ပုန်ကန်ကြမည်လော ... ။ ချင်းဖန်က စိတ်လှုပ်ရှားသော အသွင်ဖြင့်၊
Vol. 2 Ch. 20
“ ကြည်လင်သော နွေဦးဓားနန်းတော် သခင်က တပည့်သုံးထောင်နဲ့ ပုန်ကန်မှုစတင်ပြီး ချင်းကွမ်ပြည်နယ်ကို ချုပ်ကိုင်ထားတယ်။ ”
-ဟု ပြောကြားလိုက်သည်။
သို့သော် ကူချန်က မထူးဆန်းသလို နားထောင်နေသည်။ မြစ်အနောက်ဘက်ဒေသရှိ နေရာအများစုသည် မိုးခေါင်မှုဒဏ်ကို ပြင်းစွာ ခံစားနေရသည်။
ဆန်ရေစပါးများကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ချမှတ်ပေးပို့သော်လည်း အဆင့်ဆင့်ခွဲယူမှုကြောင့် မထိရောက်ခဲ့ချေ။
နေရာအနှံအပြား ပျက်သုဉ်းမြေတစ်ခုလို ကြောက်စရာကောင်းအောင် ကျီးနှင့်ဖုတ်ဖုတ် ဆိတ်သုဉ်းကုန်၏။
ငတ်မွတ်သေဆုံးနေသော လူသေအလောင်းများကို မြစ်ကမ်းဘေး၊ ရွာနှင့် သင်္ချိုင်းမြေများတွင် တွေ့နေရသည်။
သာယာဝပြောသောနေရာသည် လွင်တီးခေါင်နေရာအဖြစ် ပြောင်းလဲသွားခြင်း ပေပင်။
ထိုအချိန်မျိုးတွင် သောင်းကျန်းသူများ၊ အခွင့်အရေးသမားများ မရေမတွက် နိုင်အောင် ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ဖူစုနိုင်ငံတဝက်သည် စစ်ပွဲများကြောင့် ရုန်းကန်နေရပြီး ရုံးတော်၏ ဩဇာမှာကျဆင်းနေပြီဖြစ်သည်။
ကူချန်အတွေးတွင် သံသယရှိသည်မှာ မိုးခေါင်ရေရှားမှုသည် လူဖန်တီးမှုဖြစ်နေမည်ကို စိုးရိမ်နေခြင်းပေပင်။
လက်ရှိမိုးခေါင်ရေရှားမှုဖြစ်စဉ်သည် နှစ်တစ်ထောင်အတွင်း တွေ့ရခဲ၏။ လူတချို၏ ထိန်းချုပ်မှုကြောင့်ဆိုသော် ကြောက်စရာ ကောင်းပေမည်။
မြစ်အနောက်ဘက်ဒေသသည် ကျယ်ပြောသော လွင်ပြင်ကြီးဖြစ်ကာ နိုင်ငံ၏ လူဦးရေ သန်း(၅၀)ခန့်နေထိုင်သည်။ လူဦးရေ အများဆုံးနှင့် ဆန်စပါးထွက်ရှိမှု အများဆုံး ဒေသလည်းဖြစ်သည်။
ဖူစုနိုင်ငံတွင် ပြည်နယ်(၁၈)ခုရှိပြီး အနောက်ဘက်လွင်ပြင်ဒေသ၌ နိုင်ငံ၏လူဦးရေ ခြောက်ပုံတစ်ပုံ နေထိုင်၏။
ကူချန်က အနည်းငယ်စောင်းငဲ့ကာ ထွက်ပြေးရန်ပြင်နေသော ချင်းဖန်ထံသို့ ကြည့်လိုက်သည်။
သူ့အကြည့်ကြောင့် ချင်းဖန်တစ်ယောက် ခြေလှမ်းကို ပြန်ရုတ်လျက် အနည်းငယ်ပြုံးပြပြီး အဆုံးတွင် အမြန်ပြေးထွက်သွားတော့၏။
( ဒီကောင်လေး ... ။ )
ကူချန်မှ ချင်းဖန်ကျောပြင်ကို ကြည့်ကာ ပြုံးရယ်လိုက်လေသည်။
***
ရှန်နန်မြို့၊ ကူမိသားစုစံအိမ်။ ကူစံအိမ်တော်၏ အစည်းအဝေးခန်းအတွင်း လေထုမှာ ငြိမ်သက်နေသည်။
ကူဖုန်းက ပင်မထိုင်ခုံတွင်ထိုင်လျက် ဘေးဝဲယာရှိ စိတ်လှုပ်ရှားနေသော မိသားစု၏ အကြီးအကဲများနှင့် ဌာနခွဲခေါင်းဆောင်များထံ နေရာယူထား၏။
ကူမိသားစု၏ ဧည့်အကြီးအကဲများနှင့် ကူမိသားစုအပေါ် သစ္စာစောင့်သိသော အစောင့် အကြပ်များသည်လည်း ရှိနေသည်။ လူတစ်ရာထက် မနည်းချေ။
ကူဖုန်းက ၎င်းတို့အပေါ် ဝေ့ဝဲကြည့်ကာ၊
“ အခု ... ကြည်လင်သော နွေဦးဓားနန်းတော်သခင် လီချင်းစုန်က ပုန်ကန်မှုစနေပြီ ဒီအရေးအပေါ် မင်းတို့ ဘယ်လိုထင်ကြလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ထိုမေးခွန်းကြောင့် အချင်းချင်း ပြန်ကြည့်ကုန်၏။ အဆုံးတွင် ကူမိသားစု၏ အကြီးအကဲတစ်ဦးမှ၊
“ ကမ္ဘာကြီးက မငြိမ်းမချမ်း ဖြစ်နေပြီ ... ပြည်နယ်ရုံးတော်တွေလည်း အလုပ်ရှုပ်နေမို့ သူရဲကောင်းအများအပြား ပေါ်လာနေတယ် ဒီအခြေအနေကို ထိန်းချုပ်ဖို့ ရုံးတော်မှာ ...
... အရည်အချင်း မရှိတော့ဘူး ... ငါတို့ကူမိသားစုကို ဒီမငြိမ်းချမ်းတဲ့ကမ္ဘာကြီမှာ တည်မြဲစေချင်ရင် သူတို့ကို အတုယူသင့်တယ်။ ”
-ဟု အကြံပြုလိုက်၏။
“ မိသားစုခေါင်းဆောင် ငါတို့လည်း ပုန်ကန်ကြရအောင် ... ငါတို့အသင့်ဖြစ်နေပြီ။ ”
“ မှန်တယ် ... ကူမိသားစုက ဒီလိုဖရိုဖရဲ အခြေအနေမှာ တည်မြဲချင်ရင် ဒါကိုလုပ်ရမယ် မိသားစုခေါင်းဆောင်ဆုံးဖြတ်ပါ ငါတို့တွေ အစွမ်းကုန် ပံ့ပိုးပေးမယ် ...
... ဒီအခွင့်အရေးက ကူမိသားစုကို ဆယ်ဆဒါမှမဟုတ် အဆတစ်ရာအထိ ပိုပြီး အားကောင်းစေနိုင်မှာ သေချာတယ်။ ”
ထိုစကားများကို ကြားသောအခါ ကူဖုန်းတစ်ယောက် ခေါင်းငဲ့ပြီး တစ်ဖက်သို့ ကြည့်လိုက်လေသည်။
ထိုအရပ်တွင် ကူမိသားစု၏ ဧည့်အကြီးအကဲများ ထိုင်နေ၏။ ကူမိသားစု အနေဖြင့် ကြီးပွားတိုးတက်လိုသော် ဤလူများကို ပစ်ပယ်၍မရချေ။
သူတို့အားလုံးသည် ချီစုစည်းခြင်း အဆင့်၌ရှိနေကြပြီး သင်းထောက်များသည် အနိမ့်ဆုံး အခြေခံတည်ဆောင်ခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။
“ အကြီးအကဲစုန့်၊ အကြီးအကဲကျန်း၊ မင်းတို့ရော ဘယ်လိုထင်လဲ။ ”
ရှေ့ဆုံးတွင် ထိုင်နေသော အဘိုးကြီးနှစ်ယောက်ထံ လူတိုင်းလှမ်းကြည့် လိုက်ကြသည်။
ဤအဘိုးကြီးနှစ်ယောက်အနက် အဖြူဝတ်အဖိုးအိုသည် အကြီးအကဲစုန့်ဖြစ်ကာ ကျန်တစ်ယောက်သည် အကြီးအကဲကျန်းဖြစ်၏။
ဧည်အကြီးအကဲများအနက် အသန်မာဆုံးဖြစ်ပြီး ချီစုစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေသည်မှာ အတော်ကြာချေပြီ။
ရှန်ရှင်းနယ်ပယ်သို့ ခြေလှမ်းတစ်ဝက် နင်းနေပြီဖြစ်၏။ ကူမိသားစုနှင့် ပူးပေါင်းခဲ့သည် မှာလည်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။
သူတို့၏ သားစဉ်မြေးဆက်များ အားလုံးနီးပါးသည် ကူမိသားစု၏ သားသမီး များနှင့် လက်ထပ်ကုန်ကြပြီး မိသားစုဝင် တပိုင်းဖြစ်နေချေပြီ။
အကြီးအကဲစုန့်နှင့် အကြီးအကဲကျန်းက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ပြီး အကြီးအကဲကျန်းမှ ဦးညွှတ်လိုက်ကာ၊
“ ကမ္ဘာကြီးတစ်ခုလုံး ဒုက္ခရောက်လာရင် ... အဲဒီဒုက္ခကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး ငါအဖိုးကြီးကျန်း ... ကူမိသားစုနဲ့အတူ သေတဲ့အထိရပ်တည်မယ်။ ”
-ဟု ဦးစွာ ပြောကြားလာသည်။
တစ်ဖက်တွင် အကြီးအကဲစုန့်သည် မုတ်ဆိတ်မွေးများ ပွတ်သပ်လျက် စူးရှသော အပြုံးမျိုးဖြင့်၊
“ ဒီလိုအခွင့်အရေးမျိုးဆိုတာ ... နှစ်ပေါင်းရာဂဏန်းအတွင်း တစ်ကြိမ်ပဲ ကြုံရတာ ...
... ဒါကြောင့် ငါတို့သာ ဆုပ်ကိုင်ဖို့ မကြိုးစားလိုက်ရင် တစ်သက်လုံး နောင်တရ နေလိမ့်မယ်။ ”
-ဟု ခေါင်းညိတ်ထောက်ခံလာ၏။
သူတို့နှစ်ယောက်၏ စကားကြောင့် အခြားသော ဧည့်အကြီးအကဲများသည်လည်း အတွေးကိုယ်စီဖြင့် ငြိမ်သက်ကုန်ကြ၏။
ဤနှစ်ဦးနှင့် ကူမိသားစုကြား ဆက်ဆံရေးအပေါ် ဘေးဖယ်ထားလိုက်သော်မှ သူတို့ပြောသည့်စကားသည် အဓိပ္ပာယ်ရှိသည်။
အဆုံးတွင် ဧည့်အကြီးအကဲများ အားလုံးသည် ကူဖုန်းထံ ဦးညွှတ်လိုက်ကြကာ၊
“ ငါတို့လည်း ကူမိသားစုနဲ့အတူ ရပ်တည်ပါ့မယ်။ ”
-ဟု ထောက်ခံလိုက်တော့သည်။ ကူဖုန်းမှ ခေါင်းညိတ်ပြီး၊
“ ဒါဆို ငါထပ်မပြောတော့ဘူး ... အခုချိန်မှာအားလုံးကို ကတိတွေဘယ်လောက်ပဲ ပေးနေပါစေ ... အချည်းနှီးလို့ ထင်ရလိမ့်မယ် နောက်ဆုံးတော့ ရှုပ်ထွေးနေတဲ့ ဒီကမ္ဘာကြီးမှာ ဘယ်သူမှ အနာဂါတ်ကို ကြိုမမြင်နိုင်ဘူး ...
... ဒါကြောင့် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ပြီးမြောက်အောင် လုပ်ပေးနိုင်ရင် မင်းတို့ရဲ့ကြိုးစားမှုကို ငါမေ့သွားခဲ့မှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ ”
ဧည့်အကြီးအကဲများက ပြုံးရွှင်သွားသည်။ စွမ်းအားမရှိချိန်တွင် စကားများသည် ယုံကြည်မှု မပေးနိုင်ချေ။ ဆန့်ကျင်ဘက်အားဖြင့် အမှန်တရားသည်သာ သက်တောင့်သက်သာ ဖြစ်စေနိုင်မည်။
ဤအရာသည် ကူဖုန်း၏ ကျက်သရေ ဖြစ်သည်။ ကူမိသားစုကို ဒုတိယအဆင့်မှသည် ထိပ်တန်းမိသားစုအဖြစ်သို့ ပို့ဆောင်နိုင်ခဲ့သူ ဖြစ်သည်။
“ ချန်ယွင် ... ။ ”
ကူဖန်က ရုတ်တရက် ခေါ်လိုက်သည်။ ကူချန်ယွင်မှ မတ်တပ်ထရပ်ကာ ဦးညွှတ်လျက်၊
“ ဖေဖေ ... ကျေးဇူးပြုပြီး ပြောပါ ... ။ ”
“ ငါမင်းကိုခိုင်းထားတာ အခြေအနေ ဘယ်လိုရှိလဲ။ ”
“ ရှန်နန်အစောင့်တပ်ရင်းပေါင်း (၁၂)ခုရှိတဲ့အနက်ကနေ (၃)ခုကိုဆွဲဆောင်ထား နိုင်ပါပြီ ... ပုန်ကန်မှုစတင်ရင် နောက်ထပ် တပ်ရင်း(၂)ခု ပါလာပါလိမ့်မယ်။ ”
“ ကောင်းတယ် ... ။ ”
ကူဖုန်းက ချီးကျူးလိုက်သည်။ ခန်းမအတွင်းရှိ လူတိုင်း တုန်လှုပ်ခြောက်ခြား သွားတော့၏။ မိသားစုခေါင်းဆောင်သည် အမှန်ပင် အရည်အချင်းရှိချေပြီ။
ဒုတိယသခင်ငယ်ကို စစ်တပ်ထဲ ဝင်ခွင့်ပြုခြင်းသည် ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်ကြောင်း နားလည်လိုက်ချေပြီ။
ပုန်ကန်မှု စတင်သည်နှင့် ကျွမ်းကျင်သော မြင်းသည်တော်များ အသင့်ရှိနေပြီ ဖြစ်သည်။ ကြွယ်ဝမှုကို ထပ်မံပေါင်းထည့်သော် အချိန်မှန်၊ နေရာမှန်၊ လူမှန် အသုံးချနိုင်ပေတော့မည်။
အကြီးအကဲတစ်ယောက်သည် လက်သီးများဆုပ်ပြီး စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် တွေးတောနေတော့၏။
ဧည့်အကြီအကဲများအနက်မှ အကြီးအကဲတစ်ယောက် တစ်ယောက်က ကူချန်ယွင်ထံ လှမ်းကြည့်ကာ၊
“ ဒုတိယသခင်လေးက ငယ်ရွယ်ပြီး ဉာဏ်ရည်ထက်မြက်လွန်းပါတယ် ကမ္ဘာပေါ်မှာ တကယ်ရှားပါးတဲ့ အရည်အချင်းရှိသူပဲ။ ”
-ဟု ချီးကျူးလိုက်သည်။
“ ဒုတိယသခင်လေးက အရေးကြီးတဲ့ အချိန်မှာ အလုပ်နဲ့သက်သေပြနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ”
“ အမှန်ပဲ ... ဒါအံ့သြစရာပဲ။ ”
အကြီးအကဲများအားလုံး ခေါင်းညိတ်လျက် တစ်ယောက်တစ်ခွန်း ဝင်ရောက် ချီးကျူးစကား ဆိုလိုက်ကြသည်။
တစ်ဖက်တွင် ကူချန်ယွင်သည် လူငယ်တစ်ယောက်နှင့် လုံးဝမတူသော ရင်ကျက်မှုကို ပြသနေခဲ့သည်။
ထိုစဉ် သင်းထောက်တစ်ယောက်က ရုတ်တရက် သက်ပြင်းချလိုက်ပြီး၊
“ အခုချိန်မှာ သခင်ငယ်က ငါတို့မိသားစုအရေးကို ဦးမဆောင်ချင်တော့တာ နှမျောစရာပဲ ... မဟုတ်ရင် ပိုမြင့်တဲ့အဆင့်ကို သေချာပေါက် ရောက်နိုင်တယ်။ ”
-ဟု ညည်းတွားလိုက်သည်။
သူ့စကားကြောင့် လေထုသည် ရုတ်ချည်း ပြောင်းလဲသွားသည်။ သူတို့အမြင်တွင် ကူချန် ဟူသည် ကူဖုန်းနှင့်ယှဉ်နိုင်ချေ၏။
တစ်ဖက်တွင် ကူချန်ယွင်သည် မျက်ခုံးပင့်ကာ သူ့လက်သီးများဆုပ်လျက်ဖြင့် တည်ငြိမ်မှုကို ထိန်းထားလိုက်ရတော့သည်။
***