← Chapters

အကူအညီ

Vol. 13 Ch. 185

အကူအညီ

Vol. 13 Ch. 185

မကြာမီ။ 

တီ တီ တီ—

ယုယွီဖုန်း မြည်လာပြန်၏။ 

အယ်ဒီတာချုပ် ကျန်းရီရှင်းမှ ခေါ်ဆိုခြင်း ဖြစ်သည်။ 

“အယ်ဒီတာချုပ်ဆီကပဲ”

ယုယွီ လင်းချွမ်အား လှမ်းကြည့်၍ ပြောပြီးနောက် ဖုန်းကိုင်လိုက်သည်။ 

“ယုယွီ အခု ဖုန်းပြောလို့ ရလား”

ကျန်းရီရှင်းအသံ ထွက်ပေါ်လာသည်။ 

ယုယွီ လင်းချွမ်ကို တစ်ချက်ကြည့်ပြီးမှ

“ဟုတ်ကဲ့ ပြောလို့ရပါတယ်။ ဘာကိစ္စရှိလို့လဲ”

ကျန်းရီရှင်း ရယ်မောလျက်

“အခု လက်ရှိအခြေနေကို မေးချင်လို့ပါ။ မင်း ဘယ်လောက်တောင် လျော်လိုက်ရလဲ။ ထောင်များ ကျနေပြီလားလို့”

“လျော်တာလား…”

ယုယွီ ခဏမှင်တက်နေပြီးမှ

“ရဲတွေ ဘာမှမပြောသေးလို့ မသိသေးဘူး”

အမှုအခြေအနေအမှန်ကို ထုတ်ပြော၍ မဖြစ်သေးသောကြောင့် သူ ကျန်းရီရှင်းအား လိမ်လိုက်သည်။ 

“ဟုတ်ပါပြီ”

ကျန်းရီရှင်း ခဏငြိမ်နေပြီးမှ ထပ်မေး၏။ 

“ယုယွီ လင်းချွမ်ရော မင်းနဲ့ အတူရှိနေလား”

“ဟုတ်ကဲ့ ဘာလို့လဲ”

“သူနဲ့ စကားပြောချင်လို့။ အခု မင်းတို့အမှုနဲ့ ဆိုင်လောက်တယ်”

ကျန်းရီရှင်းအသံမှာ အလွန် လေးနက်နေသည်။ 

“အမှုနဲ့ ပတ်သက်တာလား”

ယုယွီ မျက်မှောင်ကြုတ်လျက်

“အယ်ဒီတာချုပ် လင်းချွမ်နဲ့ပဲ တိုက်ရိုက် ပြောလိုက်ပါလား”

“ကောင်းပါပြီ”

ကျန်းရီရှင်း ထိုသို့ပြောပြီးနောက် ယုယွီ လင်းချွမ်အား ဖုန်းပေးလိုက်သည်။ 

“အယ်ဒီတာချုပ်ကျန်း”

“လင်းရယ် မနေ့ကကိစ္စ ဖြစ်သွားတော့ ကျွန်တော့်မှာ အိပ်လို့တောင် မပျော်ဘူး။ နှစ်ယောက်လုံးကို စိတ်ပူနေတာ”

ကျန်းရီရှင်း ပြော၏။ 

လင်းချွမ် ရယ်မောလျက်

“စိတ်ပူပေးတာ ကျေးဇူးပါဗျာ” 

“ရပါတယ်။ လင်း အထဲရောက်သွားရင် ကျွန်တော်တို့ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်အတွက်လည်း ဆုံးရှုံးတာပဲလေ”

သူ့အသံမှာ စိတ်မကောင်းမှန်း သိသာလေသည်။ 

လင်းချွမ်ပြုံး၍

“ဘယ်လိုအခြေအနေဖြစ်ဖြစ် ထွက်ပေါက်တော့ ရှိစမြဲပါ။ အဖြေပေါ်လာပါလိမ့်မယ်”

“လင်းပြောမှပဲ စိတ်အေးရတော့တယ်”

ကျန်းရီရှင်းမှ ဆက်၍

“လင်း ဒီလိုလေ။ ကျွန်တော် မနေ့တည်းက အခုထိ ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူတွေနဲ့တွေ့ပြီး အဖြေရှာနေတာ”

“အဲ့တော့ နည်းလမ်းရှာတွေ့သွားပြီပေါ့”

လင်းချွမ်ပြုံး၍ ပြန်မေး၏။ 

“အဖြေတော့ ရှာမတွေ့သေးပေမဲ့ ကူညီပေးချင်တဲ့သူတော့ ရှိတယ်”

“မစ္စတာဟုလား”

လင်းချွမ် အံ့ဩကာ မေးလိုက်မိသည်။ 

မနေ့က သူတို့ချင်းတွေ့စဉ်ကလည်း မစ္စတာဟုမှ အခက်အခဲရှိလျှင် ဆက်သွယ်ရန် မှာသွားပါသည်။ 

တကယ့် လူကောင်းပဲ။ 

ကျန်းရီရှင်းမှ

“ဟုတ်ပါတယ်။ သူ့မှာ နည်းလမ်းရှိမယ်တဲ့”

“ဘာများလဲ”

“အဲ့တာတော့ မပြောဘူးဗျ။ သူ့သီးသန့်ပြတိုက်မှာ လာတွေ့ဖို့ပဲ မှာတယ်”

ကျန်းရီရှင်းမှ ဆက်၍

“အခု လင်း အားလား။ ကျွန်တော် ခေါ်သွားပေးလို့ ရတယ်နော်”

လင်းချွမ် ယုယွီအား တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်လျက်

“ယုယွီနဲ့ ကျွန်တော်က အခု ဂဏန်းမိသားစုဆိုင်မှာ”

“ကောင်းပြီ။ ကျွန်တော် လာခေါ်ပေးမယ်”

ဤသို့ဖြင့် ဖုန်းချလိုက်ကြ၏။ 

“မစ္စတာဟုက ကူညီချင်တယ်ဆိုတော့ ရှင့်ကို တော်တော် လေးစားနေတာပဲ”

လင်းချွမ်လည်းပြုံး၍

“စတွေ့တည်းကတော့ အဆင်ပြေပါတယ်။ အခုလည်း သူကိုယ်တိုင် ဖိတ်တာဆိုတော့ ယုံကြည်ချက် ရှိနေပုံပဲ”

“အင်းနော်”

မကြာမီ ကျန်းရီရှင်း၍ မာစီဒီးကာအနက်လေး ဆိုင်ရှေ့ ရောက်လာသည်။ 

ဤသို့ဖြင့် လမ်းများစွာကို ဖြတ်သန်းပြီးနောက် ‘ဂန္တဝင်လမင်း’ ပြတိုက်ဆီသို့ ရောက်လာကြသည်။ 

(၃) ယောက်သား ဂိတ်ပေါက်မှ ဝင်လာသောအခါ မကြာမီ မစ္စတာဟုအား တွေ့ရလေသည်။ 

“မစ္စတာဟု”

လင်းချွမ် ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ 

“မစ္စတာလင်းကို မျှော်နေတာဗျ။ ကဲ ဝင်ပါ”

သူ့အသံမှာ ကြည်လင်ရွှင်ပျနေသည်။ 

“ဟုတ်ကဲ့ ကျေးဇူးပါ”

လင်းချွမ်ပြုံး၍ ပြောပြီး အထဲသို့ အတူတူ ဝင်လာကြသည်။ 

အခန်းထဲ ဝင်လိုက်သည်နှင့် ရှေးဟောင်းပစ္စည်း များစွာကို တွေ့ရလေသည်။ 

(၃) လွှာတွင်တော့ မစ္စတာဟု၏ ကိုယ်ပိုင်ရုံးခန်း ရှိ၏။ 

“ထိုင်ပါဦးဗျ”

ထို့နောက် လက်ဖက်ရည်ငှဲ့ပေးကာ ပြုံး၍

“လက်ဖက်ရည် သောက်နော်”

သူကိုယ်တိုင်လည်း တစ်ခွက်သောက်၍

“မစ္စတာလင်း ဒီပြတိုက်အပေါ် ဘယ်လိုမြင်လဲ”

“ကောင်းပါတယ်”

လင်းချွမ် အမှန်အတိုင်း ပြောလိုက်သည်။ 

မစ္စတာဟု ပြုံး၍

“မစ္စတာလင်း မနေ့ညကကိစ္စအတွက် တကယ် စိတ်မကောင်းပါဘူး။ ခင်ဗျားအတွက်ရော၊ ပန်းအိုး ပျက်စီးသွားတာကြောင့်ရောပေါ့။ ခင်ဗျားက တကယ် အရည်အချင်းရှိတဲ့ ပညာရှင်ဖြစ်ပြီး ပစ္စည်းကတော့ ကျွန်တော် အရမ်းကြိုက်တဲ့ ရတနာဖြစ်လို့လေ”

ထို့နောက် သူ သက်ပြင်းချ၏။ 

လင်းချွမ် နေရခက်သွားသည်။ 

ကျန်းရီရှင်းမှ ဝင်၍

“မစ္စတာဟုရယ် ဖြစ်သွားတာက မတတ်နိုင်ဘူးလေ။ တကယ့်ကို မတော်တဆပါ”

“ဟုတ်ပါတယ်”

မစ္စတာဟု ခေါင်းငြိမ့်၍ လင်းချွမ်အားကြည့်ကာ

“ကျွန်တော် ခင်ဗျားကို အရမ်းလေးစားတာ။ ထောင်တော့ အကျမခံနိုင်ဘူးဗျာ။ ကံကောင်းချင်တော့ ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့က ခုနလေးတင် စာထုတ်လာတယ်။ ကျောက်စိမ်းပညာရှင် ရှာပြီး ပန်းအိုးကို ပြင်ဆင်မယ်တဲ့။ အဲ့တာတွေ့တော့ ကျွန်တော် အကြံရသွားလို့”

“ပြောပါဦးဗျ”

“မစ္စတာလင်းရဲ့ လက်ရည်က တကယ် အမြင့်စားလေ။ ဒီလိုပန်းအိုးလည်း အေးဆေး ပြန်ထုလုပ်နိုင်မယ် ထင်တယ်”

“အဲ့တာက…”

ရဲစခန်းနှင့် ပူးပေါင်းကာ အမှုဆင်ထားသော်လည်း သူကိုယ်တိုင်ကြိုးစားလျှင် ဘာမျှမထူးပေ။ 

“မစ္စတာလင်း လျော်ကြေးအတွက် စိတ်ပူနေတာလား။ အဲ့တာဆိုရင်တော့ ကျွန်တော် လှူပေးလိုက်လို့ ရပါတယ်”

“အဲ့လိုတော့ လက်မခံပါရစေနဲ့ဗျာ”

လင်းချွမ် ယဉ်ကျေးစွာ ငြင်း၏။ 

“မစ္စတာလင်းရယ် အဲ့လိုမတွေးပါနဲ့။ အားနာရင် ကျွန်တော့်ပြတိုက်မှာထားဖို့ ပစ္စည်းလေးတွေ ပြင်ဆင်ပေးလို့ ရတာပဲ။ အဲ့တာက ထောင်ကျတာထက် ပိုအဆင်ပြေတယ်မလား”

မစ္စတာဟု လက်ဖက်ရည်သောက်ပြီးမှ ဆက်ပြော၏။ 

“ဒီကိစ္စက ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူးလေ။ ခင်ဗျားရဲ့…”

“ယုယွီက သူ့အယ်ဒီတာပါ”

ကျန်းရီရှင်းမှ ဝင်ပြော၏။ 

မစ္စတာဟု ဆက်၍

“ခင်ဗျားရဲ့ အယ်ဒီတာ ယုယွီနဲ့လည်း ဆိုင်နေတယ်လေ။ သေချာလေး စဉ်းစားပါဦး”

All Chapters