← Chapters

သေမင်းကို ရှာဖွေနေသူများ။

Vol. 3 Ch. 26

သေမင်းကို ရှာဖွေနေသူများ။

Vol. 3 Ch. 26

“ မဟုတ်ဘူး ... ။ ”

ချင်းဖန်က မျက်လုံးပြူးသွားသည်။ တစ်ဖက်လူသည် ကူညီနေခြင်း‌ဖြစ်သော်လည်း အနည်းငယ် ရက်စက်လွန်းချေ၏။

မြေပြင်ပေါ်ရှိ သွေးအိုင်များကို ပြန်ငုံ့ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးသွား၏။ လူတိုင်း ထိတ်လန့်ကုန်သည်။

“ ဒီမှာ လူသတ်နေတယ် ... ။”

လူအချို့သည် တုန်တုန်ယင်ယင်ဖြင့် ချက်ချင်းဝေးရာသို့ ထွက်ပြေးကုန်၏။ တံခါးဝ အနားတွင်ထိုင်နေသော အဖြူဝတ်အဖိုးအိုသည် ဆူညံသံများကြောင့် ခေါင်းမော့ကြည့်သည်။

ထိုအချိန်တွင် ကျိုးယန်သည် သူ့ရှေ့မှမြင်ကွင်းများထံ ငေးကြည့်ကာ မှင်သပ် နေခဲ့သည်။ ရုတ်တရက် သတိဝင်လာချိန်၌၊

“ မသတ်နဲ့ ... ငါ့ကို မသတ်ပါနဲ့။ ”

-ဟု အော်ဟစ်လျက် ချင်းဖန်လက်မှ အရူးအမူး ရုန်းကန်ကာ ထွက်ပြေးတော့သည်။

“ ဒီမှာ ငါ့ကိုသတ်ဖို့ တစ်ယောက်ယောက် ကြိုးစားနေတယ်။ ”

ဓားသမားထံမှ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်ကာ ကျိုးယန်တစ်ယောက် နှလုံးခုန်သံများ မြင့်တက်သွားချေပြီ။

“ ယန်အာ ... ။ ”

အဘွားအိုက သတိဝင်လာချိန်၌ ထိတ်လန့်တုန်လှုပ်စွာ ပြေးလွှားနေသော ကျိုးယန်ထံ ပြေးလွှားလျက်၊

“ မြန်မြန် ... သခင်ငယ်ကို ကာကွယ်ကြ။ ”

-ဟု အော်ဟစ် အမိန့်ပေးလိုက်၏။

ချင်းဖန်အနားရှိ အမျိုးသားက အေးစက်သော အကြည့်ဖြင့် ကျောခိုင်းပြေး နေသည့် ကျိုးယန်ထံ ဓားနှင့် ပိုင်းချပစ်လိုက်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ရောက်ရှိနေသော ကျိုးယန်ခမျာ ပြန်လည်တိုက်ခိုက်ရန်ပင် ခွန်အားမရှိချေ။ ဓားအလင်းပြိုးပြက်လျက် ထက်ပိုင်းပြတ် သွားတော့သည်။

ရက်စက်သော မြင်ကွင်းပေပင်။ နေရောင်ခြည်အောက်တွင် သွေးစက်များမှာ တောက်ပနေချေပြီ။

တစ်ဆက်တည်းမှာပင် အမျိုးသား မျက်နှာပေါ်တွင် သက်တောင့်သက်သာ အကြည့်တစ်ခု ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ကျိုးမိသားစု အစေခံများအနက် အစေခံသုံးယောက်ပြေးဝင် လာနေပြီဖြစ်သည်။ တစ်ဖက်တွင် အဖြူဝတ် အဖိုးအိုသည်လည်း ပြေးလွှားလာချေပြီ။

ချင်းဖန်နှင့်မင်ယွဲ့သာလျှင် မျက်နှာဖြူဖျော့လျက် ရပ်နေမိဆဲဖြစ်သည်။

“ သတ် ... သူတို့ အားလုံးကို သတ်။ ”

အဘွားအိုက ရူးသွပ်သွားပြီး မင်ယွဲ့နှင့်ချင်းဖန်ထံ လက်ညှိုးညွှန်ပြလိုက် လေသည်။

“ ဝှစ် ... ။ ”

အမျိုးသားက ဓားတွင်ပေနေသော သွေးစက်များကို ခါထုတ်လျက်၊

“ ငါနဲ့မင်းတို့ကို အထင်လွဲသွားပြီ ... တာအိုကောင်လေး ... မြို့တံခါးဆီပြေးတော့ ... မြန်မြန်။ ”

-ဟု သတိပေးလိုက်သည်။

လှည့်မကြည့်ဘဲ ပြောနေသော ထိုအမျိုးသားကျောပြင်ကိုကြည့်ပြီး တစ်ခုခု ပြောလိုသော်လည်း ချင်းဖန်ထံမှ အသံထွက်မလာခဲ့ချေ။

ထိုအချိန်တွင် ကျိုးမိသားစု၏ အစေခံသုံးဦး ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့သုံးယောက်၏ ကျင့်ကြံမှုသည် ချီစုစည်းခြင်းနယ်ပယ်ပေပင်။

သို့သော် ဓားသမားသည် ပညာရှင်သုံးဦးကို ကောင်းစွာခုခံနိုင်နေသည်။ သူတို့သုံးယောက်၏ တိုက်ခိုက်မှုသည် ဓားသမားအပေါ် အသာစီး မရနိုင်သည်ကိုမြင်သောအခါ အစေခံတစ်ဦးက၊

“ မင်းတို့နှစ်ယောက် ... သူ့ကို ခဏထိန်းထား အဲဒီကလေးနှစ်ယောက်ကို ငါအရင်သတ်လိုက်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

ကျန်နှစ်ယောက်က ခေါင်းညိတ်၏။ သူတို့ထံလာနေသည်ကို မြင်ချိန်၌ ချင်းဖန်က မင်ယွဲ့လက်ဖမ်းဆွဲကာ၊

“ မင်း ... ရူးနေလား၊ သူနဲ့ငါတို့ အတူတူမဟုတ်ဘူးဆိုတာ မမြင်ဘူးလား။ ”

-ဟု အော်ဟစ်ပြောကြားလိုက်သည်။

သို့သော် ကျိုမိသားစုပညာရှင် အမြင်၌ ဤတာအိုကလေးငယ် နှစ်ပါးကြောင့် သခင်ငယ် သေဆုံးခြင်းမည်ချေပြီ။ ထိုအချိန်၌ အဖြူဝတ် အဖိုးကြီးရောက်ရှိလာပြီး၊

“ ရပ်လိုက်စမ်း ... ဒါနတ်နဂါးမြို့ပဲ ငါတို့ကူမိသားစုကို မျက်နှာသာပေးပါ။ ”

-ဟု ဟန့်တားလိုက်သည်။

ကျိုမိသားစုပညာရှင်မှ အနည်းငယ် တုံ့ဆိုင်းသွားသဖြင့် အဘွားအိုက၊

“ သူတို့ကို အရင်သတ်လိုက် သူတို့က ဒီကိစ္စရဲ့တရားခံပဲ ... ကူမိသားစုရဲ့ အပြစ်ကို ငါခံယူပေးမယ်။ ”

-ဟု အော်ဟစ်လိုက်သည်။

ကျိုးမိသားစု ပညာရှင်ခမျာ ထိုစကားကြားပြီးနောက် တုန့်ဆိုင်းတွေဝေခြင်း မရှိတော့ချေ။ ရိုးရှင်းစွာဖြင့် ဓားတစ်လက်ဆွဲ ထုတ်လိုက်ကာ ရက်ရက်စက်စက် ပိုင်းချပစ်လိုက်လေသည်။

ဤသည်မှာ ပထမဆုံးအကြိမ် သေခြင်းတရားနှင့် မျက်မြင်ကြုံရခြင်းဖြစ်သဖြင့် ကလေးနှစ်ယောက်ခမျာ ထွက်ပြေးရန်ပင် မေ့နေခဲ့ချေပြီ။

ထိုပြင် တစ်ဖက်လူသည် ချီစုစည်းခြင်းနယ်ပယ် ပညာရှင်တစ်ပါး ဖြစ်၏။ အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်နှင့် ချီစုစည်းခြင်းနယ်ပယ်အကြား ကွာဟချက် အလွန်ကြီးမားချေပြီ။

ထို့ကြောင့် တစ်ဖက်လူမှ ဓားဆွဲလိုက်သည်ကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရချေ။

ဤမျှ အရေးကြီးသောအချိန်တွင် ဓားသမားသည် ကလေးနှစ်ယောက်ကိုကူညီရန် လှည့်ကြည့်လိုက်သည်။

“ ရွှပ် ... ။ ”

“ အား ... ။ ”

ထိုကာလ၌ပင် ရန်သူတစ်ဦးထံမှ ဓားသွားသည် သူ့ကျောပြင်ပေါ်သို့ကျလာသည်။ သွေးများပက်ဖြန်းလာပြီး ညည်းတွားသံနှင့်အတူ အပြစ်ကင်းစင်သော ကလေးနှစ်ယောက်ထံ စိုးရိမ်စိတ်များဖြင့် ဆက်ပြေးသွား၏။

သို့သော် အရမ်းနောက်ကျသွားသည်။ ကျိုးမိသားစုပညာရှင်ဓားသည် ချင်းဖန်အပေါ် ဆင်းသက်သွားချေပြီ။

( ငါသေပြီ ... ။ )

တစ်စက္ကန့် ... နှစ်စက္ကန့် ... သုံးစက္ကန့် ... ။ စက္ကန့်များ ကုန်လွန်သွားသည့်တိုင် သူမျှော်လင့် ထားသည့် ခံစားချက်မျိုး ဖြစ်မလာချေ။ ယင်းအစား ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

( ဘာလဲ ... ငါသေသွားပြီလား။ )

ချင်းဖန်က ကြောက်လန့်တကြားဖြင့် မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်ရာ သူ့ရှေ့က ကမ္ဘာကြီးရပ်တန့်နေသလိုပင်။

သူ့ကိုတိုက်ခိုက်လာသည့် ကျိုမိသားစုပညာရှင်သည် အံ့အားသင့်စွာဖြင့် ကြည့်နေသည်။

“ ဘာဖြစ်တာလဲ ... ။ ”

ဘေးကိုငဲ့ကြည့်လိုက်သောအခါ မင်ယွဲ့တစ်ယောက် မျက်လုံးများမှိတ်ထားပြီး တုန်လှုပ်နေသည်ကို မြင်လိုက်ရသည်။

သူတို့ခေါင်းပေါ်တွင် ဓားတစ်လက်မှ ရပ်တန့်နေသည်။ မည်မျှပင် အားစိုက်စေကာမူ အလင်းလွှာကို ဖြတ်ကျော်မရဖြစ်နေ၏။

“ ဒါ ... ။ ”

ရုတ်တရက် ချင်းဖန်တစ်ယောက် စီနီယာအစ်ကိုကို သတိရလာသည်။ ထိုစဉ်က သူတို့ထံ စာရွက်များနှင့်အတူ စကားတစ်ခွန်း မှာကြားခဲ့သေးသည်။

“ အဖိုး ... ငါ့ရဲ့စီနီယာအစ်ကိုက ကူချန်ပါ။ ”

ထို့ကြောင့် အနားရောက်ရှိလာသော အဖြူဝတ်အဖိုးအိုထံ မော့ကြည့်ကာ ချက်ချင်း ပြောကြားလိုက်သည်။

“ ကူချန် ... ။ ”

အဖြူဝတ်အဖိုးအိုသည် ရုတ်တရက် လန့်နိုးလာပြီး ကျိုးမိသားစု ပညာရှင်အပေါ် ပါးရိုက်ချလိုက်တော့သည်။

“ မင်းတို့ သေမင်းကိုရှာနေတာပဲ။ ”

“ ဖြန်း ... ။ ”

ချီစွမ်းအင်သည် ထိုသူခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ စွမ်းအင်လမ်းကြောင်းကို ချက်ချင်း ဖျက်ဆီး၏။

“ ဝေါ့ ... ။ ”

အဆုံးတွင် ပါးစပ်အပြည့် သွေးများ အန်ထုတ်လာသည်။ ဤသည်မှာ နတ်နဂါးမြို့ ဖြစ်၏။ အဖြူဝတ်အဖိုးအိုက ချက်ချင်း အေးစက်လာခဲ့ပြီး၊

“ နတ်နဂါးမြို့မှာ ငါ့ကူမိသားစုဝင် တစ်ယောက်ကို သတ်ရဲရအောင် ... မင်းတို့မှာ ဘဝအပိုရှိနေတာလား ... ဟမ့်။ ”

-ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုစကားကြောင့် ဓားသမားနှင့် တိုက်ခိုက်နေခဲ့သော ကျိုမိသားစုပညာရှင် နှစ်ဦးမှာ ချက်ချင်း ကြောက်လန့်သွား၏။

( ဟမ့် ... ရုတ်တရက်ကြီး ဘာလို့ ဒီတာအိုကလေးနှစ်ယောက်က ဘယ်လိုလုပ်ပြီး ကူမိသားစုဝင် ဖြစ်သွားရတာလဲ။)

စည်းကမ်းဖောက်ဖျက်ခြင်းနှင့် ကူမိသားစုအပေါ် သတ်ရန်ကြံစည်ခြင်းသည် လုံးဝကွဲပြားသော ဖြစ်စဉ်နှစ်ရပ်ပေပင်။

“ ဝှစ် ... ။ ”

အသက်တရှိုက်စာအတွင်း လူရိပ်များ မြို့ရိုးပေါ်မှ ခုန်ချလာပြီး ကျိုးမိသားစုအပေါ် ဝိုင်းရံတော့သည်။

***

All Chapters