← Chapters

အန္တရာယ် ... ။

Vol. 3 Ch. 25

အန္တရာယ် ... ။

Vol. 3 Ch. 25

ရထားလုံးသည် လူအုပ်ကြီးကို ဖြတ်ကျော်လျက် တိုးထွက်လာ၏။ အစင်းပေါင်း ငါးဆယ်ကျော်၏။ သူတို့သည် မောပန်းနွမ်းနယ် နေပုံရပြီး ခရီးဝေးနှင်လာခဲ့ကြသည်ကို မြင်သာသည်။

မင်ယွဲ့မှ အမျိုးသားထံ ပြန်ကြည့်သည်။ ထိုအမျိုးသား၏ မျက်ဝန်းများသည် ယခင်ကဲ့သို့ နူးညံ့ခြင်း မရှိတော့ချေ။ အေးစက်လာ၏။

“ ဒါပဲ သူပြောတဲ့ လူသတ်အငွေ့အသက်။ ”

ရုတ်​တရက်​ သတိရသွားသည်။ သို့သော် ချင်းဖန်သည် အမျိုးသားနှင့် အနီးဆုံးတွင်ရှိနေ သောကြောင့် သတိပေးဝံ့ခြင်း မရှိချေ။ စိုးရိမ်စွာဖြင့် ရပ်နေခဲ့မိသည်။

ကျိုးယန်သည် ရထားပေါ်မှ ဆင်းလာကာ သူ့ရှေ့ရှိမြို့တော်ထံမျှော်ကြည့်ပြီး သက်ပြင်းချ လိုက်သည်။

“ နောက်ဆုံးတော့ ငါတို့ရောက်ပြီ ... ဒီမြို့တော်ဟာ ငါ့အဖေ နောက်ဆုံးတာဝန်ကျတဲ့ နေရာလား။ ”

“ ယန်အာ ... မင်းစကားကို သတိထားပြောပါ။ ”

သေသပ်စွာ ဝတ်ဆင်ထားသော အဘွားကြီးတစ်ယောက်က ရထားလုံးပေါ်မှ ဆင်းလာပြီး၊

“ ဒီမှာ ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့ ... မင်းအဖေက ရှမ်နန်ဒေသရဲ့အုပ်စိုးရှင်တစ်ပါး မဟုတ်တော့ဘူး။ ”

“ သိတယ်၊ ဒီကောင်တွေ ပုန်ကန်နေတာ။ ”

ကျိုးယန်မှ နှုတ်ခမ်းတွန့်သွားရုံပြုံးပြီး၊

“ ငါ့အဖေက ငါ့ကိုစာပေကြိုးစားပြီး တော်ဝင်စာမေးပွဲတွေ ဖြေခိုင်းတယ် အဲဒါက ငါ့ကို မပျော်ရွှင်စေတာ သူ မသိဘူး ...

... အခုတော့ အားလုံးပြီးသွားပြီ ... ကမ္ဘာကြီးက မငြိမ်ချမ်းဘူး သူ့ရဲ့ရာထူးတောင် ဆုံးရှုံးသွားပြီမဟုတ်လား။ ”

ကျိုးယန်စကားကြောင့် အဘွားကြီးက သက်ပြင်းချလိုက်ရသည်။

“ ကမ္ဘာကြီးကို မှန်းဆလို့မရဘူး ဒီလိုဖရိုဖရဲအခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ... မင်းသာ တော်ဝင်စာမေးပွဲ အောင်ခဲ့ရင် မင်းအဖေအတွက် အထောက်အကူ ပြုလိမ့်မယ်လို့ ထင်ထားခဲ့တာ ...

... ကံကောင်းမကောင်းစွာ မင်းအဖေက ရာထူးကို ဆုံးရှုံးလိုက်ရတယ် ... ဒါပေမယ့် သူ အသက်ရှင်နေသေးပါတယ် ...

... ဘာပဲဖြစ်ဖြစ် မင်းအဖေရှာထားတဲ့ ဒီပိုက်ဆံတွေနဲ့ နတ်နဂါးပြည်နယ်မှာ ငါတို့တွေ အခြေချနေထိုင်ဖို့ လုံလောက်တယ် ...

... ဟဲရှဒေသမှာရှိတဲ့ ငါတို့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆုံးရှုံးခဲ့ရတာကိုတော့ စိတ်မကောင်းစရာပဲ။ ”

ထိုစကားကို ပြောပြီးနောက် အဘွားကြီးမျက်နှာတွင် ဝမ်းနည်းနာကျင်နေ၏။ ကျိုမိသားစုသည် အငတ်ဘေးသင့်ချိန်၌ မြေကွက်အများအပြားကို ဝယ်ယူခဲ့သည်။

သို့သော် ကမ္ဘာကြီးသည် ရုတ်တရက် ပွက်လောရိုက်ကာ မငြိမ်းမချမ်း ဖြစ်သွားမည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။

အထူးသဖြင့် ဟဲရှဒေသနေရာတိုင်း၌ ဓားပြများစွာ ရှိနေ၏။ လူချမ်းသာများအပေါ် ပစ်မှတ်ထားသတ်ပစ်ကြသည်။

သူတို့ပင် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခြင်းဖြစ်၏။ ကျိုးယန်အတွက်မူ စိုးရိမ်ခြင်းမရှိချေ။ လယ်မြေများ ဆုံးရှုံးလျှင်ပင် ‌ငွေရှိနေသည်။

ယင်းအစား အနည်းငယ်မျှ ပျော်ရွှင်နေမိသည်။ ဤနတ်နဂါးမြို့တော်သည် သူနေထိုင်သည့် မြို့တော်ထက် ခမ်းနားသည်။

အရေးအကြီးဆုံးသည် တော်ဝင်စာမေးပွဲများကို ဖြေဆိုစရာမလိုခြင်း ပေပင်။

“ ဟားဟားဟား ... ကောင်းကင်ကြီးက ငါ့ကိုတကယ် ကူညီနေတာပဲ။ ”

အဆုံးတွင် ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ ရယ်မောလျက် လှည့်ပတ် ကြည့်လိုက်လေ၏။ ရုတ်တရက် သူ့မျက်လုံးများသည် ဦးတည်ရာ တစ်ရပ်သို့ အရောက်တွင် ရပ်တန့်သွားသည်။

“ လမင်းလေးတစ်စင်းလား ... ။ ”

ချင်းဖန်နှင့် မင်ယွဲ့ဘေးရှိ အမျိုးသညးအမည်မှာ ချူချင်းရှန်ဖြစ်သည်။ သူသည် ကျိုးယန်ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။

ထိုစဉ် ရုတ်တရက် ကျိုးယန်မှ သူ့ထဲ လှမ်းကြည့်လာသဖြင့် ထိတ်လန့်သွားသည်။

( ဒီကောင် ငါ့ကိုသိသွားတာလား။ )

သို့သော် တစ်ဖက်လူ၏ ပစ်မှတ်သည် သူမဟုတ်ကြောင်း ချူချင်းရှန်မှ သတိထားမိ လာသည်။ ဦးခေါင်းကို အနည်းငယ် ငဲ့စောင်း ကြည့်လိုက်ရာ မင်ယွဲ့ကို မြင်၏။

ထိုအချိန်တွင် မင်ယွဲ့က သူ့ထံ ခိုးကြည့်နေသည်။ သူ့လှည့်ကြည့်သည်ကို မြင်သောအခါ မျက်နှာနီရဲသွား၏။

ထိုအချိန်တွင် ကျိုးယန်သည် ရှေ့သို့ လျှောက်လှမ်းလာနေပြီဖြစ်သည်။ အဘွားအိုက ယင်းကိုမြင်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဖမ်းဆွဲလိုက်သည်။

“ ယန်အာ ... ငါတို့ကလူစိမ်းတွေပဲ ကျေးဇူးပြုပြီး ဒုက္ခမရှာပါနဲ့ ... ။ ”

“ အဘွား ... သူက တာအိုကောင်မလေးပဲ ဘာမှမဖြစ်ပါဘူး။ ”

ထို့နောက် အဘွားအို၏ လက်ကို ဖြည်လိုက်ပြီး မင်ယွဲ့ထံ ဆက်၍လျှောက်လှမ်း သွားတော့၏။

အဘွားအိုခမျာ ကျိုးယန်စကားကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။ ကျိုးယန်သည် မိသားစု၏ သခင်ငယ်ဖြစ်၏။

ထို့ကြောင့် လူများစွာကို အနိုင်ကျင့်ကာ ကြီးပြင်းခွင့်ရခဲ့သည်။ အဘွားအိုမှ အနည်းငယ် စိုးရိမ်လျက် အစောင့်များကို နောက်ပါးထံမှ လိုက်သွားစေလိုက်၏။

ထိုအချိန်တွင် ချင်းဖန်နှင့် မင်ယွဲ့သည် ကျိုးယန်ကို သတိထားမိလာသည်။ မင်ယွဲ့သည် တစ်ဖက်လူ၏ မျက်လုံးများကို မြင်လိုက်ချိန်၌ ဆိုးရွားသော ခံစားချက် ရရှိလာ၏။

ထို့ကြောင့် ချင်းဖန်လက်ကိုကိုင်ပြီး၊

“ မြန်မြန် သွားကြရအောင်။ ”

-ဟု ဆွဲခေါ်လိုက်သည်။

သို့သော် ချင်းဖန်မှ လိုက်ပါမလာသဖြင့် ပြန်မော့ကြည့်လိုက်ရာ ကျိုးယန်သည် သူတို့ ‌ရှေ့ရောက်နေပြီဖြစ်၏။

ကျိုးယန်မှ သူမကို ငုံ့ကြည့်ပြီး၊

“ လှလိုက်တာ ... ။”

-ဟု ချီးကျူးသည်။

တစ်ဆက်တည်းမှာပင် မင်ယွဲ့မျက်နှာကိုထိရန် လက်ပြင်လာသဖြင့် ချင်းဖန်က ပုတ်ထုတ်ပစ်သည်။

“ မင်းဘယ်သူလဲ၊ မင်းရဲ့ ရွံစရာလက်တွေကို ငြိမ်ငြိမ်နေပါ။ ”

ကျိုယန်၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်သွား၏။ ထို့နောက်တွင် မာနကြီးစွာဖြင့် ချင်းဖန်ထံ လှည့်ကြည့်ကာ၊

“ တစ်ချိန်ကသာဆိုရင် မင်းလိုလူကို ငါ့မြင်းရဲ့ နောက်အမြီးကနေ ဆွဲခေါ်သွားမိမှာ သေချာတယ်။ ”

-ဟု ပြောကြားလိုက်၏။

ချင်းဖန်မှ အနည်းငယ် ထိတ်လန့် သွားတော့သည်။ ဤလူသည် လူကောင်း မဟုတ်သည်မှာ သေချာ၏။ သို့သော် မကြောက်ချေ။

ဤသည်မှာ နတ်နဂါးမြို့ဖြစ်၏။ ကူမိသားစု၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ သူ့စီနီယာအစ်ကိုသည် ကူမိသားစု၏ သခင်ငယ် ဖြစ်သောကြောင့် လုံခြုံပေမည်။

လင်းရင်ဘုံကျောင်းတွင် ကူချန်၏ နောက်ခံကိုသိသောသူသည် လူ(၃)ဦးသာရှိပြီး ဆရာတော်၊ သူနှင့် မင်ယွဲ့ဖြစ်သည်။

( ဟား ဟား ဟား ... ငါစီနီယာအစ်ကိုက ကူသခင်လေးကွ ... မင်းကို ကြောက်မယ်များ ထင်နေလား။ )

ချင်းဖန်တစ်ယောက် ကြောက်စိတ်များ ရုတ်ချည်းပျောက်ကွယ်ကာ သတ္တိများ တိုးလာ ‌တော့သည်။ ထို့နောက် ခါးကျောကို မတ်လျက် ကျိုးယန်ထံ အထင်အမြင်သေးစွာကြည့်ပြီး၊

“ အရင်တုန်းကဆိုတော့ အခုမဟုတ်တော့ဘူးလို့ မင်းပြောနေတာ မဟုတ်လား။ ”

“ အမှန်ပဲ ... ။ ”

ရုတ်တရက် ချင်းဖန်အတွေးများကို မြင်လိုက်ရသဖြင့် ကျိုးယန်တစ်ယောက် ဒေါသ ထွက်လာပြီး ချင်းဖန်အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။

“ သေချင်နေတာလား။ ”

​ “ ဟမ့် ... ဒါပဲလား အရမ်းအားနည်းတယ်။ ”

ရုတ်တရက် တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို အင်အားအနည်းငယ် သုံးကာ ချင်းဖန်မှ ဖယ်ရှားလိုက်၏။

ကျိုယန်ခမျာ အံကြိတ်လျက်၊

“ လွှတ်စမ်း ... ။ ”

-ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ မင်းက ... အရမ်းကြမ်းကြုတ်တော့ မြင့်မားတဲ့ ကျင့်ကြံမှုတစ်ခုရှိမယ်လို့ထင်ခဲ့တာ တကယ့် အနှစ်မဲ့နေတဲ့ ငှက်မွေးပဲ။ ”

အနီးနားရှိလူတိုင်းက ထိုမြင်ကွင်းကြောင့် အံ့သြတကြီး လှည့်ကြည့်လာကြ၏။ ဤတာအို ကလေးငယ်သည် စိတ်ဝင်စားစရာပေပင်။

အရပ်အမောင်းအမြင့်အရ တာအိုကောင်လေးသည် ကျိုးယန်ရင်ဘတ်သာ ရှိသည်။

“ မင်းတို့ ဘာရပ်ကြည့်နေတာလဲ ... သူ့ကိုသတ်စမ်း။ ”

ကျိုးယန်က အော်ဟစ်လိုက်သည်။ အစေခံအချို့ ရှေ့သို့တိုးလာကာ ချင်းဖန်ကို ဖမ်းချုပ်ရန် ကြိုးစားချေပြီ။

ချင်းဖန်သည် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် ရောက်ရှိထားသဖြင့် သာမာန်လူ ငါးယောက်ကို ကိုင်တွယ်နိုင်၏။ သို့သော် ရန်သူများသည် သခင်များဖြစ်နေသည်။

ထိုစဉ် သူ့ဘေးမှ ဓားမြည်သံ ကြားလိုက်ရသည်။ ဓားအလင်းက လျှပ်စီးကဲ့သို့ ထိုအစေခံများအပေါ် ကျရောက်လာ၏။

“ ရွှပ် ... ။ ”

ခန္ဓာကိုယ်များ ပြတ်တောက်လျက် သွေးများပန်းထွက်ကုန်၏။ အစေခံအချို့သည် အံ့အားသင့်သော အမူအရာများဖြင့် ရင်ဘတ်ရှိ ဒဏ်ရာများထံ မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်ကြသည်။

ထိုနောက် ပြန်မော့ကြည့်လိုက်ရာ ချင်းဖန်ဘေး၌ အမျိုးသားတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရ၏။ ဤသည်မှာ နောက်ဆုံးအသိ ပေပင်။

“ ရွှပ် ... ရွှပ် ... ။ ”

ထို့နောက်တွင် အဆိုပါ အမျိုးသားသည် စကားမဆိုတော့ဘဲ ဓားလွှဲလျက် အစေခံများထံ ခုတ်ပိုင်းနေတော့သည်။

“ ရွှပ် ... ။ ”

“ ရွှပ် ... ။ ”

ဓားတစ်ချက် အလောင်းတစ်လောင်း။ ဓားတစ်ချက် အသက်တစ်သက်။ ဤနည်းဖြင့် အလောင်းပေါင်းများစွာ မြေပြင်ပေါ်သို့ ပျံ့ကျဲသွားခဲ့ချေပြီ။

“ တာအိုကောင်လေး ... သူ့ကို ငါနဲ့ထားခဲ့လိုက်ပါ မဟုတ်ရင် မင်းကိုကာကွယ်ဖို့ ငါတတ်နိုင်မှာမဟုတ်ဘူး။ ”

ထိုအမျိုးသားက ဓားလွှဲရမ်းနေလျက်ဖြင့် အံ့အားသင့်နေသော ချင်းဖန်ထံ လှည့်ကြည့်ပြီး ပြောကြားလိုက်တော့သည်။

“ မင်း ... ။ ”

ချင်းဖန်ခမျာ ကြင်နာသောမျက်ဝန်းဖြင့် အစောပိုင်းက သူ့နှင့်စကားပြောနေသောလူကို ပြန်သတိရလာ၏။

( ဒါဆိုမင်းလည်း လူသတ်ဖူးတာပဲ။ )

***

All Chapters