က မည်သည့်စကားကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လီရှို့လီ၏ လက်မောင်းကို ဆွဲဖယ်ပြီး ပြောလာသည်။

“အရင်တုန်းကတော့ သူက ငါပြောတာကို နာခံပြီး၊ ကောင်းကောင်းနေခဲ့လို့ ငါ့သမီးအရင်းလိုမျိုးသတ်မှတ်သဘောထားခဲ့တယ်၊

ဒါပေမယ့် အခု မင်းမြင်လိုက်နေတာပဲလေ၊ ဒီကလေးရဲ့နှလုံးသားက ရိုင်းစိုင်းလာပြီ၊ အခု သူ့အဖေအရင်းနဲ့ မိသားစုတွေရှိလာပြီဆိုတော့ ငါတို့ကို အလေးအနက်မထားတော့ဘူး၊

ဒါကို ငါက အရင်ကလိုပဲ သူမကို ထောက်ပံ့ပေးနိုင်သေးလိမ့်မယ်လို့ မင်းထင်နေလား?”

“မဟုတ်ပါဘူး၊ အဲဒါမဟုတ်ပါဘူး... လောင်စုန့် လင်းရန်က ခဏတာလောက် နားမလည်နိုင်ဖြစ်နေခဲ့တာပါ၊ သူမပြောတာကို နားထောင်ပါဦး၊ သူမက ကျွန်တို့နဲ့ စုန့်မိသားစုကို ပြန်သွားချင်နေမှာပါ”

စုန့်ဝေ့က အလေးအနက်ပြောနေသည်ကိုမြင်သောအချိန်တွင် လီရှို့လီမှာ လုံးဝကို ထိတ်လန့်သွားခဲ့ပြီး တုန်ယင်နေသော အသံနှင့် လင်းရန်ကို အလျင်စလိုပြောလိုက်သည်။

“လင်းရန်၊ မင်းရဲ့ အန်ကယ်စုန့်ကို ဘာလို့ မင်းမှားကြောင်း ဝန်မခံရသေးတာလဲ? ပြီးတော့ မင်းရဲ့ ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး ငါတို့နဲ့ ပြန်ခဲ့လိုက်၊ မြန်မြန် မြန်မြန်လုပ်စမ်း!”

စကား၏အဆုံးတွင် လီရှို့လီ၏အသံက တင်းမာပြတ်တောင်းသွားသော်လည်း သူမက ဂရုမစိုက်နိုင်တော့ပေ။

ဤမိန်းကလေး လင်းရန်ကို ပြန်လာရန် မစည်းရုံးနိုင်ခဲ့လျှင် သူမ၏သမီးနှင့် ဘယ်သောအခါမှ ပြန်မတွေ့နိုင်တော့မည်မှာ သေချာနေသည်။

“ရန်ရန် မင်းက မင်းအမေနဲ့ ခွဲခွါချင်နေတာလား? သမီးနဲ့မရှိရင် အမေတစ်ယောက်တည်း ဘာလုပ်ရမှာလဲ? အမေ သမီးမရှိဘဲ မနေနိုင်ဘူး...”

လီရှို့လီက နီရဲသော မျက်လုံးများဖြင့် လင်းရန်ကို ကြည့်ပြီး ပြောလာခဲ့၏။

လင်းရန်က သူမကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ ဤအခိုက်အတန့်တွင် လီရှို့လီ ပြောသည့်စကားက အမှန်ဖြစ်နိုင်သည်ကို သူမ သိနေခဲ့သည်။ သို့သော်လည်း သူမကိုယ်သူမလည်း မလွှတ်ပေးနိုင်ပါချေ။

လီရှို့လီ၏ နောက်ကျနေသည့် မိခင်မေတ္တာနဲ့ ယှဉ်လိုက်လျှင် လင်းရန်တွင် သူမအတွက် လေးနက်သည့် ခံစားချက်များ မရှိပေ။ ထို့အပြင် သူမ ပြန်သွားသည်နှင့် ယခင်ဘဝကဲ့သို့ ကြေကွဲဖွယ်ရာ ဇာတ်သိမ်းခန်းထဲသို့ မလွဲမသွေ ကျရောက်ရလိမ့်မည်။

ထို့ကြောင့် သူမက လီရှို့လီကို စိတ်ထဲမှ တောင်းပန်ရုံသာ တက်နိုင်ခဲ့ပြီး စုန့်ဝေ့ကို ကြည့်လိုက်သည်။

“အန်ကယ်စုန့်၊ ဒီလောက်နှစ်တွေကြာတဲ့အထိ ကျွန်မကို ပြုစုစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အခု ကျွန်မရဲ့အဖေအရင်းဆီကို ပြန်လာပြီ၊ ပြီးတော့ ကျွန်မတို့မိသားစုက ပြန်ဆုံတာလည်း မကြာသေးဘူး၊ဒါကြောင့် ဒီအတိုင်းထွက်မသွားချင်ဘူး”

“ဒီနေ့ မပြန်လာဘူးဆိုရင် စုန့်မိသားစုဆီကို ပြန်သွားစရာ မလိုတော့ဘူးလို့ အန်ကယ်စုန့် ပြောခဲ့တယ်ဆိုမှတော့ ကျွနာမလည်း အန်ကယ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှာပါ”

ဘန်း!~~

လီရှို့လီမှာ လင်းရန်မှ အလွန်ခေါင်းမာနေပြီး သူတို့နှင့် ပြန်သွားရန် အစီအစဉ်မရှိဟု ပြောလာသည်ကို သူမကြားသောအခါ ရူးသွပ်သွားလုနီးပါးဖြစ်သွားခဲ့သည်။

“လင်းရန် မင်း ကောင်မစုတ်လေး၊ မင်းသေချင်နေတာပဲ ဟုတ်တယ် မလား? မင်း ငါ့ကို ဘယ်လိုလုပ် ဒီအတိုင်းစွန့်ပစ်နိုင်ရတာလဲ? ငါက မင်းအမေအရင်းပဲ”

သူမက အဆုတ်ထိပ်များ ကြိတက်လာသည်အထိ လင်းရန်ကို အော်ဟစ်လိုက်သည်။

လင်းရန်က သက်ပြင်းအနည်းငယ်သာချကာ ပြန်ပြောခဲ့သည်။

“အမေ၊ ကျွန်မ အမေ့ကို စွန့်ပစ်ချင်တယ်လို့ မပြောခဲ့ပါဘူး၊ ကျွန်မက အန်ကယ်စုန့်ပြောတာကို နားထောင်လိုက်ရုံပါပဲ၊

ကျွန်မက လင်းမိသားစုဆီကိုပဲ ပြန်သွားတာပါ၊ အမေသာ ကျွန်မကိုလွမ်းရင် ဆက်သွယ်လို့ရတယ်၊ပြီးတော့ အပြင်မှာတွေ့ဆုံဖို့ ချိန်းလို့လည်းရတယ်”

အနာဂတ်တွင် လီရှို့လီက သူမကို အမှန်တကယ်ပင်လွမ်းဆွတ်လာလျှင် လင်းရန်က လီရှို့လီမှ မူလပိုင်ရှင်ကို မွေးဖွားပေးသည့်အတွက် သေချာပေါက် သူမကို သွားတွေ့လိမ့်မည်ဖြစ်သည်။

ဒီလိုသာမဟုတ်ရင် သူမမှာ နောက်ထပ်အခွင့်အရေး မရှိလာတော့မှာကို ကြောက်မိတယ်။

**

All Chapters