← Chapters

ပေါင်းစည်းခြင်း ဥပဒေ။

Vol. 2 Ch. 24

ပေါင်းစည်းခြင်း ဥပဒေ။

Vol. 2 Ch. 24

တာအိုချင်းရှနှင့် စကားစမြည် ပြောကြားပြီးနောက်မှာ ကျင့်ကြံခြင်းလောကကို ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်လာ၏။

သူ့စကားများအရ နယ်ပယ်များ တိုးတက်မှုနှင့်အတူ သက်တမ်းသည်လည်း များပြားလာမည်ဖြစ်၏။

နတ်ဝိညာဉ်သခင် နယ်ပယ်သည် သက်တမ်းတစ်သောင်း ပိုင်ဆိုင်သည်။ ယင်းက သဘောကျစရာပေပင်။

ထိုသို့ ရှည်လျားသော သက်တမ်းမျိုး ရှိနေသော် ဤလောကတွင် မည်သည့်အရာမျှ အလျင်လိုနေမည်မဟုတ်ချေ။

လူအများသည် ဤလောက၌ အမြဲအလျင်လိုနေကြသည်။ ထို့ကြောင့် သဘာဝ အလှတရားများအပေါ် မမြင်နိုင်ကြချေ။

ကျင့်ကြံခြင်းဟူသည် ထိပ်ဆုံးသို့ ရောက်ရှိရန် ကြိုးစားခြင်းမည်သည်။ ထိပ်ဆုံး၌ ရပ်နိုင်ရမည်ဖြစ်၏။

တောင်တန်းများထံ ကြည့်သော် အရေးမပါပုံရသည်။ သို့သော် ကမ္ဘာကြီးအပေါ် လှပအောင်ဖန်တီးပေးနိုင်သည်။

“ အဲဒီအချိန်တုန်းက ငါတို့ဂိုဏ်းချုပ်မှာ အံ့သြစရာကောင်းအောင် အရည်အချင်းရှိတယ် နတ်ဝိညာဥ်သခင် ဖြစ်လာချိန်မှာ အသက် တစ်ထောင်ပဲ ရှိသေးတယ် ...

... သူ ဒီထက် မြင့်မြင့်မားမား တက်လှမ်းနိုင်ဖို့ အချိန်တွေ အများကြီးရှိတယ် ဒါပေမယ့် မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ် ...

... အဲဒီတစ်စုံတစ်ရာသာ မဖြစ်ခဲ့ရင် ဂိုဏ်းချုပ်ဟာ ကောင်းကင်ဝင်ခွင့်နယ်ပယ်ကို ရောက်ရှိသွားနိုင်တယ်။ ”

တာအိုချင်းရှတစ်ယောက် ငေးငိုင်သွား၏။ ကူချန်က ထိုတစ်စုံတစ်ရာကို သိချင်သော်လည်း တာအိုချင်းရှမှ ပြောပြမည်မဟုတ်ကြောင်း သိထားသည်။

“ ကျင့်ကြံခြင်းလောကရဲ့ စွမ်းအားနဲ့ ယဉ်ကျေးမှုအကြောင်း ပြောပြပါဦး။ ”

တာအိုချင်းရှက ခေါင်းခါပြသည်။

“ ငါမသိဘူး တကယ်တော့ ငါဟာ ပြင်ပတပည့်ပဲ ... ငါ့လိုအဆင့်နိမ့် တပည့်ပေါင်း ရာနဲ့ချီရှိတယ် ... ရှန်ရှင်းအဆင့်ရောက်မှသာ တပည့်အစစ် တစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ် ...

... ဒီကမ္ဘာကြီးက ကျယ်ပြောလွန်းတာကို သင်းထောက်တွေဆီကနေတော့ သတင်းတွေ ကြားခဲ့ဖူးပါတယ် ဥပမာဆိုရရင် ...

... ငါတို့ဟာ တောင်ပိုင်းစိတ်ဝိညာဉ် နယ်မြေကြီးမှာရှိနေပြီး ငါတို့ပတ်ဝန်းကျင်မှာ အခြားနယ်မြေတွေလည်း ရှိနေတယ်။ ”

“ တောင်ပိုင်းစိတ်ဝိညာဉ်နယ်မြေမှာ နိုင်ငံပေါင်း ဘယ်လောက်ရှိမယ်ဆိုတာ မင်း သိနိုင်လား ဆရာ။ ”

ကူချန်မှ မေးလိုက်သည်။ တာအိုချင်းရှက သက်ပြင်းချလျက်၊

“ ဖူစုလိုနိုင်ငံပေါင်း သောင်းနဲ့ချီရှိတယ်။ ”

“ သောင်းနဲ့ချီပြီးတောင် ရှိနေတာလား။ ”

ကူချန်တစ်ယောက် ပထမဆုံးအကြိမ် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြစ်လာကာ အချိန်အတော်ကြာအောင် ငြိမ်သက်လျက် ငေးငိုင်သွားသည်။

ဖူစုတစ်နိုင်ငံတည်းတွင် လူဦးရေမှာ သန်း(၃၀၀)ကျော်၏။ နိုင်ငံပေါင်း သောင်းနှင့်ချီ ရှိနေသော် မည်မျှ ရှိ​နေနိုင်မည်နည်း။

( ငါတို့ကမ္ဘာကြီးမှာ လူပေါင်း ဘယ်လောက်ရှိ​နေမလဲ။ )

ထိုမေးခွန်းအတွက် အဖြေမရှိချေ။ ကမ္ဘာကြီးနှင့် နှိုင်းယှဉ်သော် ဖူစုသည် အစက် တစ်စက်မျှသာဖြစ်နေ၏။

သူ့အမြင်အာရုံတွင် ကျယ်ပြော​သော နိုင်ငံများစွာ ပုံရိပ်ထွက်ပေါ်လာ၏။ သူဟူသည် လှောင်အိမ်ထဲပိတ်မိနေသော ငှက်တစ်ကောင် ဖြစ်ချေပြီ။

အချိန်အနည်းငယ်ကြာပြီးနောက် တဖြည်းဖြည်း အာရုံများ ပြန်ရောက်လာသည်။ နှုတ်ခမ်းကို လျာဖြင့်သပ်လျက် တာအိုချင်းရှထံ လှည့်ကြည့်ကာ၊

“ မင်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်က ဘယ်ရောက်ပြီးလဲ။ ”

“ ဂိုဏ်းကနေ ထွက်လာပြီးတဲ့နောက်မှာ ကံကောင်းစွာနဲ့ ... ရှန်ရှင်းနယ်ပယ် ငါရောက်နိုင် ခဲ့တယ်။ ”

တာအိုချင်းရှမှ သက်ပြင်းချကာ ပြန်ဖြေသည်။ ထိုအဖြစ်အပျက်များ မဖြစ်ခင် ရှန်ရှင်းနယ်ပယ်ရောက်ရှိခဲ့သော် ဂိုဏ်းအပေါ် အနည်းငယ် ကူညီနိုင်ပေမည်။ အတွေးဖြင့် တာအိုချင်းမှက လက်သီးများဆုပ်မိ၏။

ကူချန်က ထိုအမူအရာကို မြင်ချိန်၌ ပို၍သိချင်လာစိတ်ဖြစ်လာသည်။ နှလုံးသားတွင် ကျင့်ကြံခြင်းလောကအပေါ် ကြောက်ရွံ့ခြင်းနှင့် လျှောက်လှမ်းလိုခြင်းများဖြစ်နေ၏။

“ မင်းရဲ့ဂိုဏ်း ဘာဖြစ်သွားတာလဲ။ ”

( ဖူစုပြက္ခဒိန် (၄၄၈) ခုနစ်၊ နွေဦးရာသီ။

စိတ်ဝိညာဉ်ကမ္ဘာကြီး၏ နက်နဲသော အရာများအပေါ် သိမြင်လာပြီးနောက် လျှို့ဝှက် ဆန်းကြယ်မှုများသည် စွဲဆောင်လွန်းချေ၏။ ပို၍သတိထားရပေမည်။

ဤကမ္ဘာကြီးသည် ခမ်းနားထည်ဝါသော ရှုခင်းများသာမက အန္တရာယ်များစွာကိုလည်း ဖုံးကွယ်ထားနိုင်၏။

ထိုအန္တရာယ်များကို မည်ကဲ့သို့ ကိုင်တွယ်ရမည်တွေးတောနေစဉ် ရုတ်တရက် ဉာဏ်အလင်းရရှိကာ ပေါင်းစည်းခြင်းဥပဒေ နည်းစနစ်ကို နားလည်လာစေ၏။ )

အချိန်တွင် စိတ်ဝိညာဉ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သောအသံ ထွက်ပေါ်လာ တော့သည်။

***

တစ်ချိန်တည်းမှာပင် နတ်နဂါးမြို့သည် တည်ငြိမ်နေသလောက် ပြင်ပဒေသကြီးများတွင် ဖရိုဖရဲဖြစ်နေဆဲပေပင်။ ထို့ကြောင့် အခြား ပြည်နယ်များရှိ အထက်တန်းစားများသည် ပြောင်းရွေ့နေထိုင်လာကြ၏။

မြို့တံခါးဝတွင် လူတန်းရှည်ကြီးကို နေ့ညမပြတ်မြင်နိုင်ပေသည်။ ထိုလူအုပ်ထဲတွင် ချင်းဖန်နှင့် မင်ယွဲ့တို့ ပါရှိနေသည်။

(လတ်ဆတ်သောလေပြေလေးနှင့် တောက်ပသောလမင်း)

ချင်းဖန်က သူ့ရှေ့မှလူကို၊

“ ငါတို့ကို ဘာလို့စစ်ဆေးနေရတာလဲ အရင်ကဒီလို မဟုတ်ပါဘူး။ ”

-ဟု မေးလိုက်၏။

မေးခွန်းထုတ်ခံရသူမှ ပြုံး၍ လှည့်ပြီး၊

“ တာအိုကလေး မင်းမသိဘူးလား ... အခုတလော နတ်နဂါးမြို့ကို လူတွေဝင်လာတာ အရမ်းများလာတယ် အဲဒီထဲမှာ သူခိုးဓားပြတွေ ပါမလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ... ။ ”

“ မှန်တယ် လုံခြုံရေးအခြေအနေအရ ကူမိသားစုဝင်တွေက လူတွေကို ဒီမှာစစ်ဆေးဖို့ စီစဉ်နေတာပဲ။ ”

နောက်ထပ် အမျိုးသားတစ်ယောက်မှ လှည့်ကြည့်ကာပြောသည်။ ချင်းဖန်မှ ထိုလူထံ ပြန်ကြည့်၏။

ထိုအမျိုးသားသည် လူလတ်ပိုင်းအရွယ် ဖြစ်ပြီး ဖျင်ကြမ်းအင်္ကျီနှင့် အညိုရောင်၀တ်ရုံကို ၀တ်ဆင်ထားသည်။ အလွန်ရိုးရှင်းချေ၏။

မင်ယွဲ့က တုံ့ဆိုင်းစွာဖြင့်၊

“ လူဆိုးတွေက သူတို့မျက်နှာမှာ စာရေးထားတာမှ မဟုတ်တာ ဘယ်လိုလုပ်ပြီး သိနိုင်တာလဲ။ ”

“ ဒီလိုတော့ မဟုတ်သေးဘူး။ ”

ထိုအမျိုးသားမှ ခေါင်းယမ်းပြီး ပြုံးလိုက်လေသည်။ သူကပင်၊

“ တစ်ယောက်ယောက်ကို သတ်ခဲ့ဖူးတဲ့ လူတိုင်းဟာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ရှိကြတယ် ဒါကြောင့် ရောင်ဝါကို ကြည့်ပြီး မင်းတစ်ယောက်ယောက်ကို သတ်ခဲ့သလားဆိုတာ ပြောနိုင်တယ်။ ”

ထိုစဉ် မြို့တံခါးဝသည် ရုန်းရင်းဆန်ခတ် ဖြစ်ပွားလာ၏။ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ကို မြို့အစောင့်တပ်မှ အတင်းအကြပ် ဖမ်းဆီးနေခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်နားတွင် အဖြူ‌ရောင်အင်္ကျီဖြင့် အဖိုးအိုတစ်ယောက် စာအုပ်တစ်အုပ်ဖတ်နေခဲ့သည်။

မြို့စောင့်များက ထိုအမျိုးသားကို အဆိုပါအဖြူဝတ်အဖိုးအိုရှေ့ ဆွဲခေါ်သွားသည်။ အဖိုးအိုမှ သူ့ရှေ့ရောက်လာသော အမျိုးသားထံ မော့ကြည့်ကာ အနည်းငယ်ခေါင်းညိတ်ပြ၏။

“ တွေ့လား ... ငါပြောတာမှန်တယ်။ ”

ချင်းဖန်နှင့် စကားလှည့်ပြောနေသော အမျိုးသာက အဖြူရောင် အင်္ကျီဝတ်ထားသည့် အဖိုးအိုထံလေးနက်စွာ ကြည့်ပြီး၊

“ ဒီအဘိုးကြီးက ချီစုစည်းခြင်းနယ်ပယ် အကြီးအကဲတစ်ဦးဖြစ်ရမယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

ချင်းဖန်နှင့် မင်ယွဲ့မှာ အနည်းငယ် အံ့သြသွားသည်။ အမျိုးသားက ချင်းဖန်ထံ စိတ်ဝင်တစားဖြင့် လှည့်ကြည့်ပြီး၊

“ တာအိုကောင်လေး ... မင်းဘယ်တာအိုကျောင်းကနေ လာတာလဲ မင်းရဲ့ဆရာတော် ဘယ်သူလဲ။ ”

“ ငါ့ဆရာတော်က နာမည်ကြီး မဟုတ်ပါဘူး ... မင်းကြားဖူးမှာ မဟုတ်ဘူး။ ”

ချင်းဖန်မှ လက်ဝှေ့ယမ်းပြီး ဖြေလိုက်၏။ နတ်နဂါးမြို့တော်၏ အနီးတစ်ဝိုက်တွင် တာအို ဘုံကျောင်းပေါင်း (၃၀၀)ကျော်ရှိသည်။

၎င်းတို့အနက် လင်းရင်ဘုံကျောင်းသည် ကျော်ကြားသော ဘုံကျောင်းများစာရင်းအတွင်း မပါဝင်ချေ။

လက်ရှိတွင် လင်းရင်ဘုံကျောင်းသည် ယခင်ထက် ကျော်ကြားလာခဲ့သည် အမှန်ဖြစ် သော်လည်း ထိုနာမည်ကြီးကျောင်းများနှင့် မယှဉ်နိုင်သည်မှာ သဘာဝပေပင်။

“ ဒါဆို သူတို့က ရောင်ဝါကို ဖုံးကွယ်ထားရင် ဘယ်လိုလုပ်မလဲ။ ”

“ တာအိုကောင်လေး မင်းတော်‌တော် ထက်မြက်တာပဲ ... မှန်တယ် သူတို့ရဲ့ရောင်ဝါကို ဖုံးကွယ်ထားနိုင်တဲ့သူတွေရှိပါတယ် အဲဒီအဆင့် လူတွေက ချီစုစည်းခြင်းနယ်ပယ်ပဲ ...

... သူတို့လို လူတွေက ဝင်လာပြီး သဲလွန်စမရှိ ထွက်သွားနိုင်တယ် ... ကြီးမားတဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ထားရင်တောင် သူတို့ ဖုံးကွယ်ထားနိုင်တယ် ...

... မင်းသန်မာလာတဲ့အမျှ ကမ္ဘာကြီးက မင်းအပေါ် ပိုပိုပြီး ခွင့်လွတ်လာလိမ့်မယ် .. ဒီနေ့ ဒီမှာပဲ ရပ်လိုက်ရအောင် ... နောင်ကြုံရင် ငါတို့စကားပြောကြမယ်။ ”

စကားပြောနေစဉ် အမျိုးသားက အဖွဲ့အနောက်မှ လိုက်ပါလာသော ရထားလုံးကို ရုတ်တရက် သတိပြုမိကာ လေသံပြောင်းသွား၏။

ချင်းဖန်မှ

“ ငါတို့ အဝေးကြီးလိုသေးတယ် မဟုတ်လား။ ”

-ဟု နားမလည်စွာဖြင့် စကားပြောရင် ပြင်လေသည်။ သို့သော် အမျိုးသာက တုန့်ပြန်မှု မပြုတော့ချေ။

မင်ယွဲ့သာလျှင် ထိုလူမကြာခဏ နောက်ပြန်ကြည့်နေသဖြင့် သူမသည်လည်း လိုက်ပါလှည့်ကြည့်လိုက်မိသည်။

***

Book-2

All Chapters