← Chapters

မိုတု ပြပွဲ

Vol. 12 Ch. 174

မိုတု ပြပွဲ

Vol. 12 Ch. 174

ခန်းမမှာ ကျယ်ဝန်းပြီး လူထောင်နှင့်ချီ၍ ဆံ့လေ၏။ 

လင်းချွမ်နှင့် ယုယွီတို့ အစ်ကိုပိုင်နှင့်လည်း တွေ့နေကြသည်။ 

ထိုစဉ် ကျန်းရီရှင်း ရောက်လာပြီး ပြုံး၍

“ဆရာလင်းနဲ့ ယုယွီ အခုမှ ရှာတွေ့တော့တယ်”

“အယ်ဒီတာချုပ်”

လင်းချွမ်တို့ လှည့်၍ နှုတ်ဆက်လိုက်၏။ 

ကျန်းရီရှင်း ဘေးမှလူကို ညွှန်ပြ၍

“ဆရာလင်း ‘ဂန္တဝင်လမင်း’ သီးသန့်ပြတိုက်ရဲ့ ပိုင်ရှင် မစ္စတာဟုနဲ့ မိတ်ဆက်ပေးချင်လို့ပါ”

“မစ္စတာဟုကို အရမ်းလေးစားနေတာပါ”

လင်းချွမ် အရောင်ဖျော့ဖျော့ ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည်၊ ခပ်သွယ်သွယ် မျက်မှန်နှင့်လူကိုကြည့်၍ ပြောလိုက်သည်။ 

“မြှောက်နေပြန်ပါပြီဗျာ”

မစ္စတာဟု လက်ယမ်း၍

“ကျွန်တော်ကသာ လေးစားနေတာပါ။ မနေ့ညက ဆရာလင်းရဲ့ ‘ရှေးဟောင်းပစ္စည်းများ’ စာအုပ်ကို အပြီးထိုင်ဖတ်လိုက်တာပဲ”

လင်းချွမ်၏ အသွင်အပြင်မှာ လူငယ်ဆန်သော်လည်း ချောမော၍ တည်ငြိမ်သောပုံစံကြောင့် မစ္စတာဟူအနေဖြင့် အမှတ်အပြည့် ပေးမိလေသည်။ 

“မစ္စတာဟူက အရမ်းသဘောကောင်းတာပဲ”

မစ္စတာဟူ ပြုံး၍ သူ့လိပ်စာကဒ် လှမ်းပေးကာ

“ဆရာလင်း စိတ်ဝင်စားရင် ကျွန်တော့် ပြတိုက်ကို လာလည်ဦးလေဗျာ။ ကျွန်တော့်ပစ္စည်းတွေ ပြဖို့လည်း ရှိတယ်”

“ကျွန်တော် အချိန်ရရင် လာခဲ့ပါမယ်ဗျာ”

လင်းချွမ် ယဉ်ကျေးစွာ ပြောလိုက်၏။ 

“ဒါဆို ဆရာလင်း လာမှာကို စောင့်နေမယ်နော်”

မစ္စတာဟု ပြုံး၍ ပြောပြီးနောက် ဘေးဘီကိုကြည့်ကာ

“ကဲ ပွဲလည်းစတော့မှာဆိုတော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူးဗျာ”

မစ္စတာဟု ထိုသို့ပြော၍ ထွက်သွားလေ၏။ 

သူတို့၏ ပထမဆုံး တွေ့ဆုံခြင်းမှာ ပေါ့ပေါ့ပါးပါး သပ်သပ်ရပ်ရပ်ဖြင့် ပြီးဆုံးသွားသည်။ 

‘ဂန္တဝင်လမင်း”

လင်းချွမ် လိပ်စာကဒ်မှ နာမည်ကိုရွတ်မိ၏။ 

ဒါရိုက်တာကျန်းမှ ပန်းကန်လုံးပြလိုက်သောကြောင့် ထိုသို့ ဆက်သွယ်လာသည်ဟု သူ နားလည်ပါသည်။ 

သို့သော် သူ အရမ်းဂရုမစိုက်ပေ။ 

ပိုင်ယန်မှ သူ့ကို အံ့ဩစွာကြည့်၍

“လင်း တကယ် ဂုဏ်ယူစရာပဲ”

“ဘာကိုလဲ”

“မိုတုမြို့ ရှေးဟောင်းပစ္စည်းလောကရဲ့ နာမည်ကြီးကတောင် လာဆက်သွယ်ရတယ်လေ။ အဲ့လောက်ဆို လင်းက ဘယ်အဆင့်ရောက်နေလဲ သိလိုက်ပေါ့”

ပိုင်ယန်မှ ရှင်းပြ၏။ 

သူ ကြားထဲမှ ဂုဏ်ယူလွန်း၍ လင်းချွမ်နှင့် သူငယ်ချင်း ဖြစ်ကြောင်းပင် ကြွားချင်မိသေးသည်။ 

လင်းချွမ် ရယ်မော၍

“ကျွန်တော်မရောရင် သူတို့လည်း ရှေ့မတိုးရဲပါဘူးဗျာ”

“လင်း ခင်ဗျားက အထင်ကြီးစရာကောင်းတယ် ဆိုပေမဲ့ ဒါကတော့ နည်းနည်းများသွားပြီ”

လင်းချွမ်၏ ပုံရိပ်ယောင်လောကမှ အရည်အချင်းများကြောင့် လက်တွေ့လောကတွင် အလွန်နာမည်ကြီးနေသည်မှာတော့ အမှန်ပင်။ 

ပွဲ၌ သူ ရင်းနှီးနေသော မျက်နှာအချို့ကို တွေ့ရ၏။ 

ဥပမာဆိုရသော် ရဲဝန်ထမ်း ချန်ဟွေ့နှင့် ပညာရှင် ကောင်းချင်လင်းတို့ ဖြစ်သည်။ 

ချန်ဟွေ့ သူ့ကို ခေါင်းငြိမ့်ပြ၍ နှုတ်ဆက်သော်လည်း ကောင်းချင်လင်းမှာတော့ အေးတိအေးစက် တစ်ချက် လှမ်းကြည့်၍ မသိချင်ယောင်ဆောင်သွား၏။ 

မကြာမီ အစီအစဉ်တင်ဆက်သူမှ ပွဲစတင်ကြောင်း ကြေညာလာ၏။ ထို့နောက် ပညာရှင်အချို့မှ မိန့်ခွန်းပြောကာ မိန်းမလှလေးများမှ ရှေးဟောင်းပစ္စည်းများ သယ်ဆောင်လာကြလေသည်။ 

လင်းချွမ်တို့ ထိုင်ခုံတွင် ဝင်မထိုင်တော့ဘဲ ပိတ်ကားမှတစ်ဆင့် မြင်ရသည်ကိုသာ ကြည့်နေကြသည်။ 

“အဲ့တာက ဘာလဲ”

ယုယွီ ထိုသို့သောပွဲမျိုး တစ်ခါမှ မတက်ဖူးသည့်အပြင် ရှေးဟောင်းပစ္စည်းအကြောင်းလည်း နားမလည်သောကြောင့် လင်းချွမ်ကို လိုက်မေးနေရ၏။ 

“အဲ့တာ ကျောက်စိမ်းနဂါး ပန်းအိုးလေ။ ချင်မင်းဆက် နှောင်းပိုင်းက ပစ္စည်းပေါ့”

“သူ့ဘေးကရော”

ယုယွီတစ်ယောက် စပ်စုသော ကလေးငယ်ကဲ့သို့ ဖြစ်နေသည်။ 

လင်းချွမ် သူ့ကိုပြုံးကြည့်၍

“ချင်မင်းဆက် နှောင်းပိုင်းကပဲ။ ကျောက်စိမ်းငှက် သေတ္တာ။ မင်းသားဂုံနန်းဆောင်မှာ သုံးခဲ့တာပေါ့”

“အဲ့တာကရော ဘာလဲ”

“မင်းသားဂုံနန်းဆောင်လား။ အဲ့တာက…”

လင်းချွမ် စိတ်ရှည်လက်ရှည်ဖြင့် အပြည့်အစုံ ရှင်းပြလေသည်။ 

“တကယ် လှတယ်နော်”

“ဒါက ချင်ကန်ရှီရဲ့ ကြွေနီပန်းအိုး။ တကယ့် ကြွေထည်တွေရဲ့ ဥပမာကောင်းပဲ”

“လင်းချွမ် ဟိုဘက်မှာ ကြေးထည်တွေလည်း ရှိတယ်”

“အဲ့တာက ဖုန်ရှင်းဆီက။ ၁၉၈၄ လောက်မှာ ပေါင်းကျီမြို့ထဲ တွေ့ခဲ့တာလေ”

လင်းချွမ်၏ ရှင်းပြနေသော စကားများကြောင့် ပွဲထဲမှ သိပ်နားမလည်သူများ သူ့ကို လှမ်းကြည့်နေကြသည်။ 

ပိုင်ယန်ကဲ့သို့ ပညာရှင်ပင် အာရုံစိုက်၍ နားထောင်မိ၏။ 

ဒီလောက် ဗဟုသုတက လွန်လွန်းတယ်မလား။ 

သူကိုယ်တိုင်ပင် မယုံကြည်နိုင်ပေ။ 

ယုယွီလည်း တွေ့ကရာ ဒီအတိုင်း လျှောက်မေးလိုက်ခြင်း ဖြစ်ပြီး ယခုလို အားလုံးသိနေမည်ဟု မထင်ထားချေ။ 

“ရှင် တကယ် အကုန်သိနေတာလား”

ယုယွီ မျက်လုံးအရောင်လေးတောက်၍ ဖြေ၏။ 

ငါ့ရဲ့ ရတနာလေး။ ငါ့ရဲ့ရတနာ စာရေးဆရာပဲ။ 

“ဒါတွေက အခြေခံလေးတွေပါ။ တော်တော်များများ သိထားကြမယ် ထင်တယ်”

“အစ်ကိုပိုင် ဒီကျောက်စိမ်းပန်းအိုးက ဘာလဲ”

ယုယွီ ပြုံး၍ လှမ်းမေးလိုက်သည်။ 

“အာ…”

ပိုင်ယန် ပြောစရာစကားမရှိ ဖြစ်နေပြီး ခဏကြာမှ ဝန်ခံ၏။ 

“မရီး ကျွန်တော် နဂါးမင်းပန်းအိုးကလွဲပြီး ကျန်တာတွေ သိပ်မသိပါဘူး”

ထို့နောက် ယုယွီ လင်းချွမ်အား ပြန်ကြည့်နေ၏။ 

သူ အမှန်ပင် ထိုပစ္စည်းအကြောင်းလည်း သိနေပါသည်။ 

လင်းချွမ် ပြုံး၍

“အဲ့တာက ချင်မင်းဆက် နံရံပါးပါး တရုတ်ရိုးရာ ပန်းအိုးမလား”

လင်းချွမ် ရုတ်တရက် မျက်နှာပျက်သွားလေ၏။ 

ဒါက အတုကြီးလား။ 

All Chapters