Chapters

ရှေးဟောင်းပစ္စည်း အတုလုပ်ဂိုဏ်း

Vol. 13 Ch. 182

ရှေးဟောင်းပစ္စည်း အတုလုပ်ဂိုဏ်း

Vol. 13 Ch. 182

ထိုသို့ကြားသောအခါ အစည်းအဝေးခန်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ 

လီကျီကွမ်သည် မိုတုမြို့၏ နာမည်ကြီး ရတနာအကဲဖြတ်သူဖြစ်ပြီး ယခုတော့ လင်းချွမ်စကားကို ထောက်ခံနေ၏။ 

ထိုနံရံပါး ပန်းအိုးမှာ အတုဖြစ်နေလေသည်။ 

ချန်ဟွေ့ စွံ့အ၍ တစ်ကိုယ်လုံး တောင့်သွားမိသည်။ 

မီးရောင်မှိန်မှိန်အောက်တွင် အခြားသူများကဲ့သို့ပင် လင်းချွမ်ကိုငေးကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေ၏။ 

ရှေးဟောင်းပစ္စည်းပြပွဲပြီးနောက် ကြီးမားသော မတော်တဆမှုကြီးဖြစ်ခဲ့ပြီး ထောင်ကျလောက်သည်အထိ အမှုကြီးမည်ဟု ထင်ထားခဲ့ကြသည်။ 

သို့သော် ထိုကဲ့သို့ တန်ဖိုးကြီးနိုင်ငံ့ရတနာမှာ အတုဖြစ်နေကြောင်း သက်သေပြလိုက်နိုင်မည်ဟု မည်သူမျှ မထင်ထားကြချေ။ 

ပြောရလျှင် ပွဲကျင်းပနေသည့်တစ်လျှောက် လူပေါင်း ရာနှင့်ချီ၍ တက်ရောက်ကြည့်ရှု၍ အလှအပများကို ခံစားကြသော်လည်း ပစ္စည်းများ၏ စစ်မှန်မှုကိုတော့ ဂရုမစိုက်ခဲ့မိပေ။  

ယခုလို နိုင်ငံ့ရတနာပျက်စီးသွားသောအခါ လင်းချွမ် ဖြစ်စဉ်အစအဆုံး စိုးရိမ်ပူပန်စိတ် တစ်ချက်မျှ မပေါ်ခဲ့သည်မှာ သူ အစတည်းက ရိပ်မိနေခဲ့၍ ဖြစ်သည်။ 

သူ့စိတ်ထဲတွင် ယုံကြည်ချက်အပြည့် ရှိနေပါသည်။ 

ချန်ဟွေ့ သူ့နေရာတွင် ဝင်၍ စဉ်းစားကြည့်မိ၏။ 

သူသာဆိုလျှင် သေချာပေါက် ယခုအချိန် သံတိုင်အနောက် ရောက်နေလေပြီ။ 

ရုတ်တရက် သူ လင်းချွမ်အား လေးစားလာမိပြီး ရှန်ချန်းချန်း အဘယ်ကြောင့် သဘောကျသည်ကိုလည်း နားလည်သွားသည်။ သူ့နာမည်ကြားတိုင်း အသံပြောင်းလဲသွားတတ်လေသည်။ 

လင်းချွမ်တွင် ထူးခြားသော အရည်အချင်း သေချာပေါက် ရှိ၏။ 

ဘေးတွင်ရှိနေသော ယုယွီမှာ ထိုအခါမှ ရင်ထဲမှ အပူလုံးကြီးကျ၍ စိတ်အေးရတော့သည်။ 

ထို့နောက် အလင်းခပ်မှိန်မှိန် ကျရောက်နေသော လင်းချွမ်မျက်နှာခန့်ချောကြီးအား မော့ကြည့်ကာ လုံခြုံနွေးထွေးသလို ခံစားနေရသည်။ 

တကယ်ပဲ ငါ့ရတနာလေး။ 

ယုယွီတစ်ယောက် သစ်တောအုပ်ထဲ ဒုန်းစိုင်းပြေးနေသည့် သမင်ငယ်လေးနှယ်လည်း ရင်တဒိတ်ဒိတ် ခုန်နေလေ၏။ 

ဝှစ်!

ခန်းစီးလိုက်ကာများ ဆွဲလိုက်သောအခါ တောက်ပသော နေရောင်ခြည်များ အစည်းအဝေးခန်းထဲ ပြန်ဝင်ရောက်လာကြသည်။ 

ခုနကလို လေးနက် ကြောက်စရာကောင်းသော အနေအထားမျိုး မဟုတ်တော့ဘဲ ပေါ့ပါး အေးဆေးသလို ဖြစ်နေသည်။ 

ချင်မင်းဆက် နံရံပါးပန်းအိုး၏ အလင်းနှင့် အရိပ်တို့ကို အခြေတည်၍ အတုအစစ် ခွဲခြားပြခဲ့သည်မှာ လီကျီကွမ်အတွက် ပထမဆုံး ကြုံဖူးခြင်း ဖြစ်လေ၏။ 

သာမာန်လုပ်ငန်းစဉ်ဟု ထင်ရသော်လည်း အခြေခံ လိုအပ်သော ဗဟုသုတအချက်အလက်များမှာတော့ ထင်ထားသည်ထက် များစွာ ကျော်လွန်နေ၏။ 

မာနကြီးသော မိုတုမြို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဒါရိုက်တာ လီကျီကွမ်တစ်ယောက် အမူအရာ ပြောင်းသွားလေပြီ။ 

သူ လင်းချွမ်အား လေးစားစွာ ပြုံးကြည့်၍

“လင်းချွမ် ထိုင်ပါဗျာ။ မိန်းကလေးရော ထိုင်ပါဦး”

ပန်းအိုးအတုကျကွဲရုံမှာ သူတို့အတွက် အရေးမကြီးလှပေ။ 

ပညာရှင်လင်းချွမ်ကို ဂရုစိုက်ရန်မှာ ပိုအရေးပါလေသည်။ 

လင်းချွမ်နှင့် ယုယွီတို့ ပြန်ထိုင်နေလိုက်ကြ၏။ 

လီကျီကွမ် သက်ပြင်းချ၍

“လင်းချွမ် ပြောမှပဲ ကျွန်တော်တို့ ဒီပန်းအိုး အတုဖြစ်မှန်း သိရတော့တယ်။ ကံကောင်းတာပဲ။ မဟုတ်ရင် အမှောင်ထဲမှာ နစ်မျောပြီး တကယ့် တရားခံတွေ လွတ်သွားတော့မလို့”

လင်းချွမ် ရယ်မော၍

“ကျွန်တော်လည်း မတတ်သာတဲ့အဆုံး ဖော်ထုတ်ရတာပါ”

မဟုတ်လျှင် သူ မတရား ထောင်ကျသွားနိုင်သည်။ 

“အစ်ကိုကျောက် လင်းချွမ်ကိစ္စကလေ…”

လီကျီကွမ် ရဲမှူးကျောက်ကန်ကို ကြည့်ကာ ပြောလိုက်သည်။ 

ကျောက်ကန် ခဏစဉ်းစားပြီးနောက် သူတို့ကိုကြည့်၍

“လက်ရှိ စစ်ဆေးချက်တွေအရတော့ မတော်တဆမှုအနေနဲ့ သတ်မှတ်ထားပါတယ်”

“မတော်တဆမှု…”

လီကျီကွမ် ရေရွတ်မိ၏။ 

ကျောက်ကန် ပြုံးလျက်

“လင်းချွမ် ခင်ဗျားလည်း အမှုမှာ ပါနေတာဆိုတော့ ထင်မြင်ချက်လေး ပြောပါဦးဗျ”

လင်းချွမ် စားပွဲပေါ်မှပန်းအိုးအား လက်ညှိုးထိုးပြ၍ 

“ဒါသာ ချင်မင်းဆက် ပန်းအိုးအစစ်ဆိုရင် ကိစ္စက ပြတ်နေပြီ။ ဒါပေမဲ့ အတု ဖြစ်နေတာကို မတော်တဆမှုလို့ ခေါင်းစဉ်တပ်ရင် ပန်းအိုးအလဲခံရတာကို ဘယ်တော့မှ မပေါ်လာတော့ဘူးပေါ့”

အားလုံး မျက်မှောင်ကြုတ်လိုက်မိသည်။ 

ထို့နောက် လင်းချွမ်ဆက်၍

“နောက်ပြီး ဒီအတုကို သေချာ ထုလုပ်ထားတာဆိုတော့ နောက်ကွယ်မှာ ဘယ်လိုတွေ ပါဝင်နေမလဲ ခန့်မှန်းလို့တောင် မရဘူး”

ရှေးဟောင်းပစ္စည်း အတုလုပ်သည့်ဂိုဏ်း။