← Chapters

ချီစုစည်းခြင်းနယ်ပယ် ဖြစ်နိုင်တယ်။

Vol. 1 Ch. 7

ချီစုစည်းခြင်းနယ်ပယ် ဖြစ်နိုင်တယ်။

Vol. 1 Ch. 7

ရက်အနည်းငယ် ကုန်လွန်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်း နတ်နဂါးမြို့တော် အပြင်ဘက်သို့ ဒုက္ခသည်အများအပြား ထပ်မံရောက်ရှိလာခဲ့သည်။

အရေအတွက်မှာ (၂၀၀,၀၀၀) မှသည် (၃၀၀,၀၀၀)အထိဖြစ်လာသဖြင့် မြို့ရိုးများပေါ်မှ လူအများပင် လာရောက်ကြည့်ရှုကုန်၏။

နတ်နဂါးမြို့သည် ရှန်နန်ပြည်နယ်၏ ပြည်နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပြည်နယ်သခင် ကျိုးလုသည် ဟဲရှပြည်နယ်မှ​ဖြစ်သည်။

( ဟဲရှပြည်နယ်ဟူသည် မြစ်အနောက်ဘက် လွင်ပြင်ဒေသဖြစ်၏။)

ကျိုးလုက နတ်နဂါးမြို့ရိုးပေါ်တွင်ရပ်ကာ ​မြို့ပြင်ရှိ ဒုက္ခသည်များထံ ကြည့်နေစဉ် အစေခံ တစ်ယောက်မှ စာတစ်စောင်ကမ်းပေးကာ

“ ပြည်နယ်သခင် ... ဟဲရှပြည်နယ်က စာလာပါတယ် ဒီတစ်ခါတော့ ပြည်နယ်သခင် အတွက် လယ်မြေကောင်းတွေကို အများကြီးရခဲ့တယ်။”

“ ပိုက်ဆံ အကုန်​​ချေပြီးပြီလား။ ”

“ ဟုတ်ကဲ့ ... ပိုက်ဆံချေပြီးပါပြီ ပြည်နယ်သခင်ရဲ့နာမည်နဲ့ ဂုဏ်သတင်းအပေါ် တန်ဖိုးထားရမယ်ဆိုတာ ငါ့မိသားစုသိပါတယ် ဒါပေမယ့် အဲဒီလူတွေက အစားအသောက်နဲ့ပဲ လဲလှယ်သွားပါတယ် တကယ်စျေးပေါတဲ့ လယ်မြေကောင်းတွေပါ။ ”

“ ဟား ဟား ဟား ... ။ ”

ကျိုးလုက ရယ်မောလျက် ငတ်မွတ်နေသောလူများထံ လက်ညှိုးထိုးပြကာ၊

“ ဒီလူမိုက်တွေက တကယ်ကို မျက်စိမှုန်နေတာပဲ မိုးခေါင်တာ နှစ်နှစ်ရှိနေပြီ ဆက်ထိန်းထားနိုင်ရင် ပြီးသွားတော့မှာကို အခုတော့ လယ်မြေကောင်းတွေရောင်းပြီး အိမ်ကိုစွန့်ခွာနေကြတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

အစေခံ၏ အမူအရာသည် ခဏမျှအေးခဲသွားပြီးနောက် ခေါင်းညိတ်ကာ၊

“ ပြည်နယ်သခင်၊ မင်းပြောတာ မှန်ပါတယ် ဒီလူတွေက အရမ်းမိုက်မဲတယ်။ ”

-ဟု ထောက်ခံလိုက်၏။

“ ငါ့မွေးရပ်မြေမှာ စားစရာ လုံလုံလောက်လောက် သိုလှောင်ထားသလား။ ”

“ ဟုတ်ကဲ့ ငါတို့မှာ ပိုက်ဆံအများကြီး ကျန်သေးတဲ့အပြင် ဆန်လည်းကျန်ပါသေးတယ် ဒါပေမယ့် ဆန်နဲ့လဲလှယ်ချင်နေတဲ့ ...

... လူတွေလည်း အများကြီး ရှိနေပါသေးတယ် ... သူတို့က ဆန္ဒရှိတာနဲ့ ငါလှယ်ဖို့အသင့်ပါပဲ။ ”

ကျိုးလုက ခဏမျှစဉ်းစားပြီး ခေါင်းညိတ်ပြကာ၊

“ ဒီမြို့က စပါးကုန်သည်တွေနဲ့ အရင်စကားပြောကြည့် ဆန်များများဝယ်ပြီး မြေတစ်ရာနဲ့ ထပ်လဲပေးလိုက် ... ။ ”

“ နားလည်ပါပြီ။ ”

***

မြို့ရိုးအောက်တွင် တာအိုကလေးငယ် တစ်ယောက် တိုက်တွန်းလမ်းရှင်းပေးမှုကြောင့် တာအိုဘုန်းကြီးတစ်ပါး ဖြည်းညင်းစွာ လျှောက်လှမ်းလာနေ၏။

“ စီနီယာအစ်ကို မင်းဘာကြည့်နေတာလဲ မြန်မြန်လာပါ။ ”

ချင်းဖန်မှ နောက်လှည့်ကြည့်ပြီး သိချင်စိတ်ဖြင့် မေးသည်။

“ ဒါဟာ လူတစ်ယောက်ကြောင့် ဖြစ်နိုင်သလို ... တခြားသော အရာတစ်ခုလည်း ဖြစ်နိုင်တယ်။ ”

“ ဟမ့် ... ။ ”

ချင်းဖန်မှ နားမလည်ချေ။ စိတ်ရှုပ်ထွေးသွားတော့သည်။ ကူချန်က သူ့ခေါင်းကို လှမ်းပုတ်လိုက်ပြီး၊

“ မင်း ငယ်သေးတယ်၊ ဒါတွေကို နားမလည်သေးဘူး ကြီးလာရင် နားလည်လာ လိမ့်မယ် ... ဆက်သွား။ ”

-ဟု ပြောကြားလိုက်သည်။

“ ရှလွတ် ... ။ ”

ချင်းဖန်က သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်ပြလိုက်ပြီး တောက်ပသော မျက်လုံးများနှင့်၊

“ စီနီယာအစ်ကို ... ။ ”

-ဟု ခေါ်လိုက်သည်။

ထို့နောက် ကူချန်လက်ကို သူဖုန်းစားတစ်ယောက်လို ဆွဲကိုင်လှုပ်ရမ်း တော့၏။ ယင်းကြောင့် ကူကယ်ရာမဲ့စွာဖြင့် ကူချန်မှ ငုံ့ကြည့်လိုက်ရသည်။

“ ချင်းဖန် ... မင်းကိုယ်မင်း ယောကျ်ားလေးတစ်ယောက် ဆိုတာရော သိသေးရဲ့လား။ ”

၎င်း၏အသွင်အပြင်သည် မိန်းမငယ်တစ်ယောက် ချစ်စဖွယ် ချွဲနွဲ့နေဟန် ဖြစ်သည်။ ကြေးဒင်္ဂါးတစ်ဒါဇင်ခန့် ထုတ်ယူကာ ကမ်းပေးလိုက်၏။

“ မင်းစားချင်တာ သွားဝယ် ... နောက်မှ ငါလာရှာမယ်။ ”

ချင်းဖန်က ဝမ်းသာအားရ လက်ခံယူပြီး၊

“ စီနီယာအစ်ကို ... ဒီမှာ မင်းငါ့ကို ဘယ်လိုရှာမလဲ။ ”

-ဟု သတိတရမေးသည်။

ကူချန်တစ်ယောက် ရှာတွေ့နိုင်မည်ဟု မထင်ချေ။ နတ်နဂါးအမြို့သည် ကျယ်ပြော၏။ ပင်လယ်ကြီးထဲ လူတစ်ယောက်ကို ရှာဖွေနေရသလိုပေပင်။

ကူချန်မှ ငုံ့ကြည့်ပြီး ခေါင်းကို ညင်သာစွာပုတ်လျက်၊

“ မင်းကို ငါရှာဖို့ဆိုတာ ငါ့ကိစ္စပဲ ... ဒါမှမဟုတ်ရင် မင်းငါ့နောက် လိုက်မလား။ ”

“ အဟဲ ... မလိုက်ဘူး၊ ငါတစ်ယောက်တည်းပဲ သွားလိုက်တော့မယ် မင်းငါ့ကို ရှာဖို့မမေ့နဲ့ ... ။ ”

ထို့နောက် ချင်းဖန်မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး ပျော်ရွှင်စွာ ပြေးထွက်သွားတော့၏။

မြို့တော်အတွင်း နာမည်ကြီး ပန်းပဲရုံ။

“ ထန် ... ထန် ... ထန် ... ။ ”

ပန်းပဲဆိုင်အတွင်း သတ္တုရိုက်သံများ အဆက်မပြတ်ထွက်ပေါ်နေပြီး အတွင်းထဲတွင် ရှုပ်ပွပွေလီနေ၏။

ရုတ်တရက် တာအိုဘုန်းကြီးတစ်ပါး ဝင်ရောက်လာရာ ပန်းပဲသမားက သဘာဝ အတိုင်း မော့ကြည့်လိုက်ကြသည်။

ပန်းပဲဆိုင်ပိုင်ရှင်သည် ရင်ဘတ်ဗလာနှင့် လူထွားကြီးတစ်ဦးဖြစ်၏။ ၎င်းမှ မတ်တပ်ထရပ် လိုက်ပြီး မျက်နှာသုတ်ပုဝါကို ကောက်ကိုင် လိုက်သည်။

ထို့နောက် မျက်နှာအနှံ့ ချွေးများသုတ်နေလျက်ဖြင့် အလုပ်ရုံထဲမှ ငုံ့ထွက်လာကာပြုံးပြ၏။

“ တာအိုဘုန်းကြီး၊ မင်းက တကယ်ကို အချိန်မှန်တာပဲ ငါမင်းအတွက် အကုန်ပြင်ဆင် ထားပေးပြီးပါပြီ။ ”

ကူချန်မှ ခေါင်းညိတ်လိုက်သည်။ ပန်းပဲဆိုင်ရှင်က ထောင့်တစ်နေရာရှိ သတ္တုရိုင်း အစုအဝေးကို ညွှန်ပြပြီး၊

“ ဒါတွေက တာအိုဘုန်းကြီးလိုချင်တဲ့ သတ္တုရိုင်းတွေပဲ ... ငါ အဲဒါတွေကို မင်းအတွက် ချိန်တွယ်ပြင်ဆင်ထားတယ်။ ”

-ဟု ပြသလာ၏။

အားလပ်နေသော အခြားပန်းပဲသခင်များသည် အမောဖြေနေ လျက်ဖြင့် သူတို့ထံ ကြည့်နေကြသည်။

လွန်ခဲ့သောရက်အနည်းငယ်က ဤတာအိုဘုန်းကြီး ရောက်လာသည်။ သို့သော် လက်နက်များဝယ်ယူခြင်း မရှိဘဲ သတ္တုရိုင်း အချို့ကိုသာ မှာကြားသွားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် လေးနက်စွာမှတ်မိနေခြင်း ဖြစ်သည်။ အနီးနားရှိ ပန်းပဲသခင်တစ်ဦးက၊

“ တာအိုဘုန်းကြီး ... မင်းတစ်ခုခု သွန်းလုပ်မလို့လား ... အကူအညီလိုလား ငါတို့ ငါးမန်းနက် ပန်းပဲဆိုင်ရဲ့ လက်ရာက ဒီမြို့မှာ အကောင်းဆုံးပဲ ကူညီပေးမယ်။ ”

“ မဟုတ်ပါဘူး ... ။ ”

ကူချန်မှ ခေါင်းယမ်းပြသည်။ ဤသတ္ထုရိုင်းများသည် သူကိုယ်တိုင်လက်နက် သန့်စင်ရန်အတွက် ဖြစ်၏။

မူလနန်းတော်နယ်ပယ်ကို ဖြတ်ကျော်ပြီးချိန်၌ လျှို့ဝှက်နည်းစနစ်များစွာ ရရှိခဲ့သည်။

၎င်းတို့အနက်မှ လေဟာနယ် ဓားသုတ္တန်သည် သတ်ဖြတ်ခြင်းဓားရေးတစ်ရပ် ဖြစ်သည်။ ယင်းကြောင့် ဓားတစ်လက်ကို လိုအပ်နေချေ၏။

ဓားများကို အသင့်ဝယ်ယူနိုင်သော်လည်း သူ့တွင် လက်နက်သန့်စင်နည်း ကောင်းကင်နှင့် မြေကြီးသန့်စင်ခြင်းသုတ္တန် ရှိနေသောကြောင့် ကိုယ်တိုင် စမ်းသပ် ကြည့်လိုခဲ့သည်။

“ ဟားဟားဟား ... တာအိုဘုန်းကြီး ဒီသတ္တုရိုင်းတွေက ကီလိုဂရမ် ရာဂဏန်းနီးနီး အလေးချိန်ရှိတယ် မင်းကိုယ်တိုင်သယ်နိုင်မယ် မထင်ဘူး ... လက်တွန်းလှည်းနဲ့ ငါတို့ ကူသယ် ပေးရမလား။ ”

ပိန်သွယ်သော သူ့အသွင်ကို ကြည့်ပြီး ပန်းပဲရုံပိုင်ရှင်မှ မေးမြန်းလာသည်။

“ မင်းမှာ ကြိုးရှိလား။ ”

ကူချန်မှ ပြန်မေးသည်။ ပန်းပဲရုံပိုင်ရှင်က ခေါင်းညိတ်ပြကာ ကောက်ရိုးကြိုးများယူရန် တစ်စုံတစ်ဦးကို အမိန့်ပေးလိုက်၏။

ထို့နောက် ကူချန်သည် ကောက်ရိုးကြိုးများဖြင့် ပိုက်ကွန်ကြီးတစ်ခု ယှက်လုပ်ကာ သတ္တုရိုင်းများကို သိမ်းထည့်လိုက်သည်။

ပြီးသည်နှင့် မတ်တပ်ထရပ်ကာ ကျေနပ်သောအပြုံးမျိုးဖြင့် ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်တော့သည်။

ဤအခင်းအကျင်းကို ကြည့်နေခဲ့သော ပန်းပဲဆရာများ အားလုံး အံ့ဩသွားကြသည်။

“ ဘာလဲ ... ။ ”

ဤသည်မှာ သတ္တုရိုင်း ကီလိုဂရမ် သုံးရာခန့်ရှိ၏။ သူတို့ကဲ့သို့သော ပန်းပဲဆရာများ သည်ပင် ကီလိုသုံးရာကို လက်တစ်ဖက်ဖြင့် အလွယ်တကူ မရန် မဖြစ်နိုင်ချေ။

ခဏအတွင်းမှာပင် သူတို့၏ အမြင်များ ပြောင်းသွားတော့၏။ ဤတာအိုဘုန်းကြီးသည် ချီစုစည်းခြင်းနယ်ပယ် ဖြစ်နိုင်ပေမည်။

တစ်ဖက်တွင် ကူချန်သည် အလေးချိန်ကို ချိန်ဆကြည့်ပြီးနောက် ကောင်တာပေါ် ကျန်ငွေ အချို့ လှမ်းတင်ပေးလိုက်သည်။

“ ဒါကျန်ငွေပဲ၊ ငါယူသွားပြီ။ ”

ပန်းပဲရုံပိုင်ရှင်မှ ရုတ်တရက် သတိ ပြန်ဝင်လာပြီး၊

“ တာအိုဘုန်းကြီး ဂရုစိုက်ပါ။ ”

-ဟု ဦးညွှတ်ကာ ဆိုင်အဝထိ လိုက်ပို့ပေးလေသည်။

ခွန်အားရှိသော် လေးစားခြင်း ခံရသည်မှာ သဘာဝပေပင်။ ထို့နောက် ကူချန်ကျောပြင်ထံ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်လျက် အလုပ်ရုံအတွင်း ပြန်ဝင်သွားတော့သည်။

“ လူတစ်​​ယောက်​ကို သူ့ရုပ်​သွင်​ပြင်​နဲ့ အကဲဖြတ်​လို့ မရပါဘူး ... ဒီတာအိုဘုန်းကြီးဟာ ကိုယ်​ခံပညာ​ မြင့်မားပုံရတယ်​။ ”

“ ဒဏ္ဍာရီဆန်ဆန် ပါရမီရှင်တောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ”

အခြားသော ပန်းပဲဆရာများသည် တာအိုဘုန်းကြီး၏ နယ်ပယ်နှင့် ပတ်သတ်ကာ အတိုက်အခံ ဆွေးနွေးပြီးကျန်ရစ်ခဲ့ချေပြီ။

“ အံ့သြစရာကောင်းပါတယ် သူ့လို အသွင်အပြင်နဲ့ ကီလိုဂရမ် (၃၀၀)လောက်ကို လက်တစ်ဖက်နဲ့ မနိုင်နေတယ် ... ၊ သူဌေး ဒီတာအိုဘုန်းကြီးဟာ ဘယ်အဆင့်ရှိမယ် ထင်လဲ။ ”

ပန်းပဲဆရာတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ပန်းပဲရုံပိုင်ရှင်ကိုမေးမြန်း တော့၏။ ဤပန်းပဲဆိုင်တွင် ကျင့်ကြံမှု အမြင့်ဆုံးသည် ၎င်းပင်ဖြစ်သည်။

ပန်းပဲရုံပိုင်ရှင်က ခဏမျှစဉ်းစားပြီး၊

“ ဒါက အနိမ့်ဆုံးတော့ ... နှောင်းပိုင်း အခြေခံတည်ဆောင်ခြင်းအဆင့်ပဲ ချီစုစည်းခြင်း နယ်ပယ်တောင် ဖြစ်နိုင်သေးတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ ဟမ့် ချီစုစည်းခြင်းနယ်ပယ်လား ... ။

ပန်းပဲဆရာများခမျာ မျက်လုံးများ ပြူးကျယ်လျက် ပျောက်ကွယ်သွားနေခဲ့ပြီ ဖြစ်သော တာအိုဘုန်းကြီးထံ အပြေးအလွှား ထွက်ကြည့်လိုက်ကြတော့သည်။

***

All Chapters