အခန်း (၈၁)
Vol. 9 Ch. 81
လင်းကွမ်ချင်းမှာ ချန်ကျားယန်၏ စကားမျာ့ကိုကြားသော် လင်းရန်တစ်ယောက် ထိုနေ့က ကျောက်ရှိလဲ့ကို အစားအစာများ ပို့ပေးရန်အတွက် သွားခဲ့သည့်အကြောင်ကို ပြန်လရ်သတိရသွားခဲ့သည်။
သူ၏ညီမဖြစ်သူက ထိုကဲ့သို့ သွားခဲ့စဉ် ဤကဲ့သို့ ဖြစ်ပျက်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ ပြန်လာတဲ့အချိန်မှာတောင် ဒါတွေကို ပြန်မပြောပြခဲ့ဘူး။
ဒါကိုကြည့်ရင် လင်းရန်က ဒီကိစ္စကို လုံးဝ စိတ်ထဲမထားခဲ့တာ ဒါမှမဟုတ် ချန်ကျားယန်ကို လုံးဝ ဂရုမစိုက်တာ ဖြစ်နိုင်တယ်….
သို့သော် ထိုအချိန်အတွင်းတွင် သူ မရှိခဲ့သောကြောင့် ဖြစ်ပျက်ခဲ့သည့် အခြေအနေ အတိအကျကို သူ မသိခဲ့ပေ။ ထို့ကြောင့် ချန်ကျားယန် ပြောသည့်စကားကိုသာ ကြားရုံမျှနှင့် သူ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါချေ။
သို့ဖြစ်၍ သူ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ဒီကိစ္စကို ရန်ရန်ကို ခင်ဗျားအတွက်
ပြောပြပေးပါ့မယ်၊ ချန်ကျစ်ချင်းလည်း အရမ်း အပြစ်ရှိသလို ခံစားနေစရာ မလိုပါဘူး”
တကယ်လို့ သူ့ရဲ့ညီမလေး လင်းရန်ကိုသာ ထိုသူက ကြောက်လန့်သွားစေရအောင် အမှန်တကယ် တစ်ခုခု တကယ်လုပ်ခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ တောင်းပန်မှုက ပေါ့ပျက်လွန်းနေသေးတယ်!
လင်းကွမ်းချင်း သဘောတူသည်ကို မြင်သော် ချန်ကျားယန်ကလည်း ကျေးဇူးတင်သည့်အမူအရာမျိုးနှင့် ထပ်မံ ကျေးဇူးတင်ခဲ့သည်။
ထိုအချိန်တွင် ကျောက်ရှီလဲ့က သူမ၏ ပစ္စည်းများကို ယူလာပြီး အဆောင်ထဲမှ ထွက်လာခဲ့သည်။
“အစ်ကိုကြီးလင်း ကျွန်မ အဆင်သင့်ဖြစ်ပြီ၊ သွားကြစို့!”
“ကောင်းပြီ၊”
လင်းကွမ်းချင်က သူအကို ပြန်ဖြေလိုက်ပြီး ချန်ကျားယန်ဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။
“ကောင်းပြီ၊ ချန်ကျစ်ချင်း ဒါဆို ကျွန်တော်တို့ အရင်သွားလိုက်ဦးမယ်”
“ကောင်းပြီ၊ လမ်းမှာ ဂရုစိုက်ပါ”
ချန်ကျားယန်က ထိုနေရာတွင် ရပ်နေခဲ့ပြီး အပြုံးတစ်ခုနှင့်ပင် လူနှစ်ဦး ထွက်သွားသည်ကို ကြည့်နေခဲ့သည်။
သို့သော် လင်းကွမ်းချင်းနှင့် ကျောက်ရှီလဲ့တို့၏ ကျောပြင်များ လုံးဝ ပျောက်ကွယ်သွားသောအခါတွင်မူ သူ့မျက်နှာပေါ်မှ အပြုံးများကလည်း ပျောက်ကွယ်သွားခဲ့ပြီး သူ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ အနည်းငယ် ကျန်ရစ်နေခဲ့သည်။
သူနဲ့ လင်းရန်တို့ ယမန်နေ့တွင် နားလည်မှုလွဲမှားများများ ဖြစ်ခဲ့သောကြောင့် သူ့ကို ဆိုးရွားသည့်လူတစ်ယောက်ဟု ထင်သွားစေခဲ့သည့်အတွက် ချန်ကျားယန်မှာ နောက်နေ့တွင် လင်းရန်အား သူ့ကိုယ်တိုင် တောင်းပန်ရန်အတွက် စီစဉ်ထားခဲ့သည်။
သူက စိတ်ရင်းမှန်နှင့် တောင်းပန်ရန်အတွက် စကားလုံးများကိုပင် စဉ်းစားထားခဲ့ပြီး သူ၏ စိတ်ရင်းမှန်သည့် အမူအရာနှင့် ပေါင်းစပ်လိုက်ပါလျှင် မည်သူပင်ဖြစ်စေ သူ့ကို သေချာပေါက် ခွင့်လွှတ်လိမ့်မည်ဖြစ်သည်။
သို့သော် သူက ယမန်နေ့က တစ်နေကုန် စောင့်ဆိုင်းနေခဲ့သော်လည်း လင်းရန်က ပထမနေ့တုန်းကကဲ့သို့ ပညာတတ်လူငယ်များနှင့် လာရောက်ပေါင်းစည်း စုဝေးပြီး အလုပ်လုပ်နေသည်ကို မတွေ့ခဲ့ရပေ။
ထို့ကြောင့် ညနေပိုင်း အလုပ်ပြီးချိန်တွင် သူ ကျောက်ရှီလဲ့ဆီသို့ ပေါ့ပေါ့ပါးပါးပါးလေသံဖြင့် မေးကြည့်လိုက်သောအချိန်တွင် လင်းရန်မှာ နောက်ထပ် မည်သည့်အခါတွင်မှ အလုပ်သို့လာတော့မည် မဟုတ်ကြောင်းကို ကြားသိခဲ့သည်။
သူမ၏ မိသားစုကလည်း သဘောတူခဲ့ပြီး သူမကို ဤအတိုင်းပင် လွှတ်ထားချင်နေခဲ့ကြသည်။ ထိုသူများက လင်းရန်ကို ထပ်မံ၏၍ အလုပ်ကြမ်းများ ထပ်လုပ်ခိုင်းတော့မည် မဟုတ်ဟု ထင်ရသည်။
ထိုအရာများကို ကြားလိုက်ရသောအချိန်တွင် ချန်ကျားယန်မှာ ခဏတာမျှ မှင်တက်သွားခဲ့ပြီး မနာလိုမှုများနှင့် တစ်ကိုယ်လုံး လွှမ်းမိုးသွားခဲ့ရသည်ကို ခံစားလိုက်ရသည်။
လင်းရန်က ဒီလိုအလုပ်ကြမ််းနေရာမှာ တစ်ရက်ပဲ အလုပ်လုပ်ခဲ့ပြီး ဒီအလုပ်ကို ဆက်လုပ်စရာ မလိုတော့ဘူး…
အခုကစပြီး သူမက အိမ်မှာ သက်တောင့်သက်သာ နားနေနိုင်ပြီးတော့ သူမရဲ့မိသားစုက သူမကို ထောက်ပံ့ပေးနိုင်တယ်….
ဤကဲ့သို့သော အခြေအနေမျိုးက မြို့ထဲမှာပင် ရှားပါးလှပေသည်။ အလုပ်မလုပ်လျှင် အစားအစာ မရှိသည့် ကျေးလက်ဒေသမှာဆိုလျှင် ပို၍ပင် ရှားပါးလွန်းသည်။
လင်းမိသားစုက လင်းရန်ကို ဤမျှလောက် ကောင်းကောင်း ဆက်ဆံနေသည်ကို တွေးမိပြီးနောက် သူ့ကိုယ်သူ ပြန်ကြည့်လိုက်သောအခါတွင် ချန်ကျားယန်၏ ယခင်က အတွေးများက ပိုပြီး ပြင်းထန်လာခဲ့သည်။
သူ လင်းရန်ကို လက်ထပ်လိုက်သည်နှင့် လင်းမိသားစုက သူ့ကိုလည်း သူမကဲ့သို့ ထောက်ပံ့ပေးရုံသာမကဘဲ ဘက်ပေါင်းစုံမှ သေချာပေါက် ကူညီပေးလိမ့်မည်ဖြစ်သည်။
သူ နွားလို အလုပ်လုပ်ပြီး မောပန်းနေစရာ မလိုတော့ဘူး…
သို့သော် သူသည်ကား နေ့ခင်းဘက်တွင် အလုပ်လုပ်ရပြီး ညဘက်တွင်လည်း လင်းမိသားစုအိမ်သို့ အကြောင်းပြချက်မရှိ လင်းရန်ကို သွားရှာရန် မသင့်တော်ပေ။
ထို့ကြောင့် လင်းရန်၏ရှေ့တွင် သူ၏တည်ရှိမှုကို အဆက်မပြတ် တိုးမြှင့်ရန်အတွက် တခြားနည်းလမ်းများကို ရှာရုံသာ တတ်နိုင်တော့သည်။
ထို့ကြောင့် သူ လင်းကွမ်းချင်း လာရောက်သည်ကို မြင်သသည့်အချိန်တွင် သူ့ဆီသို့သွားကာ ထိုကဲ့သို့စကားလုံးများ ပြောရန်အတွက်ပင် စိတ်ရှည်ရှည်နှင့်မစောင့်ဆိိုင်းနိုင်တော့ပေ။
သူ့အနေဖြင့် ယခု လင်းကွမ်းချင်းက သူ့ကိုယ်စား လင်းရန်အား စိတ်ရင်းအပြည့်နှင့် ရိုးသားစွာ တောင်းပန်ခဲ့ကြောင်း ပြောပေးပြီး လင်းရန်၏ ရင်ထဲမှ သူ၏အပေါ် အထင်အမြင်ကို ပြောင်းလဲပေးနိုင်မည်ဟု မျှော်လင့်တေခဲ့သည်။
ဤကဲ့သို့ဖြစ်လျှင် သူ လင်းရန် ကို ထပ်မံချဉ်းကပ်ရန်အတွက် အခွင့်အလမ်း ရှာသောအချိန်တွင် ပို၍ ချောမွေ့လိမ့်မည်ဖြစ်သည်။
သို့သော် ထိုနေ့က ရှင်းပြ၍မရနိုင်လောက်သည့် ထိုအမျိုးသားကို တွေးလိုက်သောအချိန်တွင် ချန်ကျားယန်တစ်ယောက် ရုတ်တရက် အနည်းငယ် ဒုက္ခရောက်သကဲ့သို့ ခံစားလိုက်ရသည်။
ထိုအမျိုးသားက လင်းကွမ်းချင်း၏ ရဲဘော်ဖြစ်ပြီး လက်ရှိ သူ့အိမ်တွင် ယာယီနေထိုင်နေသည်ကို သူ သိခဲ့သော်လည်း မည်သည့်အချိန် ထွက်ခွာသွားမည်ဆိုသည်ကိုတော့ သူ မသေချာပေ။
သူသာ ဘယ်တော့မှ မထွက်သွားဘူးဆိုရင် လင်းရန်ကို ချဉ်းကပ်ဖို့ အခွင့်အလမ်း ကောင်းကောင်းကို ရမှာ မဟုတ်တော့ဘူး…
အထူးသဖြင့် အဲဒီအမျိုးသားက သူမကို အရမ်း ကာကွယ်နေတာ သိသာတယ်…
မဟုတ်ဘူး၊ အဲဒီအမျိုးသားကို အရင်ဆုံး ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်ထင်တယ်….
*
တစ်ဖက်နေရာတွင်တော့ လင်းကွမ်းချင်းက ကျောက်ရှီလဲ့ကို လင်းမိသားစုထံသို့ အမြန် ခေါ်လာခဲ့သည်။
ကျောက်ရှီလဲ့က မူလကတည်းက အကောင်းမြင်သူ တစ်ယောက်ဖြစ်သည်။
သူမအနေဖြင့် လင်းမိသားစုဝင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း လင်းမိသားစုက အလွန် ပေါင်းသင်းရ လွယ်ကူသည့်အတွက် သူမက လင်းမိသားစုဝင်များနှင့် အမြန်ပင် ရင်းနှီးသွားခဲ့သည်။
လင်းရန် မီးဖိုချောင်တွင် ချက်ပြုတ်နေရင်းဖြင့် ပင်မအခန်းထဲမှ ကျောက်ရှီလဲ့နှင့် အဘွားလင်းတို့၏ ရယ်သံများကို အဝေးကြီးကနေပင် ကြားနေရသည်။ သူမက အမှန်တကယ်ကို လိုက်လျောညီထွေ နေတတ်ပုံရ၏။
လင်းရန်က အိုးအဖုံးဖွင့်လိုက်ပြီးနောက် ဟင်းအိုးထဲတွင်ပြုတ်ထားသော ဝက်ပေါင်ခြောက်ကို ကြည့်လိုက်သည်။
မကြာမီ ကျက်တော့မယ်ဆိုသည်ကို သိသောကြောင့် အမြန်ဆယ်ယူလိုက်ပြီး တစ်ဖက်မှအိုးထဲတွင် ကျန်နေသည့် ဆီထဲသို့ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် စသည်များကို မွှေးလာသည်အထိ ဆီသတ်လိုက်လေသည်။
အနံ့ထွက်လာပြီးနောက် ကျန်နေသော အဆီနည်းသည့် အသားများကို ထည့်ပြီး မွှေလိုက်သည်။ အသားနှင့် ဟင်းခတ်အမွှေးအကြိုင်များ၏ ရနံ့တို့က ချက်ချင်းပင် မွှေးကြိုင်စွာ ထွက်လာခဲ့သည်။
ဝက်သားခြောက်က ကြိုတင် ပြုတ်ထားပြီးသားဖြစ်သောကြောင့် မွှေကြော်ဖို့အတွက် အချိန်ကြာကြာ မယူရဘဲ သိပ်မပြာခင်တွင် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်လေသည်။
အိုးမချမီ တောကြက်သွန်နီ အတက်ကောင်းလေးများကို လောင်းထည့်လိုက်သည့်အတွက် အရသာက ချက်ချင်းပင် နောက်အဆင့်သို့ တက်သွားခဲ့လေ၏။
ဝက်ပေါင်ခြောက်နှင့် ဂေါ်ဖီထုပ်ကို အိုးခြောက်ထဲတွင် မွှေကြော်ပြီးနောက်၊ တစ်ဖက်တွင် ဝက်ပေါင်ခြောက် အစအနလေးများနှင့် ထည့်သွင်း ချက်ပြုတ်ထားသည့် ဆောင်းဖရုံသီး ဟင်းချို၊ ပြီးနောက် နှစ်အိုးစာ အရံဟင်းများနှင့် အအေးသုတ်ပန်းကန်များကို ပေါင်းလိုက်သောအခါ စားပွဲကြီးတစ်လုံးနှင့် ပြည့်သွားခဲ့ပြီဖြစ်သည်။
ထို့အပြင် ထင်းမီးဖိုကြီးထဲတွင် ဆန်မှုန့်ကိုလည်း ကျိုထားခဲ့သည်။ အိုးထဲမှ ဆန်မှုန့်ကျက်ပြီး အောက်ချေတွင် ကြွတ်ရွနေသောကြောင့် လင်းရန် ပူတုန်းမှာပင် ထည့်ပေးလိုက်သည်။
တစ်ယောက်တစ်ပန်းကန်စီ ထည့်ပေးလိုက်ပြီး လက်နှင့် ယူစားသည်ဖြစ်စေ ၊တခြာနည်းဖြစ်စေ ကိုယ်စားချင်သလို စားနိုင်လိမ့်မည်။ သို့မဟုတ် ဟင်းချိုနည်းနည်းတို့စားလျှင် ဤသည်က သေချာပေါက် အရသာရှိသော စားသောက်ဖွယ်တစ်ခွက်ပင်ဖြစ်နေလိမ့်မည်။
ကျောက်ရှီလဲ့တစ်ယောက် စားပွဲပေါ်ရှိ ဟင်းပွဲများကို မြင်သောအချိန်တွင် သူမ၏ မျက်လုံးများပင် ပြူးထွက်တော့မတက် ဖြစ်သွားခဲ့သည်။
ဒီနှစ်ရက် ကျေးလက်ဒေသမှာ နေနေရတာကို ဖယ်ထားလိုက်ဦး…. မြို့ထဲမှာတောင် သူတို့ ဒီလောက် ပြည့်စုံအောင် စားရမှာမဟုတ်ဘူး…
အရေးကြီးတာက သူမ အမေရဲ့ ချက်ပြုတ်စွမ်းရည်နဲ့ဆိုရင် တူညီတဲ့ ပါဝင်ပစ္စည်းတွေနဲ့တောင် ဒီလို ထူးခြားတဲ့ အရသာကို ဘယ်တော့မှ မလုပ်နိုင်လောက်ဘူး….
အနံ့ကိုခံရုံနှင့်ပင် ကျောက်ရှီလဲ့က ဤစားပွဲပေါ်က အစားအစာများက မည်မျှပင် အရသာရှိမည်ကို ခန့်မှန်းနိုင်ခဲ့သည်။
လင်းမိသားစုမှာ လင်းရန် ချက်ပြုတ်ထားသည့် အစားအစာများကို စားဖူးပြီးသား ဖြစ်သော်လည်း သူတို့ ပိုစားလေ၊ လင်းရန်၏ ဟင်းချက်စွမ်းရည်ကို ခုခံနိုင်စွမ်း နည်းပါးလာလေလေ ဖြစ်ပုံရ၏။
ထို့ကြောင့် သူတို့ စားပွဲပေါ်က ဟင်းပွဲများကို မြင်သောအခါ အားလုံး တံတွေးမျိုချမိခဲ့ကြသည်။
အဘွားလင်းက ဤသည်ကိုမြင်သောအခါ သူမ၏စိတ်ထဲမှ ထိုအရှုံးသမားများများကို ဆူပူလိုက်သော်လည်း မွှေးပျံ့သည့် အစားအစာများကနေ သူ့မျက်လုံးများကို မည်သောအခါမှ မခွါချင်ခဲ့ပေ။
“ဟုတ်ပြီ၊ဟုတ်ပြီ၊ မင်းတို့က လူစိမ်းတွေ မဟုတ်ဘူး၊ ထိုင်ပြီး စားကြစို့!”
အဘွားလင်း၏ အမိန့်ကို လိုက်နာပြီး လူတိုင်း စတင်လှုပ်ရှားကြသည်။
ကျောက်ရှီလဲ့က တစ်ကိုက်စားလိုက်မိသည်တွင် ပျော်ရွှင်လွန်း၍ ငိုတော့မလိုပင် ဖြစ်သွားခဲ့ရသည်။
သူမက လင်းရန်ကို ကြည့်ပြီး ချစ်ခင်စွာ ပြောလိုက်သည်။
“ရန်ရန် မင်းရဲ့ လက်ရာက တကယ်ကို ကောင်းတယ်၊ ငါသာ ယောက်ျားတစ်ယောက်ဆိုရင် မင်းကို လက်ထပ်ချင်မှာပဲ!”
ထမင်းစားပွဲမှ တခြားလူတိုင်းက သူမ၏ အမူအရာကြောင့် ရယ်မောခဲ့ကြပြီး လင်းရန်ကလည်း ကူကယ်ရာမဲ့စွာ ရယ်မောနေခဲ့ညသည်။
သူမ ကျောက်ရှီလဲ့ကို အသားတစ်တုံးအမြန်ပေးပြီး သူမကို စကားပြောနေခြင်းမှ ရပ်တန့်နိုင်အောင် ကြိုးစားခဲ့သည်။
“မြန်မြန်စားတော့၊ နင်က ငါ့ကို လက််မထပ်ရင်တောင် ငါချက်တဲ့ အစားအစာတွေကို စားနိုင်တယ်၊ စားချင်ရင် ဘယ်အချိန်မဆို ငါ့ဆီ လာခဲ့!”
ကျောက်ရှီလဲ့၏ အာရုံက မကြာမီမှာပင် ပန်းကန်လုံးထဲက အသားဆီကို ပြန်ရောက်သွားပြီး ပျော်ရွှင်မှုထဲတွင် ဆက်လက် နစ်မြောနေခဲ့သည်။
သို့သော် စားပွဲ၏ တစ်ဖက်ခြမ်းက စုန့်ရှီးယန်ကတော့ သူမ၏ ထို စကားပြောဆိုမှုကို ကြားပြီးနောက် အဘယ်ကြောင့်မှန်းမသိသော်လည်း၊ ကျောက်ရှီလဲ့ ပြောသည်က အလွန်မှန်ကန်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
**