အလုပ်အသစ်၏ အခက်အခဲ
Vol. 14 Ch. 201
ပုံရိပ်ယောင်လောက။
ကြယ် (၇) ပွင့် လုဘုရင်နန်းတော်။
မနက်စောစောအချိန် လင်းချွမ်၏ ရှေးဟောင်းပစ္စည်းဆိုင်လေးတွင် ဝင်ပေါက်တံခါး အနည်းငယ်ပွင့်လျက် နေရောင်ခြည်များ တိုးဝင်နေသည်။
လင်းချွမ် ရတနာမြေပုံဖြစ်မှန်း သေချာပြီးနောက် တိကျသော အစီအစဉ် ဆွဲရပါသည်။
စိတ်မရှည်ဘဲ လောနေတတ်သူများအဖို့ ထိုလုပ်ငန်းတွင် အောင်မြင်မှု မရနိုင်ပါ။
အုတ်ဂူထဲ မပြင်ဆင်ဘဲ ဝင်ခြင်းသည် ကိုဘ့်အတွက် တူးခြင်းသာ ဖြစ်နေလိမ့်မည်။
လင်းချွမ် တည်ငြိမ်စွာ စီစဉ်နေ၏။
ယခုလုပ်ငန်းပေါ် မူတည်ကာ ဒုတိယအတွေ့အကြုံရမရ ဆုံးဖြတ်ခံရမည်ဖြစ်၏။
ထို့ကြောင့် ပြင်ဆင်လေ အကျိုးအမြတ်များလေပင်။
“ကဲ ကြိုးစားလိုက်ကြတာပေါ့။ ပေးထားတဲ့ အရည်အချင်းကတော့ ရောက်မှ သိတော့မယ်”
လင်းချွမ် ရေရွတ်လိုက်မိသည်။
သူ သိုက်တူးသည့်အရည်အချင်း ရရှိထားသော်လည်း မသုံးဖူးသေး၍ အခြေအနေကို မခန့်မှန်းနိုင်ပါ။
လက်ချောင်းနည်းလမ်းတော့ အရင်သုံးရမည်။
အုတ်ဂူများထဲတွင် တစ်ခါတစ်ရံ စက်ယန္တရားများ ပါဝင်တတ်၏။ အချို့အခေါင်းများမှာ ယန္တရားများဖြင့်ပိတ်ကာ အပေါက်ငယ်လေးတစ်ခုသာ ချန်ထားသည်။
ထို့ကြောင့် ယန္တရားကို ဖျက်ဆီးရန်မှာ ထိုအပေါက်ငယ်ထဲ လက်ချောင်းထည့်၍ အထဲမှ အခြေအနေကို စူးစမ်းပြီးမှ အင်အားသုံးရပါသည်။
ထို့ကြောင့် လက်ချောင်းနည်းလမ်းဟု ခေါ်ခြင်း ဖြစ်၏။
ထို့နောက် ဆိုင်အနောက်ဘက်တွင် လင်းချွမ် ကျောက်မီးသွေးများ ပြည့်နေသော ချိုင့်တစ်ခုကို တွေ့ရ၏။
ထိုထဲတွင် ဥအချို့ကိုလည်း မြှုပ်နှံထားလေသည်။
ကျောက်မီးသွေးများကြားမှ ဥကို လက်ချောင်းလေးဖြင့် ယူနိုင်ရန်မှာ သူ့အတွက် လေ့ကျင့်ခြင်းပင်။
“စမ်းကြည့်တာပေါ့”
လင်းချွမ် ထိုကျောက်မီးသွေးများကိုကြည့်ကာ တွေဝေသွားသော်လည်း လေ့ကျင့်ရန်သာ ဆုံးဖြတ်လိုက်သည်။
လက်တွေ့ဘဝ၌ ချောမွေ့သောဘဝရရှိရန် ပုံရိပ်ယောင်လောကတွင် ခက်ခဲရပေမည်။
ပုံရိပ်ယောင်လောကထဲ အမှားလုပ်မိလျှင် ကိစ္စ မရှိသော်လည်း လက်တွေ့ဘဝတွင် အမှားမခံပါ။
လင်းချွမ် ချက်ချင်း အာရုံစိုက်လိုက်၏။
ထို့နောက် လျှပ်စီးအလျင်ဖြင့် အမြန်လှမ်းယူရန် ကြိုးစားကြည့်သည်။
ရုတ်တရက် လက်ချောင်းများတွင် ပူလောင်သော ခံစားချက်ရလိုက်ပြီး အံကြိတ်၍ ဥကိုထိကာ အမြန် ဆွဲယူလိုက်သည်။
ဟူး—
သူ့လက်ထဲမှ ဥလေးကိုကြည့်ကာ သက်ပြင်းချမိ၏။
ထို့နောက် ဆက်တိုက်ကြိုးစားရင်း တဖြည်းဖြည်း အဆင်ပြေလာသည်။
လင်းချွမ် ဂုဏ်ယူစွာပြုံးလျက်
“ဒီအရည်အချင်းနဲ့ဆိုရင် တကယ့် သိုက်တူးသမား ခေါင်းဆောင် ဖြစ်လာတော့မှာပဲ”
အမှန်ပင် ထိုလက်ချောင်းနည်းမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးမျှ ကျွမ်းကျင်နိုင်ခြင်းဖြစ်သည်။
လင်းချွမ်ကတော့ ပါရမီရှင်ဟု ဆိုနိုင်၏။
သို့သော် အမှန်တကယ် အုတ်ဂူဖော်ရာတွင်မူ ဤမျှလောက် မလွယ်ပေ။
ယန္တရားသဘောကို နားလည်ကာ အင်အားလည်း သုံးရသေးသည်။
အလွန်အန္တရာယ်များသော အဆင့်ဖြစ်လေ၏။
ထိုအပေါက်ငယ်ထဲတွင် မည်သို့သောအရာ ရှိနေသည်ကိုလည်း မသိနိုင်ပေ။
လက်ချောင်းနည်းကို အသုံးပြုသော သိုက်တူးသမား အများစုမှာ လက်ညှိုး၊ လက်ခလယ်တို့ ကျိုးနေတတ်၏။
အဆိုးဆုံးအခြေအနေမှာ ညာဘက်လက်တစ်ခုလုံး ပျက်စီးသွားနိုင်လေသည်။
ထို့ကြောင့် အရာရာတွင် တန်ကြေးရှိ၏။
ပုံရိပ်ယောင်လောကမှ လင်းချွမ်မိသားစုမှာ မျိုးရိုးစဉ်ဆက် သိုက်တူးခဲ့ခြင်းကြောင့် ယန္တရား ပုံစံခွက်များလည်း ရှိနေသည်။
လင်းချွမ် လိုက်ရှာရင်း မကြာမီ ကျောက်သားယန္တရားတစ်ခုကို တွေ့ရ၏။
အုတ်ဂူများထဲတွင် ထိုယန္တရား အသုံးများပြီး ပညာရှင်တိုင်းတွင် ရှိကြသည်။
ထိုကဲ့သို့ယန္တရားမှာ ကျောက်တုံးထဲ မြှုပ်ထားပြီး လက်ချောင်းနည်းကို အသုံးပြုရန် လိုအပ်သည်။
အနည်းငယ် မှားယွင်းသည်နှင့် လျှို့ဝှက်မြှားများ ပစ်လွှတ်ကာ သေဆုံးသည်အထိ ဖြစ်နိုင်၏။
လင်းချွမ် တွေ့ထားသော ကျောက်သားယန္တရားမှာ တံခါး (၂) ဖက်ရှိပြီး (၂) စင်တီခန့် အပေါက်လေးများ ပါဝင်ကာ လက်ချောင်းတစ်ချောင်းမျှသာ ဆံ့လေသည်။
လင်းချွမ် စနစ်မှရရှိထားသော အရည်အချင်းကို စဉ်းစား၍ အသုံးချလေသည်။
သော့ဖျက်ခြင်းနည်းနှင့် ဆင်တူ၏။
အထဲတွင် ရှိနေသော မညီညာမှုများအား စမ်းသပ်ကာ ဆုံးဖြတ်ရခြင်း ဖြစ်သည်။
သို့သော် လင်းချွမ်မှာ သော့ပြင်ခြင်းပညာလည်း တတ်မြောက်ထားသောကြောင့် ကိုင်တွယ်ရန် မခက်ခဲလှပေ။
မကြာမီ သူ ဘုသီးနှစ်ခုကို စမ်းမိကာ အဓိကသော့ချက်ဖြစ်ကြောင်း ရှာတွေ့သွားသည်။
လင်းချွမ် သူ့လက်ချောင်းများဖြင့် ခပ်သွက်သွက် နှိပ်ချလိုက်ရာ (၂) မီတာမျှမြင့်သော ကျောက်သားကြီး တဖြည်းဖြည်း ပွင့်လာ၏။
“ရသွားပြီ”
သာမာန်လေ့ကျင့်ခြင်းမျှ ဖြစ်သော်လည်း လင်းချွမ် အလွန်ပျော်ရွှင်နေမိသည်။
လက်တွေ့ တူးဖော်ရာတွင်တော့ ပစ္စည်းကိရိယာများစွာ လိုအပ်ပါသေးသည်။
ထို့ကြောင့် ဈေးတွင် ရက်ပိုင်းမျှ လျှို့ဝှက်ပစ္စည်းများ ဝယ်ကာ အားလုံး ပြင်ဆင်ပြီးနောက် ခရီးစတင်လေ၏
အုတ်ဂူတူးဖော်ခြင်းမှာ တစ်ဦးတစ်ယောက်တည်း ပြုလုပ်နိုင်သောအရာ မဟုတ်ပေ။
လင်းချွမ်နှင့်အတူ အခြား (၃) ဦး ထပ်ပါလေသည်။
တာကွေ့၊ ဆရာဖန်နှင့် လူငယ်လေးတစ်ဦးတို့ ဖြစ်သည်။
ထိုလူငယ်လေးမှာ နဂါးချိုင့်ဝှမ်းမှ ရွှေနက်ဓားကိုပင် ယူဆောင်လာနိုင်သူ ဖြစ်၏။
သို့သော် ခပ်မှုန်ကုပ်ကုပ်နေတတ်၏။
တတိယဦးလေးမှ ထောက်ခံ၍ ခေါ်သွားခိုင်းသောကြောင့်သာ ပါလာခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယခုခရီးစဉ်၌ လင်းချွမ်မှာ လူသစ်ဖြစ်လေ၏။
ဤသို့ဖြင့် သူတို့အဖွဲ့ တောင်အထပ်ထပ် ကျော်လွန်ပြီးနောက် ရွာလေးတစ်ခုသို့ ရောက်လာသည်။
ထို့နောက် ရွာထဲတွင် အချက်အလက်များ လိုက်လံစုံစမ်းရလေသည်။
နောက်ဆုံး နေရာတစ်ခုသတ်မှတ်ပြီးမှ စတင်တူးဖော်ရ၏။
သူ့ဦးလေးတာကွေ့နှင့် ဆရာပန်တို့မှာ အလွန်ကျွမ်းကျင်နေကြပြီးဖြစ်ကာ မှုန်ကုပ်ကုပ်လူငယ်လေးနှင့် လင်းချွမ်တို့၏ အင်အားကြောင့် အချိန်ခဏအတွင်း (၈) မီတာအထိ တူးပြီးသွားသည်။
သို့သော် မြေအောက်တွင် အုတ်နံရံတစ်ခု ပေါ်လာ၍ နားမလည်နိုင် ဖြစ်သွားရသည်။
တာကွေ့ အစက အုတ်နံရံကို ဖြိုရန် တွေးလိုက်သော်လည်း လူငယ်လေးမှ အမြန်လှမ်းတားသည်။
အထဲတွင် ခိုးယူမှု တားဆီးသည့်နည်းပညာ ပါဝင်နိုင်ပြီး မ၍ဆွဲထုတ်မှ ဖြစ်မည်။
သူ ထိုအုတ်နံရံအား စမ်းသပ်၍ လက်ချောင်းအားဖြင့် ဆွဲလိုက်သည်။
ဝှစ်!
“သူလည်း လက်ချောင်းနည်းလမ်း တော်တာပဲ”
လင်းချွမ် လေးစားသွား၏။
ထို့နောက် သူလည်း ဘေးမှ ဝင်ကူလေသည်။
မကြာမီ နံရံဘေးများကို အက်ဆစ်ရည်လောင်း၍ ကာကွယ်ထားသည်ကို သိလိုက်ရ၏။
လူငယ်လေးမှာ ချက်ချင်း သတိထားမိသည်နှင့် တာကွေ့အား အောက်သို့ ဆက်တူးကာ ပလတ်စတစ်လမ်းကြောင်းတစ်လျှောက် အပူပေး၍ အက်စစ်များ အရည်ပျော်စေသည်။
“နားလည်ပြီ”
လင်းချွမ် ထိုအခါမှ သဘောပေါက်သွားတော့၏။
သူ့အရင်အတွေ့အကြုံများအရ ဓာတုပစ္စည်းများ အကြောင်းလည်း နားလည်ပါသည်။
သူတို့ အောက်ကို ဆက်တူးရင်း ကျောက်သားအခေါင်းနှင့် မြေအောက် ဆက်သွားနိုင်သည့် လမ်းကြောင်းကို တွေ့ရသည်။
“ဒါက ကြယ် (၇) ပွင့် လုဘုရင် နန်းတော်ပေါ့”
လင်းချွမ် မှင်တက်စွာ ရေရွတ်လိုက်မိသည်။