← Chapters

လက်ဆောင်များ

Vol. 12 Ch. 170

လက်ဆောင်များ

Vol. 12 Ch. 170

မိုတုမြို့မှာ မှောင်မိုက်လျက် ရှိ၏။ 

နေဝင်ချိန်၏ နောက်ဆုံးလက်ကျန် အလင်းရောင်မှာ တဖြည်းဖြည်း ညှိုးငယ်၍ နီယွန်မီးရောင်များဖြင့် အစားထိုးသွားလေသည်။ 

သာယာသော လေပြည်မှာ လမ်းများကြား ဖြတ်သန်း၍ သစ်ပင်များအား ရိုက်ခတ်ကာ ပန်းရနံ့ဖြင့် ရောလျက် လင်းချွမ်ရှေ့အထိ ရောက်လာကြသည်။ 

လင်းချွမ်တစ်ယောက် မိုတုသို့ ရောက်ပြီးနောက် ယုယွီထံမှ လေးနက်သော ကြိုဆိုမှုကို ရရှိပြီး ထိုမှတစ်ဆင့် ရဲစခန်း၊ ထို့နောက် ဟိုတယ်သို့ ရောက်ရှိလာတော့သည်။ 

ယုယွီ အနောက်အရပ်မှ လပြည့်ဝန်း ဟူသော ရိုးရာစားသောက်ဆိုင်သို့ ခေါ်သွား၏။ 

“ယုယွီ တကယ် ကြိုးစားထားတာပဲ”

သူ ရင်ထဲထိသွားမိသည်။ 

ရုန်းကန်နေရသော စာရေးဆရာတစ်ဦးအနေဖြင့် ထိုသို့ မြင်သည်မှာ မဆန်းပေ။ 

ယုယွီကတော့ ပုခုံးအကျ ပန်းပွင့်ဒီဇိုင်းဂါဝန်လေးနှင့် ပန်းချီကားထဲမှ ခုန်ထွက်လာသော ခေါင်းဆောင် မင်းသမီးပမာ လှပစွာ ထိုင်နေသည်။ 

သူ ပြုံး၍

“ရှင်တောင် ဒီလောက် အဝေးကြီး ရှားရှားပါးပါး လာရတာကို မပြင်ဆင်ထားလို့ ရမလား”

လင်းချွမ် မျက်ခုံးလေးပင့်၍ စနောက်လိုက်၏။ 

“မရှားပါဘူးဗျာ။ အမြဲ ဒီလိုသာ ဂရုစိုက်ပေးရင် ခဏခဏ လာမှာပေါ့”

“ခဏခဏ လာရုံတင်မကဘူး။ တစ်ခါတည်း နေရင်တော့ အကောင်းဆုံးပဲ”

ယုယွီမှ ပြော၏။ 

“အမလေး အကြံကြီးလိုက်တာ”

လင်းချွမ် ရယ်မောနေမိသည်။ 

“ရှင် မိုတုမှာပဲနေရင် ကျွန်မ နေ့တိုင်း ရှင့်အရေးအသားကို ကြည့်ပေးနိုင်တယ်လေ”

ဆိုင်၏ မီးရောင်အောက်တွင် ယုယွီ တောက်ပစွာ ပြုံးနေ၏။ 

“ဪ အဲ့လိုပေါ့လေ”

လင်းချွမ် အားရပါးရ ရယ်မောမိ၏။ 

ဆိုင်ထဲမှ ဗျက်စောင်းသံမှာ သာယာစွာ ထွက်ပေါ်နေပြီး နားထဲတွင် နွေဦးရာသီ ရောက်သွားသကဲ့သို့ ခံစားရလေသည်။ 

ထိုစဉ် အသက် (၄၀) ဝန်းကျင်ရှိ အနက်ရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ဦး အခန်းထဲ ဝင်လာပြီး လင်းချွမ်ကို တွေ့သည်နှင့် နွေးထွေးစွာ နှုတ်ဆက်၏။ 

“ဒါ နာမည်ကြီးနေတဲ့ မစ္စတာလင်း ဆိုတာလား”

လင်းချွမ် မတ်တပ်ထရပ်၍ နှုတ်ဆက်၏။ 

“အယ်ဒီတာချုပ်ကျန်း ကျွန်တော်လည်း ကြားဖူးနေတာ ကြာပါပြီ”

“အဲ့တာ ကျွန်တော်က ပြောရမှာပါဗျာ။ အမြဲတမ်း ဇယားထိပ်ဆုံးမှာ ရှိနေတဲ့သူကလည်း”

ကျန်းရီရှင်း ရယ်မော၍ ပြော၏။ 

ယုယွီ ဘေးမှ ပြုံးလျက်

“နှစ်ယောက်သားက အချင်းချင်း သိနေကြတာပဲ။ မိတ်ဆက်ပေးစရာတောင် မလိုတော့ဘူး”

အခန်းထဲတွင် ရယ်မောသံများ ဆူညံသွား၏။ 

အယ်ဒီတာချုပ်၊ အယ်ဒီတာနှင့် စာရေးဆရာတို့၏ ရင်းနှီးမှုမှာ သဘောကျစရာ ကောင်းလှသည်။ 

ဟင်းပွဲများ လာမချသေးမီ ယုယွီ ပိုးသေတ္တာတစ်လုံး ထုတ်၍ ကျန်းရီရှင်းအား ပေးကာ

“အယ်ဒီတာချုပ် ဒါ လင်းချွမ်ယူလာတဲ့ လက်ဆောင်ပါ”

ကျန်းရီရှင်း သေချာကြည့်၍ 

“ဒါ ချင်ကန်ရှီ ငါးရောင်စုံ ပန်းကန်လုံးမလား။ ဆရာလင်းကိုယ်တိုင် လုပ်ထားတာလား”

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ဟုတ်ပါတယ်။ အတုပါ”

“အယ်ဒီတာချုပ် သေချာ ဖွင့်ကြည့်လိုက်ဦးလေ။ လက်ရာက လုံးဝ အနုစိတ်နော်။ အစစ်နဲ့တောင် မှားလောက်တယ်”

“ဒါဆို အလှအပတွေ ခံစားရဦးမှာပေါ့”

ကျန်းရီရှင်းပြုံး၍ သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်သည်။ 

ထိုအခါ မီးရောင်အောက်တွင် တောက်ပနေသော ငါးပျံများနှင့် ပန်းကန်လုံးကို တွေ့ရ၏။ 

“တကယ်ပဲ”

ကျန်းရီရှင်း မျက်လုံးအရောင်များ တောက်၍ ကြည့်နေသည်။ 

ထို့နောက် ပန်းကန်အား ဂရုတစိုက် ယူကြည့်လိုက်၏။ လက်ရာမှာ အမှန်ပင် အနုစိတ်၍ သဘာဝကျကျ လှပလွန်းသည်။ 

“ထင် ထင်”

ကျန်းရီရှင်း ပန်းကန်လုံးအား လက်သည်းလေးဖြင့် ခေါက်ကြည့်ပြီး ကြည်လင်သာယာသော အသံအား ကြားရ၏။ 

“ဒါ တကယ်ပဲ ချင်ကန်ရှီ ငါးရောင်စုံပန်းကန်လုံး အတုလား”

ကျန်းရီရှင်း မယုံနိုင်စွာဖြင့် ပြန်မေး၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ဟုတ်ပါတယ် အတုပါ”

“အစစ် မဟုတ်ဘူးလား။ အတုက ဒီလောက် အရည်အသွေးမျိုး ရနိုင်လို့လား”

သူ ရှေးဟောင်းပစ္စည်းအကြောင်း သိပ်မသိသော်လည်း ချင်ကန်ရှီ ပန်းကန်လုံးကိုတော့ ရေရေလည်လည် သိနေသည်။ 

ထိုပန်းကန်လုံးကြောင့် များစွာ ဆုံးရှုံးဖူး၍ ဖြစ်၏။ 

သူ အရင်တစ်ခါ ရခဲ့သော ပစ္စည်းမှာ အတုများထဲတွင် အတော်ကောင်းသည်ဟု ဆိုနိုင်သော်လည်း ယခု ပန်းကန်လုံးနှင့် ယှဉ်ပါက သိပ်မလှတော့ပေ။ 

“ဒီတစ်လော အတုလုပ်ဖို့တောင် ပစ္စည်းတွေ ဈေးအရမ်းကြီးလို့။ အရမ်းတောင် ကြည့်မကောင်းဘူး ဖြစ်သွားတယ်”

လင်းချွမ်

နှိမ့်ချစွာပြော၏။ 

သူယုယွီကိုပေးသော မင်ဟုန်ဝူကြွေပန်းအိုးမှာ ပို၍ လက်ရာမြောက်ပါသည်။ 

အတုအနေဖြင့်ပင် ဈေးကောင်းရနိုင်သော အခြေအနေ ဖြစ်၏။ 

“ပန်းကန်လုံးအောက်ခြေမှာ အမှတ်လေးသာ မရှိရင် အတုလို့ လုံးဝယုံမှာ မဟုတ်ဘူး”

ကျန်းရီရှင်း အံ့ဩအထင်ကြီးစွာဖြင့် လက်မထောင်ပြ၏။ 

လင်းချွမ်ပြုံးကာ

“အယ်ဒီတာချုပ်က မြှောက်နေပြန်ပါပြီဗျာ”

“ဒီတစ်ခေါက် ညစာကတော့ တန်နေပြီ”

ကျန်းရီရှင်း ပန်းကန်လုံးကိုကြည့်ရင်း ကျေနပ်စွာ ပြော၏။ 

“ယုယွီကိုရော ပေးသေးလား။ သူ ဒီတစ်လော ခင်ဗျားအတွက် အရမ်းကြိုးစားထားတာ” လင်းချွမ်ပြုံး၍ ခေါင်းငြိမ့်လျက်

“ယုယွီက စားပွဲပေါ်မှာ ပန်းအိုးထိုးချင်တယ်ဆိုလို့ ကျောက်စိမ်းနွေဦး ပန်းအိုးတော့ လုပ်ပေးထားတယ်”

“မဆိုးဘူးပဲ”

ထိုစဉ် ယုယွီမှ

“အဲ့လို မဟုတ်ပါဘူး။ ဒီအတိုင်း ညွှန်းပေးရုံလောက်ပါပဲ”

“နှစ်ကုန်ဘောနပ်စ်ကို ရင်းတယ်ဆိုတာ တော်ရုံတော့ မဟုတ်ဘူးလေ”

ကျန်းရီရှင်း ရယ်မော၍ ပြောလိုက်၏။ 

All Chapters