← Chapters

Chapter 33

Vol. 3 Ch. 33

Chapter 33

Vol. 3 Ch. 33

ဒါရိုက်တာကလည်း ရယ်စရာကောင်းတဲ့ လူအိုကြီးတစ်ယောက်ပင်။ ရှောင်ကျောက်ရဲ့ မှတ်ချက်တွေကို ကောက်ယူပြီး လုနန်အတွက် ဆက်ပြီး ကြွားဝါနေခဲ့သည်။ “သမိုင်း ဌာန က ပါမောက္ခ ကျင့်လျန်က ရဲဘော်လုက အလားအလာရှိတဲ့ ကျောင်းသူတစ်ယောက်လို့ မကြာခဏ ပြောနေကြ။ သူက ဘာသာစကားပါရမီရှင်တစ်ယောက်ဖြစ်ရုံတင်မကဘူး၊ ဓာတ်ပုံမှတ်ဉာဏ်လည်း ရှိတယ်။ သူမ ခွင့်ယူသွားတော့ ပါမောက္ခ ကျင် က ဘယ်လောက် ကံဆိုးလိုက်လဲလို့ မကြာခဏ ညည်းတွားနေခဲ့တာ။ အခု နောက်ဆုံးတော့ ရဲဘော်လု ပြန်လာပြီ။”

( တစ်ခါကြည့်ရုံနဲ့ အကုန်လုံးကို မှတ်မိတဲ့ မှတ်ဉာဏ်တစ်မျိုး - Photographic Memory)

လုနန်က ပါမောက္ခ ကျင်ကို သတိရပြီး အကြောင်းမကြားဘဲ ထွက်သွားခဲ့တဲ့အတွက် နည်းနည်းတော့ ရှက်ရွံ့မိသည်။ ပါမောက္ခတွေ အခု ဘယ်လိုနေလဲလို့ သူမတွေးမိသွား၏။

ဒါပေမဲ့… ဒါက Triple Kill လား။ (Triple Kill - သုံးယောက်တစ်ပြိုင်တည်းသတ်)

ဖေးကျန့် နဲ့ တခြားသူများ - “…” အော် ငါ့နှယ်၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့။

ဘာသာစကား ပါရမီ၊ ဓာတ်ပုံမှတ်ဉာဏ်… ရင်ထဲမှာ ထုံကျင်နေပါပြီ။

“ဪ၊ ဟုတ်သားပဲ! ရဲဘော်လုက တယောလည်း ကောင်းကောင်းတီးတယ်။ ဘယ်တော့မှ ပြန်နားထောင်ရမလဲ မသိဘူး” ဒါရိုက်တာက လုနန်ကို မျှော်လင့်တကြီး ကြည့်ရင်း ပြောလိုက်သည်။

လုနန်က ပြုံးလိုက်သည်။ “အခွင့်အရေးရှိရင် သေချာပေါက်ကြားရမှာပါ ဒါရိုက်တာ။ ဒါရိုက်တာလည်း အလုပ်များနေတော့ ကျွန်မ အချိန်မဖြုန်းတော့ပါဘူး။ အခု ကျွန်မ ပြန်တော့မယ်။”

အရမ်းကို များသွားပြီ၊ ဆက်နေမယ်ဆိုရင် လုနန် ကိုယ်တိုင်တောင် မခံနိုင်တော့ပေ။ ပညာရေးဌာနရုံးက သူမကို ဒီလောက် အလေးပေးလိမ့်မယ်လို့ သူမ မထင်ထားခဲ့ချေ။ ထွက်သွားဖို့ အချိန်ရောက်လေပြီ။

ပညာရေးဌာနရုံးကနေ ထွက်လာပြီးနောက် လုနန်က Quadruple Kill (တစ်ပြိုင်နက်တည်း လေးယောက်သတ်လိုက်နိုင်) သံကို ကြားလိုက်ရသည်။

ဖေးကျန့် နဲ့ တခြားသူများ - “…” ကျေးဇူးပြုပြီး ငါတို့ကို တီးလုံးမပေးပါနဲ့တော့။

သူမ မောင်ငယ်လေးတွေ၏ စိတ်ခံစားချက်တွေကို လျစ်လျူရှုရင်း ကလေးလေးက သူ့အမေနဲ့အတူ ပျော်ရွှင်စွာ ရယ်မောနေခဲ့သည်။

လုနန်က ပြောလိုက်သည်။ “ကောင်းပြီ၊ ငါ့မောင်လေးတွေ၊ မင်းတို့ အစ်မရဲ့ စောင်ကို မိန်းကလေးအဆောင်ကို သယ်ပေးနော်။ အဆောင်ခန်းကို သွားရှင်းကြစို့။”

ဆန့်ကျင်ဘက်အားဖြင့် ဖေးကျန့်နှင့် ကျန်သုံးယောက်က စိတ်ပျက်အားငယ်နေသော အမူအရာများဖြင့် လုနန် နောက်မှ မိန်းကလေးအဆောင်ဆီသို့ ထုံထိုင်းစွာ လိုက်ပါသွားကြသည်။

အခန်းဖော် သုံးယောက်ကတော့ မိန်းကလေးအဆောင်ကို လိုက်သွားဖို့ အကြောင်းပြချက်မရှိတာကြောင့် ခေါင်းခါပြီး သူတို့ရဲ့ ကိုယ်ပိုင်အဆောင်တွေဆီ လျှောက်သွားကြသည်။ သူတို့ သုံးယောက်ကလည်း ဖေးကျန့်နဲ့ သူ့သူငယ်ချင်းတွေလိုပဲ စိတ်ပျက်အားငယ်နေပုံရသည်။

အုပ်စုနှစ်ခုက တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားချိန်မှာ ကောင်လေးခုနစ်ယောက်က ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ထဲက ဇာတ်ကောင်တွေလို သူရဲကောင်းဆန်တဲ့ ပုံစံမျိုး ဖြစ်လာကြသည်။

လမ်းသွားလမ်းလာတွေဆီက သူတို့ရရှိနေတဲ့ ထူးဆန်းတဲ့အကြည့်တွေကို မြင်တော့ လုနန်က သူမမောင်လေးတွေကို မနေနိုင်ဘဲ နှစ်သိမ့်လိုက်သည်။

“ဟေး၊ ဒီလောက်ကြီး စိတ်ဓာတ်မကျကြပါနဲ့။ ကောင်းတဲ့ဘက်က စဉ်းစားကြည့်ပါ။ ငါ့ရဲ့ ကိုယ်ရံတော်တွေဖြစ်ခြင်းအားဖြင့် မင်းတို့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးရတယ်။”

ဖေးကျန့်၊ ကျန်းယွီ၊ ရှန့်ကျီမင်းနဲ့ ကျန့်ခိုင်ပင်း - “…” ကျေးဇူးအများကြီးတင်ပါတယ်။

“ဒါက သင်ခန်းစာလည်း ဖြစ်တယ်” လုနန်က သူတို့၏ စိတ်ပျက်အားငယ်မှုကို မသိဟန်ဆောင်ကာ ဆက်ပြောသည်။ “ဘယ်သူ့ကိုမှ အထင်မသေးဖို့ သင်ပေးတယ်လေ။ အထင်သေးတဲ့အခါ ဘာဖြစ်လဲဆိုတာကြည့်။”

ခဏအကြာမှာ ကျန်းယွီက မထိန်းနိုင်တော့ဘဲ နည်းနည်း စိတ်မကောင်းဖြစ်နေတဲ့အသံနဲ့ မေးလိုက်သည်။

“ဆယ့်လေးနှစ်နဲ့ ပေကျင်းတက္ကသိုလ်ဝင်ခွင့်ရတာ ဘယ်လိုခံစားရလဲ။”

အရမ်းဂုဏ်ယူစရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းမှာ သေချာသည်။ သူသာ သူမနေရာမှာဆိုရင် ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ ခံစားရမှာပင်။

လုနန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းယွီ က သူမကို လိမ်တယ်လို့ အစောပိုင်းက စွပ်စွဲခဲ့တာကို သတိရလိုက်သည်။ ဟာသပြကွက်တစ်ခုကို သတိရပြီး ကျေနပ်စွာ ပြောလိုက်သည်။

“ဘယ်လို ခံစားရလဲ။ အင်း.. ပေကျင်းတက္ကသိုလ်က အဆင်ပြေရုံပဲ ရှိပါသေးတယ်။”

ကျန်းယွီ -“…”

ရှန့်ကျီမင်နှင့် ကျန့်ခိုင်ပင်း - “…”

ဖေးကျန့် - “…” မင်း ကောင်းကင်ဘုံမှာပဲ ဘာလို့သွားမနေတာလဲ။ (ပေကျင်းတက္ကသိုလ်က အဆင်ပြေရုံပဲ လို့ ပြောလို့ပါ)

ကျန်းယွီ လုံးဝ ရှုံးနိမ့်သွားတယ်လို့ ခံစားရသည်။ သူ့သူငယ်ချင်းတွေက သနားစိတ်နဲ့ ကြည့်ပြီး တစ်ယောက်စီ သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ကြ၏။

လုနန် တစ်ယောက်ကတော့ ခေါင်းမာနေတုန်းပင်။ ကောင်လေးတွေရဲ့ နုနယ်တဲ့ နှလုံးသားတွေကို ထိခိုက်စေခဲ့တာကို ဘာအပြစ်မှ မခံစားရဘဲ တော်တော်လေး ပျော်ရွှင်နေသည်။ ဘဝရဲ့ ကြမ်းတမ်းမှုတွေက မမျှော်လင့်သော ထိခိုက်မှုတွေကို မကြာခဏ ပေးတတ်ပြီး အဲဒါတွေကို လက်ခံတတ်အောင် သင်ယူရမည်ပင်။

လုနန်က ကျန်းယွီကို နောက်ထပ် စကားတစ်ခွန်း မပြောနိုင်ခင်မှာပဲ သူ့ရဲ့ အရင်းနှီးဆုံး ညီအစ်ကို ကျန့်ခိုင်ပင်း က ကျန်းယွီရဲ့ ပခုံးကို ပုတ်လိုက်သည်။ သူ့ကိုယ်ပိုင် အတွေ့အကြုံနဲ့ ဆက်စပ်ပြီး သနားတဲ့ အကြည့်နဲ့ ပြောလိုက်သည်။

“ညီအစ်ကိုရာ၊ လက်လျှော့လိုက်ပါ။ လူဆိုတာ မတူကြဘူး။”

ကျန်းယွီ - “…” သွား! အဲဒါက ငါ့ကို ပိုဆိုးဆိုး ခံစားရအောင်လုပ်နေတာပဲ!

ဖွီး...

လုနန် ရယ်မောမိလုနီးပါး ဖြစ်သွားသည်။ အခုမှပဲ ညီအစ်ကိုကောင်းဆိုတာ ဘာအတွက်လဲဆိုတာ သိတော့၏ – ဘယ်အချိန်မဆို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ အသင့်ရှိနေတာပင်!

ကျန့်ခိုင်ပင်းက သူ၏ အပြစ်ကင်းသော ပုံစံနှင့် ကျန်းယွီ ကို စနောက်ရာမှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

သူတို့အားလုံး မိန်းကလေးအဆောင်ဆီ ချဉ်းကပ်လာကြတော့ ပျော်ရွှင်မှုနှင့် စိတ်ပျက်မှု ရောထွေးနေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

လုနန်ရဲ့ အဆောင်က ဒုတိယထပ်မှာရှိပြီး သူမက အတော်အသင့် ကောင်းမွန်တယ်လို့ ထင်ခဲ့၏။ အနည်းဆုံးတော့ ပထမထပ်ထက် ပိုကောင်းသည်။ မြောက်ပိုင်းအဆောင်တွေက တောင်ပိုင်းလို စိုစွတ်မှုမရှိပေမဲ့ ပထမထပ်ကတော့ တစ်ခါတလေ စိုထိုင်းနိုင်ပြီး မသက်မသာဖြစ်စေသည်။ မိန်းကလေးအဆောင်က ယောကျ်ားလေးအဆောင်တွေနှင့် ပုံစံတူပြီး ကုတင်ရှစ်လုံးရှိသော်ငြား အခုတော့ သုံးလုံးပဲ လူရှိသည်။ ဖေးကျန့်၏ အဆောင်နှင့်မတူဘဲ ခေါင်းရင်းဘက်မှာ နာမည်ကတ်ပြားတွေ မရှိတာကြောင့် လုနန်က လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ခဲ့သည်။

လုနန်က တတိယနှစ်အလယ်မှာ ဝင်ရောက်ခဲ့တာကြောင့် တတိယနှစ်ဆောင်မှာ ကုတင်လွတ်မရှိခဲ့ပေ။ သူမကို ပထမနှစ်၊ ဒုတိယနှစ်ဆောင်တွေမှာ ထားဖို့က မသင့်တော်ပေ။ ဒါကြောင့် သူမကို ရောနှောအဆောင်ကို ခွဲပေးခဲ့တာဖြစ်ပြီး၊ အဲ့ဒီအဆောင်မှာတော့ ဘာသာရပ်အမျိုးမျိုးက ကျောင်းသားအကြွင်းအကျန်တွေ ထားတတ်ပြီး ကုတင်အလွတ်တွေ အများကြီးရှိတတ်၏။

လုနန်က ဗီရိုနားက အောက်ဆုံးကုတင်ကို ရွေးလိုက်သည်။ အပေါ်ထပ်ကုတင်ကို တက်လိုက်ဆင်းလိုက်လုပ်ရမှာ ပျင်းပြီး၊ သံကုတင်အဟောင်းတွေက ယိုင်နဲ့နေပုံပင်။ တက်ရတာ စိတ်ဖိစီးပြီး၊ အပေါ်မှာ အိပ်ရတာလည်း လုံခြုံတယ်လို့ မခံစားရချေ။

ဒီကြားထဲ နေ့ဘက်ပဲ အိပ်ဖို့နေမှာဖြစ်ပြီး ညဘက်ဆို အိမ်ပြန်မှာဆိုတော့ သိပ်ပြီး ရွေးချယ်စရာမလိုပေ။

လုနနက ဖေးကျန့်နှင့် တခြားသူတွေကို သူမရဲ့ ကုတင်ပြင်ဆင်ဖို့ ကူညီခိုင်းပြီး သူမကတော့ ဘုရင်မတစ်ပါးလို ဘေးကနေ ရပ်နေခဲ့ကာ တစ်ခါတလေ သူတို့ရဲ့ အမှားတွေကို ထောက်ပြကာ လောင်းကြေးနိုင်သူတစ်ယောက်အနေနှင့် သူမရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကျင့်သုံးနေခဲ့သည်။

“ရှောင်ကျန်း၊ မင်းရဲ့ စောင်ခေါက်တာ စံချိန် မမီဘူး။ ဒါက ကိုယ်ရံတော်အဆင့်လား။ ပြန်ခေါက်ဦး” လုနန်က ခေါင်းခါရင်း ဒီမောင်လေးက သိပ်ပြီး တတ်ပုံမရဘူးဟု တွေးလိုက်သည်။

ကျန်းယွီက အသက်ပြင်းပြင်းရှူသွင်းပြီး သူ့ရဲ့ လောင်းကြေးရလဒ်တွေကို လက်ခံဖို့ သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူက သူ့ရဲ့ စိတ်ပျက်အားငယ်မှုကို ထိန်းချုပ်ပြီး စောင်ကို ထပ်ခေါက်လိုက်၏။

လုနန်ကတော့ ကျန့်ခိုင်ပင်းနှင့် ဖေးကျန့်ဆီ အာရုံပြောင်းသွားသည်။ ကျန့်ခိုင်ပင်းက အိမ်မှာ အစ်ကိုအကြီးဆုံးဖြစ်တဲ့အတွက် သူ့ညီလေးတွေကို ဂရုစိုက်နေကျမို့ အသားကျနေပြီ။ သူက စောင်နဲ့ ခေါင်းအုံးစွပ်တွေကို ကျွမ်းကျင်စွာ ခင်းကျင်းနေပြီး ဖေးကျန့် ကတော့ လုနန် ရဲ့ ဗီရိုကို စီစဉ်ရာမှာ အလုပ်ရှုပ်နေခဲ့သည်။

လုနန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူတို့ ကောင်းကောင်း လုပ်ဆောင်နေတယ်လို့ တွေးလိုက်သည်။ သူတို့က တကယ်ပဲ နာခံတတ်တဲ့ မောင်ငယ်လေးတွေနဲ့ လင်ပါသားလေးပင်။

နောက်ဆုံး ရှန့်ကျီမင် အလှည့်ရောက်တော့ လုနန် စိတ်ပျက်သွားသည်။ သူက လက်ချည်းသက်သက် ရပ်နေတာ၊ ဘာမှမလုပ်ဘူး၊ သူမထက်တောင် ဘုရင်တစ်ပါးနဲ့ ပိုတူနေသည်။ ဒါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။

လုနန် မျက်မှောင်ကြုတ်လိုက်သည်။ “ရှောင်ရှန့်? ဘာလုပ်နေတာလဲ။ တခြားသူတွေ ဘာလုပ်နေလဲ မမြင်ဘူးလား။ တကယ်ပဲ မင်းက အရွယ်ရောက်နေပြီ၊ ဘဝအသိဉာဏ်လည်း မရှိဘူး။ ဘယ်လိုလုပ် အဲ့လောက် အသိဉာဏ်မဲ့နိုင်ရတာလဲ။”

သူမက ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်တော့ တခြားအလုပ်တွေ ကျန်နေသေးပုံမရချေ၊ ဒါပေမဲ့ ရှန့်ကျီမင်ကို လွှတ်ပေးလိုက်ဖို့တော့ မဖြစ်နိုင်ပေ။ သူမက ခဏရပ်ပြီး ပြောလိုက်သည်။ “ကြမ်းပြင်က သိပ်မသန့်ဘူး။ မင်း ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်လိုက်ပါလား။”

ရှန့်ကျီမင်က လုနန် သူတို့ကို တမင်သက်သက် ဒုက္ခပေးနေတာကို သိလိုက်ပြီး ရယ်မောမိလုနီးပါး ဖြစ်သွားသည်။ သူ ပြုံးတော့ပြံးမိလိုက်သည်၊ သူ့ရဲ့ နုပျိုချောမောတဲ့ မျက်နှာက အံ့အားသင့်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိတဲ့ အပြုံးနဲ့ လင်းလက်သွား၏။

ဒါက လုနန်ရဲ့ အခန်းဖော် သုံးယောက်ရဲ့ အာရုံကို ဖမ်းစားလိုက်ပြီး သူတို့ကို အံ့အားသင့်စေခဲ့၏။

သူမရဲ့ အခန်းဖော် သုံးယောက်အကြောင်း ပြောရမယ်ဆိုရင် လုနန် ရောက်လာပြီး အလိုက်လိုက်ခံရသည့် မင်းသမီးတစ်ပါးလို ပြုမူလာတဲ့အခါမှာ လုနန်နှင့် ကောင်လေးလေးယောက်ရဲ့ ရုပ်ရည်ကြောင့် သူတို့ အရင်ဆုံး အံ့အားသင့်ခဲ့ကြသည်။ ပြီးတော့ လုနန်က ကောင်လေးတွေကို ခိုင်းနေသည့်ပုံက အရမ်းကို သဘာဝကျနေသည်ကို မြင်ပြီး လုံးဝ စကားမပြောနိုင်ဖြစ်သွားကြသည်။

သတိပြန်ဝင်လာပြီးနောက် သုံးယောက်သား နည်းနည်းတော့ ရှက်ရွံ့သွားကြ၏။ လုနန်က သူတို့ကို ပြုံးပြပြီး သူမကိုယ်သူမ စတင်မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ။ ငါက သမိုင်း ဌာနက လုနန် ပါ။ ဒီနှစ်မှ ဒီကို ပြောင်းလာတာဆိုတော့ ကောင်းကောင်းမွန်မွန် ပေါင်းသင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

“အော် မဟုတ်တာ” သူတို့ထဲက အဝတ်စား ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် ကောင်မလေးက ပြန်ဖြေသည်။ “ငါတို့ အခန်းဖော်တွေ ဖြစ်လာကြပြီဆိုတော့ တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်တာ သဘာဝပါပဲ။ ဒီလို ယဥ်ကျေးနေစရာမလိုပါဘူး။”

“ဪ၊ ဟုတ်သားပဲ၊ ငါက စပိန်ဘာသာရပ်ဌာနက ကျန်းရှုယင်းပါ၊ ဒါက အရှေ့ပိုင်းဘာသာရပ်ဌာနက ကျန်းကျန့်ကျန့် ပါ၊ ဟိုတစ်ယောက်ကတော့ ဥပဒေ ဌာန က ဝမ်ကျူး ပါ” ကျန်းရှုယင်းက ကျန်နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

လုနန် က ကျန်းကျန့်ကျန့်နဲ့ ဝမ်ကျူးတို့နဲ့ လက်ဆွဲနှုတ်ဆက်လိုက်၏။

သူမက သူမရဲ့ အခန်းဖော်အသစ်တွေကို အချိန်ယူပြီး လေ့လာကာ ပထမဆုံးအကြိမ် ထင်မြင်ယူဆချက်တွေကို ချမှတ်လိုက်သည်။ ကျန်းရှုယင်းက သူမရဲ့ ရိုးရှင်းတဲ့ အဝတ်အစားနဲ့ ရိုးရိုးရှင်းရှင်း ရုပ်ရည်နဲ့ နွေးထွေးဖော်ရွေတဲ့ အငွေ့အသက်ကို ပေးသည်။

ကျန်းကျန့်ကျန့် ကတော့ သုံးယောက်ထဲမှာ အလှဆုံးပင်၊ သေးသွယ်တဲ့ နှာခေါင်းနှင့် ချယ်ရီလိုနှုတ်ခမ်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အငွေ့အသက်ကို ထုတ်လွှတ်ပြီး ခေတ်ဆန်စွာ ဝတ်စားဆင်ယင်တတ်ကာ တခြားသူတွေနဲ့ မျက်လုံးချင်းဆုံတဲ့အခါ အောက်ကို ကြည့်နေတတ်သည်။

ဝမ်ကျူးကတော့ ပိုပြီး အေးစက်တဲ့ ပုံရပြီး ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတဲ့ မာနတစ်ခုကို ထုတ်လွှတ်နေသည်။

ကျန်းကျန့်ကျန့်က တက်ကြွနေပြီး သူမရဲ့ မျက်နှာက စိတ်လှုပ်ရှားမှုနဲ့ ပြောင်လက်နေတုန်းပင်။ သူမက ဖေးကျန့် နှင့် လုနန်ရဲ့ ရင်ခွင်ထဲက ကလေးလေးကို ကြည့်ပြီး စပ်စုစွာ မေးလိုက်သည်။ “သူတို့က ဘယ်သူတွေလဲ…”

“အော်”လုနန်က လက်ကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်းလိုက်သည်။ “သူတို့က ငါ့ရဲ့ အသုံးမကျတဲ့ မောင်လေး ၄ ယောက်လေ၊ ဒါပေမဲ့ သူတို့အကြောင်းတော့ မပြောကြရအောင်။ ငါ့ရင်ခွင်ထဲက ကလေးလေးကတော့ ငါ့သား ကုဟွိုက်ပါ”

သူမ၏ မောင်လေးယောက် ခဲသွားကြသည်။ “……”

“နင် အိမ်ထောင်ကျပြီးပြီလား။” ကျန်းကျန့်ကျန့်က ထအော်လိုက်သည်။ လုနန်က အရမ်းနုနယ်ပုံရတာကြောင့် ကျန်းကျန့်ကျန့်က သူမရဲ့ ရင်ခွင်ထဲက ကလေးက သူမရဲ့မောင်လေးလို့ ထင်ခဲ့တာ။

လုနန် က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ငါ အိမ်ထောင်ကျပြီးပြီ။”

ကျန်းကျန့်ကျန့် ရဲ့ လုနန်ကို ကြည့်တဲ့ အကြည့်က ပြောင်းလဲသွားသည်။

လုနန်က ဂရုမစိုက်ခဲ့ပေ။ သူမက ကျောင်းကို သူငယ်ချင်းရှာဖို့ လာခဲ့တာ မဟုတ်။ ရင်းနှီးတဲ့သူတချို့ရှိတာ ကောင်းပေမဲ့ သူမတို့ရဲ့ အမြင်တွေ မတူညီဘူးဆိုရင်လည်း အရေးမကြီးချေ။ ယဉ်ကျေးမှုအရ ဆက်ဆံမှုမျိုးကို ထိန်းသိမ်းထားတာက သူမအတွက် လုံလောက်သည်။

အဆောင်ကို ရှင်းလင်းပြီးနောက် လုနန်က သူမရဲ့ အခန်းဖော် သုံးယောက်ကို နှုတ်ဆက်ပြီး သူမရဲ့ အသုံးမကျတဲ့ မောင် ၄ လေးယောက်၊ သူမရဲ့ တန်ဖိုးရှိတဲ့ သားလေးနဲ့အတူ ကျောင်းကနေ ထွက်ခွာခဲ့သည်။

ကျောင်းဂိတ်ဝရောက်တော့ လုံခြုံရေးက သူ့စိတ်ခံစားချက်ကို ပြန်လည်ပြင်ဆင်ပြီး ဖေးကျန့်ကို နှုတ်ဆက်ချင်ခဲ့သည်။ ဒါပေမဲ့ သူက စိတ်ပျက်အားငယ်နေတဲ့ ဖေးကျန့် နှင့် ကောင်လေးလေးယောက်ကို တွေ့လိုက်ရပြီး သူတို့က သူ့ကို တစ်ချက်တောင် မကြည့်ခဲ့ကြပေ။

လုံခြုံရေးက ရုတ်တရက် အံ့အားသင့်သွားပြီး ဘာဖြစ်ခဲ့တာလဲလို့ တွေးမိသည်။ သူတို့ ခုနကအထိ ကောင်းကောင်းမွန်မွန် ရှိနေခဲ့သည်ပင်။

ဝင်းထဲ ပြန်ရောက်တာနဲ့ ကျန်းယွီ၊ ကျန့်ခိုင်ပင်းနဲ့ ရှန့်ကျီမင်တို့က တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေး ကြည့်လိုက်ကြပြီး ခိုးထွက်ဖို့ ပြင်ဆင်နေကြသည်။

လုနန်က သူတို့ရဲ့ လှည့်ကွက်လေးကို ချက်ချင်းသိလိုက်ပြီး ဖြေးဖြေးချင်း ပြောလိုက်သည်။ “ရှောင်ကျန့်၊ ရှောင်ကျန်း၊ ရှောင်ရှန့်၊ ရှောင်ဖေး၊ ဒီမှာ ရှိရမယ့် လူဦးရေနဲ့ တကယ်ရှိနေတဲ့ လူဦးရေကို အစီရင်ခံပါ။”

ရှောင်ကျန့်၊ ရှောင်ကျန်း၊ ရှောင်ရှန်း၊ ရှောင်ဖေး - “…”အန်တီရယ်၊ အန်တီက အရမ်းရက်စက်တာပဲ။

ဖေးကျန့်က အမိန့်ပေးလိုက်သည်။ “တန်းစီ၊ တည့်တည့်ရပ်၊ အစီရင်ခံ။ တစ်”

ကျန့်ခိုင်ပင်းက ကြေညာလိုက်သည်။ “နှစ်”

ကျန်းယွီက ထပ်ဖြည့်လိုက်သည်။ “သုံး”

ရှန့်ကျီမင်က ပါဝင်လိုက်သည်။ “လေး။ လေးယောက်ရှိရမှာ၊ လေးယောက် ရှိပါတယ်။ အမိန့်ပေးပါ။”

“ကောင်းပြီ” လုနန်က လည်ချောင်းရှင်းကာ ပြောလိုက်သည်။ “အခု ငါ့ရဲ့ အကျင့် ရှစ်ခုနဲ့ နည်းလမ်းဆယ်ခုကို မင်းတို့ကို မျှဝေပေးမယ်။ သေချာနားထောင်။ ငါ့ရဲ့ ပထမဆုံး အကျင့်ကတော့ ဟွိုက်ဟွိုက်ရဲ့ အနှီးနဲ့ အဝတ်တွေကို မလျှော်ချင်တာပဲ။ ဒုတိယ အကျင့်ကတော့ ခြံထဲမှာ မြက်တွေ အရမ်းများတာ၊ ငါ မခံနိုင်တော့ဘူး၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းအမျိုးမျိုး စိုက်ချင်တယ်။ တတိယ အကျင့်ကတော့ ငါ့ရဲ့မွေးစားအမေနဲ့ ပတ်သက်တယ်။ မင်းတို့ရဲ့ အဘွားဝူက ကျန်းမာရေး မကောင်းဘူး၊ တစ်ယောက်ယောက်က သူ့ကို နှိပ်နယ်တာနဲ့ ဇက်ကြောဆွဲတာတွေ ကူညီပေးရမယ်။ စတုတ္ထ အကျင့်…”

သူမက တစ်ခါတည်း ခုနစ်ခု၊ ရှစ်ခုလောက်ကို ဆက်တိုက် စာရင်းပြုစုလိုက်သည်။ လုနန်က လုံလောက်ပြီလို့ မခံစားရသေးတာကြောင့် ထပ်ထည့်လိုက်၏။ “ဒီနေ့ ဒီမှာပဲ ရပ်မယ်။ မနက်ဖြန် ငါ့ရဲ့ နည်းလမ်းဆယ်ခုကို ပြန်ပြောမယ်။ အခု လုံလောက်ပြီ။ ရှောင်ကျန့်၊ ရှောင်ရှန်း၊ ရှောင်ဖေးနဲ့ ရှောင်ကျန်း၊ ငါ ဘာကို ဆိုလိုတယ်ဆိုတာ မင်းတို့ နားလည်မယ်လို့ မျှော်လင့်ပါတယ်နော်။”

ရှောင်ကျန့်၊ ရှောင်ကျန်း၊ ရှောင်ရှန်း၊ ရှောင်ဖေး - “…” သူတို့ မျက်နှာသေနဲ့ ခေါင်းညိတ်လိုက်ကြသည်။

လုနန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ အခု ဘာကို စောင့်နေတာလဲ။ မြန်မြန် လုပ်ကြ။ ပျင်းမနေကြနဲ့၊ ငါ စစ်ဆေးမှာနော်။”

ကိုယ်ရံတော်လေးယောက်က တန်းစီပြီး ဖေးနေအိမ်ဘက်သို့ တောင့်တောင့်ကြီး လျှောက်သွားကြသည်။

လုနန်က ကလေးလေးကို ချီရင်း နောက်ကနေ အေးအေးဆေးဆေး လိုက်သွားသည်။ “ကလေးလေး၊ အခုကစပြီး မင်းရဲ့ အနှီးနဲ့ အဝတ်တွေကို တခြားလူက ဂရုစိုက်ပေးလိမ့်မယ်။ မင်း ကျေးဇူးတင်တတ်ရမယ်၊ မင်းရဲ့ အစ်ကိုတွေကို ကျေးဇူးတင်နော် ဟုတ်ပြီလား။”

“အာ၊ ကောကော ကျေးဇူးတင်ပါတယ်” ကလေးက လုနန်၏ စကားကို အတုခိုးလိုက်သည်။

သူတို့ အိမ်ပြန်ရောက်တာနှင့် သူမရဲ့ မွေးစားအမေက စိတ်လှုပ်ရှားစွာ ပြေးထွက်လာပြီး လုနန်ကို ပြောလိုက်သည်။

“နန်နန်၊ သမီးယောက်ျား ဒဏ်ရာရလာတယ်”

“ဘာ!?”

All Chapters