← Chapters

မတော်တဆ ထိခိုက်မှု

Vol. 12 Ch. 176

မတော်တဆ ထိခိုက်မှု

Vol. 12 Ch. 176

ဟုရှူ ရယ်မော၍

“ဟုတ်တယ်နော်။ အပြင်အဆင်အရဆိုရင်တော့ အဲ့လို ထင်ရတယ်”

လင်းချွမ် ပန်းအိုးကို သေချာစိုက်ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ 

လုံးဝ အတုကြီးပဲ။ 

“ဆရာလင်း”

လင်းချွမ် ဆက်မပြောဘဲ ငြိမ်နေ၍ ဟုရှူမှ လှမ်းခေါ်လိုက်သည်။ 

ထိုအခါမှ သူ သတိဝင်လာပြီး ပြုံး၍

“ဒါပေမဲ့ နံရံပါးအရည်အသွေးကိုကြည့်ရင်တော့ ချင်မင်းဆက် အလယ်ခေတ်ပဲ”

ဟုရှူ ကျေနပ်စွာပြုံးလျက်

“ကျွန်တော် နားမလည်တာကို ရှင်းပြပေးတာ ကျေးဇူးပါပဲဗျာ။ အခုတော့ အရေးကြီးကိစ္စ သွားစရာလေးရှိလို့ ခွင့်ပြုပါဦးနော်။ အခက်အခဲ၊ ကိစ္စတစ်ခုခု ရှိခဲ့ရင် အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်”

“ဟုတ်ကဲ့ ကျေးဇူးပါဗျာ”

လင်းချွမ်ပြုံး၍ နှုတ်ဆက်လိုက်သည်။ 

သူ ဟုရှူနှင့် မရင်းနှီးသောကြောင့် ပန်းအိုးအတု ဖြစ်နေကြောင်းတော့ မပြောလိုက်ပေ။ 

ထိုကိစ္စမှာ အထိမခံ၍ ချက်ချင်း လူသိများကာ ပြဿနာကြီးနိုင်လေသည်။ 

ရုတ်တရက် ခန်းမမီးများ ပြတ်တောက်ကာ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ 

“ဟင်”

သူတို့ ဘာမှမတုံ့ပြန်နိုင်မီပင် အော်သံအချို့လည်း ကြားရသည်။ 

ထိုစဉ် ယုယွီလည်း တစ်ခုခု တိုက်မိသလိုဖြစ်ကာ ဟန်ချက်ပျက်သွား၏။ 

“လင်းချွမ်”

သူ လန့်ဖျပ်၍ လင်းချွမ်အား လှမ်းခေါ်လိုက်သည်။ 

လင်းချွမ်လည်း အမြန်လှမ်းဖက်လိုက်သော်လည်း အနောက်မှ ထပ်တိုးလာ၍ နှစ်ယောက်လုံး ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။ 

မကြာမီမှ မီးများ ပြန်လင်းလာပြီး အားလုံး နားမလည်နိုင် ဖြစ်နေကြသည်။ 

လုံခြုရေးများမှာလည်း အဖွဲ့နှစ်ခု ကွဲနေကြသည်။ 

တစ်ဖွဲ့မှာ ရှေးဟောင်းပစ္စည်းများအား ကာကွယ်၍ နောက်တစ်ဖွဲ့မှာ လင်းချွမ်တို့အား ဝိုင်းထား၏။ 

ယုယွီလည်း သူ့ရှေ့မှ ကျကွဲနေသော ပန်းအိုးကိုကြည့်ကာ တုန်ရီစွာဖြင့်

“လင်းချွမ် ကျွန်မတော့ ပြဿနာရှာမိပြီ”

လင်းချွမ် သူ့ကို ခပ်ဖွဖွပုတ်လျက်

“မစိုးရိမ်ပါနဲ့။ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်”

ထို့နောက် ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ

“ခုနက ဘယ်လိုမျိုး ပြုတ်ကျသွားတာလဲ”

လင်းချွမ်မှ မေးလိုက်သည်။ 

ယုယွီ စိတ်လှုပ်ရှားစွာဖြင့်

“ကျွန်မ တစ်ခုခုနဲ့ ငြိသွားတာ ထင်တယ်။ အဲ့လိုနဲ့ လဲကျသွားတာပဲ။ ရှင်ရော နာသွားသေးလား”

“ကျွန်တော် အဆင်ပြေပါတယ်”

ထိုစဉ် အခြားရဲဝန်ထမ်းနှင့် တာဝန်ရှိသူများလည်း အပြေးအလွှား ရောက်လာကြသည်။ 

ယခုလေးတင် နိုင်ငံ့ရတနာအဖြစ် နိုင်ငံခြားမှ ရောက်လာသော ရှေးဟောင်းပစ္စည်း ပန်းအိုးသည် လုံးဝ ပျက်စီးသွားလေ၏။ 

အမှုမှာ တော်ရုံတော့ မဟုတ်ပေ။ 

တာဝန်ယူရမည့်သူအတွက်လည်း ခက်ခဲလွန်း၏။ 

ဘေးတွင် ချန်ဟွေ့လည်း ရှိနေ၍ အနားရောက်လာပြီး

“ဒီမှာ ဘာတွေဖြစ်နေတာလဲ”

လင်းချွမ် ပြန်မဖြေရသေးမီ ရိုးရာဝတ်စုံနှင့် ကောင်းချင်လင်းမှ ဝမ်းနည်းမှုအပြည့်ဖြင့် ဒေါသတကြီး ရောက်လာပြီး

“ဒီလို တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းကို ဘယ်သူ ဖျက်ဆီးလိုက်တာလဲ”

အားလုံး တိတ်ဆိတ်၍ လင်းချွမ်တို့ကိုသာ ဝိုင်းကြည့်နေကြသည်။ 

ကောင်းချင်လင်း လင်းချွမ်အား မျက်မှောင်ကြုတ်ကြည့်၍

“ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမှာလဲ”

လင်းချွမ် တည်ငြိမ်စွာကြည့်၍

“အမှုကို ရှင်းရှင်းလင်းလင်း မသိရသေးခင်အထိတော့ ကျွန်တော်က တာဝန်ယူရမယ့်သူ မဟုတ်ပါဘူး”

ထို့အပြင် ပစ္စည်းမှာ အတုဖြစ်နေသောကြောင့် ပြန်ဖန်တီးလိုက်လျှင် ရ၏။ 

“မင်း မဟုတ်ရင် ဘယ်သူ့မှာ တာဝန်ရှိတာလဲ”

ကောင်းချင်လင်း မကျေမနပ် ပြောလေသည်။ 

“အဲ့တာက ခင်ဗျား ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး”

လင်းချွမ် ဂရုမစိုက်သလို ပြန်ပြော၏။ 

“ဟွန့်”

ကောင်းချင်လင်း နှာခေါင်းရှုံ့လျက်

“ငါ မဆုံးဖြတ်ရပေမဲ့ မင်း ဖျက်ဆီးလိုက်တာ မှန်နေတာပဲ။ နောက်ဆက်တွဲကိုရော သိရဲ့လား။ ဒီလိုပစ္စည်းက လေလံတင်ရင် ဘီလီယံချီတယ်နော်”

သူ့စကားမှာ မှန်ပါသည်။ 

ကောင်းချင်လင်း အေးစက်စွာကြည့်၍

“မင်း တမင်လုပ်လိုက်တာ မဟုတ်ရင်တောင် အပြစ်ကတော့ ဥပဒေအရ သက်ရောက်မှာပဲ။ အနည်းဆုံး (၃) နှစ်လောက် ထောင်ကျမှာပေါ့”

သူ့စကားကြောင့် အခြားနားထောင်နေသူများပင် လန့်ဖျပ်ကုန်လေသည်။ 

ချန်ဟွေ့လည်း လင်းချွမ်အား နေရခက်စွာ လှမ်းကြည့်မိ၏။ 

ဘေးတွင်တော့ ယုယွီတစ်ယောက် မျက်ရည်များဝဲ၍ တုန်ယင်နေသည်။ 

သူ နောက်ဆက်တွဲပြဿနာကြီးမည်ဟု သိထားသော်လည်း ထောင် (၃) နှစ်ဟု ကြားလိုက်၍ အလွန်လန့်သွားသည်။ 

သို့သော် လင်းချွမ်မှာတော့ တစ်ချက် တုန်လှုပ်ပုံ မပြဘဲ ယုယွီအား အားပေးလေ၏။ 

“မဟုတ်တာတွေ နားမထောင်နဲ့။ ဒီလိုကိစ္စမျိုးမှာ ကျွန်တော်က သူ့ထက် အတွေ့အကြုံ ပိုရှိတယ်”

ယုယွီ အားကိုးတကြီး မော့ကြည့်လိုက်မိသည်။ 

လင်းချွမ် သူ့နားအနားကပ်၍

“ဘာမှမစိုးရိမ်နဲ့။ အဲ့တာ အတုကြီး။ ကျွန်တော်တို့ ကိစ္စကောင်းကို လုပ်ခဲ့တာပဲ”

ယုယွီ ချက်ချင်း မှင်တက်သွားမိသည်။ 

ပြီးမှ ပူပန်မှုများ အတော်လေး လျော့သွား၏။ 

“ရဲသားချန် ကျွန်တော်တို့ ပူးပေါင်းဖို့ အသင့်ပါပဲ။ သွားကြတာပေါ့”

လင်းချွမ် ခပ်အေးအေး ပြောလိုက်ပြီး ချန်ဟွေ့ပင် အံ့ဩသွားမိသည်။ 

လင်းချွမ် မည်သို့ ယုံကြည်ချက်အပြည့် ရှိနေသနည်း။ 

တကယ်ပဲ လိုက်မလို့လား။ 

All Chapters