← Chapters

လျှပ်စီးအလျင်

Vol. 13 Ch. 193

လျှပ်စီးအလျင်

Vol. 13 Ch. 193

“ငါးစာတော့ ဟပ်သွားပြီ”

ယုယွီ ပြုံးရွှင်၍ ပြောလိုက်သည်။ 

ထို့နောက် အာရုံစူးစိုက်နေသော လင်းချွမ်ကိုကြည့်၍ ယုံကြည်မှုရှိနေသော အမျိုးသားများ ကြည့်ကောင်းသည်ဟု လက်ခံမိလေသည်။ 

လင်းချွမ် တစ်ဖက်လူကို စာပြန်လိုက်၏။ 

“ဘယ်လို ထင်လို့လဲ”

“ဗီဒီယိုကို ဖျက်လိုက်ပါ။ လိုချင်သလောက် ပြော”

“ဗီဒီယိုရဲ့ လုပ်ပိုင်ခွင့်ကို ဝယ်ချင်နေတာလား”

လင်းချွမ် ခပ်အေးအေး ပြန်ပြော၏။ 

“ဟုတ်တယ်။ ကြိုက်သလောက် ပြောကြည့်ပါ။ နောက်ပိုင်းတော့ ကိစ္စရှင်းပါစေ”

“ကြိုက်သလောက်လား”

လင်းချွမ် ပြောပြောဆိုဆိုနှင့် တစ်ဖက်အကောင့်ကိုလည်း စစ်ဆေးကြည့်လိုက်၏။ 

နောက်ဆုံးတော့ အချက်အလက်များမှာ ရင်းနှီးနေသူ တစ်ဦးကို ညွှန်ပြလေသည်။ 

ကောင်းချင်လင်း။ 

“အဲ့တော့ သူပေါ့”

လင်းချွမ် မျက်မှောင်ကြုတ်နေမိ၏။ 

“မိုတုပြတိုက်ရဲ့ ခေါင်းဆောင် ကောင်းချင်လင်းက နောက်ကွယ်က အုပ်စုထဲက တစ်ယောက်ပဲ”

ယုယွီလည်း အလွန်အံ့ဩနေမိလေသည်။ 

“သူ ခုနလေးတင် လင်းချွမ်နဲ့ နေ့လယ်စာ အတူစားခဲ့သေးတယ်လေ”

ပိုင်ယန်လည်း မျက်မှောင်ကြုတ်၍ ဆို၏။ 

နေ့လယ်စာမှာ ဟုရှူ စီစဉ်ပေးခြင်းဖြစ်ပြီး ကောင်းချင်လင်းသည် ဟုရှူအား မလွန်ဆန်နိုင်သောကြောင့် သူ့အပေါ် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

လင်းချွမ်စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာသည်။ 

ကောင်းချင်လင်းသည် ဟုရှူအပေါ် အလွန် လေးစားယုံကြည်၍ ထဲထဲဝင်ဝင် ပတ်သက်နေသောကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဟုရှူ ဖြစ်နိုင်သည်။  

ရုတ်တရက် လင်းချွမ် အားလုံးကို နားလည်သွား၏။ 

ထို့နောက်

“အယ်ဒီတာချုပ်ကျန်းကို ပေးလိုက်တဲ့ ပန်းကန်လုံးကို ဟုရှူဆီ အကဲဖြတ်ခိုင်းဖူးတယ်ဆိုတာ မှတ်မိလား”

“မှတ်မိတယ်လေ”

ယုယွီ ခေါင်းငြိမ့်ပြ၍

“သူတို့ကြား ဆက်နွယ်မှု ရှိလို့လား”

“မစ္စတာဟုက ရှေးဟောင်းပစ္စည်းအတုလုပ်တဲ့ ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်သာဆိုရင် အခု ဖြစ်လာတဲ့ မတော်တဆက မတော်တဆလို့ ထင်လား”

လင်းချွမ်မှ ရှင်းပြ၏။ 

ယုယွီ အံ့ဩလွန်း၍ မျက်လုံးလေးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ 

မစ္စတာဟုသာ တကယ်ဖြစ်နေလျှင်…

အကွက်ကျကျ စီစဉ်မှုမှာ တွေးလေ ကြောက်စရာကောင်းလေ ဖြစ်သည်။ 

ချင်မင်းဆက် နံရံပါးပန်းအိုးသာ အတုဖြစ်ကြောင်း မည်သူမျှ မသိလိုက်လျှင် မစ္စတာဟု အစီအစဉ်မှာ ပြီးပြည့်စုံစွာ အောင်မြင်သွားနိုင်သည်။ 

“ကြောက်စရာကြီး”

ယုယွီ ရင်ခုန်သံမြန်လာပြီး စိတ်လှုပ်ရှားနေမိ၏။ 

လင်းချွမ် ကိုယ်တိုင်ပင် အတော်လေး ထိတ်လန့်သွားလေသည်။ 

ရှေးဟောင်းပစ္စည်းလောကတွင် လိမ်လည်နေသူများမှာ သာမာန်တော့ မဖြစ်နိုင်ပေ။ 

အကွက်ချစီစဉ်မှု အားကောင်း၏။ လျှိုချင်းတုန်းကလည်း ယောက်ျားလေးများကို ဆွဲဆောင်ခြင်းဖြင့် ကြိုးစားခဲ့ပါသည်။ 

လင်းချွမ်အကောင့်၏ တည်နေရာကိုပါ စုံစမ်းလိုက်ပြီး ဂန္တဝင်လမင်းပြတိုက်နေရာ ဖြစ်နေ၍ ပိုသေချာသွားလေပြီ။ 

လင်းချွမ် တွေဝေမနေတော့ဘဲ ချက်ချင်း ဖုန်းလှမ်းဆက်လိုက်၏။ 

‘တီ တီ တီ’

တစ်ဖက်မှ ဖုန်းဖြေသံ ထွက်လာသည်။ 

“လင်း သတင်းအသစ် ရှိလို့လား”

မိုတုရဲစခန်းမှ ဒါရိုက်တာကျောက် ဖြစ်လေ၏။ 

လင်းချွမ် သက်ပြင်းချ၍ 

“ဒါရိုက်တာကျောက် စကား လွတ်လွတ်လပ်လပ် ပြောလို့အဆင်ပြေမလားဗျ”

ကျောက်ကန် သဘောပေါက်သွားပြီး သူ့ရုံးခန်းတံခါးကို ထပိတ်လိုက်၏။ 

“အခု ရပါပြီ”

“ဒါရိုက်တာကျောက် ကျွန်တော် ရှေးဟောင်းပစ္စည်း အတုလုပ်တဲ့ဂိုဏ်းက အဖွဲ့ဝင် (၂) ယောက်တော့ တွေ့ပြီ”

လင်းချွမ် သွယ်ဝိုက်မနေတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။ 

“ဟင်”

ကျောက်ကန် မျက်လုံးပြူးကာ

“ဘယ်လို”

“ဟုတ်ပါတယ်”

“ဘယ်သူတွေတုန်း”

ကျောက်ကန် လေးနက်စွာ မေး၏။ 

လင်းချွမ် ကွန်ပျူတာအား တစ်ချက်လှမ်းကြည့်၍ ဖြေလေသည်။ 

“မိုတုပြတိုက်ခေါင်းဆောင် ကောင်းချင်လင်းနဲ့ ဂန္တဝင်လမင်းပြတိုက်ပိုင်ရှင် ဟုရှူ”

ကျောက်ကန် ထိုနာမည်များ ကြားသော အသက်ရှူရပ်သွားမလို ခံစားလိုက်ရသည်။ 

မိုတုမြို့ရဲ့ မျက်နှာဖုံးတွေက အပြစ်ကျူးလွန်နေတာလား။ 

ကျောက်ကန် စိတ်ထိန်း၍

“လင်း သက်သေရော ရှိလား”

“ရှိတာပေါ့”

လင်းချွမ် အသေးစိတ် ရှင်းပြလိုက်သည်။ 

ကျောက်ကန်မှာ ရဲသက်တမ်းတစ်လျှောက် အတွေ့အကြုံများစွာ ရှိဖူးသော်လည်း သက်ပြင်းခိုးချမိ၏။ 

လင်းချွမ်၏ ဟက်ကာအရည်အချင်းကြောင့်လည်း ပါသည်။ 

အွန်လိုင်းစာရေးဆရာက ကြောက်စရာပဲ။ 

“အခုပဲ ဖမ်းဝရမ်း ထုတ်လိုက်တော့မယ်”

ကျောက်ကန် အသိစိတ်ဝင်လာကာ ပြောလိုက်သည်။ 

“သူတို့ အခုထိတော့ ဂန္တဝင်လမင်းပြတိုက်မှာပဲ။ မြန်မြန် လှုပ်ရှားမှ ဖြစ်မယ်”

လင်းချွမ် လောလိုက်သည်။ 

“လင်း အမှုမှာ ဆက်ပြီး ကူညီပေးပါဦး”

“ဟုတ်ကဲ့ပါ”

“ဒါဆို အခု လင်းကိုခေါ်ဖို့ လူလွှတ်ပေးလိုက်မယ်နော်”

ကျောက်ကန် ဖုန်းအမြန်ချ၍ ဖမ်းဆီးရေးအတွက် စီစဉ်ရလေသည်။ 

ရဲကားများမှာ သည်းထန်သောမိုးစက်များကြားမှ တလိမ့်လိမ့် ထွက်သွား၏။ 

ရဲကားပေါ်တွင် ယဉ်ကျေးမှုအဖွဲ့အစည်း ဒါရိုက်တာ လီကျီကွမ်လည်း ပါဝင်သည်။ 

မကြာမီ မိုးမုန်တိုင်းကြားမှ လင်းချွမ်၊ ကျောက်ကန်၊ လီကျီကွမ်တို့ ဦးဆောင်သော ရဲအဖွဲ့မှာ ဂန္တဝင်လမင်းပြတိုက်ရှေ့သို့ ရောက်လာကြ၏။ 

သူတို့ ဖုန်းချပြီးနောက် အချိန် (၁၅) မိနစ်သာ ရှိသေးပြီး လျှပ်စီးကဲ့သို့အလျင်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ 

အွန်လိုင်းပေါ်တွင်တော့ လင်းချွမ် ကောင်းချင်လင်းတို့နှင့် ဈေးညှိနေဆဲပင်။ 

ထိုအချိန်အတွင်း ဗီဒီယိုကိုတော့ ခဏဖျက်ထားပေးလိုက်၏။ 

ပြတိုက်၊ (၃) လွှာ။ 

“မစ္စတာဟု ဗီဒီယိုတော့ ခဏပျက်သွားပြီ။ ပိုက်ဆံက (၃) သန်း တောင်းနေပါတယ်”

ကောင်းချင်လင်း သက်ပြင်းချ၍ ပြော၏။ 

“သူနဲ့တွေ့ဖို့ စီစဉ်လိုက်။ ပိုက်ဆံပေးဖို့ အချိန်နဲ့ နေရာပြောမယ်ဆိုပြီး”

ဟုရှူ လက်ဖက်ရည်တစ်ခွက်မော့ရင်း ပြောလိုက်သည်။ 

“ဟုတ်ကဲ့ပါ”

ကောင်းချင်လင်း ချက်ချင်း စာပြန်လိုက်သည်။ 

“ကိစ္စမရှိဘူး။ အချိန်နဲ့နေရာ ပြန်ပြောမယ်”

ထိုစဉ် လင်းချွမ် ပြန်စာပို့လေ၏။ 

“ဒုက္ခမခံပါနဲ့။ ကျွန်တော် လာမှာပေါ့”

ကောင်းချင်လင်း မျက်မှောင်ကြုတ်၍ ရင်တုန်သွား၏။ 

ထို့နောက် ဟုရှူကို တုန်တုန်ရီရီကြည့်ကာ

“ကျွန်တော်တို့ လှည့်စားခံလိုက်ရပြီ”

ထိုစဉ် အောက်ထပ်မှ ရဲကားအသံများ ကြားရလေသည်။ 

ရဲဝန်ထမ်းများ ချက်ချင်း ဆင်းလာကာ ပြတိုက်ကို ဝိုင်းထားလိုက်ကြ၏။ 

ထိုထဲတွင် အဖြူရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားသော လူချောလေးတစ်ဦးလည်း ပါဝင်သည်။ 

လင်းချွမ်ပင်။ 

ဟုရှူ အောက်ထပ်ကို ငုံ့ကြည့်ရင်း လုံးဝ မယုံကြည်နိုင် ဖြစ်နေတော့သည်။ 

All Chapters