← Chapters

မိုတုလေဆိပ်

Vol. 11 Ch. 165

မိုတုလေဆိပ်

Vol. 11 Ch. 165

အန်လင်းမြို့၊ လေဆိပ်။ 

ကောင်းကင်မှာ ပြာလဲ့ကြည်လင်နေသည်။ 

လင်းချွမ်မှာ အဖြူရောင်တီရှပ်ကို ဝတ်ဆင်လျက် ခရီးဆောင်အိတ်ဆွဲကာ လေဆိပ်ထဲ ဝင်လာသည်။ 

သူ့ဘေးတွင် ကျန်းမှာ အသားရောင်ဂါဝန်လေး ဝတ်ဆင်လျက် ပါလာ၏။ 

“သူဌေး မိုတုမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်”

ကျန်းရှင်းရှင်း လင်းချွမ်နှင့်အတူ လိုက်ချင်သော်လည်း ရှေးဟောင်းဆိုင်နှင့် နည်းပညာ ကုမ္ပဏီအား လင်းချွမ်မရှိတုန်း ဂရုစိုက်ရမည်ဖြစ်၍ အန်လင်း၌ ကျန်နေရလေသည်။ 

လင်းချွမ် သူ့ကိုပြုံး၍ ဖက်လိုက်ကာ 

“ကျွန်တော် ရုပ်ရှင်အတွက် နည်းနည်းပါးပါး သွားဆွေးနွေးတာပါ။ ရက်ပိုင်းပဲလေ။ မကြာခင် ပြန်လာမယ်နော်”

“ဟုတ်ကဲ့ပါ”

ကျန်း နှုတ်ခမ်းလေးစူလျက်

“ဟိုကိုရောက်ရင် တခြားကောင်မလေးတွေနဲ့ အီစီကလီ မလုပ်နေနဲ့နော်။ ပြန်သိလို့ကတော့ အလွတ်မပေးဘူး…”

လင်းချွမ်ပြုံး၍

“ကျွန်တော်မရှိတုန်း ကိုယ့်လုံခြုံရေးအတွက် ဂရုစိုက်နော်”

“စိတ်မပူပါနဲ့ သူဌေးရယ်။ မမချန်းချန်း ကာကွယ်ပေးမှာပေါ့”

“ပြန်လာတာ စောင့်နေနော်”

“ဟုတ်ကဲ့ပါ”

ကျန်း အထုပ်များကို ဘေးချကာ လင်းချွမ်အား တင်းကြပ်စွာ ဖက်လျက် လက်မလွှတ်ချင် ဖြစ်နေသည်။ 

ယခုရက်ပိုင်း နှစ်ယောက်သား အမြဲ တပူးပူးတတွဲတွဲ နေခဲ့၍ ခွဲရသည့်အခါ သိသာလှသည်။ 

လင်းချွမ် ပါးနှစ်ဖက်အား ခပ်ဖွဖွ ကိုင်၍ နဖူးလေးအား နမ်းလိုက်သည်။ 

ကျန်းလည်း ပြုံး၍

“ဟုတ်ကဲ့ပါ။ ကဲ သွားတော့လေ။ မဟုတ်ရင် လေယာဉ်ချိန် နောက်ကျနေတော့မယ်”

လင်းချွမ် ခရီးဆောင်အိတ်ဆွဲကာ အန်လင်းမှ မိုတုသို့ သွားမည့်လေယာဉ်ပေါ် တက်သွားတော့သည်။ 

(၃) နာရီမျှကြာပြီးနောက် မိုတုသို့ ရောက်ရှိမည် ဖြစ်၏။ 

လေဆိပ်တွင် ယုယွီကြိုစောင့်နေသည့်အပြင် နေစရာ၊ စားစရာအတွက်ပါ ပြင်ဆင်ထားပြီးဖြစ်၏။ 

အားလုံး အစီအစဉ်တကျ ဖြစ်ပျက်နေပါသည်။ 

“ပိုင်ကတော့ ဒီနေ့ငြိမ်နေပါလား။ စာတောင် မပြန်ဘူး”

လင်းချွမ် လေယာဉ်ပေါ်၌ ရေရွတ်မိသည်။ 

သူ အန်လင်းမှ မထွက်လာခင်တည်းက စာများ ပို့ထားသော်လည်း လုံးဝ ပြန်မဖြေသောကြောင့် ထူးဆန်းနေ၏။ 

သို့သော် လင်းချွမ် အရမ်းတွေးမနေတော့ဘဲ သူ အလုပ်ရှုပ်နေ၍ဟုသာ ထင်လိုက်သည်။ 

သူ လေယာဉ်ပေါ်မှပေးသည့် သတင်းစာအား ဖတ်ရင်း လိုက်ပါလာသည်။ 

စာရေးဆရာတစ်ဦးအနေဖြင့် ခေတ်နှင့်အညီ လိုက်မီအောင် အမြဲစောင့်ကြည့်နေရပါသည်။ 

ခေါင်းကြီးပိုင်းတွင်တော့ မြို့အကြီးအကဲများ၏ အရေးကြီးမိန့်ခွန်းများ ရေးထားပြီး အထဲတွင်မှ အခြားသတင်းများ ပါသည်။ 

>မိုတုပြတိုက်ရဲ့ ရှားပါးယဉ်ကျေးမှု အမွေအနှစ်များ

>နိုင်ငံမှ ဆေးဝါးဆိုင်ရာ အထောက်အပံ့များ ပေးအပ်

>ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အဖမ်းခံရခြင်း

>ကျားဖြန့်ဆန့်ကျင်ရေး ဆော့ဖ်ဝဲလ်အသုံးပြုမှု စံချိန်တင်

>(၁၅) ရက်ကြာ စစ်ဆေးပြီးနောက် မိုတုရဲဌာနမှ ရှေးဟောင်းပစ္စည်းအတုပြုလုပ်ခြင်း အလုပ်ရုံကို ဖမ်းမိ

…

လင်းချွမ်ဖတ်ရင်း အိပ်ချင်လာသည်။ 

သူ ညက အိပ်ရေးသိပ်မဝခဲ့ချေ။ 

လေယာဉ်မှာ တိမ်ယံများကြား ဝဲပျံရင်း မကြာမီ လေယာဉ်မယ်လေး၏ သာယာသော အသံလေး ပေါ်ထွက်လာသည်။ 

လင်းချွမ်လည်း ထိုအခါမှနိုး၍ အကြောဆန့်ကာ လေယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။ 

လေဆိပ်ထဲဝင်ပြီးနောက် သူ ကျန်းအား စိတ်မပူရန် စာပို့လိုက်၏။ 

“လင်းချွမ် ဒီမှာ”

ထိုစဉ် သူ့နာမည်ခေါ်လာသော အသံအေးအေးအား ကြားလိုက်ရသည်။ 

လင်းချွမ် လှည့်ကြည့်လိုက်သောအခါ လူအုပ်ကြားထဲမှ မိန်းကလေးတစ်ဦး လက်လှမ်းပြနေသည်ကို တွေ့ရ၏။ 

ထိုမိန်းကလေးမှာ ဆံပင်ရှည်ရှည် ကောက်ကောက်လေးများဖြစ်ပြီး ကျန်းနှင့် အရပ်အတူတူလောက် ရှိသည်။ 

ပုခုံးကျ အစိမ်းနုရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဖြူစွပ်နေသော အသားအရည်မှာ ဖိနပ်အဖြူလေးနှင့် အလွန်လိုက်ဖက်နေ၏။ 

ရုပ်ရည်မှာတော့ အလွန်လှပလွန်း၍ သနားချစ်ခင်စရာ ဖြစ်လေသည်။ 

“ယုယွီလား”

“ဟုတ်ပါတယ်ရှင်”

သူ လင်းချွမ်ထံမှ အထုပ်များ ဝိုင်းဆွဲပေးရင်း ပြုံးပြ၏။ 

“စောင့်ရတာ ကြာသွားရင် အားနာပါတယ်နော်”

“ကျွန်မလည်း အခုပဲ ရောက်တာပါ”

သူ လင်းချွမ်၏ ချောမောသော ရုပ်ရည်နှင့် ရှင်းသန့်သော အပြင်အဆင်အား သေချာ ငေးမောနေမိသည်။ 

ထို့နောက် တစ်ခုခု တွေးမိကာ

“လင်းချွမ်ရယ် ရှင့်ရုပ်ရည်နဲ့ ဘာလို့များ စာရေးဖို့ တွေးခဲ့တာလဲ”

သူ လောင်းကစားဆန့်ကျင်ရေးကမ်ပိန်း၌ တီဗွီထဲတွင် တွေ့ဖူးသော်လည်း ယခုအပြင်တွင်တွေ့မှ ပိုချောနေ၏။ 

အဟမ်း ဒီလိုရုပ်ရည်နဲ့ ချမ်းသာတဲ့မိန်းကလေးကို လိုက်ဆွဲဆောင်လို့တောင် ရတယ်။ 

လင်းချွမ်မှ

“ယုယွီလည်း ဒီလောက်ရုပ်ရှိတာ။ အခုချက်ချင်းတော့ ပွဲဦးထွက်လို့ရတယ်။ ဘာလို့ အယ်ဒီတာဝင်လုပ်နေတာလဲ”

နှစ်ယောက်သား အတူတူ ရယ်မောမိလိုက်ကြသည်။ 

သူတို့ အွန်လိုင်းတွင် အလွန်ရင်းနှီးကြသော်လည်း အပြင်၌တော့ ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ 

လင်းချွမ်မှာ ယုယွီတစ်ဦးတည်းအပိုင် ထိပ်တန်း စာရေးဆရာပင်။ 

“ဪ ဒါနဲ့ ယုယွီ ဒီထဲမှာ မင်းအတွက် လက်ဆောင်ပါတယ်”

လင်းချွမ် ခရီးဆောင်အိတ်အား ပုတ်ပြလိုက်သည်။ 

“ရှင် တကယ် ယူလာတယ်နော်”

ယုယွီ မျက်လုံးအရောင်လေး လက်သွားပြီး

“အဲ့တာ ပန်းအိုးလားဟင်”

လင်းချွမ် ပြုံး၍ ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ်။ မင်ဟုန်ဝူရဲ့ နွေဦးကျောက်စိမ်းပန်းအိုး ပုံစံအတိုင်း ပြန်ထုထားတာ။ မင်းနဲ့ဆို သိပ်လိုက်မှာပဲ။ ပြီးတော့ အယ်ဒီတာချုပ်အတွက် ချင်ကန်ရှီ ငါးရောင်စုံ ပန်းကန်လုံးလည်း ပါတယ်။ ယူသွားပေးနော်”

ယုယွီ မျက်မှောင်ကြုတ်၍ ကြည့်ကာ

“ဒီလောက် နာမည်အရှည်ကြီးတွေ။ ကျွန်မသာဆို မမှတ်နိုင်ဘူး”

လင်းချွမ် အားရပါးရ ရယ်မော၍

“မှတ်ထားစရာတော့ မလိုပါဘူး။ ဒီအတိုင်း အတုတွေပါပဲ”

“ရှင်ကိုယ်တိုင် လုပ်တာလားဟင်”

“ဒါပေါ့”

“အဲ့တာဆို ရှင့်ဝတ္ထုထဲကအတိုင်း တကယ် လုပ်နေတယ်ပေါ့”

“နည်းနည်းပါးပါးပါ”

“ဒါဆို အရင်ဝတ္ထုတွေတုန်းကလည်း အဲ့လို ထူးဆန်းတဲ့ အရည်အချင်းတွေ အကုန် ရှိတာလား”

ယုယွီ လှည့်ကြည့်၍ စိတ်ဝင်တစား မေးလေ၏။ 

“ကျွန်တော့်အကြောင်း သိသားပဲ။ ဦးလေးငယ်ရဲ့ သင်ပြမှုရော ကျွန်တော်ကိုယ်တိုင် လေ့လာတာရောကြောင့်ပေါ့”

လင်းချွမ် ခေါင်းယမ်း၍ သူ့ကိုယ်သူ ခုခံပြောလိုက်သည်။ 

သူ မိုတု၌ပါ ပြဿနာထပ်မတက်ချင်ပါ။ 

“ကဲ အခု ဟိုတယ်ကို တန်းသွားကြမလား။ ပြီးရင် အထုပ်ချပြီး မိုတုမြို့ထဲ လျှောက်လည်ကြမယ်လေ”

“မနက်ဖြန်တော့ ဒါရိုက်တာရှန်ချန်းနဲ့ တွေ့ဖို့ ရှိသေးတယ်။ အဲ့တော့ ဒီနေ့ ယုယွီနဲ့ပဲ လိုက်တာပေါ့”

“သွားကြတာပေါ့”

ယုယွီ ထိုသို့ပြော၍ ဦးဆောင်ထွက်သွားစဉ် ရဲဝန်ထမ်း (၂) ဦး ရောက်လာကြသည်။ 

လင်းချွမ်ထံ ရောက်လာသည်ဟု ပြောလျှင် ပိုမှန်ပေမည်။ 

“မင်္ဂလာပါ။ ခင်ဗျားက လင်းချွမ်လားဗျ”

ဓာတ်ပုံကိုင်ထားသော ရဲမှ မေးလေ၏။ 

လင်းချွမ် ပြုံး၍

“ဟုတ်ပါတယ်ဗျ။ ဘာလို့လဲ မသိဘူး”

“ခင်ဗျားကို တရားမဝင် ယဉ်ကျေးမှုအမွေအနှစ် အလွဲသုံးမှုနဲ့ သံသယရှိလို့ စစ်ဆေးရပါမယ်”

ချန်ဟွေ့မှ ပြော၏။ 

“ဆရာတို့ အထင်လွဲနေပြီ ထင်တယ်”

အခုမှ လေယာဉ်ပေါ်က ဆင်းတာလေ”

“အခုက စစ်ဆေးရုံပါပဲ။ အရမ်း စိတ်မလှုပ်ရှားပါနဲ့”

ယုယွီလည်း မှင်တက်၍ လင်းချွမ်အား လှည့်ကြည့်မိလိုက်၏။ 

All Chapters