← Chapters

Chapter 28

Vol. 3 Ch. 28

Chapter 28

Vol. 3 Ch. 28

ဖေးကျန့် လုံးဝ တုန်လှုပ်သွားခဲ့သည်။ ဒီလိုမျိုး ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ လုနန်နှင့် သူ့ဖခင်တို့၏ ဆက်ဆံရေးမှာ သူ့ဖခင်က လုနန်ကို နှစ်သက်လို့ လက်ထပ်ခဲ့တာလို့ ထင်ခဲ့သည်။ သံပင်ရုတ်တရက် ပွင့်လာရသည့်အကြောင်းရင်းကို သူ တွေးတောနေခဲ့သည်။

လုနန် ဆက်ပြောလိုက်သည်။ “အခု ငါ့ အလှည့်။ နင့်အဒေါ်လာတုန်းက နင့်အဖေက သူက တောသားပဲလို့ ဘာလို့ပြောတာလဲ။”

ဖေးကျန့်က ခဏတာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ “ဒါက ငါ့အဖေက ကျေးလက်မှာ ကြီးပြင်းလာလို့ ဖြစ်နိုင်တယ်။ စစ်ပွဲကာလတုန်းက အဘိုး၊အဘွားတွေက သူ့ကို ဒေသခံမိသားစုတစ်စုဆီမှာ ထားခဲ့တယ်လို့ ကြားဖူးတယ်။ အခြေအနေတွေ ငြိမ်သက်သွားမှ သူ့ကို ပြန်ခေါ်လာတာ၊ ဒါပေမဲ့ အသေးစိတ်တော့ သေချာမသိဘူး။”

သူ ဒါတွေကို အသက်ကြီးသူတွေ ပြောဆိုနေတာကို နားထောင်ရင်း သိခဲ့တာပင်။ သူတို့က ဘယ်တုန်းကမှ သူ့ကို အတိတ်အကြောင်း ပြောပြတာ မရှိခဲ့ပေ။ သူသိတာက သူ့အဖေက ဦးလေးကု ကို ညီအစ်ကိုလို့ ခေါ်ခဲ့ပြီး နောက်ပိုင်းမှာ သူ့အဖေ ဦးလေးကု ရဲ့ မိသားစုနဲ့ ဘယ်လိုနေခဲ့ဖူးလဲဆိုတဲ့ ပုံပြင်တွေကို ခိုးနားထောင်ခဲ့သည်။

“မင်း .. မင်းရဲ့ ခင်ပွန်းဟောင်းက ဦးလေးကု မဟုတ်လား။” ဖေးကျန့်က တွေဝေစွာ မေးလိုက်သည်။

သူ့ဖခင်သည် စိတ်ကူးယဉ်ဆန်သူ မဟုတ်ပေ။ ရဲဘော်တစ်ဦး၏ ကလေးကို ဂရုစိုက်ကောင်း စိုက်လိမ့်မည်။ သို့သော် ရဲဘော်၏ ဇနီးကို လက်ထပ်ရန် ဘယ်တော့မှ သဘောတူမည် မဟုတ်ပေ။ အကယ်၍ သူ လက်ထပ်ခဲ့လျှင် ထိုသူသည် ဖေးကျီအန်းအတွက် အထူးအရေးပါသူ ဖြစ်ရမည်။

“ဟုတ်တယ်။ နင့်အမေနဲ့အဒေါ်က ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့လား။” လုနန်က မေးခွန်းဆက်ထုတ်လိုက်သည်။

“ရှိတယ်၊ သူတို့ အရမ်းရင်းနှီးခဲ့တယ်။ ငါ့အမေ၊ ငါ့အဒေါ်နဲ့ ယဲ့ဟွေဟွေ့ရဲ့အမေတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေ၊ ပြီးတော့ သူတို့ကို ဥယျာဥ်ထဲက ပန်းသုံးပွင့်လို့ သိကြတယ်။” ဖေးကျန့်က လုနန်က ဦးလေးကုရဲ့ ဇနီးဆိုတာကို နားလည်ဖို့ ကြိုးစားနေတုန်းပင်။ သူ ရှောင်ကုဟွိုက်ကို ဘာလို့ ဒီလောက်ချစ်ရတာလဲဆိုတာ သိသွားချေပြီ။ သူက ဦးလေးကုရဲ့ သားဆိုတော့ မဆန်းလှပေ။

“မင်း ဦးလေး ကုကို ချစ်လား။” ဖေးကျန့်က ဘယ်လို အဖြေမျိုးလိုချင်မှန်း မသေချာဘဲ မေးလိုက်သည်။

လုနန် တိတ်ဆိတ်နေပြီး ခေါင်းငုံ့ကာ သူမအရက်ကို တစ်ငုံသောက်လိုက်သည်။ သူမသည် ကုဝေကောကို မည်သည့်အခါမှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် သူ့ကို မည်သို့ချစ်နိုင်မည်နည်း။

'အရမ်းစပ်လိုက်တာ!' လုနန်က အပူကို သက်သာစေရန် ကော်ဖီကို အမြန်ကြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

သူမသည် ဖေးကျန့်ကို စကားပြောဆိုမှုတွင် ထိန်းချုပ်ခွင့် မပေးနိုင်တော့ပေ။ ထို့ကြောင့် သူမက သူ မည်သည့်အခါမျှ ရင်ဆိုင်ရဲမည်မဟုတ်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။

“မင်း အမွေးထူထူ အကောင်လေးတွေနဲ့ နူးညံ့တာလေးတွေကို ကြိုက်လား။”

ဖေးကျန့် -“…” သူမက ရက်စက်လိုက်တာ။

သူက သူ့အရက်ကို တစ်ငုံသောက်ပြီး အရသာခံလိုက်သည်။ ဒါက နိုင်ငံခြားဧည့်သည်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ထိပ်တန်း မောက်ထိုင်း ဖြစ်နေတာ မဆန်းတော့ပေ။

“ခင်ဗျား ကျွန်တော့်အဖေကို အာဟာရပြည့် ဟင်းချိုတွေ အများကြီး ပေးနေတာက သူ့ကို အထင်သေးလို့လား။” သူက ဘာကိုဆိုလိုမှန်း မဖော်ပြခဲ့ပေမယ့် လူတိုင်းက နားလည်ခဲ့သည်။

လုနန် - “…” @ဖေးကျီအန်း၊ ရှင့်ရဲ့ သားကြီးက ရှင့်ကို နေ့တိုင်း စိတ်ပူနေပြီး ဘိုးဘွား မိဘတွေရဲ့ ကျေးဇူးကို သိတတ်လွန်းလို့ သေလုနီးပါး ဖြစ်နေပြီ။

လုနန်သည် ဖေးကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး အရက်တစ်ငုံ သောက်လိုက်သည်။

နှစ်ဦးသား မေးခွန်းများ အပြန်အလှန်မေးမြန်းကြရာ မေးခွန်းတစ်ခုချင်းစီက ပိုမိုခက်ခဲလာပြီး အရက်လည်း ပိုသောက်လာကြသည်။ နေ့ခင်းဘက် ပြီးဆုံးချိန်တွင် မောက်ထိုင်း တစ်ပုလင်းလုံးကို ဖြည်းဖြည်းချင်း ကုန်အောင်သောက်လိုက်ကြပြီး နှစ်ဦးစလုံး စားပွဲပေါ်သို့ ပုံလဲကျသွားခဲ့သည်။

လုနန်က ဖေးကျန့် အရက်ခံနိုင်တယ်လို့ ထင်ခဲ့ပေမယ့် သူက ဖန်ခွက်အနည်းငယ်နဲ့တင် မေ့လဲသွားခဲ့ပြီး သူမထက်တောင် ပိုဆိုးနေသေးသည်။ သူက တကယ့်ကို အရက်မသောက်နိုင်သူပင်၊ သူမက သူ့ကို ရယ်လိုက်ပေမယ့် သူမကိုယ်တိုင်လည်း ပုံလဲကျသွားခဲ့သည်။

ညနေပိုင်းမှာ အန်တီဝူ ချက်ပြုတ်ဖို့ အောက်ထပ်ဆင်းလာတော့ စားပွဲဝိုင်းမှာ မူးနေတဲ့ လူနှစ်ယောက် ပုံလဲနေတာကို တွေ့လိုက်ရသည်။ အရက်နံ့ပြင်းပြင်းက လေထဲမှာ တဝဲဝဲ လည်နေသည်။

အန်တီဝူ - “…”

“နန်နန်” သူမက လုနန်ကို ချဉ်းကပ်ပြီး နိုးဖို့ကြိုးစားလိုက်သည်။

လုနန် ညည်းတွားသံ ပြုပြီး သူမကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။ “မဟုတ်ဘူး၊ ငါ မမူးဘူး။”

အန်တီဝူသည် ဖေးကျန့်ဆီသို့ ကူးသွားရာ ဖေးကျန့်မှာ လုံးဝ တုံ့ပြန်မှု မရှိဘဲ ဝက်သေတစ်ကောင်ကဲ့သို့ အိပ်ပျော်နေခဲ့သည်။

သူမ သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး သူတို့နှစ်ဦးလုံးကို အပေါ်ထပ်သို့ မ မနိုင်ကြောင်း သဘောပေါက်သွားသည်။ မတော်တဆ တစ်ယောက်ယောက်ကို ပြုတ်ကျမိလျှင် ဘေးအန္တရာယ် ဖြစ်လိမ့်မည်။ သူမ အရင်ဆုံး မူးယစ်ပြေဆေးဟင်းချို အနည်းငယ် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး ဗိုလ်ချုပ်ဖေး ပြန်လာလျှင် သူတို့ကို အိပ်ရာသို့ မည်သို့ ပို့ရမည်ကို သူ ဆုံးဖြတ်ပါစေဟု ကြံစည်လိုက်သည်။

ခဏအကြာတွင် အပြင်ဘက်မှ ကားဟွန်းသံ ပဲ့တင်ထပ်လာသည်။ ဖေးကျီအန်း ပြန်ရောက်လာပြီပင်။

အန်တီဝူ မီးဖိုခန်းထဲမှ ထွက်လာပြီး သူ့ကို ကြည့်လိုက်သည်။

ဖေးကျီအန်းက သူ့နဖူးကို ပွတ်သပ်ပြီး မေးလိုက်သည်။

“ဘာဖြစ်တာလဲ။”

အန်တီဝူ မည်သို့မှ ရှင်းပြ၍မရပေ။ သူမ တုံ့ဆိုင်းနေပြီး စကားလုံးများ ရှာမတွေ့ခဲ့ပေ။

“သူတို့ကို အပေါ်ထပ်ပို့ရအောင်။” သူက ပြောလိုက်သည်။

ရှောင်ကျိုးသည် ဖေးကျီအန်း၏ မျက်နှာပျက်နေသည့် အမူအရာကို သတိပြုမိပြီး ဖေးကျန့်ထံသို့ အလျင်အမြန်ပြေးသွားကာ သူ့ကို လှေကားပေါ်သို့ ကူညီတင်ပေးလိုက်သည်။

ထို့နောက် လုနန်သာ ကျန်ခဲ့သည်။ အန်တီဝူက သူမကို တစ်ယောက်တည်း မနိုင်ပေ။ ဖေးကျီအန်းက လုနန်ဆီ ချဉ်းကပ်သွားတော့ အရက်နံ့က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။ သူ မျက်မှောင်ကြုတ်ပြီး သူမကို ပွေ့ချီလိုက်သည်။ မူးနေတဲ့ အရှိန်နဲ့ လန့်နိုးသွားတဲ့ လုနန်က အသံတိုးတိုးနဲ့ ပြောလိုက်သည်။

“ဘာလုပ်တာလဲ။ လွှတ်၊ ကျွန်မကို မကိုင်နဲ့။”

ဖေးကျီအန်းက သူမကို လျစ်လျူရှုပြီး အပေါ်ထပ်သို့ ပွေ့ချီသွားကာ အိပ်ရာပေါ်တွင် ညင်သာစွာ ချထားလိုက်သည်။

အိပ်ရာပေါ်သို့ ရောက်သည်နှင့် လုနန် ချက်ချင်းထခုန်ကာ ဖေးကျီအန်းကို စူးစူးစိုက်စိုက်ကြည့်ရင်း ကြေညာလိုက်သည်။

“ဟေ့၊ မကောင်းဆိုးဝါးကောင်၊ နင့်ရဲ့ ရုပ်အစစ်ကို ပြစမ်း။”

ဖေးကျီအန်း - “…”

“ချစ်အစ်ကိုကြီးရယ်၊ အစ်ကိုကြီးက ဘာမှမရှိဘူးလို့လည်း ပြောသေးတယ် .. ဘာလို့ မျက်လုံးကို တင်းတင်းမှိတ်ပြီး ကျွန်မကို မကြည့်ရဲတာလဲ"

လုနန်က သူမ၏အဝတ်အစားကို စနောက်သလို ဆွဲလိုက်ပြီး မျက်ခုံးများက ဖြားယောင်းသွေးဆောင်မှုအပြည့်ဖြင့် ကော့ညွတ်သွားကာ၊ မျက်ဝန်းများက ဆောင်းဦးရေကဲ့သို့ တောက်ပနေခဲ့သည်။ သူမ၏ အသားအရေက ကျောက်စိမ်းနှင့်တူပြီး ခါးမှာ လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ရလောက်အောင် သွယ်လျသည်။ သူမသည် ဆိုးသွမ်းသောမျောက်မလေးမှ အလှပဆုံးဘုရင်မအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဖေးကျီအန်းက သူမ၏အဝတ်များကို ဆက်ချွတ်ရန်ကြိုးစားနေသည့် လက်များကို ဖိချလိုက်ပြီး သူမ၏ပေါ်နေသော ပခုံးပေါ်သို့ သူ့ အပေါ်ဝတ်ကို ခြုံပေးလိုက်သည်။ သို့သော် လုနန်က လေသံပြောင်းကာ နောက်ပြောင်ကျီစယ်သည့် အသံလေးဖြင့် ဆူပူလိုက်သည်။

"မျောက်ဆိုးလေး၊ နင်က ငါ့ကို မိစ္စာမမို့လို့ မကြိုက်တာလား။ ပြောစမ်းပါဦး ဘာလို့ တိတ်ဆိတ်နေတာလဲ”

ဖေးကျီအန်းက နဖူးကို ပွတ်လိုက်ရင်း သူမ၏ "မကောင်းဆိုးဝါး" ဟု စနောက်သည့် စွပ်စွဲချက်ကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။ သူမ ဤမျှမြန်မြန် ပုံစံပြောင်းလဲလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့သည်မို့ သူ မေးလိုက်သည်။

"မင်း ဘယ်သူလဲ”

လုနန်က ဒေါသတကြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

"ငါက အရိုးဖြူနတ်မိစ္ဆာမ! အာဟား... နင် ကျီရှ ဆိုတဲ့ စုန်းမလေးကို စိတ်ဝင်စားနေတာ ငါသိတယ်နော်”

ဖေးကျီအန်း - "…"

ကျီရှက ဘယ်သူလဲ။ "အနောက်အရပ်သို့ ခရီးသွားခြင်း" ဝတ္ထုထဲက ဇာတ်လမ်းတွေက ရှုပ်ထွေးလှသည်။ ရဟန်းက သမီးတော်နိုင်ငံရဲ့ ဘုရင်မနဲ့ ပတ်သက်နေပြီး စွန်းဝူခုန်က အရိုးဖြူနတ်မိစ္ဆာမနဲ့ ချစ်ကြိုက်နေတယ်ဆိုတာ သူ ဘာလို့မသိရသည်လဲ။

ဖေးကျီအန်း ပြန်မဖြေတာကို မြင်တော့ လုနန်က နှုတ်ခမ်းဆူကာ ကုတင်ပေါ်တက်ပြီး သူ၏ပေါင်ပေါ်တွင် ကိုယ်ကို မှီချလိုက်က ပိုနီးကပ်စွာ တိုးသွားလိုက်ပြီး သူ့နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ "ဆရာတော်၊ ကျွန်မ လှရဲ့လားဟင်”

သူမ၏ ဖြူစင်၍ ချစ်စဖွယ် အမူအရာက သူ မသိလိုက်ဘဲ ဖေးကျီအန်း၏ စိတ်နှလုံးကို လှုပ်ရှားစေခဲ့သည်။ ဖေးကျီအန်းသည် "အနောက်အရပ်သို့ ခရီးသွားခြင်း" ထဲမှ သွေးဆောင်မှုရှိသော နတ်မိစ္ဆာမများကို မမြင်ဖူးခဲ့သော်လည်း လုနန်နှင့် အတော်လေးတူသည်ဟု သူ ထင်မိသည်။

သူမက သူ့နားထဲသို့ ထပ်၍ ညင်သာစွာ မှုတ်လိုက်သောအခါ ဖေးကျီအန်းက သူမ၏သွယ်လျသောခါးကို ဆုပ်ကိုင်ကာ သူ့ထံမှ ညင်သာစွာ ဆွဲခွာလိုက်သည်။

လုနန်က မရုန်းကန်ဘဲ ကုတင်ပေါ်သို့ ပြန်လှဲချလိုက်ရာ သူမ၏ ဆံပင်ရှည်များက ပျံ့ကျဲသွားသည်။ ဖေးကျီအန်းက သူမကို ထိန်းချုပ်မထားတော့သဖြင့် သူမသည် အပေါ်ဝတ်ကို လျင်မြန်စွာ ချွတ်ချလိုက်ရာ ဗိုက်သားပေါ်နေသော အဖြူရောင် အတွင်းခံအင်္ကျီတစ်ထည်သာ ကျန်တော့သည်။ အဝတ်အစားလဲပြီးနောက် သူမက လက်နှစ်ဖက်ကို ခါးထောက်ကာ ဂုဏ်ယူစွာ ရပ်လိုက်ပြီး သူ့အား အောင်ပွဲခံသည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။

နောက်တစ်ခဏတွင် သူမသည် သူမ၏ချက်ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ပင့်ကူမ တစ်ကောင် ပိုးမျှင်ငင်သည့်ပုံစံကို အတုခိုး၍ ဟန်ပါပါ ပြောလိုက်သည်။

"ကျူးပါကျဲ၊ ဝက်ရုပ်ဆိုး! မင်းကို ငါဖမ်းမိတာနဲ့ ဖန်စစ်တုန့် ကို ပြန်ပြီး ဝက်နားရွက် အေးအေးလေးတွေ လုပ်စားပစ်မယ်!”

ဖေးကျီအန်းက ခေါင်းကိုက်သလို ခံစားရသဖြင့် အသက်ပြင်းပြင်း ရှူလိုက်ရသည်။ သူသည် ကုတင်ခေါင်းရင်းမှ သပ်သပ်ရပ်ရပ် ခေါက်ထားသော စောင်ကိုယူ၍ လုနန်အား လုံအောင် ခြုံပေးလိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းကာ အန်တီဝူအား သူမကို ကြည့်ရှုပေးရန် ခေါ်ရန် လှည့်ထွက်သွားသည်။

ရုတ်တရက် တံခါးဝသို့ ရောက်သောအခါ သူတစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ အခန်းထဲ ဘာလို့ ဒီလောက်တိတ်ဆိတ်နေရတာလဲ။

သူ လှည့်ကြည့်လိုက်သောအခါ ကုတင်ပေါ်ရှိ ပုံရိပ်နှင့် စောင်ပါ လုံးဝပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။ လုနန်ကို တစ်ခုခု ဖြစ်သွားပြီဆိုသော စိုးရိမ်စိတ်ဖြင့် သူ၏နှလုံးခုန်နှုန်းက မြန်လာခဲ့သည်။ သူ ပြန်လှည့်ပြေးသွားသောအခါ သူမက ကုတင်အောက်တွင် ထိုင်နေပြီး စောင်နှင့်အုပ်ကာ လုံးဝလှုပ်ရှားမှုမရှိဘဲ ရှေ့သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"…မင်း ဘာလုပ်နေတာလဲ” ဖေးကျီအန်းက မမေးဘဲ မနေနိုင်ခဲ့ပေ။

လုနန်က သူ့ကို နားမလည်သလို ကြည့်လိုက်ပြီး ရှေ့သို့ ဆက်စိုက်ကြည့်လျက် တိတ်ဆိတ်နေဆဲဖြစ်သည်။ ခဏအကြာတွင် သူမ နောက်ဆုံးတော့ ပြောလိုက်သည်။

"ကျွန်မက မှိုတစ်မျိုး။ မှိုက ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ။ ရှင်က တော်တော် အူကြောင်ကြောင် နိုင်တာပဲ”

“ဒါဆို အခု မင်း ဘယ်လို စကားပြောနေတာလဲ” ဖေးကျီအန်းက သည်းခံစိတ်အနည်းငယ် ရှိလာပြီး သူမကို တည်တည်ငြိမ်ငြိမ် မေးမြန်းလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျွန်မ ဝိညာဥ်ဖြစ်သွားပြီလေ!” လုနန်က စောင်ကိုပစ်ချလိုက်ပြီး ပတ်ပတ်လည်လှည့်ရင်း အော်ပြောလိုက်သည်။ သူမ လည်နေစဉ် ခြေထောက်များ မခိုင်ဘဲ ချော်လဲကာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ဖေးကျီအန်းက သူမကို ဖမ်းဆုပ်နိုင်လောက်သည်အထိ မြန်ဆန်ခဲ့သည်။

"ကျေးဇူးတင်ပါတယ်! မှိုနတ်က မင်းကို သေချာပေါက် ကျေးဇူးပြန်ဆပ်ပါမယ်” လုနန်က ဖေးကျီအန်း၏ လက်ကို အတည်ပေါက်ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ “ရှင် ဘာဖြစ်နေလဲဆိုတာ ကြည့်ဖို့ နှလုံးခုန်နှုန်းကို စစ်ဆေးပေးပါရစေ”

“အင်း၊ ရှင် ကျောက်ကပ်နည်းနည်း အားနည်းနေပုံရတယ်” သူမက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ “ဪ၊ ကျွန်မယောက်ျားလိုပဲ။ ဟင်း!” သူမက ဖေးကျီအန်းကို သနားဂရုဏာအပြည့်ဖြင့် ကြည့်လိုက်သည်။

“လုနန်” ဖေးကျီအန်းက ရုတ်တရက် သူမကို ကုတင်ပေါ်သို့ ဖိချလိုက်ပြီး သူ့အကြည့်များက အန္တရာယ်ရှိစွာဖြင့် မေးလိုက်သည်။

"မင်း ယောက်ျားက အရည်အချင်းရှိလားဆိုတာ သိချင်လို့ ဒီလောက်တောင် စိတ်အားထက်သန်နေတာလား”

လုနန်က မကြောက်မရွံ့ဘဲ ခဏစဉ်းစားလိုက်ပြီး ဖေးကျီအန်းကို လျှို့ဝှက်ချက်တစ်ခု မျှဝေသကဲ့သို့ ပိုမို အနားတိုးလာဖို့ လက်ဟန်ပြလိုက်သည်။ သူမက သူ့နားနားသို့ တီးတိုးပြောလိုက်သည်။

"ကျွန်မတို့နှစ်ယောက်တည်း သိအောင်ပြောရရင် ဖေးကျန့် က သူ့အဖေ ကွာရှင်းပြီး ဆယ်နှစ်ကျော်လောက် လူပျိုကြီးဖြစ်နေတာဆိုတော့ သူ တကယ် အရည်အချင်းမရှိတာလည်း ဖြစ်နိုင်တယ်လို့ သူက ပြောသေးတယ်…”

သူမ ဘာတွေ ဆက်ပြောမည်ဆိုတာကို ဖေးကျီအန်း မသိလိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် သူက ရှေ့သို့ တိုးကပ်လိုက်ပြီး သူမ၏ စကားများနေသောနှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ပိတ်လိုက်သောကြောင့် ဖြစ်သည်။

လုနန်၏ အာငွေ့မှာ အရက်ပြင်း၏ ရနံ့ဖြင့် ပြင်းထန်နေသည်။ ပုံမှန်အားဖြင့် ဖေးကျီအန်းသည် ထိုအနံ့ကို မကြိုက်သော်လည်း ထိုအချိန်တွင် သူ အံ့သြဖွယ် ကောင်းစွာ နှစ်သက်မိပြီး ကြိုက်နှစ်သက်လာခဲ့သည်။

ဒါသည် သူမနှင့် သူ၏ ဒုတိယအကြိမ် နမ်းရှုံ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကဲ့သို့ပင် မမျှော်လင့်နိုင်သော စိတ်ခံစားမှု လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။

သူတို့ နမ်းရှုံ့နေစဉ်တွင် သူသည် လုနန်၏ လှုပ်ရှားမှုများကို တုပကာ သူမ၏လျှာနှင့် ကခုန်နေပြီး တစ်ယောက်ကိုတစ်ယောက် စူးစမ်းနေကြသည်။

နောက်ဆုံးတွင် အနမ်းပြတ်သွားသောအခါ လုနန်သည် စိတ်သက်သာရာရသွားပုံရသည်။ ကြောင်လေးတစ်ကောင်လို ဖေးကျီအန်း၏ လည်ပင်းကို လက်ဖြင့်ဖက်တွယ်ကာ သူ့နှုတ်ခမ်းထောင့်များကို ညင်သာစွာ လျှာဖြင့်လျက်လိုက်သည်။

ဒါသည် မျက်နှာပြင်ပေါ်တွင် ငြိမ်သက်နေပုံရသော်လည်း အတွင်းထဲတွင် မျှော်လင့်ချက်များဖြင့် ပွက်ပွက်ဆူနေသော မီးတောင်ထဲသို့ နောက်ဆုံးကျောက်တုံးတစ်တုံး ချလိုက်သကဲ့သို့ ဖြစ်သည်။ ရုတ်တရက် မီးတောင်က ပေါက်ကွဲသွားတော့သည်။ ဖေးကျီအန်းသည် လုနန်၏ နူးညံ့သောလက်ကောက်ဝတ်ကို သူမ၏ ခေါင်းပေါ်တွင် ထိန်းချုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ မျက်နှာကို ပွတ်သပ်ကာ သူမ၏နဖူး၊ နှာခေါင်းနှင့် နှုတ်ခမ်းတို့ကို ညင်သာစွာ ထိတွေ့လိုက်သည်။

ကံမကောင်းရှာသော အတွင်းခံ အင်္ကျီလေးသည် သူမ၏ ရင်ညွန့်ရိုးအထိ ဆွဲတင်ခံထားရပြီးဖြစ်သည်။ လုနန်သည် သူမ၏နှုတ်ခမ်းများတွင် ထူးဆန်းသော နာကျင်မှုနှင့် ထုံကျဉ်မှု ရောနှောမှုကို ခံစားရကာ သာယာနာပျော်ဖွယ် အသံလေးတစ်ခု ထွက်ပေါ်လာသည်။ သူမ ခေါင်းလှည့်ပြီး သူ့ကို တွန်းဖယ်ရန် ကြိုးစားသော်လည်း ကြီးမားသောလက်တစ်ဖက်က သူမ၏လက်ကို ဖမ်းဆုပ်ကာ လက်ချောင်းများဖြင့် ရစ်ပတ်လိုက်သည်။

ထိုစဉ် တံခါးခေါက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ကုတင်ပေါ်ရှိ အရပ်ရှည်သော ပုံရိပ်သည် ငြိမ်သက်သွားပြီး သူ၏ မျက်လုံးမှ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ဖေးကျီအန်းသည် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။ သူသည် လုနန်၏ အဝတ်အစားများကို လျင်မြန်စွာ ပြင်ဆင်ပေးပြီး စောင်ပါးပါး ခြုံပေးခဲ့ကာ ခေါင်းအုံးပေါ်တွင် ညင်သာစွာ တင်ပေးလိုက်ပြီး တံခါးဖွင့်ရန် ထရပ်လိုက်သည်။

သူ တံခါးဖွင့်လိုက်သောအခါ အန်တီဝူက အမူးပြေဟင်းချို တစ်ပန်းကန်ကို ကိုင်ကာ ရပ်နေသည်။ "သားမက်လေး၊ အမူးပြေဆေး ရပြီ။ သမီးလေး ခေါင်းမကိုက်ခင် မြန်မြန်တိုက်လိုက်ပါ…”

သူမ စကားမဆုံးခင်မှာပင် အန်တီဝူက ဖေးကျီအန်းကို သံသယဖြင့် ကြည့်လိုက်သည်။ သူ၏ ထိန်းသိမ်းဖို့ကြိုးစားနေသော တည်ငြိမ်သည့်အမူအရာ၊ ကော်လာကြယ်သီးဖြုတ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီကိုသာ ဝတ်ထားသည်ကို မြင်သောအခါ သူမ ရုတ်တရက် နားလည်သွားသည်။ ပျော်ရွှင်သောအပြုံးတစ်ခုက သူမ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

"သားမက်လေး၊ သမီးလေးက ကောင်းကောင်း အိပ်မပျော်တတ်ဘူး။ ဒါကြောင့် သားမက်လေး ပိုဂရုစိုက်ပေး။ ကျွန်မ ရှောင်ကျန့်နဲ့ ဟွိုက်ဟွိုက်ကို သွားကြည့်ရဦးမယ်။" သူမ ပြောနေရင်းနှင့်ပင် အမူးပြေဆေးကို ဖေးကျီအန်း လက်ထဲ ထိုးပေးလိုက်ပြီး တစ်စုံတစ်ဦးက လိုက်ဖမ်းနေသကဲ့သို့ အောက်ထပ်သို့ အလောတကြီး ဆင်းပြေးသွားသည်။

မှောင်ရီပျိုးလာသည်နှင့်အမျှ အခန်းသည် မှောင်မိုက်လာသည်။ ဖေးကျီအန်းက မီးဖွင့်လိုက်ပြီး အမူးပြေဆေးကို ကုတင်ဘေးက စားပွဲပေါ်တင်လိုက်ကာ အိပ်ပျော်နေသော လုနန်ကို စိုက်ကြည့်လိုက်သည်။

သူ့ကို ဆူပွက်အောင် လုပ်ပြီးနောက် သူမသည် ငြိမ်သက်စွာ အိပ်ပျော်နေပြီး သူမ၏ အမူအရာမှာ ဖြူစင်၍ အပြစ်ကင်းကာ သူမ၏အရင် ဖလန်းဖလန်းထနေသော ပုံစံနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

သူမကို ကြည့်နေစဉ် သူ စဉ်းစားခန်း ဝင်မိသွားပြီး သူမ၏ မည်သည့်ပုံစံက အစစ်အမှန် လုနန်ဖြစ်သည်ကို တွေးတောနေမိသည်။

တကယ်တော့ ဖေးကျီအန်းသည် လုနန်ကို ယခင်ကတည်းက မြင်ဖူးခဲ့သည်။ ကုဝေကော ထက်တောင် စောနိုင်သေးသည်။

All Chapters