← Chapters

အခန်း (၈၂)

Vol. 9 Ch. 82

အခန်း (၈၂)

Vol. 9 Ch. 82

စုန့်ရှီးယန်၏ အတွေးထဲတွင်သူမက ရုပ်ရည်လှပပြီး ချက်ပြုတ်စွမ်းရည်လည်း အလွန်ကောင်းသည်။ အဓိကအချက်မှာ လင်းရန်က သူ့အပေါ်တွင် တွယ်ကပ်မှုမရှိခဲ့ပေ။

သူတို့နှစ်ဦး လက်ထပ်ပြီးလျှင် အိမ်ထောင်ရှင်အမျိုးသမီးများမှ သူတို့ခင်ပွန်းများက အလုပ်များပြီး အိမ်ပြန်ရန် အချိန်မရှိသည်ကို မကျေမနပ် ပြောဆိုသကဲ့သို့ ပြောလာလောက်မည့်ပုံမျိုး သိပ်မရှိလောက်ပေ။

သူ နှစ်ပေါင်းများစွာ လက်ထပ်ရန် မစဉ်းစားခဲ့သည်မှာ သူ့တွင် စိတ်ကူးမရှိခြင်းနှင့် သင့်တော်သော မိန်းကလေးမရှိခြင်းတို့အပြင် နောက်ထပ် အကြီးဆုံး အကြောင်းပြချက်တစ်ခု ရှိသေးသည်။

ထိုအရာမှာ ငယ်စဉ်ကတည်းက သူ တွေ့မြင်ခဲ့ရသည့် စုံတွဲများ အတူတူနေထိုင်ပြီးနောက်တွင် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးမှု နည်းပါးသောကြောင့် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွါးနေခဲ့သည်။

ပြီးဆုံးမှုမရှိသည့် ရန်ဖြစ်သံများနှင့် တိုင်ကြားသံများက တွေးကြည့်ရုံနှင့်ပင် သူနားများ နာကျင်လာစေရသည်။

ထိုကဲ့သို့ မိန်းမလေးမျိုးနဲ့ အမှန်တကယ် နေထိုင်နိုင်ဖို့အတွက်က တကယ်ကိုမဖြစ်နိုင်ပါချေ။

ထို့ကြောင့် စုန့်ရှီးယန်၏ ခိုင်မာသည့် ယုံကြည်ချက်ကတော့ : သူ ဘယ်တော့မှ လက်မထပ်ဘူး ဆိုတာပဲ….

ဒါမှမဟုတ် လက်ထပ်ချင်ရင်တောင် စိတ်တည်ငြိမ်တဲ့၊ မတွယ်ကပ်တတ်တဲ့၊ လွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာရမယ်လို့ တွေးထားခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမှသာ လက်ထပ်ပြီးတဲ့နောက် သူ့ရဲ့နားတွေ ပိုပြီးသန့်ရှင်းနေမှာ။

ထိုသို့တွေးကြည့်ပြီးနောက် လင်းရန်မှာ သူရဲ့ လိုလာမှုပန်းတိုင်အားလုံးကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်မည့်ပုံရသည်….

အထူးသဖြင့် ဤချက်ပြုတ်စွမ်းရည်နဲ့ဆိုပါက : သူ့အနေဖြင်် သူမ နှစ်ရက်လောက်သာ ချက်ပြုတ်ကျွေးခဲ့ပြီးသော်လည်း လင်းရန်နဲ့ ဝေးကွာစွာမနေနိုင်တော့ဟု ခံစားနေရသည်။

သူ လင်းရန်ကို ပထမဆုံး မြင်တွေ့ကတည်းက စိတ်ဝင်စားခဲ့မိပြီး သူ့နှင့် ပိုမိုဆက်သွယ်ချင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

ဘုရားသခင်က သူ့ကို လျှို့ဝှက်စွာ လမ်းညွှန်ပေးခဲ့တာ ဖြစ်နိုင်လောက်သည်။ လင်းရန်က သူ့အတွက် အသင့်တော်ဆုံး မိန်းကလေးဖြစ်နေနိုင်လောက်မလား?

မြင်မြင်ခြင်းအချစ်ဆိုသည်က မည်သည့်အရာဖြစ်ကြောင်း လုံးဝ မသိသော စုန့်ရှီးယန်မှာ အတွေးထဲတွင် နစ်မြုပ်သွားခဲ့သည် ။

လင်းရန်သည်ကား စားပွဲဝိုင်းတွင်ရှိနေသည့် တစ်စုံတစ်ယောက်က သူ့ကို စတင် စိတ်ဝင်စားနေပြီဖြစ်ကြောင်းကို လုံးဝ မသိခဲ့ပေ။

ထမင်းစားပြီးသောအချိန်တွင် သူမက ကျောက်ရှီလဲ့ကို သူမ၏အခန်းသို့ ခေါ်သွားခဲ့ပြီး စကားပြောကာ၊ ခဏ ထိုင်ခိုင်းသည်။

ထို့နောက် ကျောက်ရှီလဲ့ ပြန်ရန် လုပာနေစဉ် မမျှော်လင့်ဘဲ သူမ၏ဖခင် လင်းကျန်းအန်းက ကျောက်ရှီလဲ့ကို ရုတ်တရက် လှမ်းခေါ်လိုက်လေသည်။

လင်းရန် ခဏတာလောက် မင်တက်သွားပြီး သူမနှင့် ကျောက်ရှီလဲ့တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ရှုပ်ထွေးနေခဲ့ကြသည်။

“စိတ်မပူပါနဲ့၊ ဦးလေးက မင်းကို တစ်ခုခု ပြောချင်ရုံပါပဲ”

လင်းကျန်းအန်းက ကျောက်ရှီလဲ့ကို စိတ်သက်သာရာရစေသည့် အပြုံးနှင့် ပြုံးပြလိုက်ပြီးနောက် ခေါင်းကုတ်ပြီး ပြောလိုက်သည်။

“အိုး၊ ကောင်းပါပြီ”

လင်းရန်က ဤသည်ကိုမြင်သောအချိန်တွင် မည်သည်ကိုမှမတွေးဘဲ ရုတ်တရက် လင်းကျန်းအန်းကို လှမ်းပြောလိုက်သည်။

“အဖေ၊ သမီးလည်း နားထောင်လို့ရမလား?”

လင်းကျန်းအန်းက ခဏတာ စဉ်းစားလိုက်သော်လည်း မငြင်းခဲ့ပေ။

“ကောင်းပြီ၊ သမီးလည်း လာခဲ့လို့ရတယ်”

ဘာပဲဖြစ်ဖြစ် အခုမဟုတ်ရင်တောင် နောင်တစ်ချိန်မှာ လင်းရန်လည်း ဒါကို သိလာမှာပဲ။ ဒါကြောင့် သူမ ရှေ့မှာ ပြောတာက ပိုကောင်းတယ်။

သို့သော်လည်း သူ့အနေဖြင့် သူ စုန့်ဝေ့နှင့် လီရှို့လီတို့ကို ထိုမျှလောက် သံသယဝင်နေသည်ကို ကြားလျှင် လင်းရန် စိတ်မသက်မသာ ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

သူတို့သုံးယောက်က နောက်ဆုံးတွင် လင်းရန်၏ အခန်းကိုသာ ပြန်ရောက်လာခဲ့ကြသည်။

တံခါးက ဖွင့်ထားသော်လည်း လင်းမိသားစုဝင်များထဲမှ တခြားသူများက မီးဖိုချောင်ကို ရှင်းနေသောကြောင့် သို့မဟုတ် ကိုယ်တိုင် သန့်ရှင်းရေးလုပ်နေသောကြောင့် မည်သူမျှ မလာခဲ့ပေ။

လင်းရန်၏ အခန်းထဲသို့ ဝင်ပြီးနောက် လင်းကျန်းအန်းက စကားရှည်မနေတော့ပဲ ကျောက်ရှီလဲ့ကို နေ့လည်က လင်းမိသားစုတွင် ဖြစ်ပျက်ခဲ့သည်ကို သိထားလားဟု တိုက်ရိုက်မေးလိုက်သည်။

ကျောက်ရှီလဲ့က ခဏတာ မင်တက်သွားပြီး လင်းရန်ကို သတိထားစွာ ကြည့်လိုက်ပြီး နောက်ဆုံးမှာ ခေါင်းညိတ်လိုက်လေသည်။

“ငါတောင်းပန်ပါတယ် ရန်ရန်၊ ငါ တမင်သိအောင် လုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး၊ ပညာတတ်လူငယ်တွေ ပြောနေကြတာကို ကြားမိရုံပါ”

သူမ လင်းရန်ကို အပြစ်ရှိသကဲ့သို့ ကြည့်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်ဆီမှာ ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တာကို သိရရင် အမြဲတမ်း စိတ်မကောင်းဖြစ်ရတာပဲလေ….

သို့သော် လင်းရန်ကတော့ သူမက မည်သည့် အမှားမျှ မလုပ်ခဲ့ဟု သူမထင်သည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စကို ကျောက်ရှီလဲ့က ဖန်တီးခဲ့ခြင်း မဟုတ်ပေ။

“ရှောင်ကျောက် မင်း တောင်းပန်စရာ မလိုပါဘူး၊ ဒီကိစ္စက မင်းကြောင့် ဖြစ်တာ မဟုတ်ဘူးလေ…”

လင်းကျန်းအန်းက ခါးသက်စွာ ပြုံးလိုက်ပြီး ကျောက်ရှီလဲ့အား ခေါ်ခဲ့သည့် ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။

“သတင်းတွေ ဘယ်လိုမျိုး ပျံ့သွားလဲဆိုတာကိုတော့ ငါ မသိဘူး၊ ဒါပေမဲ့ ဒါကို ယုံပါ၊ ငါတို့ လင်းမိသားစုက ရန်ရန်ကို လုံးဝ ဆိုးရွားတဲ့အတွေးမျိုး မရှိဘူး၊ ငါတို့တွေ သူ့အပေါ် စိတ်ရင်းမှန်နဲ့ ကောင်းကောင်းဆက်ဆံတာပါ၊ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရရင်တောင် ငါတို့ ဘယ်တော့မှ...”

စုန့်ဝေ့နဲ့ လီရှို့လီ ပြောသလိုမျိုး သူမအရွယ်ရောက်မှ ခိုင်းစေချင်တဲ့အတွက် အသိအမှတ်ပြုတာမျိုး မဟုတ်ဘူး….

ကျောက်ရှီလဲ့က လင်းကျန်းအန်း စကားမဆုံးမီ အလျင်အမြန် ဖြတ်ပြောလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ဦးလေးလင်း သမီး သေချာပေါက် ယုံပါတယ်၊ ရန်ရန်နဲ့ သမီးဒီကို ရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ ဦးလေးတို့ ရန်ရန်ကို ဘယ်လို ဆက်ဆံလဲဆိုတာ မြင်နေရတာပဲလေ”

ပထမဆုံးနေ့တွင် ခရိုင်မြို့မှ ပြန်လာသော လမ်းတွင် လင်းကျန်းအန်းက သူ့သမီး လင်းရန်အပေါ် မည်မျှပင် ကြင်နာသည်ဆိုသည်ကို သူမ တွေ့ရှိခဲ့သည်။

လမ်းတစ်လျှောက် ရှုခင်းများကို ပိုမိုကောင်းမွန်စွာ ကြည့်နိုင်ရန်အတွက် ခေါင်းဆောင်ဖြစ်သူ၏ ဆူပူမှုကို ခံရနိုင်ခြေရှိသော်လည်း သူက အရှိန်ကို နှေးကွေးခဲ့သည်။

ထို့အပြင် လင်းရန်က လင်းမိသားစုတွင် နေထိုင်ခဲ့သော ဤရက်များအတွင်း သူမ မျက်နှာပေါ်က အပြုံးများက မလျော့သွားခဲ့ပေ။ သူမ၏ ရင်ထဲမှပင် ပျော်ရွှင်နေကာ သက်တောင့်သက်သာ ရှိနေခဲ့ကြောင်းကို သိရှိနိုင်သည်။

လင်းမိသားစုမှ လင်းရန်အပေါ် အမှန်တကယ် မကောင်းခဲ့လျှင် သူမ ပြုံးနေနိုင်မည် မဟုတ်ကြောင်းကို ကျောက်ရှီလဲ့သိရှိနိုင်ခဲ့သည်။

စုန့်ဝေ့နဲ့ လီရှို့လီတို့အတွက်ကတော့….

သူမ မြို့တွင် ရှိစဉ် ကျောက်ရှီလဲ့၏ မိဘများမှာ စုန့်ဝေ့ကဲ့သို့ပင် စက်ရုံအလုပ်သမားများ ဖြစ်ခဲ့ကြသော်လည်း သူမ၏ မိဘများက စုန့်ဝေ့နှင့် တည်နေရာမတူခဲ့ပေ။

ထို့အပြင် သူမ၏မိဘများက သာမန် ရှေ့တန်းအလုပ်သမားများ ဖြစ်ပြီး စုန့်ဝေ့နှင့် မနီးစပ်ကြပါချေ။ သူမက သူတို့နှင့် အဆက်အသွယ်မရှိခဲ့သောကြောင့် စုန့်ဝေ့နှင့် လီရှို့လီတို့ အကြောင်းကို အနည်းငယ်သာ သိခဲ့သည်။

စုန့်ဝေ့နှင့် လီရှို့လီတို့ကို သူမ မှတ်မိသော တစ်ခုတည်းသော အချိန်မှာ သူမနှင့် လင်းရန် ကျေးလက်ဒေသသို့ အတူထွက်ခဲ့တုန်းကပင်ဖြစ်သည်။

သူမက လီရှို့လီ ငိုနေသည်ကို မြင်ခဲ့ရပြီး စုန့်ဝေ့က ဘေးဘက်မှ လီရှို့လီကို နှစ်သိမ့်နေသည်ကို တွေ့ခဲ့ရသည်။ သူသည်လည်း ဝမ်းနည်းနေပုံရ၏။

သို့သော် ထိုအချိန်တုန်းက သူမသည်လည်း အလွန်ဝမ်းနည်းနေခဲ့ပြီး စိတ်ခံစားချက်များကြောင့် အလုပ်များနေသောကြောင့် သူတို့ကို သိပ် ဂရုမစိုက်ခဲ့ပေ။

သို့သော် ယနေ့အထိ သူမက စုန့်ဝေ့နဲ့ လီရှို့လီတို့က လင်းရန်အပေါ် အလွန်ကောင်းခဲ့သည်ဟု ထင်နေဆဲပင်ဖြစ်သည်။

သို့သော် ယနေ့ ပညာတတ်လူငယ်နေရာမှ ပညာတတ်လူငယ်များဆီမှ ကြားခဲ့ရသည့် အကြောင်းအရာများက သူမကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ပညာတတ်လူငယ်များက စုန့်ဝေ့မှာ လူတိုင်းရှေ့တွင် လင်းရန်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး လူသားဆန်သည့် ခံစားချက်များကို ဂရုမစိုက်ခဲ့ဘဲ စုန့်မိသားစုကို ဘယ်သောအခါမှ ပြန်မလာရန် ပြောခဲ့သည်ဟု ပြောခဲ့ကြသည်။

သူ့အနေဖြင့် အမှန်တကယ်ကို ဒေါသထွက်နေလျှင်ပင် ဤကဲ့သို့စကားမျိုး မပြောသင့်ပါချေ။

ဒီလိုစကားမျိုး ကြားပြီးနောက်မှာ လင်းရန်က ဘယ်လောက်တောင် ဝမ်းနည်းနေလိမ့်မလဲဆိုတာကို သူ မသိခဲ့ဘူးလား?

လင်းရန်၏ သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် ကျောက်ရှီလဲ့က လင်းရန်ဘက်မှ သဘာဝအတိုင်း ရပ်တည်ခဲ့သောကြောင့် စုန့်ဝေ့နဲ့ လီရှို့လီတို့က မိဘကောင်းများ မဟုတ်ကြောင်း ချက်ချင်း ခံစားခဲ့ရသည်။

“ရှောင်ကျောက် ဦးလေးနဲ့ ဦးလေးတို့ မိသားစုကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လင်းကျန်းအန်းက ကျောက်ရှီလဲ့ကို စိတ်ရင်းမှန်နှင့် ကျေးဇူးတင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ဒီလိုတွေးတာနဲ့ တခြားလူတွေလည်း ဒီလိုပဲ တွေးမယ်လို့ မဆိုလိုဘူး၊ အထူးသဖြင့် မင်းရဲ့မိသားစုက လူတွေပေါ့”

ထို့နောက်တွင် လင်းကျန်းအန်းက သူ့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့သည်။

ဤသည်ကို ကြားပြီးနောက် လင်းရန်က ဖခင်လင်းမှ ကျောက်ရှီလဲ့ကို မည်သည့်ကိစ္စကြောင့် ရှာခဲ့သလဲဟူသည်ကို နားလည်သွားခဲ့သည်။

သူမရဲ့ ဂုဏ်သတင်းအတွက် ဖြစ်နေတာပဲ…

သူမက သဘာဝအတိုင်း စိတ်လှုပ်ရှားခဲ့သော်လည်း ဤအရာကို စိတ်ပူစရာ မလိုအပ်ကြောင်း ခံစားခဲ့ရသည်။ သူမက အနာဂတ်တွင် ထိုနေရာကို ပြန်သွားတော့မည်မဟုတ်ဟု တွေးမိသည်။

သို့သော် လင်းကျန်းအန်းက ဆက်လက် တောင်းဆိုခဲ့သည်။

“ရှောင်ကျောက် မင်းတို့ လူငယ်တွေရဲ့ အမြင်မှာတော့ အဲဒီ မကောင်းတဲ့ ကောလာဟလတွေကို ဂရုစိုက်စရာ မလိုဘူးလို့ ထင်နိုင်ပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ ဦးလေးရဲ့သမီးကို ဘယ်လိုပုံနှင့်ပဲဖြစ်ဖြစ် စော်ကားတာကို မလိုချင်ဘူး”

“ဒါကြောင့် ဦးလေး သမီးကို မေးချင်တာက ဒီကိစ္စကို သမီးရဲ့ မိဘတွေကို ပြောပြပေးနိုင်မလား၊ ပြီးတော့ သူတို့ကို တောင်းဆိုပေးနိုင်မလား၊ တခြားသူတွေ တိုက်ရိုက် မပြောဘဲနဲ့ ဒီအကြောင်းတွေကို သိသွားစေဖို့အတွက်လေ၊ ဦးလေး ခနိ့မှန်းသလောက် စုန့်ဝေ့နဲ့ လီရှို့လီတို့က ဒီအတိုင်းနေမယ်လို့မထင်ဘူး”

စုန့်ဝေ့နဲ့ လီရှို့လီတို့က ဒီလို အဓိပ္ပာယ်မရှိတာတွေကို တကယ် ပြောရဲရင် သူ့အနေနဲ့လည်း မြို့ထဲကို တိုက်ရိုက်သွားပြီး စုန့်ဝေ့နဲ့ လီရှို့လီတို့ကို သူတို့ရဲ့ စက်ရုံထဲက လူတိုင်းရှေ့မှာ ထပ်မံ ရင်ဆိုင်ဖို့ ဂရုစိုက်နေမှာမဟုတ်ဘူး!

ဘာပဲဖြစ်ဖြစ် သူက ခြေဗလာနှင့်လူဖြစ်လို့ ဖိနပ်စီးထားတဲ့ စုန့်ဝေ့လို လူတွေကို မကြောက်ပါဘူး။

ဘယ်သူက ဘယ်သူ့ထက် ပိုကြမ်းလဲဆိုတာ ကြည့်ကြတာပေါ့!

**

All Chapters