← Chapters

ရုပ်ရှင်အဖြစ် ပြောင်းလဲခြင်း

Vol. 11 Ch. 155

ရုပ်ရှင်အဖြစ် ပြောင်းလဲခြင်း

Vol. 11 Ch. 155

နေဝင်ချိန်တွင် လိမ္မော်ရောင်နေလုံးကြီး၏ တောက်ပစူးရှသော အလင်းရောင်များ လင်းချွမ်အခန်းထဲ ဝင်ရောက်လာ၏။ 

“ရှင်းရှင်း ကျွန်တော်တို့ တစ်နေကုန် ဘာမှ မစားရသေးဘူးနော်”

“ကောင်းပြီလေ။ ဒါဆို အရင်ဆုံး ညစာ စားလိုက်ကြတာပေါ့”

“အရင်ဆုံးလား”

“ညစားစားပြီးမှ အဆက်သွားတာပေါ့”

“လူဆိုးမလေး”

“…”

ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင် ဇွန်လ (၈) ရက်နေ့မှ (၁၀) ရက်နေ့သို့ ကူးပြောင်းသွားလေသည်။ 

နောက်တစ်နေ့ နံနက်၌။ 

လင်းချွမ် အိပ်ချင်မူးတူး ဖြစ်နေပြီး ကျန်း လင်းချွမ်ကို ခပ်တင်းတင်း ဖက်ထား၏။ မျက်နှာလေးမှာတော့ ရှက်သွေးဖြာ၍ နီရဲနေလေသည်။ 

“ရှင်းရှင်း ထရမယ့်အချိန် ရောက်ပြီနော်”

လင်းချွမ် သူ့နဖူးလေးကိုနမ်းကာ ပြုံး၍ ပြောလိုက်သည်။ 

သူတို့ တိုက်ခန်းထဲ၌သာ အချိန်ကုန်ခံ၍ အပြင်လောကနှင့်ပင် အဆက်အသွယ် ပြတ်နေ၏။ 

“ချီပေး”

ကျန်း နှုတ်ခမ်းလေးစူ၍ ပြောလိုက်သည်။ 

“ကောင်းပါပြီဗျာ”

လင်းချွမ်ပြုံး၍ ကျန်းအား မချီပေးလိုက်၏။ 

ထို့နောက် အဝတ်အစားလဲ ကိုယ်လက်သန့်စင်ကာ မနက်စာ စားကြလေသည်။ 

လင်းချွမ် မနက်စာစားရင်း ဖုန်းဖွင့်ကြည့်မိမှ အင်တာနက်တစ်ခွင်တွင် ကျားဖြန့်အကြောင်းများ ပွက်လောရိုက်နေကြောင်း တွေ့ရ၏။ 

သူဌေးပေါင် ကားနောက်ခန်းတွင်ထိုင်နေရင်း သေနတ်မှန်၍ သေဆုံးနေပုံလည်း ပါသည်။ 

လင်းချွမ် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်၏။ 

‘ဒင် ဒေါင်’

မနက် (၉) နာရီ တိတိ။ 

ယုယွီ စာပို့လာ၏။ 

“မင်္ဂလာနံနက်ခင်းပါ ကောင်လေးရေ”

“ယုယွီရေ မင်္ဂလာပါ။ သတင်းကောင်း ပြောစရာ ရှိလို့လား”

“ရှင် ဘယ်လိုသိတာလဲ”

ယုယွီ တောက်ပစွာ ပြုံးမိ၏။ 

“ဒီအတိုင်း ခန့်မှန်းကြည့်တာပါ”

“ပျမ်းမျှ subscription (၂) သောင်း ရသွားပါပြီ။ ဂုဏ်ယူပါတယ်ရှင်”

ရသွားပြီလား။ 

လင်းချွမ် လန့်ဖျပ်ကာ သူ့ဝတ္ထုကို အမြန်ရှာကြည့်လိုက်၏။ 

“မထင်ထားတဲ့ သတင်းကောင်းပဲ”

သူ ကျေနပ်စွာ ငေးကြည့်နေမိစဉ် ယုယွီမှ စာထပ်ပို့လာ၏။ 

“နောက်ထပ် သတင်းကောင်း ရှိသေးတယ်”

လင်းချွမ် မျက်ခုံးပင့်လျက်

“ကျားဖြန့်တိုက်ဖျက်ရေးဝတ္ထုပြိုင်ပွဲက ရလဒ်တွေ ထွက်ပြီလား”

ဇွန်လ (၁၀) ရက်နေ့တွင် နောက်ဆုံးရလဒ်များ ကြေညာမည် ဖြစ်ပါသည်။ 

“ဒါပေါ့။ ရှင် ဘာဆုရတယ်ထင်လဲ”

“ဘာဆုလဲ”

ယုယွီ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် စာပြန်ပို့လိုက်သည်။ 

“ပထမ”

လင်းချွမ် လက်သီးလေးဆုပ်ကာ ကျေကျေနပ်နပ် ပြုံးလျက် ‘ကောင်းလိုက်တာ’ ဟု တတွတ်တွတ် ရွတ်နေမိသည်။  

“ဘာကောင်းတာလဲ”

ထိုစဉ် ကျန်း နွားနို့ကမ်းပေးရင်း မေးလိုက်၏။ 

လင်းချွမ် ကျန်းလက်လေးကိုကိုင်ရင်း

“ကျွန်တော့်ရဲ့ ‘လှည့်စားခြင်း’ ဝတ္ထုက ပျမ်းမျှ subscription (၂) သောင်းနဲ့ ပြိုင်ပွဲမှာလည်း ပထမ ရသွားပြီ”

“ဒါဆို ရုပ်ရှင်ရိုက်ဖြစ်တော့မှာပေါ့”

ကျန်း မျက်လုံးအရောင်လေး တောက်သွား၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ဒါပေါ့”

အွန်လိုင်းဝတ္ထုမှ ယခုလို အခွင့်အရေး ရလာခြင်းမှာ အွန်လိုင်းစာရေးဆရာတိုင်း၏ အိပ်မက် ဖြစ်လေသည်။ 

လင်းချွမ် ယခုတော့ ထိုလောကတွင် ခေါင်းမော့ ရင်ကော့၍ နေနိုင်ပြီ ဖြစ်၏။ 

ထိုမျှသာမက မည်သည့်အကြောင်းအရာတွင်မဆို အကျိုးရှိစေပါသည်။ 

တည်ငြိမ်တဲ့အလုပ်အကိုင်နဲ့ ဂုဏ်ရှိလား။ 

ကျွန်တော့်ဝတ္ထုကို ရုပ်ရှင်ရိုက်ဖူးတယ်။ 

ရည်းစားရှာရန်လား။ 

ကျွန်တော့်ဝတ္ထုကို ရုပ်ရှင်ရိုက်ဖူးတယ်။ 

ရည်းစားကတော့ သူ့အတွက် ရထားပြီး ဖြစ်ပါသည်။ 

“သူဌေး သတင်းကောင်း (၂) ခု တစ်ပြိုင်တည်း ရောက်လာပါလား။ ကျွန်မတို့ ဂုဏ်ပြုပွဲ လုပ်သင့်တယ် မဟုတ်ဘူးလား”

“ဘယ်လိုမျိုးလဲ”

“ဘယ်လိုထင်လဲ”

ကျန်း လင်းချွမ် လည်ပင်းအား သိုင်းဖက်ကာ ချစ်စရာကောင်းစွာ ပြုမူနေသည်။ 

“ရှင်းရှင်းရယ် အရင်နားကြတာပေါ့နော်”

“ကောင်းပါပြီ။ နားထောင်လိုက်မယ်”

လင်းချွမ် နွားနို့ကို အားရပါးရသောက်ကာ ဖုန်းဆက်ကြည့်နေသည်။ 

ထိုစဉ် ယုယွီ စာထပ်ပို့လာ၏။ 

“လင်းချွမ် ရှင်က တကယ့်ကို ကံကောင်းတာပဲ”

“ဘာလို့လဲ”

“ကျွန်မ ကောလာဟလတွေ ကြားတာတော့ အစက ရှင် ပထမ မရနိုင်ဘူးတဲ့”

“ဟင်”

လင်းချွမ် မျက်မှောင်ကြုတ်ကာ အံ့ဩသွားမိသည်။ 

“အစက အကဲဖြတ်အဖွဲ့က ရှင့်ဝတ္ထုထဲမှာ အရမ်း သွေးထွက်သံယိုနဲ့ ရက်စက်တာတွေပါလို့ ရုပ်ရှင်အဖြစ် အဆင်မပြေဘူး တွေးထားတာ။ ဒါပေမဲ့ ဟိုတစ်နေ့ကမှ ကျားဖြန့်စက်ရုံက ဗီဒီယိုတွေ အင်တာနက်ပေါ် ပျံ့သွားပြီး ရှင့်ကို ပြန်ရွေးလိုက်တာ။ အဲ့တာမှ ကံကောင်းတာမဟုတ်ရင် ဘာလဲ”

လင်းချွမ် ခဏမှင်တက်နေပြီးမှ 

“ကြိုးစားတာကြောင့်လို့လည်း ပြောလို့ရပါတယ် ဟင်းဟင်း”

သူ ထိုညက တစ်ညလုံး ကြိုးစားခဲ့၍ ယခုလို အောင်မြင်လာခြင်း ဖြစ်သည်။ 

ယုယွီ လင်းချွမ် နောက်နေသည်ထင်၍

“ဒါပေါ့။ ရှင်ကြိုးစားတာလည်း ပါတယ်။ ရုပ်ရှင်အတွက် အဖွဲ့က ဖွဲ့ပြီးသားပဲ။ ရှင့်ဆီ မကြာခင် ဆက်သွယ်လာလိမ့်မယ်”

“မကြာခင်လား”

လင်းချွမ် မြန်ဆန်လွန်းနေ၍ အံ့ဩသွားမိသည်။ 

ယုယွီမှ

“ကျွန်မ ရှင့်ကို ပုံနည်းနည်း ပြပေးမယ်။ ဘာလို့ မြန်လဲ သိအောင်”

မကြာမီ ပုံအချို့ ရောက်လာပြီး ကွန်းမန့်ထဲမှ စာများ ဖြစ်ပါသည်။ 

[ပထမဆုရတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် အရမ်း တွေ့ချင်နေပြီ။ တစ်လအတွင်း ရိုက်ပေးပါ]

[တစ်လလား။ ဘယ်လိုလုပ် အဲ့လောက် မြန်မှာလဲ။ အဲ့ထက် မြန်ရမှာပေါ့]

[တစ်ပတ်နဲ့ရိုက်ပါ]

[အခုပဲ မြန်မြန်ရိုက်တော့]

[မြန်မြန်ရိုက်မှ အားလုံး ကျားဖြန့်ရဲ့ အရေးကြီးပုံကို သိကြမှာ]

[…]

လင်းချွမ် ဖတ်ရင်း ကျေနပ်စွာ ပြုံးနေမိသည်။ 

သူ ခဏစဉ်းစားပြီးနောက် စာပြန်ပို့လိုက်၏။ 

“ဒီအခွင့်အရေးမှာ ကျွန်တော် စာအုပ်အသစ် ထပ်ထုတ်မလား တွေးနေတာ”

“မြန်လိုက်တာ”

ယခုတစ်ခါတွင်တော့ ယုယွီ အံ့ဩရသည့်အလှည့်ဖြစ်၏။ 

[...]

သူ မျက်လုံးလေးပြူးလျက် စာပြန်လိုက်သည်။ 

“လင်းချွမ် အရမ်းများလွန်းတယ် မဟုတ်ဘူးလား”

“ယုယွီပဲ မကြာခင် အပြိုင်အဆိုင်လှိုင်းကြီး လာတော့မယ်ဆို။ ကျွန်တော် နာမည်လေးရနေတုန်း လက်ဦးမှု ယူရမှာပေါ့။ ဒီအချိန်မှာ မြန်မြန် စာအုပ်ထုတ်ရမယ်လေ”

လင်းချွမ်ပြုံး၍ ပြောလိုက်၏။ 

သူ့နောက်စာအုပ်အတွက် တစ်ခုချင်း ပျမ်းမျှ subscription (၂) သောင်းရမှ နောက်အတွေ့အကြုံအသစ်ကို ရရှိနိုင်မည် ဖြစ်သည်။ 

ထိုကဲ့သို့ ရရှိလျှင်လည်း ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၏ ထိပ်တန်းထဲ ပါဝင်နေလေပြီ။ 

“ဟုတ်တယ်။ အပြိုင်အဆိုင်ခေတ်ကတော့ စတော့မှာ။ စာအုပ်အသစ်အတွက် ပြင်ထားပြီးသားလား”

“နည်းနည်းပေါ့”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။

အမှန်တော့ စနစ်၏ လုပ်ေဆောင်မှုဖြင့် တစ်အုပ်လုံး ပြီးနေလေပြီ။ 

“ရှင် အတွေးကောင်းတွေ ရထားပြီး ရေးထားတယ်နဲ့ တူတယ်”

ယုယွီမှ ပြန်ပြောလေ၏။ 

စာတော်သောတပည့် ရထားသည့် ဆရာမကဲ့သို့ ခံစားချက်မျိုး ရနေသည်။ 

လင်းချွမ်အရညအချင်းကို ယုံကြည်စွာဖြင့် စာအုပ်အသစ်အကြောင်းလည်း စိုးရိမ်နေစရာ မရှိတော့ပေ။ 

“ဟားဟား အတွေးကောင်းတော့ ဟုတ်ပါတယ်ရ

“ပြစ်မှုမှတ်တမ်းမျိုးပဲလား”

ယုယွီမှ မေးလိုက်၏။ 

လင်းချွမ် နေရခက်စွာဖြင့်

“ယုယွီရယ် ကျွန်တော့်အကြောင်း သိရဲ့သားနဲ့။ ကျွန်တော်က စာပဲရေးတာ။ ဘယ်တုန်းက အပြစ်ကျူးလွန်ဖူးလို့လဲ”

“အဲ့တာကြောင့် ပြစ်မှုအကြောင်း ထပ်ရေးမယ်လို့ သိနေတာပေါ့။ ဘာအကြောင်းလဲသာ မြန်မြန် ပြောပါ”

“ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးပါ”

“ရှေးဟောင်းပစ္စည်းလား။ ထူးဆန်းတဲ့အကြောင်းတွေ ပါလာတာပဲ”

ယုယွီ မျက်မှောင်ကြုတ်ကာ ပြော၏။ 

“ထူးဆန်းတဲ့အကြောင်းဆိုတော့ အပြိုင်နည်းတာပေါ့”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

ယုယွီလည်း ရယ်မောနေမိ၏။ 

တကယ့် ပြစ်မှုအကြောင်းတွေပဲ ရေးတဲ့သူ။ ဘယ်သူက ပြိုင်နိုင်မှာလဲ။ 

ယုယွီ တစ်ခုခု သတိရသွားကာ 

“ရှင် ရှေးဟောင်းပစ္စည်းအကြောင်းလို့ ပြောတယ်နော်”

“ဘာလို့လဲ”

“အရင် အစည်းအဝေးတုန်းက အယ်ဒီတာချုပ်က ပြောတယ်။ အဲ့လိုဝတ္ထုတွေကိုလည်း ရုပ်ရှင်အဖြစ် ဖန်တီးဖို့ ရှိတယ်တဲ့”

ယုယွီ ပြန်ဖြေလိုက်လေသည်။ 

All Chapters