← Chapters

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း (၈၃)

Vol. 9 Ch. 83

ကျောက်ရှီလဲ့က လင်းကျန်းအန်း၏စကားကို ကြားသော် သေချာပေါက် ငြင်းဆန်မည် မဟုတ်ပေ။ သူမက သစ္စာရှိစွာနှင့် ပြောလိုက်သည်။

“ဦးလေးလင်း၊ ရန်ရန်ရဲ့ကိစ္စအတွက် စိတ်မပူပါနဲ့၊ ဒီမှာ ဖြစ်ခဲ့တာတွေကို သမီးမိဘတွေကို သေချာပေါက် ပြောပြပါ့မယ်၊ ပြီးတော့ ဦးလေးတို့အတွက် စုန့်ဝေ့ရဲ့ စစ်မှန်တဲ့ မျက်နှာကိုလည်း သေချာပေါက် ဖော်ထုတ်ပေးပါ့မယ်!”

သူမက သူ့အမေ၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိသည်။ သူမ၏အမေမှာ ဩဇာလွှမ်းမိုးမှုနှင့် အခြားသူများ၏ ထူးဆန်းသည့် အကြောင်းအရာများကို ပြောဆိုရသည်ကို ကြိုက်သောလူတစ်ယောက်ဖြစ်ချေသည်။

သူမသာ ယခုကဲ့သို့ သတင်းကြီးမျိုးကို ကြားပါက တခြားသူများကို မပြောပြဘဲ နေနိုင်မှာမဟုတ်ပါချေ….

လင်းကျန်းအန်းက သူတို့မိသားစု ဒုက္ခရောက်သည်ကို မလိုချင်သော်လည်း သူမ၏အမေကမူ ဒုက္ခကို ကြောက်သည်သူ မဟုတ်ပေ။

အချိန်တန်လျှင် သူမက စုန့်ဝေ့နဲ့ လီရှို့လီတို့အကြောင်းကို သေချာပေါက် ကောင်းကောင်း”ကြော်ငြာ” ပေးလိမ့်မယ်ဖြစ်သည်။

ကိစ္စများပြေလည်သွားသောအချိန်တွက် လင်းကျန်းအန်းသည်လည်း စိတ်အေးသွားခဲ့ရသည်။

လင်းရန်အတွက်မှာမူ ဖခင်လင်း လုပ်ခဲ့သောအရာများကြောင့် ကူကယ်ရာမဲ့သလိုခံစားရသော်လည်း တစ်ချိန်တည်းတွက် စိတ်လှုပ်ရှားခြင်းကိုသာ ခံစားနိုင်ခဲ့ရသည်။

ညနက်လာသည်ကို မြင်သော် လင်းရန်က ကျောက်ရှီလဲ့ကို တံခါးဝအထိ ပို့ဆောင်ပေးခဲ့သည်။ မူလက သူမအနေဖြင့် ကျောက်ရှီလဲ့နှင့် သူ့အမေကို စကားကို များများစားစားမပြောဖို့ မှာကြားရန် စီစဉ်ခဲ့သည်။

နောက်ပိုင်း စုန့်ဝေ့က ကိုယ်တိုင် သိသွားသောအချိန်တွင် သူတို့ကို ထိခိုက်သွားမည်ကို စိုးရိမ်ခဲ့သည်။

သို့သော်လည်း အဆုံးတွင် ကျောက်ရှီလဲ့က သူမ၏လက်ကို ပုတ်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ရန်ရန် စိတ်မပူပါနဲ့၊ ဒီကိစ္စကို ငါကောင်းကောင်း သိပါတယ်”

စုန့်ဝေ့နဲ့ လီရှို့လီတို့တွေ မကောင်းဆိုးဝါးတွေလိုမျိုး လုပ်ခဲ့တာတွေကို လူတိုင်းကို ပြောပြရမယ်၊ ပြီးတော့ သူတို့ရဲ့ ကျောရိုးကို သေတဲ့အထိ ထိုးနှက်ရမယ်!

ကျောက်ရှီလဲ့က အကြီးအကျယ် တစ်ခုခု လုပ်ရန် ဆုံးဖြတ်ထားပုံရသည်ကို မြင်သောအခါ လင်းရန်က ကူကယ်ရာမဲ့သွားခဲ့ရ၏။

သို့ပေမဲ့ နောက်ထပ် စဉ်းစားကြည့်ပြီးနောက်မှာ ဒီလိုပဲ ဖြစ်သင့်ကြောင်း နားလည်ခဲ့ရသည်….

မည်သို့ပင်ဖြစ်စေကာမူ စုန့်ဝေ့နဲ့ လီရှို့လီတို့ လုပ်ခဲ့သည်များက သူတို့ ဖန်တီးခဲ့ခြင်း မဟုတ်သလို၊ လိမ်ညာခဲ့ခြင်းလည်း မဟုတ်ပေ။

သူတို့၏ ဂုဏ်သတင်းများ တကယ် ပျက်စီးသွားလျှင်ပင် သူတို့ ခံထိုက်သည်။

ထိုညမှာပင် လင်းရန်တစ်ယောက်နောက်ဆုံးတွင် စုန့်မိသားစုနှင့် ဆက်ဆံရေးကို အောင်မြင်စွာ ရပ်ဆိုင်းနိုင်ခဲ့သည့်အတွက် ရင်ထဲမှ ကျောက်တုံးကြီးက လုံးဝ ဖယ်ရှားခံခဲ့ရသည်။

ထို့ကြောင့် သူမ ထိုညတွင် ကောင်းကောင်း အိပ်ပျော်ခဲ့ပြီး အိပ်မက်ပင် မမက်ခဲ့ပေ။ သူမ နိုးလာသောအခါတွင် မိုးပင်လင်းနေခဲ့ပြီဖြစ်သည်။

သို့သော် စုန့်မိသားစုကတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

စုန့်ဝေ့နှင့် လီရှို့လီတို့က နောက်တစ်နေ့ မနက်စောစောတွင် အိမ်သို့ပြန်ရောက်လာခဲ့ကြသည်။

သူတို့ အိမ်သို့ရောက်သောအချိန်၌ လင်းမိသားစုအတွင်း ဖြစ်ပျက်ခဲ့သောအရာများကြောင့် သူတို့၏ စိတ်မခြေအနေများက မကောင်းခဲ့ပေ။

ခရီးသွားလာမှုကြောင့် ပင်ပန်းနွမ်းနယ်မှုနှင့် ပေါင်းလိုက်သောအချိန်တွင် သူတို့၏ မျက်နှာများက ပို၍ပင် ရုပ်ဆိုးနေခဲ့သည်။

စုန့်စစ်ယွီအတွက်မှာမူ စုန့်ဝေ့နှင့် လီရှို့လီတို့က ကျေးလက်ဒေသသို့သွားနေစဥ် ဖြစ်လာလောက်သည့်ကို တွေးနေခဲ့သောကြောင့် ညဘက်၌ ကောင်းစွာ မအိပ်နိုင်ခဲ့ပေ။

အောက်ထပ်မှ လှုပ်ရှားမှု ရှိလာသည်ကို ပြားလိုက်ရသည်နှင့် သူမ ချက်ချင်း နိုးလာပြီး အခန်းထဲမှ ပြေးထွက်လာခဲ့သည်။

ပထမဆုံး ကြည့်လိုက်လျှင်သူမ၏ အဖေနှင့် လီရှို့လီတို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။

သူမ ပျော်ရွှင်သကဲ့သို့ မခံစားရမီမှာပင် သူတို့တစ်ဦးစီ၏ မျက်နှာများက တစ်ဦးထက်တစ်ဦး ပိုရုပ်ဆိုးနေသည်ကို သူမ သတိထားမိလိုက်သည်။

အရေးကြီးဆုံးကတော့ ဒီတစ်ခါမှာ သူတို့နှစ်ယောက်ပဲ ပြန်ရောက်လာခဲ့တာပဲ!

လင်းရန်က သူတို့နဲ့အတူ လုံးဝ ပြန်မလာခဲ့ဘူး!

တစ်ခုခုကို သိလိုက်သည်နှင့် စုန့်စစ်ယွီ၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။

“အဖေ၊ လင်းရန် ဘယ်မှာလဲ!”

သူ့သမီး၏ မေးခွန်းကို ရင်ဆိုင်ရင်း စုန့်ဝေ့က လင်းမိသားစုတွင် ဖြစ်ပျက်ခဲ့သောအရာအားလုံးကို ပြန်လည် သတိရသွားခဲ့ရသည်။

နောက်ဆုံးတွင် သူက မျက်နှာ မည်းမှောင်စွာနှင့် ဒေါသတကြီး ပြောလိုက်လေသည်။

“အခုကစပြီး ငါတို့မိသားစုမှာ လင်းရန် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ သူ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး!”

ဘာ!

ဤသတင်းကို ကြားသောအခါ စုန့်စစ်ယွီတစ်ယောက် မိုက်ခနဲ ဖြစ်သွားခဲ့ရပြီး မေ့လဲမတက်ပင် ဖြစ်သွားခဲ့လေသည်။

သူမက လှေကားလက်ရန်းကို အမြန်ဆုပ်ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ပြီးနောက် အောက်သို့ အလျင်အမြန် ဆင်းလာခဲ့သည်။ ထို့နောက် တစ်ဖက်မှ နှစ်ဦးဆီသို့ ကျေးလက်သို့သွားပြီးနောက် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို စိုးရိမ်တကြီး မေးမြန်းခဲ့သည်။

လင်းရန်က ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ….?

ငါတို့မိသားစုမှာ လင်းရန်ဆိုတာ မရှိတော့ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ….?

ငါ့အဖေက လင်းရန်ကို လက်လျှော့လိုက်တာဆော့ မဖြစ်နိုင်ဘူးမဘား!

စုန့်ဝေ့က လင်းရန် ဆိုသည့် စကားလုံးကို အမှန်တကယ်ထပ်မံပြောဆိုရန် မလုပ်ချင်တော့သော်လည်း သမီးဖြစ်သူ စိုးရိမ်တကြီးဖြင့် ငိုတော့မတတ် ဖြစ်နေသည့်မျက်နှာကို မကြည့်ရက်နိုင်ခဲ့ပေ။

သူက လီရှို့လီကို တစ်ချက်ကြည့်လိုက်ပြီး ယခုတစ်ကြိမ်တွင် သူမကို ဖယ်ထုတ်ရန် အခြားဆင်ခြေတစ်ခုခုကို မစဉ်းစားတော့ဘဲ စုန့်စစ်ယွီကို တိုက်ရိုက်ပြောလိုက်လေသည်။

“စာကြည့်ခန်းကို သွားမယ်”

ထိုသို့ပြောပြီးနောက် အဖေနှင့်သမီးက လီရှို့လီရှေ့တွင်ပင် သူမကို မပြောလိုကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ကြပြီး အဖေနှင့်သမီးသာ နားထောင်နိုင်သည်ဖြစ်ကြောင်း ထိုစကားများကို ပြောဆိုခဲ့ကြသည်။

လီရှို့လီမှာမူ ထိုနှစ်ဦး ပျောက်ကွယ်သွားသည်ကို မချင့်မရဲနှင့် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေခဲ့သည်။

ထိုနှစ်ဦးစလုံးက သူမကို ဂရုမစိုက်ကြသည့်အပြင် သူမကို နားထောင်စေရန်အတွက် ခေါ်ဆိုရန် ရည်ရွယ်ချက်လည်း မရှိသည်ကို မြင်သောအခါ သူမ၏ရင်ထဲတွင် အေးစက်သွားခဲ့ရသည်။

သူမ စုန့်ဝေ့နှင့် နှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့ပြီးနောက် စုန့်ဝေ့က သူမအပေါ် သစ္စာရှိသည်ဟု အမြဲတမ်း တွေးခဲ့သည်။ အိမ်တွင်းကိစ္စအားလုံးကို သူမနှင့် တိုင်ပင်ဆွေးနွေးမည်ဟုလည်း ထင်ခဲ့သည်။

သို့သော် ယနေ့၊ ဤအချိန်မှသာ သူမ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

သူမ မသိမီအချိန်က အဖေနှင့်သမီးတို့က သူမကို ကျောခိုင်းကာ အကြိမ်ပေါင်းများစွာ တီးတိုးပြောဆိုခဲ့ကြလိမ့်မည်ဖြစ်သည်။

သူမကို အဘယ်ကြောင့် မသိစေခဲ့သနည်းဆိုသော အကြောင်းပြချက်ကတော့ သူမကို ဝမ်းနည်းစေသော ရှင်းပြချက်တစ်ခုတည်းသာ ရှိသည်။

ထိုအကြောင်းပြချက်မှာ - ထိုအဖေနှင့်သမီးက သူမကို အစအဆုံး မိသားစုဝင်တစ်ဦးအဖြစ် ဘယ်သောအခါမှ မသတ်မှတ်ခဲ့ကြခြင်းပင်ဖြစ်သည်။!

မဟုတ်ပါက သူမ မကြားသင့်တဲ့ စကားတစ်ခုခု ရှိလိမ့်မယ်!

ဤအကြောင်းကို တွေးမိလျှက် လီရှို့လီမှာ အမှန်တကယ်ပင် ဝမ်းနည်းလွန်း၍ သေချင်စိတ်ပေါက်လာခဲ့သည်။

သူမက စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ အဖေနှင့်သမီးအတွက် နှစ်ပေါင်းများစွာပင် အနစ်နာခံခဲ့သည်။ စုန့်ဝေ့က လင်းရန်နှင့် သူ့အပေါ် ကောင်းသည်ဟု ခံစားရသောကြောင့် သူမက ကိုယ့်သမီးကိုယ် လျစ်လျူရှုကာ စုန့်စစ်ယွီ ကိုသာ စိတ်ရင်းမှန်ဖြင့် ဂရုစိုက်ခဲ့သည်။

သမီးဖြစ်သူက အကြိမ်များစွာ မကျေမနပ် ပြောဆိုသော်လည်း သူမက သမီးဖြစ်သူကို မသိနားမလည်ဟု အပြစ်တင်ကာ စုန့်စစ်ယွီအပေါ် ကောင်းကောင်းဆက်ဆံရန် မိုက်မဲစွာ ပြောဆိုခဲ့သည်။

သို့သော် ယခု စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့က သူမကို ခွဲခြားထားသည်ကို မြင်သောအခါ နှစ်ပေါင်းများစွာ သူ၏ စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများက ပြက်လုံးတစ်ခု ဖြစ်သွားသကဲ့သို့ ခံစားခဲ့ရသည်။

ထိုအချိန်တွင် သူမက သူ့သမီး လင်းရန်ကို အလွန်အမင်း သတိရလာခဲ့သည်။

လင်းရန်သာ ဤနေရာတွင် ရှိနေပါက သူမက လင်းရန်ကို ခေါ်ကာ ဒုက္ခပေးပြီး စုန့်ဝေ့ ထံမှ တရားမျှတမှု တောင်းဆိုနိုင်ခဲ့မည်ဖြစ်သည်။

သို့သော် ယခုမူ သူမက စုန့်မိသားစုတစ်ခုလုံးတွင် တစ်ဦးတည်းသာ ရှိသည်။ သူမ ရန်လုပ်ချင်ပါက စုန့်ဝေ့ နေ့လည်ဘက်က ပြောခဲ့သလိုပင် စုန့်မိသားစုမှ ကန်ထုတ်ခံရမည်ကို စိုးရိမ်ခဲ့သည်။

သူမ ထွက်မသွားချင်ဘူး… ထွက်မသွားနိုင်ဘူး… ထွက်မသွားရဲဘူး…

ကြီးမားလှသော စုန့်မိသားစုအိမ်ကို ကြည့်ရင်း လီရှို့လီတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ထိုအိမ်က ဗလာနတ္တိဖြစ်ပြီး အလွန်အေးစက်ကာ ချမ်းစိမ့်စိမ့်ပင် ရှိသည်ဟု ခံစားခဲ့ရသည်။

အပေါ်ထပ်တွင်မူ…..

စုန့်ဝေ့က စုန့်စစ်ယွီအား ဖြစ်ပျက်ခဲ့သည်များ၊ လင်းမိသားစုနှင့် လင်းကျန်းအန်းတို့က သူ့ကို မည်သို့ အရှက်ရစေခဲ့သည်ကို တိတိကျကျ ပြောပြခဲ့သည်။

သူက သမီးဖြစ်သူရှေ့တွင် ရှက်ရွံ့မည်ကို မကြောက်ခဲ့ပေ။ သူ အလုပ်ကြိုးစားမှု မရှိ၍ မဟုတ်ဘဲ လင်းမိသားစုနှင့် လင်းရန်တို့က အလွန်ခေါင်းမာသောကြောင့် သူ့ကို ပြန်ခေါ်မရခဲ့သည်ကို သမီးဖြစ်သူကို သဘောပေါက်စေလိုခဲ့သည်။

သို့သော် ထိုသို့ပြောသော်လည်း စုန့်စစ်ယွီမှာမူ ထိုအဖြစ်အပျက်ကို လုံးဝ လက်မခံနိုင်သေးပေ။

အဘယ်ကြောင့်ဆိုတော့ မမျှော်လင့်ဘဲ ထိုကဲ့သို့ မတော်တဆမှု ဖြစ်ပွားပြီး လင်းရန် ပြန်မလာတော့သည်ကို သူမ ဘယ်သောအခါမှ အိပ်မက်ပင် မမက်ခဲ့၍ဖြစ်ချေသည်။

ဒါဆို ရှုမိသားစုနဲ့ သူမရဲ့ လက်ထပ်ပွဲအကြောင်းကို ဘယ်လိုလုပ်ရတော့မလဲ!

အရေးအကြီးဆုံးအချက်မှာ သူမ၏အဖေနှင့် လီရှို့လီတို့ ကျေးလက်ဒေသသို့ လင်းရန်ကို ရှာဖွေရန် သွားခဲ့သည့် ထိုနှစ်ရက်အတွင်း လင်းရန်နှင့် ရှုကျိဝမ်တို့ကြား ကိစ္စများ ပိုမိုချောမွေ့စေရန်အတွက် သူမက ရှုကျိဝမ်အပေါ် ကြိုးစားနိုင်စေ မြို့လယ်သို့သွားကာ ရှုကျိဝမ်ကို ရှာဖွေခဲ့သည်။

ထို့နောက် လင်းရန်က မကြာမီ ပြန်လာတော့မည်ဖြစ်ပြီး လင်းရန် သည်လည်း ရှုကျိဝမ်အပေါ် ကောင်းသော အထင်အမြင်ရှိကြောင်း ပြောပြခဲ့သည်။

ပြောရင်းဆိုရင်းနှင့်ပင် သူတို့နှစ်ဦးအတွက် ကောင်းမွန်သော ကိစ္စများ ဖြစ်ပေါ်တော့မည်ဟု အရိပ်အမြွက် ပြောဆိုခဲ့သေးသည်။

ထိုအချိန်က ရှုကျိဝမ်၏ မျက်နှာပေါ်တွင်လည်း မျှော်လင့်ချက်များ အပြည့်ရှိနေခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်က မိဘများထံမှ လင်းရန် ရုတ်တရက် ကျေးလက်ဒေသသို့ ထွက်ခွာသွားကြောင်း သိရှိခဲ့ရပြီး လှောင်ပြောင်ခံရသလို ခံစားခဲ့ရသော်လည်း ယခု စုန့်စစ်ယွီ၏ စကားများကို နားထောင်ပြီးနောက် သူက လင်းရန် ဤသို့ ပြုလုပ်ခြင်းသည် မှားယွင်းမှု မရှိကြောင်း ရုတ်တရက် ခံစားမိလာခဲ့သည်။

သူမက ငယ်လွန်းပြီး အနည်းငယ် ဆိုးသွမ်းရုံသာ ဖြစ်သည်။

သူက သူမထက် အသက်အနည်းငယ် ပိုကြီးသောကြောင့် ပိုမို သည်းခံပြီး စိတ်ရှည်သင့်သည်။

ထို့ကြောင့် သူနှင့် စုန့်စစ်ယွီတို့် ယမန်နေ့က ညနေပိုင်းတွင် ထွက်ခွာခဲ့ကြစဉ် စုန့်စစ်ယွီနှင့် သဘောတူညီမှု ရယူခဲ့ပြီး လင်းရန် ပြန်ရောက်လာသည်အထိ စောင့်ဆိုင်းပြီးလျှင် လင်းရန်အား သူ၏ အလုပ်နေရာသို့ ခေါ်ဆောင်လာခဲ့ရန် ပြောဆိုခဲ့ကြသည်။

သူက ယခင်က ခွင့်တိုင်ခဲ့သောကြောင့် ယာယီ ခွင့်ထပ်တိုင်၍ မရနိုင်သော်လည်း လင်းရန် ရောက်လာပါက လက်ခံတွေ့ဆုံနိုင်သည်။

ထို့အပြင် သူက သူမအား ဤနေရာသို့ မဖြစ်မနေ ခေါ်လာရမည်ဟု အကြိမ်ကြိမ် အလေးအနက် ပြောခဲ့သည်။

အချိန်တန်လျှင် သူက ကောင်းစွာ ပြင်ဆင်မှုများ ပြုလုပ်မည်၊ သူမအား ပတ်ဝန်းကျင်သို့ လိုက်လံပြသမည်၊ ထို့နောက် ထိုကိစ္စနှင့် ပတ်သက်၍ သူမနှင့် တရားဝင် ပြောဆိုမည် ဖြစ်သည်။

စုန့်စစ်ယွီကလည်း သူမ၏ ဖခင်ဘက်က အခြေအနေ တည်ငြိမ်ပြီး လင်းရန်ကို ပြန်ခေါ်လာနိုင်မည်ဟု ခံစားခဲ့ရသောကြောင့် မတွန့်ဆုတ်ဘဲ သဘောတူခဲ့သည်။

သို့သော် ယခုအချိန်တွင် မည်သူကများ သူမအား အဘယ်ကြောင့် အရာအားလုံးက သူမ ခန့်မှန်းထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း ပြောပြနိုင်မည်နည်း။

**

All Chapters