← Chapters

အတုအယောင် ပြုလုပ်ခြင်း

Vol. 11 Ch. 160

အတုအယောင် ပြုလုပ်ခြင်း

Vol. 11 Ch. 160

ဝမ်ပိုင်စတူဒီယို။ 

ပိုင် ဆိုဖာတွင်မှီလျက် လင်းချွမ်၏စာအုပ်အသစ်အား ဖတ်နေသည်။ 

သူ အရင်စာအုပ်များကို အထင်ကြီးစွာ ဖတ်ခဲ့သော်လည်း ယခုလို ရှေးဟောင်းပစ္စည်းနှင့် ပတ်သက်လျှင်တော့ သူ့ကို မယှဉ်နိုင်လောက်ပါ။ 

‘ကျွန်တော့်နာမည် မစ္စတာလင်း’

‘ကျွန်တော့်ကို ရှေးဟောင်းပစ္စည်း လောကမှာတော့ ဆရာတစ်ဆူအနေနဲ့ လေးစားဂုဏ်ယူကြတယ်။ ရောင်းဝယ်ရေးလုပ်နေတဲ့ မိတ်ဆွေတွေလည်း ထောင်ချီလို့ပေါ့’

‘ဒါပေမဲ့ ဘယ်သူမှမသိတာ ကျွန်တော်က ကမ္ဘာ့ရှေးဟောင်းပစ္စည်း ထုဆစ်မှု အကျွမ်းကျင်ဆုံးဆိုတာပဲ’

‘ကျွန်တော့်ဘဝမှာ ရှေးဟောင်းပစ္စည်းတွေ အများကြီး ထုလုပ်ဖူးတယ်။ တချို့ကို ဆရာတွေဆီကရပြီး တချို့လည်း ရောင်းဝယ်ရင်း ရလာတာပေါ့။ အင်္ဂလန်က ပြတိုက်တွေမှာတောင် ကျွန်တော့်လက်ရာတွေ ရှိတယ်။ ဖန်သားအခန်းတွေထဲ ထည့်ပြီး သမိုင်းကြောင်းရဲ့ လှပတဲ့ဆွဲဆောင်မှုကို ခံစားကြတာပေါ့လေ’

‘…’

ထိုမျှအထိဖတ်ပြီးနောက် ပိုင် မျက်မှောင်ကြုတ်နေမိသည်။ 

‘ဆရာတစ်ဆူ’ ‘အကျွမ်းကျင်ဆုံး’ စသဖြင့် စကားလုံးများမှာတော့ ပိုလွန်းသည်ဟု ထင်မိသည်။ 

လုပ်ငန်းအကြောင်း နားလည်သူများဖတ်လျှင် ထိုကဲ့သို့ အသေးစိတ်အထိ မြင်လာပါသည်။ 

သို့သော် လင်းချွမ်မှာ မှုခင်းနောက်ခံများ ရေးရာတွင် တော်သောကြောင့် ယခုဝတ္ထုကိုလည်း ပိုစိတ်ဝင်စား၏။ 

ထို့နောက် စာအုပ်ကို ဆက်၍ ဖတ်ကြည့်သည်။ 

‘အိုဟောင်းနေတဲ့ သစ်သားခြံတံခါးကို ဖြတ်ပြီး ကျွန်တော်နဲ့ ချင်တို့ ရှေးဟောင်းပစ္စည်း ဈေးကွက်အတွက် လိုအပ်တာတွေ လိုက်ရှာဝယ်ကြတယ်’

‘ကျွန်တော်ပထမဆုံး မွမ်းမံဖို့ လုပ်တာတော့ ကြွေထည်ပစ္စည်းပါပဲ’

‘ချင်ကန်ရှီရဲ့ ငါးရောင်စုံနဲ့ ရေမှော် ပန်းကန်လုံးလေ’

‘ပြောရရင် ကြွေထည်အစည်းအရုံး ဥက္ကဋ္ဌရဲ့သားကို တိုက်ရိုက် ရင်မဆိုင်ခဲ့ပါဘူး။ ဒီချင်ကန်ရှီကြွေပန်းကန်လုံးကိုသာ အောင်အောင်မြင်မြင် မွမ်းမံနိုင်ရင် လင်းအိမ်တော်ရဲ့ ပြဿနာတွေအားလုံး ဖြေရှင်းပြီးသား ဖြစ်ပြီပေါ့’

‘ရှေးဟောင်းဈေးကွက်မှာက ချင်မင်းဆက် ပန်းကန်လုံးတွေဆိုပြီး ကြွေဖြူထည်တွေ ရှိတယ်လေ။ ကံကောင်းချင်တော့ ကျွန်တော့်အကြံကလည်း ဒီလို အလွတ်ကြွေထည်တွေပေါ်ကနေ ဆေးရောင်ခြယ်မှာမျိုးပေါ့’

‘နောက်ထပ်တစ်ဆင့်ကတော့ ဓာတုပစ္စည်းနဲ့ သက်တမ်းကြာသလို လုပ်ရတယ်’

‘…’

ပိုင် ဝတ္ထုဖတ်နေရင်း ရုတ်တရက် ကိုယ်ကို မတ်မတ် ထိုင်လိုက်မိ၏။ 

ဂိမ်းဆော့စဉ် ပြိုင်ဘက်ကောင်းတွေ့ရ၍ အာရုံစိုက်ရသည်နှင့် တူသည်။ 

“လင်းက အရည်အချင်း ရှိတာပဲ”

ပိုင် ရေရွတ်ရင်း အနည်းငယ် အထင်ကြီးသွားမိသည်။ 

သက်တမ်းရင့်စေရန် ပြုလုပ်သည့်နည်းမှာလည်း အံ့ဩစရာဖြစ်၏။ 

ထို့နောက် သူ ဝတ္ထုကို ပြန်အာရုံစိုက်လိုက်သည်။ 

‘ခြံအနောက်ဘက်မှာ ကျွန်တော် လုပ်ငန်းစတယ်’

‘ချင်ကန်ရှီ ငါးရောင်စုံပန်းကန်လုံးအတွက် ဆေးခြယ်တဲ့အခါ ပိုဂရုစိုက်ရတာပေါ့။ ဆေးခြယ်တာမှာ နည်းပညာလိုတယ်လေ’

‘ကံကောင်းချင်တော့ ကျွန်တော်က ကြွေထည်လုပ်နေကျလေ။ လက်ငြိမ်ပြီး သေသပ်တယ်’

‘နောက်တစ်ဆင့် မီးဖုတ်တဲ့အခါ အပူချိန် အရေးကြီးသေးတယ်’

‘ပြီးမှ သက်တမ်းရင့်ဖို့အတွက် ကြိုးစားရမှာ။ အဲ့အတွက် ချင်က တရုတ်ရိုးရာဆေးရည်တွေ ပြင်ဆင်ပေးထားတယ်’

‘…’

“ဝိုး”

မစ္စတာလင်း၏ ချင်ကန်ရှီပန်းကန်လုံး ပြုလုပ်ပုံ အဆင့်ဆင့်အား ဖတ်ရှုရင်း ငါးရောင်စုံများ ခုန်ပျံကူးခတ်နေသည်အား မျက်လုံးထဲ မြင်ယောင်လာသည်။ 

“လင်းက တကယ် ကျွမ်းကျင်အဆင့်ပဲ”

သူ အမှန်အတိုင်း ချီးကျူးမိသည်။ 

လင်းချွမ်ထံမှပင် ပညာများ ပြန်သင်ယူမိ၏။ 

မျက်စိရှေ့တွင် တစ်စုံတစ်ဦး သရုပ်ဖော်ပြနေသကဲ့သို့ ကွက်ကွက်ကွင်းကွင်းမြင်ကာ ကိုယ်တိုင်လေ့ကျင့်ချင်လာမိသည်။ 

သို့သော် ဝတ္ထုဇာတ်လမ်းမှာလည်း ဆွဲဆောင်မှုရှိလွန်း၍ ထိုင်ရာမှ မထချင်အောင် ဖြစ်ရ၏။ 

ဝတ္ထုထဲတွင် မစ္စတာလင်းမှ မြို့၏ နာမည်အကြီးဆုံး ရှေးဟောင်းပစ္စည်း အကဲဖြတ်ပညာရှင်ထံ ချင်ကန်ရှီ ပန်းကန်လုံး ယူသွားပြကာ အစစ်ဟုသာ အထင်ခံရလေသည်။ 

နောက်ပိုင်း၌လည်း အခြား ရှေးဟောင်း ပန်းချီ၊ ကျောက်စိမ်း၊ ရေကရား၊ ကြေးပစ္စည်းများ စသဖြင့် တုပပြုလုပ်ခဲ့သေးသည်။ 

ညနေစောင်း၍ နေမင်းကြီးလည်း အနောက်ဘက်သို့ တိုးဝင်သွားလေပြီ။ 

ပိုင်၏ အလုပ်ခန်းထဲမှ ရွှံ့စေးနံ့၊ ဆေးပစ္စည်းရနံ့များ ပျံ့လာသည်။ 

ပိုင်မှာ ယခုမှ ဖုန်းကိုလက်ထဲမှချ၍ အသက်ဝဝရှူကာ အကြောများဆန့်လိုက်သည်။ 

ထို့နောက် အလုပ်ခန်းဘက်မှ ပစ္စည်းများကို လှမ်းကြည့်လိုက်ရင်း လက်ယား၍ တစ်ခုခု လုပ်ချင်လာ၏။ 

နောက်ဆုံး (၄၂) စင်တီခန့်မြင့်သော ကြေးကရားအား မြင်သွားသည်။ 

ထောင်းထီရုပ်ပုံဖြင့် ဝိုင်ထည့်သည့်ခွက် အမျိုးအစား ဖြစ်ပါသည်။ 

ထိုပစ္စည်းကို ရရှိရန် မိုတုရှေးဟောင်းဈေးထဲမှ ယွမ်ရာဂဏန်းဖြင့် ဝယ်ယူထားခဲ့ရခြင်း ဖြစ်သည်။ 

ထိုကဲ့သို့ ကြေးပစ္စည်း အတုလုပ်နည်းလည်း လင်းချွမ်၏ ဝတ္ထုထဲတွင် ပါဝင်ပါသည်။ 

အရေးကြီးအချက်အချို့ကိုတော့ လျှို့ဝှက်ထားသော်လည်း ပိုင်ကဲ့သို့ ပညာရှင်အတွက် အပန်းမကြီးလှပါ။ 

“ဒီအတိုင်း အတုလုပ်ကြည့်ရုံက ပြစ်မှုမှ မဟုတ်တာ။ စမ်းကြည့်တာပေါ့”

သူ ထိုပြုလုပ်နည်းတွေ့တည်းက စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ 

ထို့နောက် အလုပ်ခန်းထဲဝင်သွားလေသည်။ 

“လင်းရဲ့နည်းလမ်းအရတော့ ပထမဆုံး သက်တမ်းရင့်အောင် လုပ်ရမယ်။ ပြီးမှ ကြေးမှုန်အတုလုပ်ပြီး ဆေးရည်နဲ့ရော။ ပြီးမှ ရွှံ့စေးနဲ့ ပြုပြင်ရမှာပဲ”

ဤသို့ဖြင့် လုပ်ငန်း စတင်လေသည်။ 

ဆာလ်ဖာရည်မှာ သက်တမ်းရင့်ရန် အခြေခံပစ္စည်း ဖြစ်သည်။ 

ထိုအဆင့်မှာ လွယ်ကူသော်လည်း နောက်ထပ် ကြေးမှုန်ပြုလုပ်ရန်တော့ အခက်ဆုံးပင်။ 

သူ စာအုပ်ထဲကအတိုင်း အဆင့်ဆင့် ဖြည်းဖြည်းချင်း ပြုလုပ်၍ နောက်ဆုံး မြေမြှုပ်ထားရမည့်အဆင့်သို့ ရောက်လာသည်။ 

ထိုအဆင့်သည် တစ်ညနှင့်တစ်ရက်အချိန်ပေးရ၏။ 

နောက်တစ်နေ့ ညနေခင်းတွင်။ 

ပိုင် လတ်လတ်ဆတ်ဆတ်ထုတ်လာသော ကြေးကရားကိုကြည့်၍ ကျေနပ်နေမိ၏။ 

“အောင်မြင်ပြီကွ ဟားဟား”

သူ ပစ္စည်းကို အဖိုးတန်ရတနာကဲ့သို့ ဖင်ပြန်ခေါင်းပြန်ကြည့်၍ စိတ်လှုပ်ရှားနေလေသည်။ 

ထို့နောက် သူ အကြံတစ်ခု ရသွား၏။ 

ပညာရှင်တစ်ဦးဦးအား အကဲဖြတ်ခိုင်းရန် ဖြစ်လေသည်။ 

“အွန်လိုင်းပေါ်မှာ ရှေးဟောင်းပစ္စည်း အကဲဖြတ် ပညာရှင်တွေ အများကြီးပါ။ သူတို့ကို ပြန်မေးကြည့်ရမယ်”

သူ တက်ကြွစွာပြုံး၍ တွေးနေမိသည်။ 

All Chapters