မတူညီသော အမြင်များ။
Vol. 1 Ch. 3
“ အဟမ်း ... မင်းတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြပါဦး။ ”
တာအိုချင်းရှက သူတို့နှစ်ဦးကို တွေ့ဆုံပေးပြီး မေးခွန်းထုတ်ခံရမည့်အပေါ် စိုးရိမ်ကာ ချက်ချင်း ထွက်ပြေးတော့သည်။
ကူချန်နှင့် ကူဖုန်းသည်သာ တိတ်ဆိတ်စွာဖြင့် မျက်နှာချင်းဆိုင် ကျန်ရစ်ခဲ့ လေသည်။
ကူဖုန်းက လက်ဖက်ရည်ခွက် ကောက်ကိုင်ပြီး တစ်ငုံသောက်၏။ သူ့အသွင် အပြင်သည် သာမန်လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
လူအုပ်အတွင်း ရောနှောနေပါက ထင်ထင်ရှားရှားမရှိသော လူအမျိုးအစားဖြစ်ပြီး ထူးခြားသည့်ရောင်ဝါမရှိချေ။
ဖူစုအင်ပါယာ၏ အကောင်းမွန်ဆုံးသော ပိုးဖဲများကို ၀တ်ဆင်ထားလျှင်ပင် ကျေးလက်ရှိ သူဌေးငယ်လေးတစ်ဦးအဖြစ်မျှသာ ထင်မိပေမည်။
သို့သော် သူ့ဒဏ္ဍာရီသည် ဖူစုနိုင်ငံ၌ နာမည်ကြီး၏။ အစောပိုင်း ကာလများတွင် လူယုတ်မာတစ်ယောက် ဖြစ်သည်။
သားကြီးကို နှင်ထုတ်လိုက်ပြီး မိသားစုအကြီးအကဲရာထူးကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် ကူမိသားစုကို ပထမအဆင့် အင်အားစုအဖြစ်သို့ ပို့ဆောင်လာနိုင်၏။
ယင်းကြောင့် သူ့ကိုလျော့တွက်သော် တန်ကြေးပေးရပေမည်။ ကူဖန်းက သူတကယ် ရေငတ်နေဟန်ဖြင့် ရေနွေးကြမ်းကိုသာ သောက်နေခဲ့သည်။
တခြားသူများအပေါ် ဖိအားပေးရန် မရည်ရွယ်ချေ။ ပေးခဲ့လျှင်ပင် သူ့သားကူချန်မှ ခံစားရမည် မဟုတ်ကြောင်း နားလည်သည်။
အချိန်အတော်ကြာပြီးနောက် ကူဖန်းမှ သက်ပြင်းချသည်။ တခါတရံ ဤလူငယ်သည် သူ့သား မဟုတ်ဟုပင် သံသယဖြစ်မိ၏။
ငယ်စဉ်တည်းပင် ရွယ်တူများနှင့် အလွန်ကွာခြားပြီး ရင့်ကျက်သောအသွင်ရှိကာ တည်ငြိမ်သောပုံစံရှိသည်။
စိတ်ရှည်သည်းခံနိုင်မှုချင်း နှိုင်းယှဉ် ကြည့်မည်ဆိုသော် သူပင်ပြိုင်ဘက်မဟုတ်ချေ။ ၎င်းသည် ကိုယ်ပိုင်အမြင်ရှိသည်။ သူပြောသမျှ မျက်စိစုံမှိတ်နားမထောင်ဘဲ အတွေးများ အမြဲရှိနေသည်။
ထို့ကြောင့် သူ့သားသည် သူ့သားမဟုတ်ဘဲ တောင်ပေါ်၌ ကျင့်ကြံနေသော ဘုန်းကြီးတစ်ပါး အဖြစ် အမြဲခံစားခဲ့ရသည်။
သို့သော် တစ်ခါတရံ ပြသခဲ့သော စီးပွားရေးအမြင်များသည် ဂုဏ်ယူထိုက်သော သူ့သားဖြစ်နေသေးသည်ဟု သက်သေပြနေ ပြန်သည်။
ထို့ကြောင့် သူ့အမွေဆက်ခံသူ အဖြစ် စဉ်းစားနေစဉ် တာအိုဘာသာကို လေ့လာတော့ မည်ဟု သတင်စကားပါးသဖြင့် ဒေါသထွက်ကာ ပေါက်ကွဲလုနီးပါးပေပင်။
“ ကမ္ဘာကြီးကို မင်းဘယ်လိုမြင်လဲ။ ”
မျက်ခုံးမွှေးများကို ပွတ်သပ်လျက် ဖြည်းညှင်းစွာ မေးလိုက်သည်။ သူ့သားသည် စီးပွားရေးအမြင်ရှိ၏။
ထို့ကြောင့် တာအိုဘာသာကို လေ့လာလိုက်စားရန် မည်သည့်အချိန်မှစတင် စဉ်းစားခဲ့သည်ကို သိချင်လာသည်။
“ ပလောက် ... ပလောက် ... ။ ”
ကူချန်က တာအို၀တ်စုံကို သိမ်းပြီး လက်ဖက်ရည်အိုး ကောက်ယူကာ သူ့အတွက် ထပ်ဖြည့်ပေး၏။
“ ဘယ်လိုမှ မမြင်ပါဘူး၊ ရိုးရိုးရှင်းရှင်းပဲ ငွေကိုစိတ်မဝင်စားတာပါ။ ”
ယခင်ဘဝတွင် သူဟူသည် စွန့်ဦးတီထွင်သော လုပ်ငန်းရှင်တစ်ဦး ဖြစ်၏။ ထို့ကြောင့် ဤလောကတွင် မွေးဖွားလာစဉ် စီးပွားရေးအပေါ် စိတ်ဝင်စားမိခဲ့သည်။
ကမ္ဘာနှစ်ခုကြားရှိ ကုန်သွယ်ရေး စည်းမျဉ်းများ ကွဲပြားမှုများကို မြင်အောင်သာ ဗီဇအရကြည့်ခြင်းမျှသာ ဖြစ်သည်။ ထို့ထက် မပိုချေ။
ထိုအဖြေကြောင့် ကူဖုန်းတစ်ယောက် အမူအရာများအေးခဲသွားပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရပ်သွား၏။
“ မင်းကို ငါ့ရဲ့ကူမိသားစုမှာ ... မွေးဖွားလာတာပါ ... ဒါဆို မင်းကဘာလို့ငွေကို စိတ်မဝင်စားရတာလဲ။ ”
ထို့နောက် မည်သည့်အရာများ ဆက်ပြောရမည်ကို မသိသဖြင့် ပါးစပ်ပြန်ပိတ် သွားသည်။ သားအဖနှစ်ယောက် အနည်းငယ် တိတ်ဆိတ်သွားကြ၏။
“ ပြန်လာပါ ... မိသားစုက မင်းကိုလိုအပ်တယ် ... မင်းနဲ့အတူ မိသားစုဟာ အနာဂတ်မှာ သေချာပေါက်မြင့်မားတဲ့ အဆင့်ကို ရောက်လိမ့်မယ်။ ”
“ မဟုတ်ဘူး ... ဒါ ငါ့ဆန္ဒမဟုတ်ဘူး ... ၊ အဖေ မင်းမှာကိုယ်ပိုင်လမ်းရှိသလို ငါ့မှာလည်း ရှိတယ် ... ဒီကမ္ဘာကြီးနဲ့ယှဉ်ရင် ဖူစုနိုင်ငံက အရမ်းသေးငယ်လွန်းတယ်။ ”
ဤလောကကြီးအပေါ် ပို၍ နားလည် လာသည်နှင့်အမျှ ဖူစုနိုင်ငံသည် အရေးမပါမှန်း ပို၍ခံစားလာရသည်။
ဖူစုနိုင်ငံတွင် အချမ်းသာဆုံးမိသားစုဟု ယူဆကြသောကူမိသားစုသည် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်နေသည်။
သူ့လက်၌ ကူမိသားစု ဖွံ့ဖြိုးနိုင်သော်လည်း အချိန်မည်မျှ ပေးဆပ်ရမည်မသိနိုင်ချေ။ သူ့တွင် သာမန်ထက် သက်တမ်းပိုရှည်သော်လည်း ထိုသက်တမ်းကို ဖြုန်းရန် ဆန္ဒမရှိသည်မှာ သဘာဝပေပင်။
အရေးကြီးဆုံးမှာ သူသည် မိသားစုတွင် တစ်ဦးတည်းသောသား မဟုတ်ချေ။ သူ့ညီသည် အရည်အချင်းရှိကာ မိသားစုကို ကောင်းစွာ ဦးဆောင်နိုင်သည်။
“ ဖေဖေ၊ မင်းငါ့ဆန္ဒကို ငြင်းဖို့ အလျင်စလို မလုပ်ပါနဲ့ ... ။ ”
ကူဖုန်းက သူ့သားကို ပြန်ကြည့်ကာ၊
“ မင်းရဲ့ဉာဏ်ပညာနဲ့ ကူမိသားစုကို ပိုပြီးသန်မာလာအောင် လုပ်နိုင်မယ်ဆိုတာ ငါ သိပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒါ ... မင်းရဲ့ဆန္ဒပဲ ဖေဖေ ... ငါမဟုတ်ဘူး။ ”
ထို့နောက် ရေနွေးတစ်ခွက် ထပ်မံ ငှဲ့ပေးကာ၊
“ ငါ့အပေါ်မိသားစုနဲ့ ချည်နှောင်တာမျိုး ငါမကြိုက်ဘူး ဖေဖေ ... ဒီထက် ပိုမြင့်မားတဲ့ လမ်းကို ငါမျှော်လင့်တယ် ...
... ဒါပေမယ့် ... ငါတို့မှာ မတူညီတဲ့ အမြင်တွေရှိပေမယ့် အတူတူ လျှောက်လှမ်းလို့ ရပါတယ် ... ၊ ဖေဖေ မင်းလိုအပ်တဲ့အရာကို ငါကူညီပေးနိုင်တယ် ...
... ဒါပေမယ့် ... ငါလိုအပ်နေတာကို ဘဘ်သူမှ မကူညီပေးနိုင်ပါဘူး ... အခုချိန်မှာ ဖေဖေ ... ချန်ယွင်ကို ကောင်းကောင်း လေ့ကျင့် ပေးသင့်ပြီ ... မိသားစုအကြီးအကဲရာထူးကို သူ့ဆီပေးအပ်လိုက်ပါ ...
... သူက ထက်မြက်ပြီး မိသားစုကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းဆီ ပို့ဆောင် ပေးနိုင်မှာ သေချာပါတယ်။ ”
ကူဖန်းမှ အချိန်အတော်ကြာအောင် စကားမပြောတော့ချေ။ အခန်းသည် ရုတ်ချည်း တိတ်ဆိတ်သွား၏။
တာအိုချင်းရှသည် အခန်းအပြင်တွင် နံရံပေါ်နားရွက်များ ဖိကပ်လျက် အတွင်းမှ အသံများကို နားထောင်နေခဲ့သည်။
“ ဟမ့် ... ဘာလို့ ရုတ်တရက် အသံတိတ်သွားရတာလဲ သူတို့တွေ တစ်ခုခု ဖြစ်နေပြီလား။ ”
ချက်ချင်း စိုးရိမ်စိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် အတွင်းဘက်သို့ ချောင်းကြည့် လိုက်တော့၏။
“ ကျွီ ... ။ ”
ဤအရပ်တွင် တစ်ခုခု ဖြစ်သွားသော် သူ့တာဝန် မကင်းချေ။ သို့သော် ရုတ်တရက် တံခါးပွင့်လာခဲ့သည်။
ချောင်းကြည့်ရန်ပြင်သော မျက်နှာကို ချက်ချင်း ပြန်ဆုတ်လိုက်၏။ တည်ငြိမ်သော အမူအရာဖြင့် ကူဖုန်းလှမ်းထွက်လာသည်။
ဤမျှ ကြောက်စရာကောင်းသော အေးစက်နေသည့် ရောင်ဝါကို တာအိုချင်းရှ မခံစားဖူးချေ။ အသက်ရှူကြပ်သွားစေ၏။
အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ချက်ချင်း ခေါင်းပြန်လှည့်ကာ ခြံဝန်းထောင့်ရှိ ဝါးရုံပင်ထံ ငေးမောနေဟန် ဆောင်လိုက်ရသည်။
ထို့နောက် သူ့ကို လျစ်လျူရှုပြီး ဖြတ်ကျော်သွားသော တစ်ဖက်လူအသွင်အပြင် ပျောက်ကွယ်သွားသည်အထိ ဝါးရုံပင်၌သာ အကြည့်ကို ထားဆဲဖြစ်၏။
“ ကျွီ ... ။ ”
ဒုတိယအကြိမ် တံခါးပွင့်လာပြီး ကူချန်ထွက်လာချိန်မှသာလျှင် ပြန်လှည့် ကြည့်လျက်၊
“ ဘယ်လိုလဲ၊ မင်းပြန်တော့မှာလား။ ”
-ဟု ဝမ်းသာအားရ မေးမြန်းလိုက်သည်။
ကူချန်က နွေးထွေးစွာပြုံးပြီး သူ့ကို စိတ်ပျက်အားငယ်သွားစေသော အဖြေမျိုးဖြင့် တုန့်ပြန်လာ၏။
“ အနာဂါတ်မှာ ... ငါ့ကို ကောင်းကောင်းဂရုစိုက်ဖို့ တာအိုချင်းရှကိုပဲ တောင်းဆိုရတော့မယ်။ ”
တာအိုချင်းရှခမျာ မျှော်လင့်ချက်များ ချက်ချင်းလွင့်ပါးသွားချေပြီ။ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်နှုန်းဖြင့် အိုမင်းသွား၏။
သို့တိုင် အားတင်းပြုံးလျက်၊
“ ဟား ဟား ဟား ... ကြိုဆိုပါတယ် တာအိုကူ ကြိုဆိုပါတယ် မင်းက ယဉ်ကျေးလွန်း နေပါပြီ။ ”
-ဟုဆိုပြီး မျက်ရည်များ စီးကျလာတော့သည်။
ပြီးသွားချေပြီ။ ယခုမှစ၍ လင်းရင် တာအိုဘုံကျောင်းတွင် ဘိုးဘေးအသစ်တစ်ပါး ရောက်ရှိလာပြီဖြစ်၏။
တစ်ဖက်တွင် သူနှင့် လုံးဝမတူဘဲ ကူချန်သည် အပြုံးဖြင့် ဘုံကျောင်းဝန်းကျင်ထံ ဝေ့ဝဲကြည့်လိုက်သည်။
“ အခု ... လင်းရင်ဘုံကျောင်းက တကယ့်ကိုသာယာနေလိုက်တာ ... ။ ”
***