စာအုပ်အသစ်
Vol. 14 Ch. 202
လက်တွေ့လောက။
အန်လင်းမြို့၊ ချင်းရှုနယ်၊ လင်းကျန်တိုက်ခန်း။
ညအချိန် မကုန်ဆုံးသေး၍ တောက်ပသော လရောင်သည် အန်လင်းတစ်မြို့လုံးပေါ်သို့ ဖြန့်ကျက် ကျရောက်ကာ လေနုအေးများလည်း တိုက်ခတ်နေသည်။
ထိုစဉ် စနစ်မှအသံထွက်လာ၏။
[ကြယ် (၇) ပွင့် လုဘုရင်နန်းတော် အတွေ့အကြုံ အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။
[လျှို့ဝှက်သိုက်တူးခြင်း အရည်အချင်းကို ရရှိပါသည်]
[လက်ရှိအတွေ့အကြုံအရ “သိုက်တူးမှတ်တမ်း” ဟူသော စာအုပ် ထုတ်ဝေနိုင်ပြီး စာရိုက်ချိန် (၃) နာရီ ကြာမြင့်ပါမည်]
[စာအုပ် ပထမပိုင်း ထုတ်ဝေ၍ subscription (၁) သိန်းရမှ ဒုတိယပိုင်းအတွေ့အကြုံ ရရှိပါမည်။]
“(၁) သိန်းလား။ ပထမပိုင်းနဲ့တင် တော်တော် များနေတာပဲ”
လင်းချွမ် ရေရွတ်မိ၏။
ထို့နောက် စိတ်တည်ငြိမ်အောင်ထိန်းကာ နန်းတော်ထဲမှ ရတနာများအား အံ့ဩစွာ ကြည့်နေ၏။
မျက်လုံးစိမ်းမြေခွေးအလောင်း၊ ခေါင်း (၉) လုံး မြွေဟောက်၊ အလောင်းနီ၊ ကျောက်စိမ်းထည်များ၊ ရွှေခရမ်းသေတ္တာ၊ ကြေးနီငါး၊ ခုနစ်စင်ကြယ် အခေါင်းနှင့် စသဖြင့် ဖြစ်ပြီး လင်းချွမ် တစ်ခါမှ မတွေးဖူးသော အခြေအနေ ဖြစ်လေသည်။
“ဒီတစ်ခါတော့ ငါ ဖြူဖြူစင်စင်လေး နေလို့ရပြီ”
ပြင်ပအချိန်မှာ (၂:၃၅) ဖြစ်လေသည်။
ကျန်းကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။
လင်းချွမ် လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး ကျန်းကိုကြည့်၍ ပြုံးကာ စောင်သေချာ ပြန်ခြုံပေးလိုက်၏။
လင်းချွမ်လည်း မကြာမီ အိပ်ပျော်သွားတော့၏။
မနက် (၉:၃၀)။
လင်းချွမ် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာချိန်တွင် ပြတင်းပေါက်မှ နေရောင်ခြည်များ တိုးဝင်နေလေပြီ။ ထိုစဉ် အိပ်ခန်းတံခါးပွင့်ကာ ခေါင်းသေးသေးလေးတစ်ခု ပြူထွက်လာ၏။
“သူဌေး မနက်စာ အဆင်သင့်ပဲနော်”
“ကောင်းပါပြီဗျာ”
“ဒီမနက်ပဲ အဖေ စာပို့သေးတယ်”
ကျန်းမှ ပြောလိုက်၏။
“ဘာပြောလို့လဲ”
“ရှေးဟောင်းပစ္စည်းဆိုင်က အောင်မြင်နေပြီတဲ့”
လင်းချွမ် အံ့ဩသွားကာ
“ဟုတ်လား”
ကျန်း ပြုံးကာ
“ရှင် မိုတုမှာ ဖြစ်ခဲ့တဲ့ကိစ္စက ကြီးတယ်လေ။ အဲ့တာကြောင့် အားလုံး သတိထားမိသွားကြတာ ထင်တယ်”
ထို့နောက်ဆက်၍
“အဲ့တာတင်မကဘူး။ စီးပွါးဖက်ပါ ရလာတော့မယ် ထင်တယ်။ ဒီမနက်ပဲ မမချန်းချန်း ပြောပြတာ။ ကျွန်မတို့ဆိုင်နဲ့ ပူးပေါင်းချင်တဲ့ အဖွဲ့ရှိတယ်တဲ့”
“ဘယ်အဖွဲ့လဲ။ ဘယ်လို ပေါင်းချင်တာတုန်း”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြန်မေး၏။
“နေဦး။ အချက်အလက်တွေ ပြန်ကြည့်လိုက်ဦးမယ်”
ကျန်း ဖုန်းဖွင့်ကြည့်လိုက်ပြီး
“တွေ့ပြီ။ အန်လင်းမြို့ ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ သမိုင်းဝင်ပစ္စည်းရှာဖွေရေးအဖွဲ့တဲ့”
“ဘယ်လို ပူးပေါင်းချင်တယ်လို့ ပြောလဲ”
“ခေါင်းစဉ်ကတော့ အဆင့်မြင့်တယ်။ သမိုင်းအမွေအနှစ် တူးဖော်ရေး၊ ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေးတဲ့”
“ကျွန်တော့်နယ်ပယ်နဲ့တော့ ပတ်သက်နေတာပဲ”
“လက်ခံမှာလား သူဌေး။ စိတ်ဝင်စားရင် မမချန်းချန်းကို ပြောထားလိုက်တော့မယ်”
“ရတယ်လေ။ အပိုဝင်ငွေလေး ရတာပေါ့။ သူများဆီက ကပ်စားစရာ မလိုတော့ဘူးပေါ့”
လင်းချွမ် လှမ်းနောက်လိုက်၏။
“အဲ့တာ မကောင်းလို့လား”
“ဟုတ်ပါပြီဗျာ။ ကောင်းပါတယ်”
“ကဲပါ။ အလုပ်အကြောင်း ပြောရဦးမယ်။ မမချန်းချန်းနဲ့ အဲ့အဖွဲ့က ဝန်ထမ်းတစ်ယောက် လာတွေ့မယ်တဲ့”
“ကောင်းပါပြီ”
…
“လင်းချွမ်”
လင်းကျန်အိမ်ရာရှေ့တွင် ကားအဖြူလေး ထိုးရပ်လာပြီး အရှေ့ခန်းမှ ရှန်ချန်းချန်း ဆင်းလာ၏။
“ချန်းချန်း ကျားဖြန့်ဆန့်ကျင်ရေးအဖွဲ့မှာ မဟုတ်ဘူးလား။ ယဉ်ကျေးမှုအဖွဲ့အစည်းထဲ ဘယ်လိုလုပ် ရောက်နေတာလဲ”
“ရှင့်ကြောင့်ပေါ့။ အခုပဲ တာဝန်ပြောင်းသွားတာ”
“ဘာတာဝန်လေ”
“ရှင်လေ”
“ကျွန်တော်လား”
“ရှင်က အန်လင်းရဲ့ရတနာပဲကို”
“ခင်ဗျားက ကြိုးစားလွန်းတာပါ”
လင်းချွမ်ပြုံး၍ ပြန်ပြောလိုက်သည်။
“ဒါနဲ့ ဘောနပ်စ် ပေးဖို့တော့ မမေ့နဲ့နော်”
နှစ်ယောက်သား ရယ်မောလိုက်မိသည်။
“ဪ မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်မ အထက်တန်းကျောင်းနေဖက် ချင်ရှီရှီတဲ့။ အခုအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ပဲ”
“မင်္ဂလာပါ။ ဆရာလင်းအကြောင်း အများကြီး ကြားထားပါတယ်”
ချင်ရှီရှီပြုံး၍ နှုတ်ဆက်၏။
လင်းချွမ် ခေါင်းယမ်း၍
“ဒီလို ကျွမ်းကျင်ပညာရှင်ရှေ့မှာ ကျွန်တော်က ဘာမှ မပြောပလောက်ပါဘူး”
ရှန်ချန်းချန်း သူ့ကိုကြည့်၍
“လင်းချွမ် ရှင် သမိုင်းဝင်ပစ္စည်း တူးဖော်ခြင်းအကြောင်း မရေးဖူးဘူးမလား”
သူ လင်းချွမ်၏ အမာခံပရိသတ်ဖြစ်သောကြောင့် သူ့စာအုပ်တိုင်းကို သိနေ၏။
လင်းချွမ် ပြုံးကာ
“မကြာခင် လာတော့မှာပါ။ သိုက်တူးမှတ်တမ်း ပထမပိုင်း ဆိုပြီးတော့လေ။ ဒီရက်ပိုင်းထဲ ထုတ်မှာပါ”
“ဆရာလင်းက သမိုင်းဝင်ပစ္စည်းအကြောင်း ရေးမှာလား”
“အင်း… ခပ်ဆင်ဆင်ပေါ”
“ရှင်က ဗဟုသုတ စုံတာပဲ။ မျှော်နေရတော့မယ်”
“မဖတ်တာ ကောင်းမယ်နဲ့ တူပါတယ်။ ရှင်စွဲသွားလိမ့်မယ်။ သူရေးရင် အရမ်းကောင်းတာ။ လက်တွေ့လိုပဲ။ အဟမ်း အတ္ထုပတ္တိနဲ့ ပိုတူတာပေါ့”
“အဲ့တာဆို ပိုတောင် စိတ်ဝင်စားသွားပြီ”
“ဒီတစ်ခါကတော့ လက်တွေ့သိပ်ကျမှာ မဟုတ်ပါဘူး။ ထူးဆန်းလွန်းတာတွေ ပါလို့”