← Chapters

ဖုန်းရွှေနည်းနဲ့ ဆိုင်တယ်

Vol. 14 Ch. 203

ဖုန်းရွှေနည်းနဲ့ ဆိုင်တယ်

Vol. 14 Ch. 203

အခြားသူများမှာ အမှန်တရားကို အဓိကထား၍ ရေးလေ့ရှိသော်လည်း လင်းချွမ်ကတော့ စနစ်ရှုပ်နေ၍သာ ယခုလိုအခြေအနေမျိုး ဖြစ်နေခြင်းပင်။ 

ပြစ်မှုများလွန်း၏။ 

ရှန်ချန်းချန်း သူ့ကိုကြည့်၍ ပြုံးကာ

“ဒီတစ်ခါတော့ လမ်းကြောင်း ပြောင်းသွားပြီပေါ့”

အဟမ်း…

လင်းချွမ် ချောင်းဟန့်၍

“ဖတ်ရတဲ့အရသာတော့ တူမှာမဟုတ်ဘူး။ ဒီရက်ပိုင်းစာအုပ်ထွက်လာရင် သိပါလိမ့်မယ်”

“ကောင်းပါပြီ။ စောင့်နေပါမယ်”

“ကျွန်မရောပဲနော်”

ချင်ရှီရှီမှ ဝင်ပြောလေသည်။ 

“အားလုံးက ဖိအားဝိုင်းပေးနေတာပဲ”

လင်းချွမ် နောက်လိုက်သောအခါ (၃) ယောက်သား ရယ်မောမိကြလေသည်။ 

ထို့နောက် လင်းချွမ် ကားအရှေ့ခန်းတွင် ရှန်ချန်းချန်းနှင့်အတူထိုင်၍ ယဉ်ကျေးမှုထိန်းသိမ်ရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းသို့ ထွက်ခွါလာခဲ့သည်။ 

(၁၀) မိနစ်ခန့် ကြာပြီးနောက် ထိုရုံးခန်းသို့ ရောက်လာတော့သည်။  

ဒါရိုက်တာမှ ကိုယ်တိုင် ထွက်နှုတ်ဆက်ကာ လင်းချွမ်အား အခြေအနေများ ရှင်းပြဆွေးနွေးလေသည်။ 

“ဒီလိုဗျ ရဲဘော်လင်းရဲ့။ ကျွန်တော်တို့ အဖွဲ့အစည်းမှာ အဖြေမရှာရသေးတဲ့ ပစ္စည်းတွေ ရှိနေလို့။ အတူ ကြည့်ကြည့်လိုက်မလား”

ဒါရိုက်တာမှ ပြုံး၍ ပြောသည်။ 

စုယွီဟူသော ထိုလူမှာ အသက် (၄၀) ဝန်းကျင်ရှိပြီး ဆံပင်တိုတို၊ မျက်နှာရှည်ရှည်နှင့် ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့် ငယ်ရွယ်စဉ်က အတော်ချောခဲ့မည်မှန်း သိသာလှသည်။ 

“ရတယ်လေ”

လင်းချွမ် သဘောတူပြီးနောက် ခြံဝန်းလေးကိုဖြတ်ကာ ထိန်းသိမ်းရေးအခန်းသို့ ထွက်လာခဲ့ကြသည်။ 

အခန်းထဲ၌ အဖြူရောင်ယူနီဖောင်းဝတ်ထားသော ဝန်ထမ်းများ ရှိနေသည်။ 

လင်းချွမ် အခန်းထဲရောက်သောအခါ ထူးခြားသော ပစ္စည်းများကို ငေးကြည့်နေမိ၏။ 

“လင်း ဒီပစ္စည်းကို ကြည့်ပါဦး”

ဒါရိုက်တာစုယွီမှ တစ်နေရာကို လက်ညှိုးထိုးပြသည်။ 

ရေပုံးကဲ့သို့ ပုံးတစ်ခုဖြစ်ပြီး အလင်းမဖောက်နိုင်သော အဖုံးလည်း ပါဝင်သည်။ 

“အနောက်ပိုင်းဟန်မင်းဆက်က ကြေးထည်ပဲ”

လင်းချွမ် တစ်ချက်ကြည့်ရုံဖြင့် သိသွား၏။ 

ထိုအခါ စုယွီနှင့် ချင်ရှီရှီတို့ အချင်းချင်း လှမ်းကြည့်မိလိုက်သည်။ 

“လင်းချွမ်ရဲ့အရည်အချင်းကို အမြင်စူးရှမှုကို ကြားရုံပဲ ကြားဖူးခဲ့တာ။ ဒါပေမဲ့ အဲ့လောက် ထက်မြက်မယ်လို့ မထင်ထားဘူး”

စုယွီမှ ချီးကျူးလိုက်သည်။ 

“လင်း ဒီလိုမျိုး ကြည့်ရုံနဲ့ ဘယ်လိုလုပ် သိတာလဲ”

“အဲ့လောက်တော့ မခက်ပါဘူး”

လင်းချွမ် ပစ္စည်းနား လျှောက်သွားပြီး ရှင်းပြလေသည်။ 

“ဒီသံကြေးတွေနဲ့ အစွန်းက ဟန်ခေတ်ကို ပြနေတာလေ။ ဟန်ခေတ် ချန်ရှားအုတ်ဂူမှာ တွေ့ရတဲ့ မာဝမ်တုပန်းချီလိုပေါ့”

“ကျွန်တော်တို့ အဖွဲ့ကတော့ တကယ့်မိတ်ဖက်ကောင်း ရပြီထင်တယ်”

စုယွီ ရယ်မော၍ ပြောလိုက်သည်။ 

ထို့နောက် ကြေးမီးအိမ်တစ်ခုကို ပြလေ၏။ 

“ဒါက အနောက်ပိုင်းဟန်ခေတ်က ဖုစူသစ်ပင်ပုံ မီးအိမ်ပဲ။ ဒီပစ္စည်းတွေနဲ့တင် အဲ့အုတ်ဂူလည်း တော်တော် ထူးခြားမှန်း သိသာနေပြီ”

ပစ္စည်းများမှာ ရှားပါး၍ အလွန်အဖိုးတန်လေသည်။ 

စုယွီ သက်ပြင်းချကာ 

“လင်းချွမ် ဒါတွေက အစပိုင်းပဲ ရှိသေးတယ်။ ဆက်တူးဖော်နေတုန်းပဲ”

“ဒါနဲ့ နေရာက ဘယ်နားလေးလဲဗျ”

“အန်လင်းမြို့အပြင်ဘက်၊ အန်လင်းတံတားကနေဆို (၁) ကီလိုမီတာလောက်ပဲ ဝေးတယ်”

စုယွီ သူ့ကိုကြည့်၍ ဆက်ကာ

“လင်းရော စိတ်ဝင်စားလား”

“နည်းနည်းပါးပါးပါ”

ချင်ရှီရှီ ရယ်မော၍

“ဒါရိုက်တာက မသိသေးဘူးပဲ။ လင်းချွမ်မှာ တခြား သရုပ်မှန် ရှိသေးတယ်။ အွန်လိုင်းစာရေးဆရာဆိုပေမဲ့ သမိုင်းဝင်ပစ္စည်း တူးဖော်ရေးအကြောင်းလည်း ရေးတယ်”

စုယွီ အံ့ဩစွာဖြင့်

“လုံးဝ မထင်ထားဘူးဗျာ။ ဒါဆို အတူတူလိုက်ကြည့်ရင် နှစ်ဦးနှစ်ဖက် ပိုအဆင်ပြေတာပေါ့”

“ကျေးဇူးပါဗျာ”

လင်းချွမ် ပြုံးရွှင်၍ ပြောလိုက်သည်။ 

“ကျွန်မလည်း လိုက်ခဲ့မယ်”

ချင်ရှီရှီမှ ဝင်ပြောသည်။ 

“မင်းက နိုင်ငံတော်အဆင့်ကို ပြောင်းရတော့မှာပဲ။ ဒီလို ဘာမဟုတ်တာလေးကို စိတ်ဝင်စားလို့လား”

ဒါရိုက်တာမှ စနောက်လိုက်သည်။ 

ချင်ရှီရှီ ရယ်မော၍ 

“ပြောင်းရတော့မှာမို့လို့ ပိုလိုက်ချင်တာပေါ့”

“ကဲပါ။ အတူတူ သွားကြတာပေါ့”

ထို့နောက် အားလုံး ထွက်ခွါသွားကြ၏။ 

မကြာမီ တူးဖော်ရေးနေရာသို့ ရောက်လာကြ၏။ 

ဘေးပတ်လည်တွင် ရဲများ အတားအဆီး လုပ်ထားပြီး စောင့်ကြပ်နေ၏။ 

စုယွီမှ ဦးဆောင်ခေါ်သွားရလေသည်။ 

“လင်း ဟိုဘက်နားက ဟန်ခေတ်အနောက်ပိုင်း ကြေးထည်တွေ ပေါ်တဲ့နေရာလေ”

စုယွီ တစ်ခုချင်း ရှင်းပြနေ၏။ 

“ဒါရိုက်တာ ကျွန်တော် ဟိုဘက်နားလေး သွားကြည့်ချင်လို့”

လင်းချွမ် တောင်ကုန်းလေးတစ်ခုကို ပြ၏။ 

“အဲ့မှာ ထူးခြားတာရှိမယ် ထင်လို့လား”

ချင်ရှီရှီလည်း စိတ်ဝင်တစားလှမ်းကြည့်သည်။ 

“ထူးခြားတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှေးခေတ်မြှုပ်နှံမှုတွေက ဖုန်းရွှေနည်းတွေနဲ့ပဲလို့ ကြားဖူးတယ်လေ။ အပေါ်ကနေ လှမ်းကြည့်တော့ ပိုမြင်ရမလားလို့ပါ”

“လင်းချွမ်ရဲ့အတွေးက တကယ် ထူးခြားတာပဲ”

“ကျွန်မ လိုက်ခဲ့မယ်လေ”

ရှန်ချန်းချန်းမှ ပြုံး၍ ပြောလေသည်။ 

“ကောင်းပါပြီ”

တောင်ကုန်းပေါ် ရောက်ပြီးနောက် လင်းချွမ် မျက်မှောင်ကြုတ်ကြည့်နေသည်။ 

ထို့နောက် ခေါင်းယမ်း၍

“အဲ့လို မဟုတ်သေးဘူး”

“”ဘာကိုလဲ”

“အုတ်ဂူရှိတဲ့နေရာ မဟုတ်ဘူး”

“ဘယ်လို”

ရှန်ချန်းချန်း လန့်ဖျပ်၍ လှည့်ကြည့်ကာ

“ရှင် တကယ် နားလည်တာလား”

လင်းချွမ် ရယ်မော၍ ဘေးပတ်ဝန်းကျင်ကို ဆက်ကြည့်နေသည်။ 

ထိုသို့ သိရှိရန်မှာ အချက် (၂) ချက်သာ လိုပါသည်။ 

ပထမအနေဖြင့် မြေကြောကို ကြည့်ရပြီး ဒုတိယမှာ ရွှံ့မြေအမှတ်အသားနှင့် မြက်အရောင်တို့ ဖြစ်၏။ 

ဒုတိယအချက်မှာ အမှန်တော့ ခက်ခဲလေသည်။ 

ပထဝီမြေပြင်အနေအထားပါ အတော်လေး တတ်ကျွမ်းမှ အဆင်ပြေနိုင်၏။ 

မကြာမီ လင်းချွမ် တစ်နေရာကို စိုက်ကြည့်ရင်း နှုတ်ခမ်းလေးများ ကွေးတက်သွားလေသည်။ 

“ဒါပဲ ဖြစ်ရမယ်”

All Chapters