← Chapters

ပန်းအိုးသမိုင်း

Vol. 12 Ch. 175

ပန်းအိုးသမိုင်း

Vol. 12 Ch. 175

“ဘာဖြစ်လို့လဲ”

ယုယွီ လင်းချွမ်ဘေးတွင် ထိုင်ရင်း သူ့အမူအရာ ပြောင်းသွားသည်ကို သတိထားမိပြီး စိုးရိမ်စွာ မေးလိုက်၏။ 

“ခဏလေး ထပ်ကြည့်လိုက်ဦးမယ်”

လင်းချွမ် ပိတ်ကားပေါ်မှ ချင်မင်းဆက် နံရံပါး ပန်းအိုးကို စိုက်ကြည့်နေမိသည်။ 

ပန်းအိုးမှာ သေးငယ်၍ အနုစိတ်လှပြီး ကြာပန်းခိုင်များ ဖြာထွက်ကာ ကျက်သရေရှိပြီး တင့်တယ်သည့်ပုံသဏ္ဍာန်ကို ပေးစွမ်းလေ၏။ 

အပြင်အဆင်နှင့် ပုံစံအရတော့ ထိုကျောက်စိမ်းပန်းအိုးမှာ အတုပုံစံ မပေါ်လှပေ။ 

သို့သော် လင်းချွမ် ထိုပစ္စည်းအကြောင်း အတော်လေး သိထား၏။ 

ပြုလုပ်ရန်လည်း အလွန်ခက်ခဲသော အမျိုးအစား ဖြစ်လေသည်။ 

နံရံများမှာ အလွန်ပါးလွှာပြီး အပါးဆုံးနေရာတွင် တစ်မီလီမီတာမျှသာ ရှိပေမည်။ ထို့ကြောင့် အရိပ်ကျပုံလှပြီး ထူးခြားသော အနုပညာ လက်ရာမြောက်နေသည်။ 

ထိုပုံစံကိုလိုက်တု၍ နှစ်ပေါင်းများစွာ ကြာသကဲ့သို့ ပြုလုပ်ရန်မှာ ရှေးဟောင်း ရှားပါးရိုးရာဆေးရည်ထဲ ထည့်လိုက်ရန်သာ ရှိသည်။ 

သို့သော် အလင်းနှင့် အရိပ်တို့ ပြန်ဖန်တီးရန်မှာ အခက်ခဲဆုံးအပိုင်း ဖြစ်လေသည်။ 

လင်းချွမ်ပင် ထိုအခြေအနေမျိုး မဖန်တီးနိုင်ပါ။ သူ့ကိုထိန်းချုပ်ရန် လုံးဝမဖြစ်နိုင်လုနီးပါးဖြစ်ပြီး မည်မျှ အတတ်နိုင်ဆုံး အတုပြုလုပ်ပါစေ ဤမျှ ပြီးပြည့်စုံနေမည် မဟုတ်ပါ။ 

ချင်မင်းဆက်၏ နံရံပါးကျောက်စိမ်းပန်းအိုးမှာ ထိုကဲ့သို့ ပြဿနာများ ရှိလေသည်။ 

သို့သော် လင်းချွမ်သာ ထိုအခြေအနေကို သတိထားမိ၏။ 

“အဲ့တာက ကျွန်တော် အနီးကပ်ကြည့်မှ ရမှာ”

လင်းချွမ် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။ 

“လင်းချွမ် ပန်းအိုးက ဘာလို့လဲ”

ယုယွီ ပြုံး၍ မေးလိုက်၏။ 

လင်းချွမ် သက်ပြင်းချ၍

“ဒါက ကျောက်စိမ်းပန်းအိုးလေ။ လုပ်နည်းကတော့ အင်္ဂလန်ပြတိုက်ကနေ လွတ်လာတဲ့ နံရံပါး ပန်းအိုးနဲ့ အတူတူပဲ”

ယုယွီ ထိုအခါမှ နားလည်သွားကာ

“အဲ့တာကြောင့် နာမည်ကလည်း တူနေတာပေါ့”

ဤသို့ဖြင့် ပွဲကြီးမှာလျင်မြန်စွာ ပြီးဆုံးသွားပြီး နိုင်ငံခြားမှ ပြန်ရောက်လာသော ရှေးဟောင်းပစ္စည်း (၂၇) မျိုးလည်း လှပကြွရွစွာ ကျန်ခဲ့၏။ 

ခန်းမထဲ၌ အများစုမှာ ရှေးဟောင်းပစ္စည်း နားလည်သူ၊ ကျွမ်းကျင်သူ ပညာရှင်ကြီးများ ဖြစ်ပြီး ယခုလိုပွဲကြီးအတွက် အသည်းအသန် ရောက်လာခြင်း ဖြစ်သည်။ 

ပိုင်ယန်မှာ လင်းချွမ်နှင့် ယုယွီတို့ကိုမနှောင့်ယှက်ချင်သောကြောင့် သပ်သပ်နေ၍ ပစ္စည်းများ လိုက်ကြည့်နေသည်။ 

ယုယွီလည်း လူအုပ်ကြားတွင်တိုး၍ လင်းချွမ်နောက် အတင်းလိုက်နေရသည်။ 

လင်းချွမ်မှာ နံရံပါးပန်းအိုးကို စိတ်ဝင်တစား သွားကြည့်နေခြင်းဖြစ်ပြီး ဘေးတွင်လည်း လူများစွာ အုံနေကြသည်။ 

အဘယ်ကြောင့်ဆိုသော် ရောက်လာသော ပစ္စည်းများထဲတွင် တန်ဖိုးအမြင့်ဆုံး (၃) ခုထဲ ပါဝင်လေသည်။  

ယုယွီ လင်းချွမ်လက်ကို တင်းကြပ်စွာ ဖက်၍ အနောက်မှ တကောက်ကောက် လိုက်နေ၏။ 

ချင်မင်းဆက် ကျောက်စိမ်း နံရံပါး ပန်းအိုးမှာ မှန်အိမ်ထဲ ထည့်ထားပြီး ဘေးတွင် လုံခြုံရေးနှစ်ဦး စောင့်ကြပ်နေသည်။ လေ့လာသူများမှာ (၅၀) စင်တီမီတာ အကွာမှသာ ကြည့်ခွင့်ရလေသည်။ 

“မတိုးကြပါနဲ့။ အရမ်းမတိုးကြပါနဲ့”

“အနောက်က ဧည့်သည်တို့ မလောပါနဲ့”

“ပစ္စည်းက အရမ်းတန်ဖိုးကြီးလို့ ဓာတ်ပုံရိုက်ခွင့် မပြုပါဘူးနော်။ ထိလို့လည်း မရပါဘူး”

ဧည့်သည်များကို စောင့်ကြည့်နေသည့် လုံခြုံရေးလည်း (၆) ယောက်မျှ ရှိ၏။ 

ပညာရှင်ဆိုသူများမှာ အဆင့်အတန်း ရှိသယောင် ထင်ရသော်လည်း အပြုအမူများမှာတော့ ကြားဖြတ်ခြင်းကဲ့သို့ စည်းမရှိကမ်းမရှိသည်များကိုပါ တွေ့ရသည်။ 

လင်းချွမ်နှင့် ယုယွီတို့ တန်းစီနေသော်လည်း အနောက်မှ အလွန်တိုးနေသောကြောင့် ထွက်သွားချင်စိတ်ပင် ဖြစ်မိသည်။ 

သို့သော် နောက်ဆုံးတော့ သူတို့အလှည့် ရောက်လာလေပြီ။ 

“လှလိုက်တာနော်”

ယုယွီ မျက်လုံးအရောင်လေးများ တောက်၍ ရေရွတ်မိသည်။ 

“ယုယွီမှာ ချင်းဟိုင်ကျောက်စိမ်းရှိရင် ကျွန်တော် လုပ်ပေးလို့ရတယ်”

လင်းချွမ်ပြုံး၍ ပြောလိုက်၏။ 

“ရှင် တကယ် နည်းလမ်းသိတာလား”

လင်းချွမ် သူ့ကိုကြည့်၍

“ဒီတစ်ခါတော့ အောင်မြင်မယ် ထင်ပါတယ်”

“ဆရာလင်း ထပ်တွေ့ပြန်ပြီနော်”

ထိုစဉ် လင်းချွမ် ရင်းနှီးနေသောအသံတစ်ခု ကြားလိုက်၏။ 

ဟုရှူဖြစ်လေသည်။ 

“မစ္စတာဟု တိုက်ဆိုင်လိုက်တာဗျာ”

လင်းချွမ် လှည့်၍ နှုတ်ဆက်လိုက်၏။ 

ယုယွီကတော့ ပန်းအိုးကိုသာ ငေး၍ ကြည့်နေမိသည်။ 

“ဒီပစ္စည်းကိုရော စိတ်ဝင်စားတာလား”

ဟုရှူ မျက်မှန် ပင့်တင်လိုက်ရင်း ပြုံး၍ မေး၏။ 

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ်ဗျာ။ တော်တော် သဘောကျနေတာ။ တော်တော် အံ့ဩစရာကောင်းတဲ့ ပစ္စည်းပဲ”

“ဆရာလင်းက အမြင်ရှိတာကိုး”

ဟုရှူပြုံး၍ ဆက်ပြော၏။ 

“ဆရာလင်းကိုယ်တိုင် လုပ်ကြည့်ရင်ရော”

လင်းချွမ် လက်ယမ်းကာ

“ကျွန်တော်က ဒီအတိုင်း လာလေ့လာရုံပါ။ အဲ့လိုကြီးတော့ မပြောရဲသေးဘူး”

“ကျွန်တော် ဒါကို သေချာကြည့်နေပေမဲ့ ချင်မင်းဆက် အလယ်ပိုင်းလား။ နှောင်းပိုင်းလား မသိဘူး ဖြစ်နေတာ။ ဆရာလင်း နည်းနည်း ရှင်းပြပေးပါလား”

ဟုရှူ ထပ်မေးလိုက်သည်။ 

လင်းချွမ်ပြုံးလျက်

“ကျွန်တော့်အဆင့်က အဲ့လောက် မမြင့်ပါဘူးဗျာ။ အမှားတွေ အများကြီး ပါနိုင်တယ်ဗျ”

“စိတ်ထဲရှိတဲ့အတိုင်းသာ ပြောပြပေးပါ”

“ပထမဆုံးအနေနဲ့ ပြောရရင် ချင်မင်းဆက် အစောပိုင်းလို့ ပြောရမယ်ဗျ”

လင်းချွမ် အစချီလိုက်၏။ 

All Chapters