သိုက်တူးသမား
Vol. 14 Ch. 209
ယခုအခါ လင်းချွမ်သည် ထိုသမိုင်းဝင်ပစ္စည်း ရှာဖွေရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေ၏။
သူပြုလုပ်နိုင်သော အရည်အချင်းမှာလည်း စုယွီပင် သိမ်ငယ်ရလေသည်။
လင်းချွမ် ဦးဆောင်၍ ကျောက်တံခါးကို ဖြတ်လာခဲ့၏။
ပိတ်ထားတာကြာသော ရှေးအိမ်ကြီးထဲ ဝင်ရသကဲ့သို့ အပျက်အစီးပစ္စည်းများထံမှ မှိုနံ့များ ထောင်းခနဲ ရလိုက်သည်။
သို့သော် ဟန်ခေတ်အနောက်ပိုင်း ထိုအုတ်ဂူမှာ မည်သူမျှ ထိတွေ့ရသေးပုံ မပေါ်ချေ။
အုတ်ဂူထဲ၌ မြေစာပုံအချို့ တွေ့ရပြီး အရှေ့၌ မြေအောက်သို့ ဆင်းနိုင်သည့် လမ်းလျှောလေး ရှိနေသည်။
လမ်းတစ်လျှောက်တွင် ပန်းချီကားများစွာ ချိတ်ဆွဲထားပြီး ငှက်များ၊ သားကောင်ကြီးများ၊ အင်းစက်များ၊ ငါးများနှင့် လူသား အဝတ်အစားပုံ စသဖြင့် ရှေးဟောင်းအပြင်အဆင်များကို တွေ့ရ၏။
ကျောက်တံခါးမှာ ခပ်ကျယ်ကျယ် ပွင့်သွားပြီး၍ အခြားအလုပ်သမားများလည်း အောက်ဆီဂျင်အိုးများ သယ်ကာ လိုက်လာကြသည်။
လင်းချွမ်ကတော့ ရှေ့ဆုံးမှ ဓာတ်မီးထိုးရင်း ဦးဆောင်သွားသည်။
တဖြည်းဖြည်း အောက်သို့ရောက်လာသောအခါ ပင့်ကူမျှင်များ ရှုပ်ထွေး၍ အခန်းထောင့်၌ အရိုးစုအချို့ ရှိနေသည်။
ချင်ရှီရှီနှင့် ရှန်ချန်းချန်းတို့နှစ်ဦးမှာတော့ ကြောက်ရွံ့ထိတ်လန့်နေပုံ မရှိပေ။
သူတို့အတွက် အရိုးစုမျှမှာ ထူးဆန်းသောကိစ္စ မဟုတ်။
“ဒါ အုတ်ဂူကို ဆောက်ခဲ့တဲ့သူတွေ ဖြစ်မယ်”
လင်းချွမ် အခန်းကို ဝေ့ဝဲကြည့်ပြီးနောက် ရေရွတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သိုက်တူးသမားများ၏ ဂူဖောက်ထားပြီးသော ခြေရာလက်ရာ မတွေ့ရချေ။
ရှေးခေတ်က ကြီးမားခန့်ထည်သော အုတ်ဂူများ တည်ဆောက်ရန် ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါသည်။
သို့သော် တည်ဆောက်မှု ပြီးစီးသောအခါ ထိုပညာရှင်များမှာ ပြန်မထွက်နိုင်ဘဲ အထဲ၌သာ အဆိပ်ခတ်ခံရတတ်၏။
အကြောင်းအရင်းမှာမူ အုတ်ဂူပိုင်ရှင် ဖြစ်လာမည့်သူသည် သူ့အုတ်ဂူလျှို့ဝှက်ချက် ပေါက်ကြားကာ သိုက်တူးခြင်းများ ဖြစ်လာမည်စိုး၍ပင်။
အားလုံး သဘောတူလိုက်မိသည်။
လင်းချွမ် အခန်းကို လေ့လာရင်း မှန်ဘီလူးထဲမှ တွေ့ခဲ့ရသော အခြေအနေကို သုံးသပ်နေ၏။
အခေါင်းများကို အစီအစဉ်တကျ ချထားပြီး အုတ်ဂူအလယ်၌ ပန်းကနုတ်များ ဖော်ထားသည့် ကြေးအခေါင်း ရှိနေသည်။
ထိုဘေးနှစ်ဖက်၌ အခြား သစ်သားအခေါင်း (၂) ခု တွေ့ရသည်။
အခေါင်းများအားလုံးကိုတော့ ဖယောင်းဖြင့် ပိတ်ထားလေသည်။
စုယွီမှ
“ကျွန်တော်တို့တော့ အန်လင်းက အုတ်ဂူအကြီးစားကို ရှာတွေ့သွားတာပဲ”
“အမှန်ပဲ”
ဆရာလုလည်း ဝင်ထောက်ခံ၏။
“အားလုံး စာရေးဆရာလင်းကြောင့်ပါ။ အကြွေးတင်သွားပါပြီ”
ချင်ရှီရှီ လင်းချွမ်ကိုကြည့်၍ ပြောလိုက်သည်။
မီးရောင်ခပ်မှိန်မှိန်အောက်တွင် လင်းချွမ်မျက်နှာမှာ မှော်ဆန်နေလေသည်။
သူသာ အမျိုးသားယဉ်ကျေးမှုနဲ့ သမိုင်းဝင်ပစ္စည်း ထိန်းသိမ်းရေးအဖွဲ့ထဲ ဝင်လျှင် အတိုင်းထက်အလွန်ပင်။
“ဟုတ်ပါ့။ ဒီလိုရှာတွေ့တာ ဆရာလင်းကျေးဇူးကြောင့်ပါ”
စုယွီ အားရပါးရ ရယ်မော၍ ကျေနပ်စွာ ပြောလေသည်။
သူထမ်းထားရသော ဖိအားများလည်း အတော်လေး လျော့သွား၏။
Iမနက်ဖြန် သတင်းထဲ လွှင့်လိုက်လျှင်တော့ သူတို့နယ်ပယ်တွင် အတော်လေး လှုပ်ခတ်သွားမည် ဖြစ်သည်။
အုတ်ဂူပိုင်ရှင်မှာလည်း သာမာန် ဖြစ်တည်မှုမျိုး မဟုတ်ချေ။
“ကျွန်တော့်စိတ်ဝင်စားမှုနောက် လိုက်ရင်းနဲ့ တိုက်ဆိုင်သွားတာပါ”
လင်းချွမ် ပြုံး၍ ပြန်ပြောသည်။
အားလုံး ပြုံးပျော်နေကြသည်မှာတော့ သိသာလှ၏။
အစပိုင်းက လင်းချွမ်ကို အထင်သေး အမြင်မကြည်ခဲ့သော ဆရာလုပင် သတင်းထောက်များ၏ မေးခွန်းများကို မည်သို့ဖြေရန် ကြိုစဉ်းစားနေလေပြီ။
ပြည်သူလူထု၏ စိတ်ဝင်စားမှုမှာ အံ့မခန်း ဖြစ်လာလိမ့်မည်။
သူတို့ အခေါင်းများကိုတော့ ချက်ချင်းမဖွင့်ကြပေ။
အလင်းရောင်မှိန်မှိန်အောက်တွင် ဖွင့်ရန် အဆင်မပြေသောကြောင့် အဖွဲ့အစည်းရုံးခန်းသို့ သယ်ကာ လုံခြုံမှုရှိမှ ဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက် ပစ္စည်းများ အထားအသိုနှင့် စာရင်းကို သေချာမှတ်နေ၏။
ပြီးမှ လင်းချွမ် ပြန်ဦးဆောင်၍ ထွက်လာလိုက်ကြသည်။
အပြင်ရောက်သောအခါ လင်းချွမ်နှင့် ရှန်ချင်းချင်းတို့ အတူထွက်သွားပြီး စုယွီ၊ ဆရာလုနှင့် ချင်ရှီရှီတို့မှာတော့ အလုပ်များ လက်စသတ်ရန် ရုံးခန်းသို့ ပြန်ကြသည်။
ညနေစောင်း နေဝင်ချိန်ပင် ရောက်နေလေပြီ။
လုံးဝ မမှောင်သေးသော်လည်း နေရောင်ခြည်သည် နေ့လယ်ခင်းကဲ့သို့ မတောက်ပတော့ဘဲ ခပ်နွေးနွေးမျှသာ ကျန်၏။
ကောင်းကင်သည် အပြာနုရောင်သမ်းနေပြီး ဖြူလွလွ တိမ်တိုက်များ ဖြည်းညင်းပျင်းရိစွာ လှုပ်ရှားနေသောကြောင့် ပန်းချီကား တစ်ချပ်နှယ် လှပနေလေသည်။
ကျေးငှက်များ၍ အိပ်တန်းတက်သံ တစာစာမှာလည်း လောကကို အသက်ဝင်စေ၏။
“ဒါရိုက်တာ ဟိုကောင်လေးအရည်အချင်းက အရမ်း မြင့်လွန်းနေတာပဲ။ သိုက်တူးသမားများ မဖြစ်နိုင်ဘူးလား”
ဆရာလုမှ ခပ်လှမ်းလှမ်း ရောက်သွားသော လင်းချွမ်ကို လှမ်းကြည့်ကာ ပြောလေသည်။
“သိုက်တူးသမားလား”
စုယွီ အံ့ဩသွား၏။
ထို့နောက် လင်းချွမ်အား ပြန်ငေးကြည့်နေမိသည်။