အခန်း (၈၀)
Vol. 8 Ch. 80
အဘွားလင်းမှာ လင်းရန် အလုပာရရှိတော့မည့်အတွက် အလွန်ပျော်နေသောကြောင့် သစ်သားသေတ္တာငယ်လေးထဲမှ ဝက်သားခြောက်တစ်တုံးကို ထုတ်ယူကာ လင်းရန်ကို ပေးလိုက်လေသည်။
“ရန်ရန်၊ သမီး အသားကို ချက်ကြည့်ရအောင်၊ ဒီနေ့က တကယ့်ကိုကောင်းတဲ့နေ့ပဲ၊ ငါတို့ မိသားစု ကောင်းကောင်းမွန်မွန် စားလိုက်ကြစို့!”
ပထမဆုံးအနေဖြင့် လင်းရန်က စုန့်မိသားစုမှ အောင်မြင်စွာ ထွက်ခွါခဲ့ပြီး သူမ၏ အလုပ်ကိစ္စလည်း ပြေလည်သွားခဲ့လေသည်။
ထို့ကြောင့် ဤနေ့သည်က အမှန်ပဲ အရေးကြီးသောနေ့တစ်နေ့ပင်ဖြစ်ပေသည်။
လင်းရန် ကြည့်လိုက်သည်တွင် အဘွားလင်း ပေးလာသည့် အသားတုံးက အလွန် အလေးချိန်ရှိနေသည်ကို တွေ့လိုက်ရသည်။
အခြောက်ခံထားသောအချိန်တွင်ပင် နှစ်ကီလိုလောက် ရှိနေခဲ့သည်။ ချက်ပြုတ်ပြီး တခြား ဟင်းခတ်အမွှေးအကြိုင်များကိုပါ ထည့်လိုက်လျှင် ပို၍ များပြားလာလိမ့်မည်ဖြစ်သည်။
ဒီနေ့ညမှာတော့ တကယ်ကို ထမင်းကောင်းကောင်း စားနိုင်တော့မယ် ထင်ရတယ်။
လင်းကျန်းအန်းက ဘေးမှ ကြည့်နေရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့ပြီး
လင်းရန်ကို ပြောလိုက်သည်။
“ရန်ရန်၊ ရှောင်ကျောက်ကို သွားခေါ်ပြီး အတူတူ ထမင်းစားဖို့ မဖိတ်တော့ဘူးလား?”
လွန်ခဲ့သောနှစ်ရက်က လင်းကျန်းအန်းက လင်းရန်နှင့်အတူ ကျေးလက်ဒေသသို့ ရောက်လာခဲ့သည့် ကျောက်ရှိလဲ့ကို သူ့အိမ်တွင် ညစာစားရန် ဖိတ်မည်ဟု ပြောခဲ့သည်။
သို့သော် ထိုနေ့တွင် သူမ၏ အလုပ်က အလွန်နောက်ကျခဲ့သောကြောင့် သူတို့ကို လာနှောင့်ယှက်ရန် အလွန်ရှက်ရွံ့နေခဲ့သည့်အတွက် လင်းရန်က သူမကို ထမင်းပေါင်းတစ်ပန်းကန် တိုက်ရိုက် ပို့ပေးခဲ့သည်။
ထိုသည်က သူမကို ထမင်းကျွေးရန် ကတိပေးသည်ကို အကောင်အထည်ဖော်သည်ဟု မှတ်ယူနိုင်သော်လည်း လင်းကျန်းအန်းအနေဖြင့် သူမကို သူ့အိမ်သို့ တရားဝင် ဖိတ်ကြားပြီး ထမင်းမကျွေးခဲ့ရသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
ထို့အပြင် သူက ကျောက်ရှိလဲ့နှင့် လင်းရန်တို့မှာ တစ်နေရာတည်းမှ၊ သို့မဟုတ် လမ်းတစ်လမ်းတည်းက ပညာတတ်လူငယ်များ ဖြစ်သည်ဆိုသည်ကို အလွန်ရှင်းလင်းစွာ မှတ်မိနေသေးသည်။
ထို့ကြောင့် ကျောက်ရှိလဲ့၏ မိဘများကလည်း စုန့်ဝေ့အကြောင်းကို သိသင့်သည်။
စုန့်ဝေ့နှင့် လီရှို့လီတို့ မြို့ကိုပြန်ရောက်ပြီးနောက်တွင် ယနေ့၌ ဖြစ်ပျက်ခဲ့သည်များကို တခြားလူများအား မည်ကဲ့သို့ ရှင်းပြကြမည်ကို သူ တို့မသိခဲ့သော်လည်း သူတို့က သူတို့၏ ဂုဏ်သတင်းအတွက် အကောင်းဆုံးဖြစ်မည့် နည်းလမ်းနှင့်သာ အားလုံးကို သေချာပေါက် ရှင်းပြလိမ့်မည်ဟူသည်ကိုလည်း သူသိခဲ့ပြီး ဆန့်ကျင်ဘက်အနေနဲ့ သူ၏သမီး ဖြစ်သူ လင်းရန်၏ ဂုဏ်သတင်းကတော့ သေချာပေါက်ပင် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။
သူမက နောင်တစ်ချိန်တွင် ထိုနေရာသို့ ပြန်မသွားတော့ဆိုလျှင်ပင် စုန့်ဝေ့နှင့် လီရှို့လီတို့က သူသမီး၏ ဂုဏ်သတင်းကို ပေါ့တန်စွာ ဖျက်ဆီးမည်ကို လက်ပိုက်ကြည့်နေရန် မဖြစ်နိုင်ပါချေ။
ထို့ကြောင့် လင်းကျန်းအန်းက ကျောက်ရှိလဲ့ကို အကူအညီတောင်းချင်ခဲ့သည်။
လင်းရန်ကလည်း ဤသည်ကြားသောာ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
သူမက ကျောက်ရှိလဲ့ကို ချက်ချင်းသွားခေါ်လိုက်မည်ဟု ပြောရန်တွေးလိုက်ပြီး သူမကို ခေါ်ပြီးနောက်တွင် သူမ(လင်း)မိသားစုနှင့် မိတ်ဆက်ပေးဖို့အတွက်လည်း သင့်တော်သည်ဟု တွေးလိုက်သည်။
သို့သော် ရုတ်တရက် သူမ မုန်းတီးသည့် ချန်ကျားယန် ဆိုသည့် ပညာတတ်လူငယ်တစ်ယောက်လည်း ထိုနေရာတွင် ရှိနေသည်ကို သတိရမိသွားခဲ့သည်။
သူမ နဖူးကို တွန့်ချိုးလိုက်မိပြီး ဖခင် လင်းကို ကျောက်ရှိလဲ့ကို သွားခေါ်ခိုင်းရန် စေလွှတ်ဖို့ကိုလည်း ဝန်လေးနေခဲ့သည်။
သို့သော် ဖခင်လင်းမှာ ဤကဲ့သို့ပြောပြီးနောက် ရုတ်တရက် လှည့်ပြီး သူ့၏အခန်းထဲတွင် အရေးကြီးသော ကိစ္စတစ်ခုခု ရှိပုံရကာ ထွက်သွားသောကြောင့် လင်းကျန်းအန်းကို ထပ်ခေါ်ရန် အဆင်မပြေတော့ပေ။
ဤအချိန်တွင် သူမ တုံ့ဆိုင်းနေသည်ကို မြင်လိုက်သည့် စုန့်ရှီးယန်က ရုတ်တရက် ပြောလာခဲ့သည်။
“လင်းကွမ်းချင်းက အဆင်ပြေပါတယ်၊ သူ့ကို သွားခိုင်းလိုက်လေ”
အလုပ်ပြီးလို့ အိမ်ထဲသို့ဝင်ပြီး အဝတ်လဲ ရေချိုးဖို့ ပြင်နေတဲ့ လင်းကွမ်းချင်း: “?”
သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာပင် စုန့်ရှီးယန်၏ အမိန့်ကို နာခံသည်က အကျင့်ဖြစ်နေပြီဖြစ်သောကြောင့် သူက ချက်ချင်း တုံ့ပြန်လိုက်တယ်။
“ကောင်းပါပြီ!”
မည်သို့ပင်ဖြစ်စေကာမူ သူက လင်းရန်နှင့် သူ့ဦးလေးကို ခေါ်ရန်သွားသောအချိန်တွင် ကျောက်ရှီလဲ့နှင့် တွေ့ခဲ့ဖူးသောကြောင့် စိမ်းသက်သူတော့ မဟုတ်ပေ။
သူက ပြောပြီးသည်နှင့် ပညာတတ်လူငယ်နေရာဆီသို့ အမြန် ထွက်သွားခဲ့သည်။
လင်းရန်ကလည်း ဤသည်ကိုမြင်သောအခါ မတားခဲ့ပေ။
သို့သော် သူမ၏မျက်လုံးများက စုန့်ရှီးယန်ဘက်သို့ မလွှဲသာဘဲ ကြည့်မိသွားခဲ့သည်။
သူက သာမန်ကာလျှံကာ ပြောလိုက်တာလား၊ ဒါမှမဟုတ် သူမကို ကူညီချင်လို့လား?
မမျှော်လင့်ဘဲ စုန့်ရှီးယန်က လင်းရန် ကြည့်လာလိမ့်မည်ဆိုသည်ကို ခန့်မှန်းမိပုံရပြီး သူမဘက်သို့ တိုက်ရိုက် လှည့်လာခဲ့သည်။
လူနှစ်ဦး၏ မျက်လုံးများက လေထဲသို့ ဆုံမိသွားပြီး လင်းရန်က အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
စုန့်ရှီးယန်က ထိုသည်ကိုမြင်သောအချိန်တွင် သူမကို ရုတ်တရက် မျက်ခုံးပင့်ပြလိုက်သည်။
“ဘယ်လိုလဲ၊ ကိုယ်က လူဆိုး မဟုတ်ဘူးမလား?” ဟု ပြောချင်နေသကဲ့သို့ပင်။
လင်းရန်: “......”
သူမ နောက်ဆုံးစက္ကန့်က ခံစားခဲ့ရသည့် စိတ်ခံစားမှုက သူ၏ ပြောင်ချော်ချော် မျက်နှာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဒါကို ပြောသင့်လား မပြောသင့်ဘူးလားတော့ မသိဘူး။ သူ့ရဲ့ ရုပ်ရည်က ချောမောတယ်ဆိုပေမဲ့ ဒီလိုမျက်နှာထားနဲ့ဆိုရင် တကယ်ကို မသတီစရာ ကောင်းနေလိမ့်မယ်။
သူမက ရှုပ်ထွေးနေသည့် စိတ်ခံစားချက်ဖြင့် အကြည့်လွှဲလိုက်ပြီးနောက် အတောက်ဘက်သိာ့လှည့်ကာ မီးဖိုချောင်သို့ တိုက်ရိုက်သွားခဲ့သည်။
ထိုနေရာတွင် ကျန်ခဲ့သည့် စုန့်ရှီးယန်ကမူ ရှုပ်ထွေးမှုများနှင့် သူ့မျက်နှာထားကို တည်ငြိမ်အောင် ပြန်ပြောင်းလိုက်ရသည်။
သူမရဲ့ တုံ့ပြန်မှုက ဘာဖြစ်နေတာလဲ…?
ယခင်က သူ့၏စစ်သားများက အတူစုမိလျှင် မိန်းကလေးများ၏ ချစ်ခင်မှုကို မည်ကဲ့သို့ရရှိအောင် လုပ်ရမည်ဆိုသည်ကို မကြာခဏ ဆွေးနွေးကြလေ့ရှိသည်။
ထိုအနက် ဤမျက်နှာထားက မဲအများဆုံး ရခဲ့သည်။ သူတို့အားလုံးက ဤမျက်နှာထားကသာ လူတစ်ယောက်၏ ရုပ်ရည်ကိုချောမောမှုကို အပြည့်အဝ ပြသနိုင်သည်ဟု ပြောခဲ့ကြသည်။
ခေါင်းဆောင်က အရမ်းရုပ်ချောတယ်လို့တောင် သူ့ကို ပြောခဲ့ကြသေးတာ…
သူ့မျက်နှာပေါ်တွင် ဤကဲ့သို့သော အေးစက်စက် အမူအရာ မရှိနေလျှင် ထိုကောင်မလေးများက သူ၏ရုပ်ရည်ကြောင့် အော်ဟစ်ကြလိမ့်မည်ဟု ဆိုခဲ့ကြသည်။
သို့သော် သူ အစောပိုင်းက ဤမျက်နှာထားကို လုပ်ကြည့်စဉ် လင်းရန်၏ နားမလည်နိုင်သော အကြည့်ကို တွေးလိုက်မိသောအချိန်တွင် စုန့်ရှီးယန်၏ မျက်နှာက မည်းမှောင်သွားခဲ့တော့သည်။
သူ အဲဒီကောင်စုတ်လေးတွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကို တကယ် နားမထောင်ခဲ့သင့်ဘူး….!
.......
တစ်ဖက်တွင်တော့..
လင်းကွမ်းချင်းက ပညာတတ်လူငယ်နေရာကို အမြန်ရောက်လာခဲ့ပြီး သူ တစ်ခါတွေ့ဖူးသည့် ကျောက်ရှီလဲ့ကို ခေါ်ထုတ်ကာ လင်းမိသားစုတွင် ညစာစားရန်ပြောခဲ့သည်။
ကျောက်ရှိလဲ့က ယနေ့တွင်တော့ ပိုမို ဥာဏ်ကောင်းသွားပြီဖြစ်ကာ သူမက တခြား ပညာတတ်လူငယ်များကို အနိုင်မရနိုင်မည်ကို သိသောကြောင့် ရေချိုးရန်အတွက် တန်းစီဖို့ မိုက်မဲစွာ ဆက်လုပ်မနေတော့ပေ။ သူတို့ ရေချိုးပြီးသည်ကို စောင့်ပြီး နောက်ဆုံးမှ ရေချိုးဖို့တွေးလိုက်သည်။
ထိုအပြင် လင်းကွမ်းချင်းက သူ့ကို ထမင်းစားရန် လာခေါ်ခြင်းက သူမကို ပို၍ ပျော်စေခဲ့သည်။
“အစ်ကိုကြီးလင်း၊ ခဏစောင့်ပါဦး၊ ကျွန်မ ပစ္စည်းတွေယူလိုက်ဦးမယ်၊ ပြီးရင် ချက်ချင်းထွက်လာခဲ့မယ်!”
သူမက လင်းရန်နှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း တခြားသူများ၏အိမ်ကို ပထမဆုံးအကြိမ် လာလည်သောအခါ လက်ဗလာဖြင့် မသွားရဘူးဆိုသည်ကိုတော့ နားလည်နေတုန်းပင်ဖြစ်သည်။
ထို့ကြောင့် သူမ အိမ်ထဲကို အမြန်ပြန်ပြေးဝင်သွားပြီး အိမ်မှ ယူလာသည့် ပစ္စည်းအချို့ကို ထုတ်ပိုးယူခဲ့ကာ တခြားသူများကို လက်ဆောင်အဖြစ် ပေးရန် စီစဉ်ခဲ့သည်။
လီကွမ်းချင်းက သူမကို တံခါးဝတွင် စောင့်နေစဉ် ရုတ်တရက် ယောကျ်ားလေးပညာတတ်လူငယ်တစ်ယောက်က ဘေးဘက်မှ လျှောက်လာခဲ့သည်။
လင်းကွမ်းချင်းတစ်ယောက် သူက တစ်ဖက်လူ၏လမ်းကို ပိတ်ဆို့မိနေသည်ဟု ထင်လိုက်ပြီး ဘေးကို ဖယ်ပေးရန် ပြင်နေစဥ် မမျှော်လင့်ဘဲ တစ်ဖက်မှ အမျိုးသားပညာတတ်လူငယ်က သူ့ကို စကားပြောလာခဲ့သည်။
“ခင်ဗျားက အရာရှိလင်းလား၊ ကျွန်တော် ခင်ဗျားနာမည်ကို အရင်က ကြားဖူးပါတယ်၊ လူကိုယ်တိုင် မြင်ဖူးတာတော့ ဒါ ပထမဆုံးအကြိမ်ပဲ၊ ကျွန်တော့်နာမည်က ချန်ကျားယန် ပါ၊ ကျွန်တော် ချွန်ဖန်းတပ်မဟာခွဲက ပညာတတ်လူငယ်ပါ၊ တွေးရတာ ဝမ်းသာပါတယ်”
လင်းကွမ်းချင်းက ထိုစကားကို ကြားလျှင် ပြန်လှည့်လိုက်ကာ ချန်ကျားယန်ကို ကြည့်လိုက်ပြီး ခဏမျှမှင်တက်သွားခဲ့သည်။
သူက အိမ်သို့ မကြာခဏ ပြန်လေ့မရှိသောကြောင့် ပညာတတ်လူငယ်စခန်းမှ ပညာတတ်လူငယ်များနှင့် လုံးဝ မရင်းနှီးပေ။
ရံဖန်ရံခါ ပြန်လာသောအချိန်တွင် ဤနေရာမှ ပညာတတ်လူငယ်များက မည်ကဲ့သို့ရှိသည်ကို သူ့မိသားစု ပြောသည်ကို ကြားရလိမ့်မည်ဖြစ်သည်။
ထို့အပြင် သူ အားလပ်ရက်ရထားသည့် ဤနှစ်ရက်အတွင်းတွင်လည်း တပ်မဟာမှ အလုပ်နေရာတွင်သာ ရှိနေခဲ့သည်။ သူ အလုပ်များကို ကူညီပေးရန် သွားသည့်အချိန်တွင် ပညာတတ်လူငယ် အနည်းငယ်နှင့်သာ တွေ့ခဲ့ဖူးသည်။
ထိုပညာတတ်လူငယ်များက လူတိုင်းပြောသကဲ့သို့သာရှိနေခဲ့ပေသည်။
သူတို့က အလုပ် သိပ်မလုပ်ကြဘဲ သူတို့ကိုယ်သူတို့ ညစ်ပတ်ပေရေစေပြီး ရှက်စရာကောင်းသည့်အခြေအနေကိုကျရောက်အောင်သာ လုပ်နေခဲ့ကြသည်။
သို့သော် သူ့ရှေ့က ချန်ကျစ်ချင်းကတော့ လီကွမ်းချင်း၏ အသိအမြင်တို့ထက် ကျော်လွန်နေခဲ့သည်။
သူက သန့်ရှင်းသည့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်မှန်ကိုတပ်ထားခဲ့သည်။ ရုပ်ရည်ချောမောကာ အသားလည်းဖြူလေ၏။
ထိုသူမှာ ကျေးလက်ဒေသကို ပညာတတ်လူငယ်တစ်ယောက်အဖြစ်ရောက်လာနေသည့်သူဟု ပြောမည့်အစား ကျောင်းမှ ဆရာတစ်ယောက်ဟု ပြောခြင်းက ပိုသင့်တော်သည်။
ဖြစ်ကောင်းဖြစ်နိုင်တာကတော့….
လီကွမ်းချင်းမှာ ငယ်စဉ်တုန်းက ကျောင်းတက်ရန် အခွင့်အလမ်း သိပ်မရခဲ့သောကြောင့် တပ်မဟာမှ ပညာတတ်များအပေါ် သဘာဝအတိုင်းပင် သဘောကျနှစ်ခြိုက်မှုများရှိနေခဲ့သည်။
ထို့ကြောင့် သူသည်လည်း ပြုံးပြပြီး ချန်ကျားယန်ဆီသို့ သူ့လက်ကို အမြန်ဆန့်တန်းကာ နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ၊ ချန်ကျစ်ချင်း ခင်ဗျား ကျွန်တော့်ကို အရာရှိလို့ ခေါ်စရာ မလိုပါဘူး၊ နာမည်နဲ့ပဲ ခေါ်လို့ရတယ်”
“ကောင်းပါပြီ၊ ဒါဆို ကျွန်တော် ခင်ဗျားကို ရဲဘော်လင်းလို့ ခေါ်ပါမယ်၊ အရာရှိလို့ ခေါ်တာက သိပ်ပြီး မရင်းနှီးသလို ခံစားရတယ်”
ချန်ကျားယန်က သဘောတူစွာပြုံးလိုက်ပြီး လီကွမ်းချင်း၏ နားမလည်သည့် မျက်လုံးများအောက်မှ သူ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့သည်။
“ရဲဘော်လင်း တကယ်တော့ ကျွန်တော် ခင်ဗျားကို ခေါ်ခဲ့တာက ခင်ဗျားကို၊ အထူးသဖြင့် ခင်ဗျားညီမ ရဲဘော်လင်းရန် ကို တောင်းပန်ချင်လို့ပါ”
လင်းကွမ်းချင့်မှာ ဤသည်ကြားသောအခါ မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ချန်ကျားယန်နှင့် သူ့ညီမ လင်းရန်က မည်သို့သိပြီး မည်ကဲ့သို့သော ပတ်သက်မှုရှိခဲ့သည်ကို သူ လုံးဝ မသိခဲ့ပေ။
သူ၏အမူအရာကိုမြင်လျှင် ချန်ကျားယန် က ခါးသက်စွာ ပြုံးပြီး ကူကယ်ရာမဲ့စွာ ပြောလာခဲ့သည်။
“မနေ့က ညနေဘက်မှာ ရဲဘော်လင်းရန်က ရဲဘော်ကျောက်ရှီလဲ့ကို လာတွေ့တယ်လေ၊ သူ ပြန်သွားတဲ့အချိန်မှာ ကျွန်တော်လည်း ခေါင်းဆောင်ဆီကို သွားစရာရှိလို့ သူ့နဲ့ ခဏ လမ်းလျှောက်ခဲ့တာ၊
ဒါပေမဲ့ သူမက ဒီဘက်က ဘဝတွေနဲ့ သိပ်ပြီးမရင်းနှီးလို့ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ကျွန်တော်က ကောင်းကောင်းမလုပ်နိုင်လို့ သူမကို ကြောက်လန့်သွားစေခဲ့လို့လည်း ဖြစ်နိုင်တယ်၊ ဒါကြောင့် ရဲဘော်လင်းရန်က လဲကျတော့မလို့ ဖြစ်သွားခဲ့တာ”
“ဒီကိစ္စကြောင့် ကျွန်တော့်ရင်ထဲမှာ နည်းနည်းလောက် အပြစ်ရှိသလို ခံစားရလို့၊ ကျွန်တော်က အမျိုးသားတစ်ယောက်ဖြစ်နေတော့ ခင်ဗျားတို့အိမ်ကို အလျင်စလိုသွားပြီး တောင်းပန်တာက သိပ်မကောင်းဘူးလေ၊ ဒါကြောင့် အခု ခင်ဗျားကို တွေ့တဲ့အချိန် ရဲဘော်လင်းကို ကျွန်တော် ဒုက္ခပေးပြီး ရဲဘော်လင်းရန်ကို ကျွန်တော့်ကိုယ်စား တောင်းပန်ပေးစေချင်ပါတယ်၊
အဲဒီနေ့က ဖြစ်ခဲ့တာက တကယ်ကို မတော်တဆဖြစ်ပြီး သူ့ကို ကျွန်တော့် တောင်းပန်တဲ့အကြောင်း ပြောပေးစေချင်လို့ပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကြောင့် သူမ လဲကျတော့မလို့ ဖြစ်ခဲ့တာမလို့ ကျွန်တော်သူမကို တောင်းပန်ရမှာပဲလေ”
**