← Chapters

အခု ငါ့အလှည့်ပဲ

Vol. 11 Ch. 154

အခု ငါ့အလှည့်ပဲ

Vol. 11 Ch. 154

အထူးသဖြင့် ဝတ္ထု၏အဖွင့်အပိတ် စာသားများမှာ ကျားဖြန့်ဂိုဏ်းမှ ပျံ့လာသော ဗီဒီယိုနှင့် အလွန် ကိုက်ညီ၏။ 

ထိုသို့သော ရုတ်တရက် ပေါ်လာသော သတင်းများ မည်သို့ ပေါ်လာကြသည်ကိုလည်း ပြည်သူများအားလုံး စိတ်ဝင်စားနေကြသည်။ 

သို့သော် အရင်းအမြစ်ကို မည်သူမျှ မသိကြချေ။ 

နည်းပညာရှင်များပင် အကောင့်အခွဲများကိုသာ သိပြီး ဆက်၍ မစုံစမ်းနိုင် ဖြစ်နေသည်။ 

လင်းချွမ်၏ စာဖတ်သူအဖွဲ့ထဲတွင်လည်း ပွက်လောရိုက်နေကြသည်။ 

[ဒါတွေရဲ့အစက ဘယ်မှာလဲ]

[မသိဘူးလေ]

[နယ်စပ်ကျားဖြန့်ဂိုဏ်းရဲ့ ပြိုင်ဘက်များလား။ သူတို့ကို ဆွဲချဖို့လေ]

[မဖြစ်နိုင်တာ။ ဒီလိုကြီးက အရမ်းကျယ်ပြန့်တယ်လေ။ သူတို့တင်မကဘူး။ အားလုံး အတူတူ အန္တရာယ် ရှိကြတာပဲကို]

[ဟုတ်တယ်။ အားလုံး အထိမခံနိုင်တဲ့ ကိစ္စမျိုးပဲ။ ဌာနကြီးတွေကနေ အရေးယူတော့မှာ]

[ဘာပဲဖြစ်ဖြစ် ဒီအကြောင်းတွေ ဖော်လိုက်တဲ့သူက တကယ်ကုသိုလ်ရမှာပဲ]

[အစ်ကိုတို့ ကျွန်တော် ထင်နေတဲ့သူတော့ ရှိတယ်]

[အဲ့လိုပြောမှ ကျွန်တော်လည်း သံသယဝင်လာမိပြီ]

[မစ္စတာလင်းရေ သံသယရှိသူကြီး ဘယ်မှာလဲ]

[သူက တရားခံလေ။ ဒီလိုကိစ္စမှာ ပါလို့လား]

[သူ ပြစ်မှုတွေ အများကြီး လုပ်ထားတော့ အခုမှ ကောင်းတာတွေ ပြန်လုပ်ပေးနေတာ နေမှာပေါ့]

[ခင်ဗျားတို့က မဟုတ်သေးပါဘူး။ အလုပ်သမားနေ့တုန်းက လင်းချွမ် အစ်ကိုပိုင်ကို ကျားဖြန့်ဂိုဏ်းဆီက ကယ်ပေးဖူးတယ်လေ]

[အမှန်ပဲ။ လင်းချွမ်က အဲ့ဘက်မှာ အဆက်ရှိပုံပဲ။ အခုမှ ကြည့်မရတော့လို့ ဖော်ပစ်တာနေမှာ]

[ဒီလောက် ပြောဆိုနေတာကို မစ္စတာလင်းက လာမရှင်းပြဘူးလား]

[တွေ့လား။ သူဟုတ်နေလို့ပေါ့]

[…]

ထိုအချိန်တွင် လင်းချွမ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သည်။ 

ပျော်ရွှင်ခြင်းရပ်ကွက်၊ အငှါးတိုက်ခန်း။ 

နေ့လယ်ခင်းတွင် နေရောင်ခြည် စူးစူးမှာ အန်လင်း တစ်မြို့လုံးသို့ ဖြာကျနေ၏။ 

ကျန်းမှာ လင်းချွမ်၏တီရှပ်ပွပွနှင့် ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားပြီး ရှည်သွယ်သော ခြေတံများမှာ ဖြောင့်စင်းလှပနေသည်။ 

သူ အိပ်ရာပေါ် လှဲလျောင်းရင်း လင်းချွမ်လက်မောင်းပေါ် ခေါင်းအုံးထားပြီး သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားလေသည်။ 

ဒုတ် ဒုတ် ဒုတ်!

လင်းချွမ်၏ ရင်ခုန်သံအား နီးကပ်စွာ ကြားနေရ၏။ 

ကျန်းရှင်းရှင်း ထိုအခိုက်အတန့်ကို ကျေနပ်စွာ ပြုံးနေမိသည်။ 

အစကတော့ လင်းချွမ် ဆိုဖာပေါ်၌ အိပ်နေခဲ့သည်။ 

သို့သော် ကျန်းနိုးလာပြီး အခန်းထဲ အိပ်ခိုင်း၍ အိပ်ရာပေါ်၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားမိတော့သည်။ 

ကျန်းမှာတော့ လင်းချွမ်ဘေးတွင်လှဲရင်း တွယ်ကပ်နေ၏။ 

“ခေါ~”

လင်းချွမ်တစ်ယောက် တစ်ညလုံး ပင်ပင်ပန်းပန်း တိုက်ပွဲဝင်ထားရ၍ (၂၄) နှစ်အရွယ် လူငယ်လေးအနေဖြင့် ကောင်းမွန်စွာ ပြန်အနားယူရန် လိုအပ်ပါသည်။ 

ညနောက်ကျမှ အိပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်၏။ 

လင်းချွမ် ရုတ်တရက်နိုးသွားပြီး လှုပ်ရှားရန် ပြင်လိုက်ပြီးမှ ကျန်း သူ့လက်မောင်းကို ခေါင်းအုံးထားသည်အား သတိထားမိလေသည်။ 

“သူဌေး နိုးလာပြီလား”

ကျန်း သူ့ကိုပြုံး၍ ကြည့်နေသည်။ 

နွေးထွေးသော အထိအတွေ့၊ လတ်ဆတ်သော စံပယ်ရနံ့တို့ကြောင့် လင်းချွမ်အတွက် ထူးဆန်းသော ခံစားချက်ကို ပေးနေသည်။ 

နေရောင်ခြည်အောက်တွင် နိုးထရင်း ကျန်းကို ပထမဆုံး တွေ့ရသည်မှာ အလွန် ခံစားချက် ကောင်းစေသည်။ 

“နိုးပြီလား”

လင်းချွမ် သူ့ပါးနုနုလေးကို ခပ်ဖွဖွညှစ်ရင်း မေးလိုက်သည်။ 

“ကျွန်တော် အိပ်ပျော်နေတုန်း အခွင့်အရေး ယူသေးလား”

ကျန်း မျက်လုံးအရောင်လေး တောက်လျက်

“အစကတော့ တကယ် အခွင့်အရေး ယူမလို့ပဲ။ ဒါပေမဲ့ ရှင် အရမ်းပင်ပန်းနေတာတွေ့လို့ မနှောင့်ယှက်တော့တာ”

“အလိုက်တော့ သိသားပဲ”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။ 

ကျန်း သူ့ကို ငေးကြည့်ကာ

“နောက်ပိုင်းတော့ ဒီလို အရမ်းနောက်ကျတဲ့အထိ မနေရဘူးနော်။ ကျန်းမာရေး ထိခိုက်မယ်”

အမှန်တော့ သူလည်း ညက တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။ 

သူ တစ်ချက်တစ်ချက်နိုး၍ လှမ်းကြည့်တိုင်း လင်းချွမ် အလုပ်လုပ်နေသည်ကို လှမ်းတွေ့ရ၏။ 

လင်းချွမ် ဘာလုပ်နေသည်ကို နားမလည်သော်လည်း သူ့အတွက် ကြိုးစားပေးနေမှန်းတော့ သိ၏။ 

“ဟုတ်ပါပြီ။ နောက် အဲ့လိုမဖြစ်စေရဘူးနော်”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

“တကယ်နော်”

“တကယ်ပေါ့”

“ရေခပ်ပေးမယ်နော်”

ကျန်း အိပ်ရာမှထသွားပြီး ဧည့်ခန်းမှ ရေနွေးခွက်လေး ယူလာသည်။ 

သူ ထိုနေရာနှင့် အလွန်ရင်းနှီးနေပုံ ပေါ်လေသည်။ 

လင်းချွမ် ကျန်းယူပေးသည့် ရေနွေး သောက်လိုက်သေအခါ တစ်ကိုယ်လုံးသို့ စီးဆင်းသွားပြီး ပေါ့ပါးလန်းဆန်းသွား၏။ 

ထို့နောက် လင်းချွမ် ရေခွက် ပြန်ချလိုက်သောအခါ ကျန်း သူ့လက်မောင်းကို လှမ်းဖက်၍ 

“သူဌေး အိပ်ချင်နေတုန်းလားဟင်”

“မအိပ်ချင်တော့ပါဘူး”

“အလုပ်တွေရော အကုန်ပြီးပြီလား”

ကျန်း လင်းချွမ်ကို စိုက်ကြည့်၍ ဆံနွယ်လေးများ သပ်ရင်း ပြောလိုက်သည်။ 

“အားလုံး ပြီးပါပြီ”

လင်းချွမ် ကျန်းထံမှ နွေးထွေးနူးညံ့မှုကို ခံစားမိ၏။ 

“အားလုံးပြီးပြီဆိုတော့ ဘာကျန်သေးလဲ”

ကျန်းမှာ အောက်နှုတ်ခမ်းလေးကိုက်လျက် တောက်ပရွှန်းစိုသော မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။ 

လင်းချွမ်မှာ ရုတ်တရက် ရင်ခုန်သံ အလွန်မြန်လာပြီး စိတ်ကို အတော်ထိန်းလိုက်ရ၏။ 

ခဏကြာမှ

“ကုမ္ပဏီကလေ…”

သူ စကားရပ်သွားသည်။ 

“ကုမ္ပဏီက (၂) ရက် ပိတ်တယ်”

“(၂) ရက်လား”

“ဒါဆို (၃) ရက်”

“အဲ့လိုမဟုတ်ဘူးလေ”

“ဘာကို မဟုတ်တာလဲ”

ကျန်း လင်းချွမ်အနားသို့ တိုးလာ၏။ 

“ရှင်းရှင်း ကျွန်တော် ပြောချင်တာက…”

လင်းချွမ် အသက်ကို ဝအောင်ရှူ၍ သူ့အတွေးများ အားလုံး ဖယ်ရှားကာ ကျန်း၏ခါးလေးကို တင်းတင်းကြပ်ကြပ် လှမ်းဖက်လိုက်တော့သည်။ 

ပြတင်းပေါက်အပြင်ဘက်၌။ 

နေရောင်ခြည်များ စူးရှစွာ ကျရောက်နေပြီး တိမ်ယံများပင် မဖုံးကွယ်နိုင်ပေ။ 

လေညင်းသည် ပန်းရနံ့များကို သယ်ဆောင်၍ အခန်းငယ်လေးထဲသို့ တွန်းပို့နေသည်။ 

နောက်ဆုံးတော့ လင်းချွမ်တစ်ယောက် ထောင်ချောက် မိသွားလေပြီ။ 

All Chapters