← Chapters

ပွဲပေးခြင်း

Vol. 14 Ch. 205

ပွဲပေးခြင်း

Vol. 14 Ch. 205

အန်လင်းမြို့၊ ဆင်ခြေဖုံးရပ်ကွက်။ 

တိမ်လွှာများမှာ ကောင်းကင်တစ်လျှောက် ရွေ့လျားနေပြီး နေရောင်ခြည်သည် ရွှေချည်မျှင်ကဲ့သို့ တောင်တန်းပေါ်သို့ ကျရောက်နေ၏။ 

လတ်ဆတ်သော ရွှံ့ရနံ့များ လေညင်းနှင့်အတူ ပါလာပြီး အေးမြမှုကို ပေးစွမ်းနေလေသည်။ 

ဘေးမှလူများ လင်းချွမ်ကို အံ့ဩမှင်တက်စွာ ငေးကြည့်နေကြသည်။ 

ချင်ရှီရှီသည် တိုင်းတာနိုင်သည့် ကိရိယာတစ်ခုကို ပိုက်လျက် ချွေးသီးချွေးပေါက်များကို အာရုံမစိုက်နိုင်ဘဲ ဖြစ်နေ၏။ 

တောက်ပသော မျက်လုံးလေးများမှာ လင်းချွမ်ကို စိုက်ကြည့်၍

“လင်းချွမ် အခု ကျွန်မတို့ ခြေထောက်အောက်မှာ ရှေးအုတ်ဂူရှိနေတယ်လို့ ဆိုလိုတာလား”

လင်းချွမ် တောင်တန်းဘက်ကို တစ်ချက်ကြည့်ပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။ 

ထိုစဉ် ဒါရိုက်တာစုယွီ အနားရောက်လာပြီး လင်းချွမ်ကို ကြည့်၍

“လင်း ဒါနဲ့… ဒီနားမှာ တူးမှာလား”

“စမ်းကြည့်ရမှာပေါ့”

လင်းချွမ် ခေါင်းငြိမ့်သဘောတူလေသည်။ 

စုယွီလည်း ချက်ချင်း ဖုန်းထုတ်၍ အလုပ်သမားများအား လှမ်းခေါ်လိုက်၏။ 

မကြာမီ။ 

မီးခိုးရောင်ယူနီဖောင်းနှင့် တူးဖော်ရေးအလုပ်သမားများ ပစ္စည်းကိရိယာ အစုံအလင်နှင့် ရောက်လာကြသည်။ 

“ဒါရိုက်တာ ဆရာလုနဲ ကျွန်တော်တို့ ဘယ်နား စတူးရမလဲ”

အလုပ်သမားများမှ မေးလေသည်။ 

ဆရာလု ရှက်သလိုပုံ ဖြစ်နေသော်လည်း ဘာမှ ဝင်မပြောပေ။ 

စုယွီသာ လင်းချွမ်ကို လှမ်းကြည့်၏။ 

လင်းချွမ်လည်း နေရာအချို့ သတ်မှတ်ပေးကာ

“ဒီနားကနေ (၈) မီတာလောက်အထိ တူးသွား။ အဲ့တာဆို အုတ်ဂူရဲ့ အင်္ဂတေနေရာနားအထိ ရောက်လိမ့်မယ်”

“လင်းပြောတဲ့အတိုင်း လုပ်ကြ”

ဒါရိုက်တာစုယွီမှ ပြောလိုက်သည်။ 

အလုပ်သမားများလည်း ပစ္စည်းများယူ၍ စလှုပ်ရှားကြ၏။ 

ချင်ရှီရှီသည် အရှေ့ဆုံးမှ လိုက်ကြည့်ကာ လိုအပ်သည်များကို စီစဉ်မှာကြားနေသည်။ 

ထို့နောက် ကိုယ်တိုင်ပင် ဝင်တူးနေလေ၏။ 

အားလုံး အလုပ်သမားများ၏ တူးဖော်မှုကိုသာ အာရုံစိုက်၍ လင်းချွမ် အကဲဖြတ်မှု မှန်မမှန်ကို စိတ်ဝင်စားနေကြသည်။ 

သူ ကနဦးစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း နောက်ဆုံးရလဒ် မထွက်လာသေးသရွေ့ မှန်သည် မှားသည် မသေချာသေးပေ။ 

အုတ်ဂူအစစ်ကိုတွေ့မှ သက်ပြင်းချနိုင်ပေမည်။ 

“လင်းချွမ် ဒီအောက်မှာ တကယ်ပဲ ရှေးအုတ်ဂူ ရှိနေတာလား”

သစ်ပင်ရိပ်အောက်တွင် ရပ်နေရင်း ရှန်ချန်းချန်း လင်းချွမ်အား တစ်ရှူးလှမ်းပေးကာ မေးလိုက်သည်။ 

“(၉၀) ရာခိုင်နှုန်းလောက်ပေါ့”

လင်းချွမ် နဖူးမှချွေးများကို သုတ်ရင်း ပြောလေသည်။ 

“အရင်ခေတ်က သိုက်တူးသမားတွေလည်း ဒီလိုနည်းတွေ သုံးတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ရှာဖွေမှုမစခင် ပွဲပေးတာ ဘာညာလည်း ရှိတယ်။ အဲ့တာက ဘာအတွက်လဲဟင်”

ရှန်ချန်းချန်း စိတ်ဝင်တစား မေးလိုက်၏။ 

လင်းချွမ် ခပ်လှမ်းလှမ်းမှ တောင်များကို လှမ်းကြည့်ကာ ပြုံး၍

“ဂိုဏ်းအမျိုးမျိုး၊ လေ့ကျင့်မှုအမျိုးမျိုး ရှိကြတယ်ဗျ။ သိုက်တူးသမားတွေမှာ ရိုးရာအယူအဆတွေလည်း ရှိကြတယ်။ တချို့ဆို အမွှေးတိုင်ထွန်းပြီး ဆုတောင်းတာမျိုးပေါ့”

“ရှင်ကရော ဘာလို့မလုပ်တာလဲ”

ရှန်ချန်းချန်း ပြုံး၍ မေး၏။ 

“ကျွန်တော်တို့ကျောင်း…”

သူ တစ်ခုခု ပြောရန်ပြင်ပြီးမှ ရှန်ချန်းချန်းလက် လှည့်ကြည့်ကာ

“ရဲမေရှမ်ကလည်း ကျွန်တော့်ကို ချောင်ပိတ်မေးနေတော့တာပဲနော်”

ရှန်ချန်းချန်းပြုံး၍

“အဲ့လို မဟုတ်ပါဘူး”

“မိတော့မလို့ဗျာ”

လင်းချွမ် ရယ်မောလျက် ပြော၏။ 

“ရှင့်အရည်အချင်းက ထူးခြားတော့ စိတ်ဝင်စားလို့ပါ”

“ချန်းချန်းရယ် ကျွန်တော့်ကို မသိဘူးလား။ ကျွန်တော်က ရိုးသားပါတယ်။ တရားခံလို မဆက်ဆံပါနဲ့တော့”

“ရှင့်အကြောင်း သိလွန်းလို့ စိုးရိမ်နေရတာပေါ့။ ရှင့်မှာ ပြောပြလို့မရတဲ့ အတိတ် ရှိနေသလိုပဲ။ အဲ့လိုဆို ပိုသိချင်ရော”

ရှန်ချန်းချန်း နောက်လိုက်သည်။ 

“သန့်စင်တဲ့ဘဝနဲ့ အောင်မြင်မှုတွေကို သင်္ကာမကင်း မဖြစ်ပါနဲ့ဗျာ”

လင်းချွမ် အားရပါးရ ရယ်မိ၏။ 

“အဲ့တော့ ရှင်က သိုက်တူးသမား မဟုတ်ဘူးပေါ့”

ရှန်ချန်းချန်း ထပ်မေးလေသည်။ 

“အဟမ်း လုံးဝ မဟုတ်ဘူးပေါ့”

လင်းချွမ် ခုခံပြောဆိုလိုက်၏။ 

အမှန်ပင် ရှန်ချန်းချန်း အားလုံးကို သိနေသည်။ သူ့ပထမဆုံးအမှုမှစ၍ အားလုံးနီးပါး သူကိုယ်တိုင် ဖမ်းခဲ့ခြင်း ဖြစ်သည်။ 

လင်းချွမ်လည်း ပြင်ပဘဝတွင် တကယ် ပြုလုပ်ခြင်း မဟုတ်၍ ခံငြင်းနေလိုက်သည်။ 

“လင်းချွမ် ကျွန်မ တစ်ခုလောက် မေးလို့ရမလား”

ရှန်ချန်းချန်း ပြုံး၍ ပြော၏။ 

“မေးလေ”

“အခုခေတ် အွန်လိုင်းဆရာတွေက ဒီလိုပဲ အပြိုင်အဆိုင် များကြတာလား။ အကြောင်းအရာတစ်ခုကို ရေးတော့မယ်ဆိုရင် အားလုံး သိနေရမှာလေ”

လင်းချွမ် ခဏစဉ်းစား၍

“အရမ်းပြိုင်ဆိုင်မှု များတာပေါ့”

သူ အရင်ရေးခဲ့သော သာမာန်အချစ်ဇာတ်လမ်းများမှာ အနောက်တွင် ကျန်ခဲ့လေပြီ။ 

အရည်အချင်းတစ်ခုခု မရှိဘဲ ဤလောကတွင် မရပ်တည်နိုင်ပါ။ 

လတ်ဆတ်သော လေပြည်များ တိုက်ခတ်လျက် ရှန်ချန်းချန်း ဆံနွယ်များ တလွင့်လွင့် ဖြစ်နေသည်။ 

အလုပ်သမားများလည်း ပေါက်ပြားဖြင့် တူးဆွရင်း ကြိုးစားနေကြ၏။ 

ချွေးသီးများမှာ ခန္ဓာကိုယ်မှ မြေပြင်အထိပါ တတောက်တောက် ကျနေသည်။ 

မကြာမီ (၈) မီတာစလုံး တူးဖော်ပြီးသွား၏။ 

အုတ်ဂူနှင့် အတော်နီးလာသော အခြေအနေဟု ဆိုနိုင်ပါသည်။ 

ထိုစဉ် အလုပ်သမားလေးတစ်ဦး ပေါက်တူးဖြင့် ဆက်ပေါက်ရင်း ကျောက်တုံးကဲ့သို့ မာကျောကျောအရာကို စမ်းမိသွားသည်။ 

ထို့နောက် အပါ်မှ အညစ်အကြေးများကို ဖယ်ကာ အဝတ်စုတ်ဖြင့် သုတ်လိုက်ပြီး ကျောက်ပြားတစ်ခု ပေါ်လာလေ၏။ 

ကျောက်ပြားမျက်နှာပြင်မှာ ချောမွတ်နေပြီး တမင် ပြုလုပ်ထားပုံ ပေါ်သည်။ 

All Chapters