← Chapters

သစ်တော်ပန်းတွေ ပွင့်ပြီ။

Vol. 3 Ch. 33

သစ်တော်ပန်းတွေ ပွင့်ပြီ။

Vol. 3 Ch. 33

မိုးပြာရင်ပြင်အတွင်း ကူချန်သည် ကျောက်စားပွဲတွင်ထိုင်ပြီး လက်ဖက်ရည်ကို ငုံ့ကြည့်လိုက်၏။

သူ့အနီးတွင် ထက်ရှသော ဓားများ လေထုကိုခွဲကာ ပျံဝဲနေသံများ တိုးဖွဖွကြားနေ ရသည်။ သို့သော် မည်သည့်ဓားမျှ မရှိချေ။

ဤဓားများကို သာမန်မျက်စိဖြင့် မမြင်နိုင်သည်မှာ သဘာဝပေပင်။ ၎င်းတို့သည် မြန်လွန်းပြီး လေထဲရှိနေစဉ် နောက်ဆက်တွဲ ပုံရိပ်များကိုပင် မြင်ရန်ခက်ခဲသည်။

ရုတ်တရက် ကူချန်၏ နားရွက်နှစ်ဖက်အနည်းငယ်လှုပ်ခါပြီး တံခါးဝသို့ လှမ်းကြည့်လိုက်၏။

လေထုအတွင်း ပျံဝဲနေသော ဓားများသည်လည်း ရပ်တန့်သွား၏။ သို့မှသာ ဓားအသွင်များ ပြန်လည် ထွက်ပေါ်လာသည်။ ဓားတစ်လက်စီ၏ အသွင်အပြင်သည် စွဲမက်ဖွယ်ကောင်းလွန်း၏။

“ ဝှစ် ... ။ ”

ကူချန်က နံရံထံ လက်ညှိုးညွှန်ပြလိုက်ရာ အသိဉာဏ်ရှိနေသကဲ့သို့ တညီတညွတ်တည်း ပျံသန်းသွားပြီး အစီအရီချိတ်ဆွဲထားသည်။

“ သခင်ငယ် ... ။ ”

လူတစ်ယောက်သည် ခြံဝင်းထဲသို့ လျှောက်လှမ်းလာပြီး ကူချန်ကိုဝမ်းသာအားရ လက်ပြနှုတ်ဆက်လေသည်။

သူ့တွင် လှပသော မျက်နှာ၊ နူးညံ့သောအသံနှင့် မက်မွန်ပွင့် မျက်ဝန်းတစ်စုံ ကဲ့သို့ တောက်ပသော အကြည့်များရှိ၏။

ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်နှင့် တူနေသည်။

“ ပန်းချီဆရာ ... ။”

ကူချန်မှ အံ့သြသွားသည်။ ဤသည်မှာ သူ့ကျွန်ဟောင်းမှတပါး တခြားမဟုတ်နိုင်ချေ။ ကူချန်တစ်ယောက် လင်းရင်ဘုံကျောင်းထဲဝင် ပြီးနောက် ကူမိသားစု စားသောက်ဆိုင်တွင် ဆက်လက်ရှင်သန်နိုင်ရန် စီစဉ်ပေးခဲ့သည်။

ပန်ချီဆရာက ကူချန်ကို ကြည့်ကာ မပြောင်းလဲသော အသွင်အပြင်ကြောင့် အံ့သြ၍ မဆုံးနိုင်ခဲ့ချေ။ ကူချန်သည် သူ့မှတ်ဉာဏ်ထဲရှိ သခင်ငယ်ကဲ့သို့ နုပျိုနေသေး၏။

ယခုနှစ်တွင် အသက်နှစ်ဆယ်ခန့်ရှိပြီ ဖြစ်သော်လည်း အသက်(၁၇)နှစ်အရွယ်၌သာ ထင်မှားမိပေမည်။

“ သခင်ငယ်၊ မနက်ဖြန် သခင်ကြီးရဲ့ အသက်လေးဆယ်ပြည့် မွေးနေ့ဆိုတာကိုရော သတိရသေးရဲ့လား။ ”

ပန်းချီဆရာက မေးသည်။ ကူချန်ခမျာ ပြန်မဖြေနိုင်ချေ။ သူ တကယ် မေ့သွားခဲ့သည်။ ဤရက်များအတွင်း လေဟာနယ် ဓားသုတ္တန်ကို နေ့ရောညပါ လေ့ကျင့်မိ၏။

၎င်းတွင် ဓားအစီရင်ပုံစံပါရှိပြီး ဝိညာဉ်ဓား(၁၂)လက်ဖြင့် သတ်ဖြတ်ခြင်းအစီရင် ဖန်တီးရခြင်းဖြစ်သည်။ သူ့အတွက် သေချာပေါက် ဝှက်ဖဲဖြစ်လာပေမည်။

“ သခင်ငယ် ... အိမ်ပြန်မလာဘူးဆိုတာ သခင်ကြီးသိနေတဲ့အတွက် ... သူ့ကိုလာတွေ့ဖို့ တောင်းဆိုခဲ့ပါတယ်။ ”

“ မနက်ဖြန် ဧည့်သည်တွေရှိလား။ ”

“ မရှိပါဘူး ... မင်းစိတ်အနှောင့်အယှက် ဖြစ်မယ်ဆိုတာ သခင်ကြီးသိတယ် ဒါကြောင့် လူအချို့ပဲ ရှိလိမ့်မယ်။ ”

“ ကောင်းပြီ ... ။ ”

ကူချန်က ခေါင်းညိတ်လိုက်သည်။ ထို့‌နောက် အနည်းငယ် စဉ်းစားပြီး ပန်ချီဆရာကို၊

“ ငါ့အခန်းထဲမှာ သေတ္တာတစ်လုံးရှိတယ် ဝိုင်နှစ်အိုး သွားယူခဲ့ ... ။ ”

-ဟု ပြောကြားလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

ပန်ချီဆရာက အခန်းထဲ လျှောက်လှမ်းသွားသည်။ ဤရက်များအတွင်း တာအိုချင်းရှတစ်ယောက် မကြာခဏ ဝိုင်များ သောက်သုံးရန် ရောက်ရှိလာ၏။

သို့သော် ကောင်းကင်တာအို ပေါင်းစည်းခြင်း နည်းစနစ်အရ များမကြာခင် မက်မွန်ပန်းများ ပွင့်တော့မည်ကို တွက်ချက်နိုင်သဖြင့် ထပ်မံ ချက်လုပ်၍ ရပေမည်။

ထို့နောက်တွင် ကူချန်သည် ပန်းချီဆရာနှင့်အတူ တောင်ပေါ်မှဆင်းလာ၏။ လမ်းတွင် တောင်ပေါ်မှ ဆင်းရန်ပြင်နေသော တာအိုချင်းရှဖြင့် ဆုံသည်။ ဤနည်းဖြင့် သုံးယောက်သား အတူတူဆင်းလာ၏။

တောင်ခြေတွင် ရထားလုံးတစ်စင်း စောင့်နေပြီး ကူချန်နှင့် တာအိုချင်းရှတို့သည် လှမ်းတက်လိုက်ကြသည်။

အတွင်းတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေပြီး တာအိုချင်းရှခမျာ ကူချန်အကြည့်ကြောင့် အပြစ်ရှိသလို မလုံမလဲဖြစ်လာသည်။

“ မိုးချုပ်တော့မယ် ... ဆရာ မြို့ကိုဘာသွားလုပ်မလို့လဲ။ ”

ပုံမှန်အချိန်များတွင် တာအိုချင်းရှသည် မကြာခဏဆိုသလို ဤသို့ထွက်သွားတတ်ကာ မမှောင်မီ အမြဲပြန်လာသည်။

မဟုတ်သော် နောက်တစ်ရက်မှ ပြန်လာတတ်၏။ ဤအချိန်မျိုးတွင် အပြင် ထွက်သွားခြင်း မရှိချေ။

တာအိုချင်းရှက တည်ငြိမ်အောင် ပြန်ယူလျက်၊

“ ငါ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ ဖြေရှင်းစရာရှိလို့ပါ။ ”

-ဟု ပြန်ဖြေသည်။

“ အရမ်းလှတဲ့မုဆိုးမလေးနဲ့ တွေ့တာမျိုးလား ဒါပေမယ့် အရင်က ဒီအချိန် မသွားပါဘူး။ ”

ဤအကြောင်းအရာကို ဘုံကျောင်းမှ လူတိုင်းသိသော်လည်း ထိုအမျိုးသမီးအသွင်ကို မည်သူမျှ မမြင်ဖူးခဲ့ချေ။

သို့သော် ချင်းဖန်မှ မတော်တဆ တွေ့ရှိလာခဲ့ကာ အသက်သုံးဆယ်ကျော်အရွယ် မုဆိုးမတစ်ဦးဖြစ်ကြောင်း သတင်းဖြန့်ခဲ့သည်။

လှပသောမုဆိုးမသည် တို့ဟူးရောင်းပြီး သူမခင်ပွန်းသည် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်၏။ သို့သော် မတော်ဆမှုတစ်ခုတွင် ဝင်ရောက် ဖျန်ဖြေပေးနေရာမှ သေဆုံးသွားသည်။

ထို့ကြောင့် မုဆိုးမလေးသည် သူမခင်ပွန်းဖြစ်သူ၏ စားသောက်ဆိုင်ကို ဦးစီးလုပ်ကိုင်ခဲ့ရသည်။

ဤသို့ချောမောသော မုဆိုးမလေးသည် တာအိုချင်းရှကိုရွေးသည်မှာ မျက်စိကန်းနေခြင်း ဖြစ်သည်ဟု ချင်းဖန်မှ ခကြာခဏ ပြောကြားဖူး၏။

“ ဘယ်သူနဲ့မှ မတွေ့ပါဘူး။ ”

တာအိုချင်းရှသည် ကူချန်မေးခွန်းကြောင့် အမြီးကိုနင်းမိသော ကြောင်တစ်ကောင်ကဲ့သို့ တုန်လှုပ်သွားသည်။ ငြင်းဆန်သည့် လေသံတွင် ယုံကြည်မှုကင်းမဲ့နေ၏။

“ ဒါဆို ချစ်စရာမုဆိုးမလေးကို သစ္စာဖောက်ပြီး အနီရောင်မိုးမခလမ်းတွေမှာ လျှောက်လှမ်းဖို့ စီစဉ်နေတာလား။ ”

ဤတစ်ကြိမ်မေးခွန်းက ပို၍ရက်စက်၏။ တာအိုချင်းရှခမျာ တုန်ယင်သွားပြီး တုန့်ပြန်ခြင်း မပြုတော့ချေ။ ကူချန်မှ ပြုံးလျက်၊

“ ပြန်မဖြေဘူးဆိုတော့ ငါကိုယ်တိုင် တွက်ချက်ကြည့်လိုက်မယ်။ ”

-ဟု ဆိုကာ လက်ချောင်းများကို ရေတွက်ကြည့်၏။

ကောင်းကင်တာအို ပေါင်းစည်းခြင်းသည် နေ၊ လနှင့် ကြယ်တာရာတို့ကို ဂဏန်းသင်္ချာဖြင့် တွက်ချက်ခြင်း ဖြစ်သည်။ အရာရာအားလုံးကို တွက်ချက်နိုင်၏။

တာအိုချင်းရှသည်လည်း သိချင်စိတ်ဖြင့် ကူချန်တွက်ချက်နေသည်များကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

“ မင်းကံကြမ္မာကို တွက်နိုင်တာ တကယ်လားဆိုတာ ငါကြည့်မယ်။ ”

ကူချန်မှ ပြုံးလျက် တုန်ပြန်ခြင်း မပြုတော့ချေ။ ထို့ကြောင့် တာအိုချင်းရှခမျာ သည်းမခံနိုင်ဖြစ်လာ၏။

( ဒီကောင် တကယ် မတွက်နိုင်ပါဘူး ... ငါ့ကိုအထင်ကြီးအောင် လုပ်နေတာ။ )

ကူချန်က သူ့ကို လျစ်လျူရှုလျက် မျက်ဝန်းများ မှိတ်သွားသည်။ များမကြာခင် မျက်ဝန်းများ ရုတ်တရက် ပြန်ပွင့်လာပြီး တာအိုချင်းရှကို ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်ကာ၊

“ ဆရာ ... မင်းရဲ့အရည်အချင်းက တော်တော်အစွမ်းထက်တာပဲ သစ်တော်ပွင့်တွေ ဝေနေတယ် ... ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ ဟမ့် ... မင်းဘာမြင်လို့လဲ ... ။ ”

တာအိုချင်းရှက စိတ်လှုပ်ရှားလာ၏။

“ အမွှာ၊ ယောကျ်ားလေးနဲ့ မိန်းကလေး။ ”

“ ဟမ့် ... ။ ”

တာအိုချင်းရှတစ်ယောက် ထိုစကားကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီး အံ့အားသင့်သောအကြည့်ဖြင့် ထခုန်တော့၏။

“ ဟား ဟား ဟား ... မင်းတကယ် ပြောနေတာ‌လား သခင်လေးချန်။ ”

“ ကျွတ် ... ကျွတ် ... ၊ ကလေးတွေက မင်းနဲ့မတူဘူး ... အရမ်းရိုးသားပြီး ချစ်စရာ ကောင်းလွန်းတယ်။ ”

***

All Chapters