← Chapters

အခန်း (၈၈)

Vol. 9 Ch. 88

အခန်း (၈၈)

Vol. 9 Ch. 88

စားဖိုးမှူးကျိုးမှာ လင်းရန်နှင့် စကားဆက်ပြောချင်သော်လည်း လူများ ရောက်လာသောကြောင့် သူဆက်ပြော၍ မရတော့ပေ။

ခေါင်းဆောင်အချို့က ထမင်းပန်းကန်များကို ကိုင်ဆောင်ကာ တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရသည်။

တံခါးဝတွင် တန်းစီနေသောသူများက ပန်းကန်များကို သူ့ထံသို့ ထိုးပေးလာခဲ့ကြပြီး စားဖိုမှူးကျိုးကလည်း သူတို့အတွက် ထမင်းဖြူများကို မြန်ဆန်စွာ ထည့်ပေးလိုက်သည်။

ထမင်းပေါင်းအိုးက မီးဖိုခန်းထဲတွင် ရှိနေသောကြောင့် ထမင်းခူးနေသည့်အချိန်တွင် လင်းရန်နှင့် စားဖိုမှူးကျိုး က မီးဖိုချောင်ထဲတွင် ရပ်နေခဲ့ကြသည်။

ခေါင်းဆောင်များကလည်း ထမင်းခူးပေးခြင်းကိုလက်ခံရန်အတွက် အတွင်းသို့ ယဉ်ယဉ်ကျေးကျေး ဝင်လာနေခဲ့ကြသည်။

ပထမတစ်ချက်ကြည့်လိုက်လျှင် သူတို့က သူငယ်တန်း ကလေးများ ထမင်းစားရန် တန်းစီနေသကဲ့သို့ပင် ထင်မြင်နေခဲ့ရ၏။

ဤကဲ့သို့တွေးလိုက်သည်နှင့် လင်းရန်က ရုတ်တရက် ရယ်ချင်စိတ်ပေါက်လာခဲ့ရသည်။ သို့နှင့် သူမ ရယ်ချင်သည်ကို မထိန်းနိုင်မည်ကို စိုးရိမ်သောကြောင့် ခေါင်းကို အမြန်ငုံ့ချလိုက်ရသည်။

ထို့ကြောင့် ခေါင်းဆောင်များက သူမကို ကြည့်နေလာသော စပ်စုနေသည့် မျက်လုံးများကို သူမ မမြင်လိုက်ရပေ။

သူတို့ အစောပိုင်းက တံခါးဝမှ ဝင်လာစဉ်တွင် အပြင်ဘက်မှ စားပွဲများကို လှမ်းကြည့်လိုက်ကြသေးသည်။

ထိုစားပွဲပေါ်မှ ဟင်းများ၏ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံနှင့် အရသာက သေချာပေါက် ကောင်းမည်ကို သူတို့ သိရှိနိုင်ပေသည်။

ဒီတော့ ဒီကောင်မလေးဆီမှာ ဒီလောက် ကောင်းတဲ့ စွမ်းရည်တွေ ရှိနေတာပေါ့! သူတို့ တကယ်ကို မသိနိုင်ခဲ့ဘူး!

မဆိုးဘူး၊ မဆိုးဘူး၊ သူမက သူတို့ရဲ့ ကွန်မြူနတီမှာ အလားအလာအရှိဆုံးသူ, လင်းကွမ်းချင်းရဲ့ ညီမလေး ဖြစ်ဖို့ထိုက်တန်တယ်…

သို့သော် ဤကောင်မလေးက မည်မျှပင် တော်နေပါစေ။ ယခုအချိန်တွင် သူတို့၏ အစားအစာအပေါ်တွင် တည်ရှိနေသည့် စားသောက်ချင်သည့်ဆန္ဒကို မရပ်တန့်နိုင်ခဲ့သေပေ။

ထို့ကြောင့် အစားအသောက်များ ပြင်ဆင်ပြီးသည်နှင် လူအုပ်စုတစ်စုက စားပွဲသို့သာ အလျင်အမြန်သွားကာ ဝင်ထိုင်လိုက်ကြသည်။

ထို့နောက်တွင် လူတိုင်းက အလယ်မှာ ရှိသော ခရမ်းချဉ်သီးငါးဟင်းကို ကြည့်ကာ ကမ္ဘာသစ်၏ တံခါးကို ဖွင့်လိုက်သကဲ့သို့ အံ့ဩသွားခဲ့ကြသည်။

သူတို့အနေဖြင့် ယခင်က ဤကဲ့သို့သော ငါးဟင်းမျိုးကို တစ်ခါမျှ မမြင်ဖူးသောကြောင့် အစပိုင်းတွင် လက်လှမ်းရန် တွေဝေနေခဲ့ကြသည်။

သူတို့က ငါးဆီပြန် (သို့မဟုတ်) ရေနွေးနဲ့ ပြုတ်ခြင်း၊ ဒါမှမဟုတ် အဆိုးဆုံးအနေဖြင့် ငါးစွပ်ပြုတ်ဟင်းချိုကိုသာ စားနေကျဖြစ်ပေသည်။ ခရမ်းချဉ်သီးနှင့် ချက်ထားသည့် ငါးကို မည်သူကမျှ မမြင်ဖူးကြသေးပေ။

မသက်မသာ ဖြစ်သလိုခံစားရပေမဲ့ အနံ့က အရမ်းကောင်းတာပဲ!

ထို့ကြောင့် နောက်ဆုံးတွင် တစ်ယောက်ယောက်က မထိန်းနိုင်တော့ဘဲ ချက်ချင်း လက်လှမ်းလိုက်သည်။

ထိုလူက ချန်ဝမ် ဖြစ်ချေသည်။ ကွန်မြူနတီတွင် အငယ်ဆုံး ဝန်ထမ်း ဖြစ်သည့်အတွက် မည်သူကမှ ကန့်ကွက်မှုမှ မရှိဘဲ “အဆိပ်စမ်းသပ်သူ” အဖြစ် သူ့ကို တွန်းထုတ်ခဲ့သည်။

ရလဒ်အနေနှင့် ထိုသူကလုပ်ဖော်ကိုင်ဖက်များ၏ မျှော်လင့်နေသည့် မျက်လုံးများကိုပင် မကြည့်ဘဲ တူကို ချလိုက်လေသည်။ ထို့နောက် ခဏနားပြီးနောက် တူကို ထပ်မံကောက်ယူလိုက်လေသည်။

ဒါက မြန်မြန် ကုန်သွားလို့မရဘူး။ သူတို့ မတုံ့ပြန်ခင်မှာ ပိုစားရမယ်။ မဟုတ်ရင် နောက်ပိုင်း သူတို့ မြည်းစမ်းကြည့်ပြီးရင် လုံးဝ လုယူနိုင်တော့မှာ မဟုတ်ဘူး!

ထိုလူက ခေါင်းငုံ့ပြီး စားနေခဲ့ကာ မည်သည့်စကားကိုမျှ မပြောသည်ကို မြင်လျှင် သူ့ပတ်ဝန်းကျင်က လူများက နားမလည်နိုင် ဖြစ်သွားခဲ့ကြရသည်။

ဒီကောင်က ဘာလို့များ ဒီလောက်တောင် ဆွဲဆောင်ခံထားရတာလဲ!

ထို့နောက် လူတိုင်းက ခရမ်းချဉ်သီးငါးဟင်းကို စတင် တိုက်ခိုက်ကြခဲ့သည်။

“အရသာရှိလိုက်တာ!”

“ခရမ်းချဉ်သီးနဲ့ ငါးကို တကယ် ဒီလို လုပ်လို့ရတယ်ပေါ့၊ ဒါက အရမ်း အရသာရှိတာပဲ!”

သူတို့ ခရမ်းချဉ်သီးငါးဟင်းကို စားပြီးနောက် ကျန်ရှိနေသော အသားနှင့် ဟင်းသီးဟင်းရွက်များအကြောင်းကိုလည်း ပြောစရာပင် မလိုတော့ပေ။ မကြာမီ ထိုဟင်းတို့ကိုလည်း တူနှင့် လှမ်းယူကာ စားသောက်ပစ်လိုက်ကြလေသည်။

ဤထမင်းဝိုင်းကို စားသောက်ပြီးသောအချိန်တွင် လူတိုင်းက အလွန်ပင် စိတ်ကျေနပ်နေပုံရ၏။ ငါးစွပ်ပြုတ်ဟင်းရည်ကိိုပင် မချန်ဘဲ တစ်ယောက်ပြီးတစ်ယောက် ခပ်ယူ သောက်လိုက်ကြသည်။

ခေါင်းဆောင်တချို့က စားပြီးနောက် လေချဉ်တက်ကြသော်လည်း ချန်ဝမ် ကို ကြည့်ပြီး ပြစ်တင်ဝေဖန်ရန် မမေ့ခဲ့ကြပေ။

“ချန်ဝမ်? မင်းက တကယ်ကို မလျော်ကန်တာပဲ၊ အဲဒါက ဘယ်လောက်တောင် အရသာရှိလဲဆိုတာ ငါတို့ကို မပြောပြခဲ့ဘူး၊ တစ်ယောက်တည်း ဘယ်လိုစား

ရမလဲဆိုတာပဲ သိတယ်၊ နောက်တစ်ခါ မင်းအတွက် အရသာရှိတာ တစ်ခုခုတွေ့ရင် ယူမလာပေးတော့ဘူး”

ချန်ဝမ် ရယ်မောလိုက်လေသည်။ သူ့၏ပုံစံက အနည်းငယ်တော့ ရှက်သွားပုံရနေ၏။

“အိုး၊ ဒီငါးက အရမ်း အရသာရှိတယ်လေ? မဟုတ်ဘူးလား? ကျွန်တော်ဒါကို အရသာခံစားမိပြီး အသိစိတ်ပြန်မဝင်လာသေးဘူးဖြစ်သွားတာ၊ ဒါပေမဲ့ နောက်ထပ် တစ်တုံး စားရပြီတာနဲ့ ခင်ဗျားတို့ကို ပြောပြလိုက်မယ်လို့ စဉ်းစားနေတာ”

“ဒီကလေးကတော့၊ မင်းက တစ္စေပဲဆိုတာကိုပဲ ငါ ယုံတယ်!”

သိူ့သော် ဤကဲ့သို့ပြောကြသော်လည်း လူတိုင်းက စိတ်ကောင်းဝင်နေကြသည်ကို မြင်နိုင်နေသည်။

လူအုပ်စုက ထမင်းစားပြီးနောက် အလွန်ပျော်ရွှင်နေကြသောကြောင့် လင်းရန်ကို ကြည့်လိုက်သည့် သူတို့၏ မျက်လုံးများထဲတွင် ကျေနပ်မှု၊ ချစ်ခြင်းမေတ္တာများဖြင့် တောက်ပနေခဲ့သည်။

“ရဲဘော်ရှောင်လင်း မင်း ဒီငါးကို မနက်ဖြန် ထပ်ချက်ပေးဦးမှာလား? ဒီနေ့ ငါးက အရမ်းနည်းလို့ တစ်တုံးနှစ်တုံးထက်အပြင်တောင် မစားလိုက်ရဘူး!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါဆို မျည်းတောင် မမြည်းစမ်းရသေးခင် အဲဒါက ကုန်နေပြီ”

လင်းရန် ဤစကားပြောသူ၏ ရှေ့မှ ဗလာပန်းကန်ကို တိတ်တိတ်လေး ကြည့်လိုက်သည်။

အဲဒီလူက ခရမ်းချဉ်သီးငါးဟင်းအိုးကနေ နောက်ဆုံး လုယူခဲ့တဲ့ သူဖြစ်ကြောင်းကို သူမ မမြင်ဘူးလို့ ထင်နေတာလား….

သို့သော် သူမက ပြုံးပြီး ပြောလိုက်လေသည်။

“မနက်ဖြန် ငါးရှိရင်တော့ သေချာပေါက် ချက်ပေးပါ့မယ်”

“ကောင်းပြီ၊ ရှိကိုရှိရမယ်!”

မည်သို့ပင်ဖြစ်စေ ဤနေရာတွင် မြစ်ရှိပြီး အနီးအနားမှ တပ်မဟာကလည်း သူတို့ကို ပုံမှန် ငါးပို့ပေးလေ့ရှိသည်။ ထို့ကြောင့် ငါးစားရဖို့အတွက် မခက်ခဲပါချေ။

“ကောင်းပြီ၊ ငါတို့ မနက်ဖြန် ငါးစားကြမယ်၊ အားလုံး အဆင်ပြေကြတယ်နော်!”

မနက်ဖြန်၏ ဟင်းစာရင်းက အတည်ပြုပြီးသား ဖြစ်သွားခဲ့ ပြီး လင်းရန်၏ ကွန်မြူနတီ စားဖိုဆောင်မှ အလုပ်ကလည်း လုံးဝ အတည်ဖြစ်သွားပြီဟု ယူဆနိုင်ခဲ့သည်။

လင်းရန် ချက်ပြုတ်ထားသည့် အစားအသောက်များကို စားပြီးသည့်နောက်တွင် ခေါင်းဆောင်အတော်များများက သူမကို ပိုပြီး ကျေနပ်လာခဲ့ကြသည်။ သူတို့အားလုံးက သူမကို စကားအနည်းငယ် ပြောပြီးနောက် ရုံးခန်းသို့ ပြန်သွားခဲ့ကြလေသည်။

သူတို့ ထွက်သွားပြီးနောက်တွင် စားဖိုမှူးကျိုးက ကျေနပ်နေသော မျက်နှာနှင့် ပြောလိုက်သည်။

“ငါ မင်းကို အဆင်ပြေတယ်လို့ ပြောခဲ့ပြီးသားပဲ၊ အခု အဆင်ပြေသွားပြီမလား၊ ငါလည်း စိတ်အေးလက်အေး မြို့ကို သွားလို့ရပြီ၊ အခုကစပြီး ဒီမီးဖိုချောင်ကို မင်းလက်ထဲကို အပ်လိုက်ပြီ”

သူက ထိုစကားကို ပြောလိုက်သော်လည်း တကယ်တမ်းတွင် အနည်းငယ်လောက် စွန့်လွှတ်ရခက်နေ၏။

အဘယ်ကြောင့်ဆိုသော် သူ စစ်တပ်မှ ပြန်လာကတည်းက ဤမီးဖိုချောင်လေးထဲတွင်သာ အလုပ်ရှုပ်နေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤမီးဖိုချောင်က သူ၏ တခြား “ရဲဘော်သူငယ်ချင်းဟောင်း” တစ်ယောက်လို ဖြစ်နေပြီး ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ပြတ်ဆဲချင်စိတ်များ မရှိသေးပေ။

လင်းရန်က စားဖိုမှူးကျိုး၏ မျက်လုံးထဲမှ စွန့်လွှတ်ရခက်မှုနှင့် တန်ဖိုးထားမှုကို မြင်လိုက်ရသောအခါ သူမက သူ့ကို နှစ်သိမ့်ရုံသာ တက်နိုင်ခဲ့သည်။

“ဦးလေးကျိုး၊ စိတ်မပူပါနဲ့၊ ကျွန်မ ဒီမှာ အလုပ်လုပ်နေသမျှ ဒီမီးဖိုချောင်ထဲက ပစ္စည်းအားလုံးကို ဂရုစိုက်ပါ့မယ်၊

ဦးလေး မသွားခင်က ပုံစံအတိုင်းပဲ ရှိနေစေရပါမယ်၊ နောက်တစ်ခါ ဦးလေး လာကြည့်တဲ့အခါမှာလည်း အတူတူပဲ ဖြစ်နေပါလိမ့်မယ်”

စားဖိုမှူးတစ်ယောက်အနေနှင့် လင်းရန် က စားဖိုမှူးကျိုး၏ ခံစားချက်များကို ကောင်းကောင်း နားလည်သည်။

စားဖိုမှူးကျိုးက မည်သည့်စကားကိုမျှ အပိုထပ်မပြောခဲ့ပေ။ သူက သူမကို ယုံကြည်သည်ဟုသာ ပြောပြီး လင်းရန်နှင့် အတူ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ကာ ကွန်မြနတီမှ အတူတူ ထွက်လာခဲ့ကြသည်။

အပြန်လမ်းတွင် စားဖိုမှူးကျိုးက လင်းရန်အား ပြောပြရန် ကျန်ရှိနေသော အကြောင်းအရာများကို မမေ့မလျော့ ပြောပြခဲ့သေးသည်။။

ဥပမာအားဖြင့် - နေ့တိုင်း မနက်ဆယ်နာရီတွင် ရောက်ခြင်းက အကောင်းဆုံးဖြစ်ပြီး ထိုအချိန်မှာ ဟင်းချက်လျှင် အချိန်ကိုက်ဖြစ်ကြောင်း ပြောပြခဲ့သည်။

သူမ၏ လစာနှင့် အကျိုးခံစားခွင့်များကဲ့သို့ ကိစ္စများလည်း ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ ကွန်မြူနတီ စားဖိုဆောင်မှာ လစာက သိပ်မများပေ။ တစ်လကို ၁၅ ယွမ်ရရှိလိမ့်မည်။ ပြီးနောက် သက်ဆိုင်ရာ သုံးစွဲမှုလက်မှတ်များ ပါဝင်ပြီး နေ့လည်စာလည်း ပါဝင်သည်။ ကျန်သောအရာများကတော့ များစွာမရှိတော့ချေ။

သို့သော် လက်မှတ်အမျိုးမျိုး ထုတ်ပေးနိုင်ခြင်းကပင် ကျေးလက်ဒေသရှိ လူတိုင်းထက် ပိုကောင်းနေပြီဖြစ်သည်။

ဤကဲ့သို့သော ဆက်ဆံမှုမျိုးက လင်းရန် အရင်က စိတ်ကူးထားသည်နှင့် ဆင်တူသောကြောင့် သူမ လက်ခံလိုက်သည်။ အပိုဆောင်းအဖြစ် လက်မှတ်ကို ထပ်ပေါင်းသောကြောင့်သာ ထပ်တိုးအံ့အားသင့်စရာ ဖြစ်ခဲ့သည်။

အိမ်သို့ပြန်ရောက်နောာ် လင်းမိသားစုက ထမင်းစားပြီးချိန် ဖြစ်နေပြီး နေ့လည်စာစားပြီးနောက် ခဏနားရန် ပြင်ဆင်နေခဲ့ကြသည်။

သို့သော် အဘွားလင်းနှင့် လင်းကျန်းအန်းတို့က ဧည့်ခန်းမကြီးထဲတွင် ထိုင်နေခဲ့ကြပြီး အနားမယူကြသေးပေ။

သူတို့နှစ်ယောက်က လင်းရန် ကွန်မြူနတီစားဖိုဆောင်သို့ သွားသည်နှင့်ပတ်သက်၍ စိုးရိမ်နေခဲ့ကြသောကြောင့် လုံးဝ စိတ်မအေးနိုင်ခဲ့ကြပေ။

ကံကောင်းစွာနှင့် သူတို့ ခဏစောင့်ပြီးနောက် လင်းရန် ပြန်လာသည်ကို နောက်ဆုံးတွင် တွေ့လိုက်ရလေသည်။

သူမ ဝင်လာသည်ကိုမြင်လျှင် အဘွားလင်းနှင့် လင်းကျန်းအန်းတို့က အလျင်အမြန် နှုတ်ဆက်ပြီး လင်းရန်၏ ယနေ့အတွက် အခြေအနေကို မေးမြန်းခဲ့ကြသည်။

လင်းရန်က ပြုံးပြီး ကွန်မြူနတီထဲမှ အခြေအနေကို သူတို့နှစ်ယောက်လုံးအား ပြောပြခဲ့သည်။ ကွန်မြူနတီခေါင်းဆောင်များကလည်း လင်းရန်ကို ကျေနပ်ကြသည်ကို သိရသောကြောင့် အဘွားလင်းနှင့် လင်းကျန်းအန်းတို့မှာ ဤအချိန်မှသာ လုံးလုံးလျားလျား စိတ်အေးသွားခဲ့ကြရသည်။

“ ငါ့မြေးမလေးက လုပ်နိုင်လိမ့်မယ်ဆိုတာ ငါသိပြီးသားပဲ..!”

အဘွားလင်းက လင်းရန် ကို ထပ်မံပြီး လက်မထောင်ပြလိုက်သည်။

လင်းရန်က သူမဆီကို အပြုံးလေးနှင့် ပြန်ကြည့်လိုက်လေသည်။

လင်းကျန်းအန်းသည်လည်း အလွန်ပျော်နေခဲ့သော်လည်း သူ၏အပြုံးထဲတွင် အနည်းငယ် ဝမ်းနည်းမှု ရှိနေခဲ့သည်။

ယခု သူ၏သမီးဖြစ်သူက အလုပ်ကောင်းတစ်ခုကို ရှာတွေ့သွားပြီ။ လက်မှတ်များလည်း ထုတ်ယူ၍ရနိုင်နေပြီ ဖြစ်ပြီး၊ လစာလည်း မနည်းပေ။

သူ့ဘက်မူကား အဖေတစ်ယောက်အနေနှင့် လယ်ကွင်းထဲတွင်သာ အလုပ်လုပ်ပြီး စားဝတ်နေရေးအတွက် အစားအစာတချို့ ရှာနိုင်ရုံသာ တတ်နိုင်သည်။

ဤကဲ့သို့တွေးကြည့်လိုက်လျှင် သူက သူ့သမီးနှင့်ပင် ယှဉ်၍မရပေ။

ထိုအချိန်တွင် လင်းကျန်းအန်း၏ စိတ်ထဲမှ အတွေးတစ်ခုက ပိုပြီး ခိုင်မာလာခဲ့သည်။

**

All Chapters