← Chapters

လမင်းနှင့် ကြယ် ... ။

Vol. 1 Ch. 10

လမင်းနှင့် ကြယ် ... ။

Vol. 1 Ch. 10

လူငယ်သည် ဓားနှင့်တူသော မျက်ခုံးမွှေး၊ တောက်ပသည့် မျက်ဝန်းနှင့် ဂုဏ်သိက္ခာရှိသော အသွင်အပြင်မျိုး​ပေပင်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ သေသပ်ထူထဲသော ချပ်ဝတ်တန်ဆာနှင့် သူ့အောက်ရှိ စစ်မြင်းကြီး ပေါင်းစပ်သော် သူရဲကောင်းတစ်ပါးအလား ထူးကဲလှလေသည်။

သူရဲကောင်းလူငယ်က သခင်လေးဆိုသူထံ လှမ်းကြည့်ကာ၊

“ မင်း ... ။ ”

“ ဆရာချန်ယွင် ... မင်းကို လွန်ခဲ့တဲ့နှစ်လလောက်က ပွဲတစ်ခုမှာ ငါတွေ့ဖူးခဲ့ပါတယ်။ ”

ထိုစကားကြောင့် သူရဲကောင်းလူငယ်က အနည်းငယ် ပြန်စဉ်းစားသည်။ တစ်ဖက်လူ၏ နာမည်ကို မမှတ်မိတော့သဖြင့် သဘာဝအတိုင်း ဆက်မတွေးတော့ချေ။

“ မင်း ... အခု ငါ့လမ်းပေါ်ရောက်နေတယ်။ ”

တစ်ဆက်တည်းမှာပင် လူအုပ်ထံ အမှတ်မထင် ဝေ့ကြည့်ပြီးနောက် ချက်ချင်း အံ့ဩသွားလေသည်။ အံ့အားသင့်ခြင်း ဆိုသည်ထက် ရှုပ်ထွေးသော အမူအရာဆိုက ပိုမှန်၏။

သခင်လေးဆိုသူက ဤအခိုက်တွင် အကူအညီရှာတွေ့ပြီဟု ယူဆကာ ဇာတ်လမ်း အပေါ် ချဲ့ကားပြောရန်ပြင်လိုက်တော့၏။

“ အစ်ကို ... ။ ”

သို့သော် သူရဲကောင်းလူငယ်၏ ပထမဆုံးထွက်ကျလာသော နာမ်စားကြောင့် ချက်ချင်းပါးစပ်ပိတ်ကာ မျက်လုံးပြူးသွား တော့၏။

ကူ​ချန်က သူရဲကောင်းလူငယ်ကို ခေါင်းညိတ်ပြုံးပြပြီး၊

“ မတွေ့တာကြာပြီနော် ချန်ယွင်၊ မင်းအရပ်ပိုရှည်လာတယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။

ဤသူရဲကောင်းလူငယ်သည် သူ့ညီ ကူချန်ယွင်ဖြစ်၏။ သခင်လေး ဆိုသူသည် ကျိုးကျိဖြစ်သည်။

ကျိုးကျိတစ်ယောက် သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အသက်မဲ့သွားတော့သည်။ သူရဲကောင်းလူငယ်လေးသည် ကူမိသားစု၏ ဒုတိယသားဖြစ်ကြောင်း လူတိုင်းသိသည်။ သူ့တွင် အစ်ကိုကြီးတစ်ယောက်ရှိ၏။

ထိုအတွေးက ကျိုးကျိကို အမူအရာ ရုတ်တရက် ပြောင်းသွားစေပြီး တဖြည်းဖြည်း ထိတ်လန့်လာစေခဲ့သည်။

တစ်စုံတစ်ယောက်သည် သူ့နောက်ကျောထဲသို့ ရေခဲတုံးများထည့်လာ သကဲ့သို့ ခံစားလိုက်ရ၏။

ကူမိသားစု၏ ဒုတိယသားသည် လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် စစ်မြေပြင်၌ ကျော်ကြားလာကာ ဖူစုဧကရာဇ်သည်ပင် အသိအမှတ်ပြုရသော ပါရမီရှင်ဖြစ်လာခဲ့သည်။

ပထမသားသည် ထိုလူငယ်ထက် ပို၍ ကျော်ကြားကာ ဒဏ္ဍရီတစ်ပုဒ်ဖြစ်၏။ သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ထိုသူသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

မူလကပင် သခင်ငယ်သည် အမြဲတမ်းနိမ့်ကျစွာနေတတ်ပြီး လူသိရှင်ကြား သွားလာရသည်ကို မကြိုက်ချေ။ ထို့ကြောင့် တာအိုဘာသာသို့ ဝင်ရောက်စဉ် အုတ်အော် သောင်းနင်း ဖြစ်ခဲ့ဖူးသည်။

သို့သော် ထိုကောလဟာလသည် မှန်ကန်သည်လော၊ မှားသည်လော မည်သူမျှ မဆုံးဖြတ်နိုင်ချေ။ အဆုံးတွင် ကူမိသားစုမှ အစေခံများသည်ပင် ထိုပထမသားကို မြင်တွေ့ဖူးသူရှားချေပြီ။

ကျိုးကျိက တာအို၀တ်စုံဝတ်ထားသော ကူချန်ထံကြည့်ကာ မျက်နှာဖျော့သွားခဲ့သည်။ ဤသည်မှာ ဒဏ္ဍာရီလာ ချီလင်သားတော် ဖြစ်ချေ၏။ နံရံကို ကန်ကျောက်မိချေပြီ။

ကူချန်နှင့် ကူချန်ယွင်သည် တစ်ယောက်ကိုတစ်ယောက် အချိန်အနည်းကြာ တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။

သူတို့နှစ်ဦးသည် ညီအစ်ကိုများ ဖြစ်သော်လည်း များစွာရင်းနှီးခြင်း မရှိကြချေ။ သူတို့ကြား ဆက်သွယ်မှု မရှိသလောက်ပေပင်။

ကူချန်ယွင်က ဖြစ်ပျက်ခဲ့သမျှအပေါ် ခန့်မှန်းနိုင်လာပြီး ကျိုးကျိထံလှမ်းကြည့်ကာ အေးစက်စွာဖြင့်၊

“ မင်းမှာ ဒီမှာ ဘာလုပ်နေတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ကျိုးကျိတစ်ယောက် မျက်နှာဖြူဖျော့လျက် တုန်ယင်သွားလေသည်။ နတ်နဂါးမြို့တော်တွင် မိသားစုများစွာသည် ကူမိသားစုတစ်ဝိုက်တွင် အစားအတွက် ရှင်သန်ကြရ၏။

ထို့ကြောင့် ကူမျိုးဆက်များအပေါ် သတ်ပစ်ရန်မဆိုနှင့် မည်သူမျှ ကူမိသားစုအပေါ် မစော်ကားဝံ့ချေ။ နဖူးပေါ်တွင် ချွေးအေးများ စီးကျလာကာ ခြေထောက်များ တဆက်ဆက် တုန်ရင်လာတော့သည်။

ဓားသမားအတွက်မူ ပြောစရာမရှိချေ။ သူ့တည်ရှိမှုကို တတ်နိုင်သမျှ မေ့လျော့အောင် ကြိုးစားနေမိ၏။

အစောပိုင်းတိုက်ပွဲတွင် တစ်ဖက်လူ၏ ခွန်အားသည် မည်သည့်အဆင့်၌ ရှိနေမှန်း သူ မသိခဲ့ချေ။ ချီစုစည်းခြင်း နယ်ပယ်ပင်လော။ သို့မဟုတ် ထို့ထက်ပိုမြင့်သည်လော။

သူသည် နဝမမြောက်အထွတ်အထိပ် သိုင်းသခင်အဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း ကူ​ချန်အပေါ် ဓားမရောက်နိုင်ချေ။

ဆိုလိုသည်မှာ တစ်ဖက်လူသည် သိုင်းသခင်အဆင့်ကို ဖြတ်ကျော်ထားနိုင်သည့် အနိမ့်ဆုံး ပညာရှင်အဆင့် ဖြစ်နေမည်မှာ သေချာချေပြီ။

(သိုင်းသခင်-တည်ဆောက်ခြင်းအဆင့်။ ပညာရှင်-ချီစုစည်းခြင်းအဆင့်။ ကျွမ်းကျင်သူ- ရှန်ရှင်းအဆင့်။)

ကူမိသားစု၏ ဒုတိယသခင်လေးသည် မကြာသေးမီမှပင် ချီစုစည်းခြင်းနယ်ပယ်သို့ ဝင်ရောက်ခဲ့ကာ ဖူစုနိုင်ငံတွင် အတောက်ပဆုံး မျိုးဆက်သစ်တစ်ဦး ဖြစ်လာခဲ့သည်။

ဆယ်စုနှစ်အနည်းငယ်အတွင်း ရှန်ရှင်းနယ်ပယ်ထံ ဖြတ်ကျော်ဝင်ရောက်ပြီး ရှန်ရှင်းသခင်တစ်ပါး ဖြစ်လာရန် ရာခိုင်နှုန်းမြင့်မားချေပြီ။

သို့သော် ပထမသားသည် ထိုထက် သာလွန်နေလိမ့်မည်ဟု မည်သူထင်မည်နည်း။ ဤအတွေးက သူ့ကို ပို၍ ကြောက်လန့် လာစေသည်။

“ သခင် ... သခင်လေးကူ။ ”

တစ်ဖက်တွင် ကျိုးကျိသည်လည်း ထိတ်လန့်ခြင်းများစွာဖြင့် ကူချန်ထံ တုန်ရင်စွာ ပြန်ကြည့်သည်။ ကူချန်က သူ့ထံတစ်ချက် လှမ်းကြည့်ကာ၊

“ မြို့ပြင်မှာ ဒုက္ခသည်တွေကို မြင်လား။ ”

-ဟု မေးမြန်းလိုက်၏။

“ သဘာဝပါပဲ။ ”

ကူချန်မှ သူ့အပေါ် ဒေါသထွက်ခြင်း မရှိသည်ကိုမြင်သဖြင့် ကျိုးကျိတစ်ယောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချကာ ချက်ချင်း ပြန်ဖြေလေသည်။

“ ဆန် ကီလိုဂရမ်တစ်သိန်းယူပြီး ယာဂုဝေလိုက်ပါ ... ဒီကိစ္စ ပြီးသွားလိမ့်မယ်။ ”

“ ဆန် ... ကီလိုတစ်သိန်းတောင်လား ... ။ ”

ကျိုးကျိခမျာ မျက်ရည်များ ဝဲလာတော့၏။ ကျိုးမိသားစုသည် ချမ်းသာကြွယ်ဝသော်လည်း ဤပမာဏသည် များပြားနေဆဲဖြစ်သည်။

ထို့အပြင် မြစ်ဝါမြစ် အနောက်ဘက်တွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုဖြစ်စဉ်များသည် ဆန်စျေးနှုန်းကို မြင့်တက်လာစေ၏။

“ ငါ ... လုပ်ပါ့မယ်။ ”

ကီလိုဂရမ်တစ်သိန်းဝယ်လိုသော် အလွန်မြင့်မားသော စျေးနှုန်းဖြင့်ပင် လွယ်သည့် အလုပ် မဟုတ်ချေ။ သို့သော် အံကြိတ်ပြီး ချက်ချင်း သဘောတူလိုက်ရသည်။

ကူချန်မှ ခေါင်းညိတ်ကာ၊

“ မင်း ... ယာဂုဝေတဲ့အခါ သဲနဲ့ ကျောက်တုံးတချို့ကို ရောထည့်ပြီး ကျွေးဖို့ သတိရပါ။ ”

“ ဟမ် ... ဘာလို့လဲ။ ”

ထိုအမှာစကားကြောင့် ကျိုးကျိက စိတ်ရှုပ်ထွေးသွားပြီး မသိစိတ်ဖြင့် ပြန်လည် မေးမြန်းလိုက်မိလေသည်။

“ ဒါက ... လူတချို့ကို ဘေးဒုက္ခရဲ့ သားကောင်တွေအဖြစ် ဟန်ဆောင်မှုကနေ တားဆီးဖို့ပါပဲ။ ”

ကူချန်ယွင်က ကူချန်အစား ပြန်ဖြေပေးလိုက်၏။ သို့မှသာ ကျိုးကျိ နားလည်​သွားတော့သည်။

ကောင်းမွန်သော ယာဂုမျိုးဝေငှသော် အချို့သောလူများသည် ဒုက္ခသည်များအဖြစ် ဟန်ဆောင်ကာ လာရောက် စားသောက် နိုင်ပေမည်။

သဲနှင့်ကျောက်များ ရောနှောနေပါက တကယ့် ဘေးဒုက္ခသည်များသာ လာရောက် စားသောက်မည်ဖြစ်၏။

တစ်ဖက်တွင် ကူချန်​ယွင်သည် ရှုပ်ထွေးသောအကြည့်ဖြင့် သူ့အစ်ကိုကူချန်ထံ ကြည့်ကာ၊

“ အစ်ကို၊ မင်းအိမ်ပြန်ဖို့ စီစဉ်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ မဟုတ်ဘူး ... ။ ”

ကူချန်က သူ့လက်ထဲရှိ သတ္ထုရိုင်းများကို မြှောက်ပြပြီး၊

“ ပစ္စည်းတချို့ လာဝယ်တာ အခုပဲ ပြန်တော့မယ်။ ”

- ဟု ပြန်ဖြေလိုက်သည်။

ကူချန်ယွင်က ပါးစပ်ဟကာ တစ်ခုခုပြောလိုခဲ့သော်လည်း အဆုံးတွင် ပြန်၍ နှုတ်ဆိတ်သွားတော့၏။

ထိုအချိန်တွင် ချင်းဖန်သည် ကူချန်၏အင်္ကျီလက်ကို ဆွဲနေသဖြင့် ကူချန်မှ ငုံကြည့်လိုက်သည်။ ချင်းဖန်က မြေပြင်ပေါ် လဲကျနေသော သူတောင်းစားထံ ညွှန်ပြကာ တွန့်ဆုတ်သောအကြည့်နှင့်၊

“ အစ်ကို ကျေးဇူးပြုပြီး ခေါ်သွားနိုင်မလား … ။ ”

-ဟု မေးမြန်းတော့သည်။

ကူချန်က သူတောင်းစားလေးထံ ကြည့်လိုက်သည်။ ကလေးငယ်မျက်ဝန်းများမှာ အလွန်တောက်ပနေပြီး သူတို့ထံ သတိထား ကြည့်နေခဲ့၏။

သူ့မျက်ဝန်းနှင့်ဆုံချိန်၌ ထိတ်လန့်တကြား ခေါင်းကိုအမြန်ငုံ့လိုက်သည်။ ကူချန်အကြည့်က သူမ ဦးခေါင်းအထက်သို့ အနည်းငယ် ရွေ့လျားသွား၏။

ထိုအရပ်၌ အလင်းတန်းများ တောက်ပလာပြီး ပုံရိပ်များ ထွက်ပေါ်လာသည်။ များမကြာမီ ကူချန်မှလျှောက်လှမ်းသွားပြီး၊

“ မင်းမိဘတွေ ဘယ်မှာလဲ။”

-ဟု မေးမြန်းလိုက်၏။

“ မရှိတော့ပါဘူး ... ။ ”

သူတောင်းစားလေး အသံသည် ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းပြီး ဝမ်းနည်းမှု အရိပ်အမြွက်များ ထင်ဟပ်လာသည်။

“ နာမည် ဘယ်လိုခေါ်လဲ။ ”

“ အားရီ။ ”

“ မင်းငါ့နောက်လိုက်ချင်လား။ ”

ထိုမေးခွန်းကြောင့် သူတောင်းစားလေး၏ မျက်ဝန်းများ မယုံကြည်နိုင်စွာ တောက်ပလျက်၊

“ ငါ ... ငါလိုက်လို့ ရနိုင်မလား။ ”

-ဟု ပြန်လည်မေးမြန်း၏။

“ အင်း ... ။ ”

“ ဒါဆို ငါလိုက်မယ်။ ”

ထိုအဖြေကြောင့် ကူချန်တစ်ယောက် သူတောင်းစားလေး၏ ခေါင်းပေါ် သူ့လက်ကို တင်လိုက်ပြီး၊

“ အခုချိန်ကစပြီး မင်းကို ... မင်ယွဲ့လို့ခေါ်မယ်။ ”

-ဟု အမည်ပေးလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

သူတောင်းစားလေးမှ အားတက်သရော ခေါင်းညိတ်စဉ် ကူချန်က ကျိုးကျိထံ ကြည့်ကာ၊

“ ငါနဲ့ပတ်သတ်ပြီး မင်းရဲ့ပါးစပ်ကို ပိတ်ထားပါ ... ပြီးတော့ မင်းရော ... ။ ”

-ဟု ဓားသမားထံ လှည့်ကာ သတိပေး လိုက်တော့သည်။

“ ဟုတ် ... ဟုတ်ကဲ့ နားလည်ပါပြီ။ ”

***

All Chapters