အုတ်ဂူထဲ ဘယ်လိုဝင်မလဲ
Vol. 14 Ch. 206
အလုပ်သမားများမှ ဝမ်းသာအားရ လှမ်းအော်လေသည်။
“ဒီကိုလာကြည့်ပါဦး။ တစ်ခုခု တွေ့ပြီ ထင်တယ်”
“ဘာတွေ့တာလဲ”
စုယွီ အမြန် လှမ်းမေး၏။
“ကျောက်ပြားတစ်ခုခုကိုပါ”
သူ စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။
စုယွီလည်း မျက်လုံးအရောင်လက်၍ ပြုံးရွှင်ကာ
“တွေ့သွားပြီ။ တကယ် တွေ့သွားပြီကွ”
ချင်ရှီရှီလည်း အနားရောက်လာပြီး သေချာကြည့်လိုက်သည်။
“တကယ် ရှိနေတာပဲ”
သူ မှင်တက်စွာ ရပ်ကြည့်ရင်း ရေရွတ်မိ၏။
လင်းချွမ်၍ ယူဆချက်မှာ ကွက်တိ မှန်နေလေသည်။
“ဒါရိုက်တာ ကျွန်မတို့ ဘယ်လို ဆက်တူးကြမလဲ”
ချင်ရှီရှီမှ မေးလိုက်သည်။
ထိုစဉ် ဆရာလုမှာ သူ့အရည်အချင်းကို ကြွားချင်၍
“ဒါရိုက်တာ ကျွန်တော် ဒါမျိုးတွေနဲ့ ရင်းနှီးပါတယ်။ ဆက်လုပ်လိုက်မယ်လေ”
“ဆရာလု စိတ်လှုပ်ရှားနေတာ နားလည်ပါတယ်။ ဒါပေမဲ့ အရမ်း မလောပါနဲ့ဦး”
ဒါရိုက်တာ လက်ပြ၍ ပြော၏။
ထို့နောက် လင်းချွမ်အနား လျှောက်သွားကာ ပြုံးရွှင်၍ လက်မထောင်လျက်
“လင်းကတော့ တကယ်ကို အမြင်စူးရှလွန်းတာပဲ”
“ကံကောင်းသွားတာပါဗျာ”
လင်းချွမ် နှိမ့်ချ၍ ပြန်ဖြေသည်။
သူ ပုံရိပ်ယောင်လောကမှ ရရှိထားသော အရည်အချင်းများဖြင့် အဆင်ပြေသွားခြင်း ဖြစ်၏။
“နောက်တော့ရော ဘယ်နား ဆက်တူးရမလဲ”
စုယွီ လင်းချွမ်အား တိုင်ပင်သလို မေးသည်။
လင်းချွမ် တောင်တန်းများဘက် လှမ်းကြည့်၍ စိတ်ထဲမှ ဆုံးဖြတ်ကာ ပြုံးလျက်
“အလုပ်ရုံမှာတုန်းက တွေ့ခဲ့တဲ့ ပစ္စည်း (၂) ခုကို ကြည့်ခြင်းအားဖြင့် အုတ်ဂူပိုင်ရှင်က တော်တော် ရာထူးကြီးကြီးထဲက ဖြစ်ရမယ်။ အနိမ့်ဆုံး အစိုးရအရာရှိလောက်ပေါ့”
“လင်း သုံးသပ်ပြတာ သိပ်ကောင်းတာပဲ”
စုယွီ ခေါင်းငြိမ့် ထောက်ခံလေသည်။
“ပထဝီနဲ့ မြေပြင်သဘောအရ တောင်တန်းကို ဦးတည်တာက နဂါးခေါင်းတဲ့”
လင်းချွမ် တောင်ထိပ်ကို လက်ညှိုးထိုးပြကာ
“ဟိုဘက်ခြမ်းမှာက နဂါးအမြီးပေါ့။ အဲ့တော့ ဒီရှေးအုတ်ဂူရဲ့ ဒီဇိုင်းမှာ မြောက်ဘက်ကို ဦးတည်လောက်တယ်။ ခြေရင်းက တောင်ဘက်ပေါ့။ ဟန်ခေတ် အုတ်ဂူတွေလည်း ဒီသဘောပဲ”
“ကျွန်တော်လည်း အဲ့လိုတွေးနေတာ”
ဆရာလုမှ ဝင်ပြော၏။
သို့သော် မည်သူမျှ အဖက်မလုပ်မှန်း ခံစားရလေသည်။
စုယွီမှာ လင်းချွမ်ကိုသာ မျက်စိကျနေ၏။
ထို့နောက် လင်းချွမ်ပြောသည့်အတိုင်း လိုက်တူး၍ အုတ်ဂူဝင်ပေါက်အား ရှာကြသည်။
သိုက်တူးသမားများနှင့် ကွာခြားသည်မှာတော့ ထိန်းသိမ်းရေးအဖွဲ့သည် ပစ္စည်းကို ကာကွယ်ပြီး သိုက်တူးသူများမှာ ဖျက်ဆီးပစ်ကြလေသည်။
လင်းချွမ်တစ်ယောက် ပုံရိပ်ယောင်လောက၌ ထိုစည်းမျဉ်းများကို ဂရုစိုက်မည် မဟုတ်သော်လည်း လက်တွေ့တွင် ဂရုတစိုက် စဉ်းစားနေရသည်။
အလုပ်သမားများ ပိုများလာပြီး ကြိုးစားမှုကြောင့် (၂) နာရီကျော်ခန့်တွင် အုတ်ဂူအပေါ်ပိုင်း ပေါ်လာတော့၏။
ထိုအခါ လင်းချွမ်ပြောသည့်အတိုင်း တောင်ဘက်တွင် ဦးခေါင်းပိုင်း ရှိနေသည်။
ဝင်ပေါက်၌ မီးခိုးစိမ်းရောင် ကျောက်တုံးကြီးအား လူအင်အားဖြင့် ဖယ်ရှားရ၏။
လင်းချွမ် အနီးကပ်ကြည့်လိုက်သောအခါ တိရစ္ဆာန်ပုံ ရေးဆွဲခါးပြီး ကျားဖြူနှင့် တူသည်။
အုတ်ဂူအစောင့်အဖြစ် သတ်မှတ်ထားပုံ ရ၏။
ကျားပါးစပ်နားတွင် အပေါက် (၂) ခုရှိပြီး အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။
“ဖြတ်စက် ယူခဲ့ပါဦး”
ဆရာလု စိတ်လှုပ်ရှားစွာ လှမ်းအော်သည်။
အုတ်ဂူထဲဝင်ရန် အချိန်ကျလေပြီ။
ခေတ်မီလာသော ယခုခေတ်တွင် ကိရိယာကို သုံး၍ အချိန်ကုန်သက်သာစေရန် ပြုလုပ်ကြသည်။
ဆရာလု လင်းချွမ်အား ပြုံး၍ ကြည့်လျက်
“လင်းက နေရာရှာတာ တော်ပေမဲ့ အုတ်ဂူထဲ ဝင်တဲ့အခါမှာတော့ ကျွန်တော်တို့လို ဝါရင့်တွေကို မမီနိုင်ဘူး။ ဘယ်လိုသုံးပြီး ဘယ်လိုလုပ်ရလဲ သေချာ ကြည့်ထားနော်။ နောက်လည်း အသုံးဝင်မှာပါ”
လင်းချွမ် ဖြတ်စက်အား ကြည့်၍
“ဆရာလု အဲ့တာ တကယ် လိုလို့လား”
“ဒါ မလိုဘဲ ဘယ်လိုလုပ်မလို့လဲ”
ဆရာလု ကြွားဝါရန် တွေးထားသော်လည်း လင်းချွမ်စကားကြောင့် မျက်မှောင်ကြုတ်သွားမိ၏။
“ဒီဖြတ်စက်မရှိတဲ့ နေရာမှာသာဆို ဘယ်လိုလုပ်မလဲ။ အုတ်ဂူထဲ မဝင်ရတော့ဘူးလား”
လင်းချွမ် ပြန်မေးလိုက်သည်။
ဆရာလု စွံ့အနေမိသည်။
အမှန်ပင် ထိုခေတ်မီကိရိယာများ မရှိပါက တစ်ဖွဲ့လုံး အလကား ဖြစ်သွား၏။