← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

လီရှို့လီမှ သူ၏စကားကိုနာခံပြီး ရိုးသားနေသည်ကို မြင်သော် စုန့်ဝေ့ကလည်း မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ လီရှို့လီကို မြို့ထဲသို့သွားသည့် ဘတ်စ်ကားပေါ်သို့ တိုက်ရိုက်ဆွဲတင်ခဲ့ပြီး ထွက်ခွါသွားခဲ့သည်။

လင်းရန်နှင့် ဆက်သွယ်မှု လုံးဝပြတ်တောက်သွားပြီဖြစ်သောကြောင့် သူ အမြန်ပြန်သွားပြီး သူ့သမီး စုန့်စစ်ယွီကို ဤကိစ္စပြောပြရန် လိုအပ်နေပေပြီ။

ထို့နောက် သူမနှင့်အတူ နည်းလမ်းသစ်တစ်ခုကို စဉ်းစားရန်လည်း လိုအပ်လာခဲ့ပြီ။

တစ်ဖက်တွင်တော့ နေ့လည်ဘက် အချိန်က နီးနေပြီဖြစ်၍ အဘွားလင်းက လင်းရန်ကို ခေါ်ပြီး တိုက်ရိုက် ထွက်ခွါသွားခဲ့သည်။

သူမ ယူဆောင်လာသည့် အရာများမှာ နေ့ခင်းဘက်တွင် လင်းရန်ကို ထပ်လုပ်ခိုင်းခဲ့သည့် ထမင်းပေါင်းသာ ဖြစ်ပေသည်။

အဘွားလင်း၏ စိတ်သဘောထားအရ စားဖိုမှူးကျိုးက ဤကဲ့သို့ ကောင်းမွန်သည့်အရာကို သေချာပေါက်ပင် မြည်းစမ်းကြည့်လိမ့်မည်ဖြစ်သည်။

သူ မြည်းစမ်းပြီးနောက်တွင် သူက လင်းရန်က အောင်မြင်ခွင့် ပေးဖို့အတွက် ဖြစ်နိုင်ပေလိမ့်မည်။

သို့သော် လင်းရန်က စားဖိုမှူးကျိုးမှ လူများကို ဤမျှလောက်လွယ်လွယ်နှင့် အောင်မြင်ခွင့် ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ဤအရာကို အိမ်မှ ယူဆောင်လာသည်ဖြစ်ပြီး လင်းရန် လုပ်ခဲ့ခြင်း ဟုတ်၊ မဟုတ် သူ့မျက်လုံးနှင့် အတည်မပြုရသေးသောကြောင့် အချိန်တန်လျှင် လင်းရန်ကို ထိုနေရာတွင် ချက်ပြုတ်ခိုင်းလောက်သည်။

သို့သော် အဘွားလင်းက ဤမျှလောက် ယုံကြည်မှုရှိနေသည့်ပုံစံကို မြင်နေရသည့်အတွက် သူမက အဆုံး၌ ရေအေးများ မလောင်းခဲ့တော့ပေ။

မကြာမီမှာပင် သူတို့နှစ်ဦးက စားဖိုမှူးကျိုး၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။

စားဖိုမှူးကျိုး၏ အိမ်တွင် သူ တစ်ယောက်တည်းသာ ရှိနေသည်။ သူက ပစ္စည်းများကို ထုပ်ပိုးနေစဉ်ပင် အပြင်မှ သူ့နာမည်ကို ခေါ်ဆိုလာသည့် သူစိမ်းတစ်ယောက်ဒ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

“စားဖိုမှူးကျိုးး အိမ်မှာရှိလား?”

သူ့ကို “စားဖိုမှူးကျိုး” ဟု ခေါ်သည်ကို ကြားသည်နှင့် တစ်ဖက်လူ အဘယ်ကြောင့် ဤနေရာသို့ရောက်လာခဲ့သည်လဲဆိုသည်ကို သူ နားလည်သွားခဲ့သည်။

သေချာသည်ပင်။ သူ ထွက်လာပြီးနောက် အဘွားလင်းနှင့် လင်းရန်ကို တွေ့လိုက်ရပြီးနောက သူတို့၏လက်ထဲတွင် ခြင်းတောင်းတစ်လုံး ကိုင်ထားသည်ကို တွေ့လိုက်ရပြီး အထဲမှ အစားအစာနံ့များ ရနေခဲ့သည်။

ဒါက ကွန်မြူနတီ စားသောက်ဆောင်ရဲ့ အလုပ်နေရာအတွက် ဖြစ်ရမယ်။

“ခင်ဗျားတို့ နှစ်ယောက်က ဘယ်သူတွေလဲ?”

“စားဖိုမှူးကျိုး, ငါတို့ မင်းရဲ့ ကွန်မြူနတီမှာရှိတဲ့ စားဖိုမှူးအလုပ်က ဘယ်လိုဖြစ်နေပြီလဲ ဆိုတာကို မေးဖို့ ရောက်လာတာပါ၊ သင့်တော်တဲ့ ကိုယ်စားလှယ် မတွေ့သေးဘူးဆိုရင် ဘာဖြစ်လို့ ကျွန်မရဲ့ မြေးမလေးကို မစဉ်းစားကြည့်တာလဲ? သူမက ချက်ပြုတ်တာ အရမ်းကောင်းတယ်”

မြေးမလေး?

စားဖိုမှူးကျိုးက အဘွားလင်း၏ဘေးမှ လင်းရန်ကို မကြည့်ဘဲမနေနိုင်တော့ပေ။ သူ၏ ပထမဆုံး တုံ့ပြန်မှုက ယခင်က ကွန်မြူနတီ ခေါင်းဆောင်နှင့် တူညီပေသည်။

လင်းရန်က ချက်ပြုတ်နိုင်လိမ့်မဟုတ်ဟု သူထင်ခဲ့သည်။

သို့သော်လည်း ထိုခြင်းတောင်းထဲမှ အနံ့က အမှန်တကယ်ကို ကောင်းမွန်လှပေသည်။

“ဒီခြင်းတောင်းထဲက စားစရာတွေကို သူမ လုပ်ခဲ့တာလား?”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ မင်း အရင် မြည်းစမ်းကြည့်ပါဦး!”

ဤသည်ကိုပြောပြီး အဘွားလင်းက ခြင်းတောင်းကို ဖွင့်လိုက်ပြီး အထဲမှ ထမင်းပေါင်းကို ပြသခဲ့သည်။

စားဖိုမှူးကျိုးမှာ ထိုအရာကို မြင်သောအခါ အနည်းငယ် အံ့ဩသွားသော်လည်း သူက အနည်းဆုံးတော့ လောကကြီးကို မြင်ဖူးခဲ့သောလူ တစ်ယောက်ဖြစ်ပေသည်။

သူက အမြန်ပင်တည်ငြိမ်သွားပြီးနောက် ခြင်းတောင်းထဲရှိ ထမင်းပေါင်းကို တူနှင့် တစ်လုပ် ယူစားလိုက်သည်။

သူ မြည်းစမ်းကြည့်ပြီးနောက် ထမင်းပေါင်း၏ အရသာက ၎င်း၏ရနံ့ကဲ့သို့ပင် ကောင်းမွန်နေကြောင်း တွေ့ရှိခဲ့ရသည်။

သူ့၏ စိတ်ထဲတွင် ခြင်းတောင်းထဲရှိ ထမင်းပေါင်းကို ကျေနပ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ဤအရာက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ မြည်းစမ်းဖူးသမျှထဲမှအနက် အကောင်းဆုံး အစားအစာ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

သို့သော် ထိုထမင်းကို သူ့ရှေ့က ကောင်မလေး ချက်ပြုတ်ခဲ့ခြင်း ဟုတ်၊ မဟုတ်ကို သူ မသေချာပေ။

ထို့ကြောင့် လင်းရန် ခန့်မှန်းခဲ့သလိုပင် စားဖိုမှူးကျိုးက သူမကို ဤနေရာတွင် ဟင်းတစ်ခွက် ချက်ပြုတ်ခိုင်းချင်ခဲ့သည်။

“ဟေး.. ဒါပေမဲ့၊ ဒီမှာတော့ ဒီပါဝင်ပစ္စည်းတွေ မရှိဘူးမလား!”

အဘွားလင်းက အနည်းငယ် စိုးရိမ်လာခဲ့သည်။

စားဖိုမှူးကျိုးးက တည်ငြိမ်စွာဖြင့် ပြန်ဖြေလာခဲ့သည်။

“ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့အခါ ပါဝင်ပစ္စည်းတွေက နေ့တိုင်း ကွာခြားနေမှာပဲ၊ ဆိုတော့ မင်း ဒီဟင်းတစ်ခွက်တည်းကိုပဲ ချက်တက်တာတော့ မဟုတ်ဘူးမလား?”

အဘွားလင်းက ရှက်ပြုံးပြုံးလိုက်ပြီး စကားပြောသည်ကို ရပလိုက်သော်လည်း သူမ၏ စိုးရိမ်စိတ်ကို မရပ်တန့်နိုင်ခဲ့ပေ။

လင်းရန်က အဘွားလင်း၏ လက်မောင်းကို နှစ်သိမ့်စွာ ပုတ်လိုက်ပြီး ပြောလိုက်သည်။

“အဘွား၊ စိတ်မပူပါနဲ့၊ သမီး လုပ်နိုင်ပါတယ်”

ထို့နောက် သူမက စားဖိုမှူးကျောင်းဘက်သို့ လှည့်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

“ဦးလေးကျိုး ကျိန်မ မီးဖိုချောင်ကို ခဏ သုံးလို့ ရမလား?”

“ကောင်းပြီ ဟိုနားလေးမှာပါ”

စားဖိုမှူးကျိုးက လင်းရန်ကို သူ့မီးဖိုချောင်သို့ ခေါ်သွားခဲ့သည်။

ကျေးလက်ဒေသရှိ ခြံအိမ်များ၏ မီးဖိုချောင်များက အားလုံး ဆင်တူပြီး တည်နေရာက အနည်းငယ်လောက်သာ ကွဲပြားပေသည်။

ထို့ကြောင့် လင်းရန်က လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်သွားခဲ့သည်။

ထို့အပြင် စားဖိုမှူးကျိုးကလည်း အလွန်ရက်ရောပြီး လင်းရန်အား မီးဖိုချောင်ထဲရှိ ဟင်းသီးဟင်းရွက်များနှင့် အခြားအရာများကို သူ့ဘာသာသူ သုံးနိုင်သည်ဟု ပြောခဲ့လေ၏။

သို့သော် ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ပွဲ လုပ်ရမည်ဆိုသည့် အခြေခံစည်းကမ်းတော့ ပါရှိသည်။

မည်သို့ပင်ဖြစ်စေကာမူ ကွန်မြူနတီ စားသောက်ဆောင်က မြို့ကြီးပြကြီး သို့မဟုတ် ပြည်နယ်ကြီးတစ်ခု မဟုတ်ပေ။

ထို့ကြောင့် နေ့တိုင်း ထမင်းဆိုင်က အစားအစာများကို သာမန်တောင်သူလယ်သမားများ၏ အစားအစာများထက် ပို၍ကောင်းသည်ဟု ပြောနိုင်သည်။ ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ပွဲက ပုံမှန် စံနှုန်းပင်ဖြစ်သည်။

ဤစမ်းသပ်မှုက လင်းရန်အတွက် သေးငယ်သည့် ပြဿနာလေး တစ်ခုသာဖြစ်ပေသည်။

သူမ ပါဝင်ပစ္စည်းများကို အမြန်ရွေးချယ်ပြီး အိမ်ချက်ဟင်းပွဲ သုံးပွဲနှင့် ဟင်းချိုတစ်ပွဲ ကို ချက်ပြုတ်ခဲ့သည်။

စားဖိုမှူးကျိုးသည်လည်း ဘေးနားတွင်နေ၍ ရပ်ကြည့်နေခဲ့သည်။ လင်းရန်၏ လျင်မြန်သည့် လက်နှင့် ခြေထောက်များ၊ ကျွမ်းကျင်သည့် လှုပ်ရှားမှုများကို ကြည့်နေခဲ့သည်။

အရေးအကြီးဆုံးမှာ သူ ချက်ပြုတ်သောအချိန်တွင် ဟင်းခတ်အမွှေးအကြိုင်နှင့် အပူကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ သူ၏ နွလုံးသားထဲတွင် ရှိနေသည့် သူမအတွက် ခံစားချက်များက ပြောင်းလဲသွားခဲ့သည်။

လင်းရန်ပြင်ဆင်ထားသည့် ဟင်းသုံးပွဲ ဟင်းချိုဆစ်ပွဲကို မြည်းစမ်းပြီးနောက်တွင် သူ အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့တော့ပေ။

အဘွားလင်းက စိုးရိမ်နေတုန်းပင် ဖြစ်ချေသည်။ ဤတစ်ကြိမ်တွင် လိမ်လည်မှုကိုမိခဲ့ပြီဟု ထင်နေချိန်မှာပင် စားဖိုမှူးကျိုးက သူ၏တူများကို ချပြီး လင်းရန်ကို စိတ်ကျေနပ်စွာ ပြုံးပြီးပြောလိုက်သည်။

“မင်းရဲ့ စွမ်းရည်တွေက တကယ်ကို ကောင်းတယ်၊ ငါ မင်းကို လျှော့တွက်မိသွားတာပဲ၊ ကောင်းပြီ၊ မနက်ဖြန် ငါ စားသောက်ဆောင်က လူတွေကို သွားပြောပြမယ်၊ နေ့လည်ဘက်ကြရင် လာခဲ့လိုက်၊ ငါ မင်းကို ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်ပေးမယ်!”

ဤစကားများ ထွက်လာသည်နှင့် အဘွားလင်းမှာ မှင်တက်သွားခဲ့သည်။

ဤကဲ့သို့ ဖြစ်ပျက်ခဲ့သည်ဆိုသည်ကို နားလည်ရန် စက္ကန့်အတော်ကြာသွားခဲ့ရပုံရသည်။

“စားဖိုမှူးကျိုး ဒီ... ဒီကိစ္စက တကယ်ပဲ ပြီးသွားပြီလား၊ ရှင့်ရဲ့ စိတ်ပြောင်းမှာတော့ မဟုတ်ဘူးမလား?”

အဘွားလင်းက အနည်းငယ် စိုးရိမ်နေတုန်းပင်။ သူမသာ ရှက်ရွံ့မနေဘူးဆိုပါက စားဖိုမှူးကျိုးကို ယခုပင် ကွန်မြူနတီသို့ ခေါ်သွားခိုင်းပြီး ဤကိစ္စကို ရှင်းခိုင်းမိလိမ့်မည်။

စားဖိုမှူးကျိုးသည်လည်း အဘွားလင်း၏ စိတ်နေစိတ်ထားကို နားလည်နိုင်ခဲ့ပြီး သူအတွက်ပင် အနည်းငယ် ရယ်ချင်စရာကောင်းနေကြောင်း တွေးမိခဲ့ရသည်။

“အဘွား၊ ကျွန်တော်,လောင်ကျိုးက စကားတည်တဲ့သူ အဖြစ် နာမည်ကြီးပါတယ်၊ ဒီနေ့ ခင်ဗျား မြေးမလေးရဲ့ ချက်ပြုတ်စွမ်းရည်ကို ကျွန်တော် သဘောကျပြီးသားဖြစ်လို့ မပြောင်းလဲတော့ပါဘူး!”

သူ့ရဲ့စရိုက်ကို မယုံကြည်ဘူးဆိုရင် ကွန်မြူနတီရဲ့ ခေါင်းဆောင်တွေက သူ့ကို ရွေးချယ်ခွင့် ပေးမှာတောင် မဟုတ်ဘူး။

“စိတ်မပူပါနဲ့၊ ကွန်မြူနတီမှာ ပြဿနာ မရှိဘူးဆိုတာ ကျွန်တော် သေချာတယ်၊ ဒီကောင်မလေးကို မနက်ဖြန် ကျွန်တော်နဲ့အတူ ထမင်းတစ်နပ် ချက်ပြုတ်ခိုင်းပြီး ကွန်မြူနတီက ခေါင်းဆောင်တွေကို မြည်းစမ်းခိုင်းဖို့ပဲ လိုလိမ့်မယ်”

စားဖိုမှူးကျိုးက ဤကဲ့သို့ပြောလာခဲ့သောကြောင့် အဘွားလင်းကလည်း မည်သည်ကိုမျှ ထပ်မပြောခဲ့တော့ပေ။

သူမက လင်းရန်နှင့် စားဖိုမှူးကျိုးကို အချိန်နှင့် နေရာ ညှိုနှိုင်းသဘောတူခိုင်းခဲ့ကာ သူတို့နှစ်ဦး စားဖိုမှူးကျိုး၏ အိမ်မှ ထွက်ခွါလာခဲ့ကြသည်။

လင်းမိသားစု၏ အိမ်သို့ ပြန်ရောက်လျှင် အဘွားလင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည််။

“အို၊ စားဖိုမှူးကျိုးကို ကွန်မြူနတီ စားသောက်ဆောင်မှာ ချက်ပြုတ်ဖို့အတွက်လစာက ဘယ်လိုလဲ မေးဖို့ အတွက် ဘာလို့ မေ့သွားရတာလဲ!”

မနက်ဖြန် မေးကြည့်လို့ရပေမဲ့ အခုကတည်းက စိတ်ကူးတချို့ရှိနိုင်အောင် သိထားတာ ပိုကောင်းတယ်လေ။။

လင်းရန်အတွက်တော့ ဤအလုပ်မှ ပိုက်ဆံအများကြီး ရှာရန် မရည်ရွယ်ထားပေ။

အဆုံးတွင် ဤသည်က ခေတ်ကာလအစောပိုင်းတွင်သာ ရှိနေသေးသည်။ သူမတွင် ပိုက်ဆံရှိသော်လည်း အများကြီး ဝယ်၍မရနိုင်ပေ။

သူမ လက်ရှိ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အလုပ်ရှာပြီး ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးတည်ငြိမ်အောင် လုပ်ရန်သာဖြစ်သည်။

ထို့အပြင် ကွန်မြူနတီ စားသောက်ဆောင်ကဲ့သို့သော အလုပ်မျိုးက တစ်လကို ဆယ်ယွမ်လောက်သာ အများဆုံးရတတ်သောကြောင့် ဤမျှသော ပိုက်ဆံလောက်နှင့် မည်သည်မျှ လုပ်လို့မရပေ။

သို့သော် ယာယီ အနားယူခြင်းကလည်း နောင်အနာဂတ်တွင် ပိုမိုကောင်းမွန်လာမည့် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဖြစ်ပေသည်။

သူမ ဤနှစ်နှစ်လောက်သာ စောင့်ရမည်ဖြစ်ပြီး ဥပဒေများ လွတ်လပ်လာမည်ကို စောင့်ပြီးလျှင် သူမ၏ အရည်အချင်းများကို ပြသလာနိုင်လိမ့်မည်။

သူမ၏ ဘဝဟောင်းတွင် စီးပွားရေး စတင်ခဲ့သောအချိန်၌ ပြိုင်ဆိုင်မှုများက ယခုထက် ပိုများခဲ့သည်။

သူမ၏ ကြိုးစားမှုနှင့် သေးငယ်သည့် ကမ္ဘာလေးတစ်ခုကို ထိုးဖောက်နိုင်ခဲ့သည်။ ဤဘဝတွင်လည်း ပို၍ ပြည့်စုံသော အခြေအနေများရှိနေခဲ့ပြီးမအောင်မြင်နိုင်စရာ အကြောင်းမရှိပေ။

သူမ သေချာပေါက် လုပ်နိုင်ပါတယ်…

စားဖိုမှူးလင်း ကြိုးစားထား…

ညနေရောက်သော် လင်းမိသားစုဝင်များ အကုန်ပြန်ရောက်လာသောအချိန်တွင် အဘွားလင်းက ထိုသတင်းကောင်းကို လူတိုင်းဆီသို့ ကြေညာလိုက်သည်။

လင်းမိသားစုကလည်း ဤသည်ကိုကြားလိုက်ရလျှင် သဘာဝအတိုင်းပင် အလွန်ပျော်နေခဲ့ကြသည်။

မည်သို့ပင်ဆိုစေ သူတို့၏အမြင်တွင်တော့ အစိုးရပိုင်ရာထူးတစ်နေရာမှ လစာဖြင့်ည စားသောက်နိုင်ခြင်းသည်ကား မည်သည့်နေရာတွင်ဖြစ်ဖြစ် အလွန်ပင် အလားအလာကောင်းသည့် ကိစ္စတစ်ခုသာဖြ၀်ချေသည်။

မူလတွင် နေ့လည်ဘက်၌ စုန့်ဝေ့နှင့် လီရှို့လီတို့နှင့် တွေ့ခဲ့ရသောကြောင့် လင်းမိသားစုက စိတ်မပျော်မရွှင်ဖြစ်နေခဲ့သည်။

သို့သော် ယခု လင်းရန်ကို စာရဖိုမှူးကျိုးက အသိအမှတ်ပြုခဲ့ပြီး မနက်ဖြန်အချိန်၌ ကွန်မြူနတီသို့ သွားကာ အလုပ်စီစဉ်မှုများကို အပြီးသတ်နိုင်ပြီဖြစ်သောကြောင့် လင်းမိသားစု၏ လေထုက ပြန်လည် တက်ကြွလာခဲ့သည်။

**

All Chapters