← Chapters

ပထမအတွေ့အကြုံ

Vol. 14 Ch. 200

ပထမအတွေ့အကြုံ

Vol. 14 Ch. 200

လင်းချွမ် ထိုအသံကို အာရုံစိုက်၍ နားထောင်လိုက်သည်။ 

[စာအုပ်: ရှေးဟောင်းပစ္စည်းများ]

[အခြေအနေ: ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း: ၂၀၀၄၈/၂၀၀၀၀]

မနေ့ညကပင် ၅၆၇၆ သာ ရှိခဲ့ရာမှ ယခု (၂၄) နာရီအတွင်း များစွာ တိုးတက်လာခဲ့သည်။ 

လင်းချွမ် အံ့ဩမှင်တက်နေမိ၏။ 

မည်သို့ပင်ဖြစ်စေ သူ့ပြစ်မှုများ ရှင်းလင်းသွားပြီးနောက် လူစိတ်ဝင်စားမှု ပို၍ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ 

လင်းချွမ် တစ်ယောက်တည်း ပြုံးနေမိသည်။ 

လုပ်ငန်း အောင််မြင်သည့်အပြင် ဘေး၌ ကျန်းရှင်းရှင်းလည်း ရှိနေ၏။ 

“အင်း ဘယ်အချိန်ရှိပြီလဲ သူဌေး”

ကျန်း လင်းချွမ်အား လှမ်းဖက်၍ ပြောလိုက်သည်။ 

လင်းချွမ် ဖုန်းမှနာရီကို လှမ်းကြည့်ကာ

“ည (၈) နာရီ။ ဗိုက်ဆာနေပြီလား”

“အင်း…”

“ဒါဆု ခေါက်ဆွဲပြုတ်ပေးမယ်နော်”

လင်းချွမ် ပြောပြောဆိုဆိုနှင့် ထထိုင်လိုက်သည်။ 

“ဟုတ်”

ကျန်းလည်း အနောက်မှ လှမ်းဖက်၍ မီးဖိုခန်းသို့ အတူလိုက်သွားလေသည်။ 

ထို့နောက် ခေါက်ဆွဲပြုတ်၍ အတူစားလိုက်ကြ၏။ 

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။ 

ကျန်းတစ်ယောက် ပင်ပန်းနေ၍ ပြန်အိပ်ပျော်သွားပြန်သည်။ 

လင်းချွမ်ကတော့ အားအင်အပြည့်ဖြင့် အရေးကြီးကိစ္စ ပြုလုပ်ရန် ပြင်ဆင်နေသည်။ 

“စနစ်ရေ ထွက်ခဲ့တော့”

သူ စိတ်ထဲမှ လှမ်းခေါ်လိုက်၏။ 

[ဘဝအသစ် စတင်မည်လား]

“အသင့်ဖြစ်ပြီ။ စမယ်”

လင်းချွမ် အားကြိုးမာန်တက် ပြောလိုက်သည်။ 

သူ ဘဝအသစ် သွားတိုင်း အတွေ့အကြုံအသစ်၊ အရည်အချင်းအသစ်များ ရရှိခဲ့ပါသည်။ 

ဤသို့ဖြင့် အိမ်ပိုင်ရှင် သူဌေးသမီးလေး ကျန်းရှင်းရှင်းနှင့် ဇာတ်လမ်းဖြစ်ခဲ့ခြင်း ဖြစ်၏။ 

အဟမ်း စနစ်ရေ အားတော့နာပါတယ်။ မင်းပေးတဲ့ အရည်အချင်းတွေနဲ့ ရည်းစားထားလိုက်ပြီ။ 

အမှန်တော့ လင်းချွမ် မိန်းမများကို စိတ်သိပ်မဝင်စားခဲ့သော်လည်း ကျန်းမှာတော့ သူ့အတွက် ကောင်းလွန်းလှသည်။ 

ယခုတော့ သူ ဘဝအသစ်အတွက် ပုံရိပ်ယောင်လောကသို့ သွားရတော့မည်။ 

[အလုပ်အကိုင်အသစ် စတင်ပါတော့မည်။ အသင့်ပြင်ထားပါ]

စနစ်၏ စက်ရုပ်အသံ ထွက်ပေါ်လာသည်။ 

ထိုစဉ် မြစ်ကမ်းဘေးမှ လရောင်မှုန်မှိုင်းမှိုင်း မြင်ကွင်းမှာ တဖြည်းဖြည်း ဝေဝါး၍ အိပ်ပျော်နေသော ကျန်းနှင့်လည်း ဝေးကွာသွား၏။ 

[အတွေ့အကြုံတိုင်းသည် လှပသော အမှတ်တရများ ဖြစ်ပါသည်]

[စနစ်မှ ဤမှတ်ဉာဏ်ကို ဝတ္ထုအဖြစ် ပြောင်းလဲပေးပါမည်]

[ယခုတွေ့ကြုံရမည့် အလုပ်အကိုင်အတွက် ခဏ စောင့်ဆိုင်းပါ]

“ဒီလောက် ပြစ်မှုတွေ အများကြီး ကြုံဖူးနေတာ။ တော်တော်စုံနေပါပြီ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်”

[ဂုဏ်ယူပါသည်။ ယခုတစ်ခါ အလုပ်အကိုင်မှာ သိုက်တူးသူ]

[ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်]

လင်းချွမ် စွံ့အ၍ စိတ်ထဲမှ ကျိန်ဆဲနေလေ၏။ 

တကယ်ကြီး တရားခံလိုအလုပ်ပဲ ထပ်ပေးတာလား။ 

လင်းချွမ်မှာ စာရေးဆရာတစ်ဦးအနေဖြင့် သိုက်တူးသမားအကြောင်းဝတ္ထုများကိုတော့ ရင်းနှီးပါသည်။ ထို့နောက် တောင်နှင့်မြောက် ကွဲပြားကာ အခြေအနေမတူကြမှန်းလည်း သိ၏။ 

ငါက သိုက်တူးနည်းကိုသိပြီး ဘာဆက်လုပ်ရမှာလဲ။ 

အခုခေတ်မှာ ဒီအလုပ်လုပ်ရင် သေချာပေါက် ထောင်ကျမှာပေါ့။ 

ဒီအလုပ်နဲ့က ရလဒ် (၂) ခုပဲ ရှိတယ်။ 

တစ်ခုက ဂူထဲဝင်ပြီး ပြန်မထွက်နိုင်တာ။ 

နောက်တစ်ခုက အောင်အောင်မြင်မြင် ပြန်ထွက်လာပြီး အဖမ်းခံရတာ။ 

ဒါကြီးကို ဘယ်လိုသည်းခံရမှာလဲ။ 

သေလိုက်လို့ ပြောချင်နေတာ မဟုတ်ဘူးလား။ 

အပြင်လောကတွင် လရောင်မှာ ပြတင်းပေါက်မှတစ်ဆင့် လင်းချွမ်ပေါ်သို့ ကျရောက်နေပြီး လေတဖြူးဖြူး တိုက်ခတ်နေလေသည်။ 

လင်းချွမ် ချက်ချင်း စိတ်ကို ပြန်စုစည်းလိုက်၏။ 

“ထားပါတော့။ ဒီပုံရိပ်ယောင်လောကမှာ အရင် ကြိုးစားတာပေါ့”

သူ မြန်မြန် ဆုံးဖြတ်လိုက်၏။ 

အပြင်လောက၌ တကယ် မပြုလုပ်နိုင်သော်လည်း ပုံရိပ်ယောင်လောကတွင် စိတ်ကြိုက် ဆိုးနိုင်ပါသည်။ 

စိတ်လှုပ်ရှားစရာပဲ။ 

ထိုစဉ် စနစ်ထံမှ အသံထွက်လာပြန်၏။ 

[ဒီသိုက်တူးသမားအလုပ်အကိုင်ရဲ့ အထူးအခြေအနေအတွက် ပထမအတွေ့အကြုံကို ကျပန်း ရွေးချယ်ပါ]

လင်းချွမ် မျက်ခုံးပင့်လျက်

“အဲ့လိုရှိသေးတာလား]

[ဟုတ်ပါတယ်။ ဒါပေမဲ့ ဒုတိယအတွေ့အကြုံကို ဖွင့်နိုင်ဖို့ ပထမအတွေ့အကြုံဝတ္ထုရဲ့ စံနှုန်း ကိုက်ညီရပါမယ်]

“ပိုခက်လာတာပဲ”

လင်းချွမ် ရေရွတ်မိ၏။ 

ပြောရလျှင် ယခုအလုပ်အကိုင်မှာ တစ်ကြိမ် အတွေ့အကြုံ မဟုတ်ဘဲ အခွဲများ ရှိနေသေး၏။ 

“ကောင်းပြီလေ။ စလိုက်တာပေါ့”

[ရွေးချယ်မှု ပြီးဆုံးပါပြီ]

[သိုက်တူးသမားအလုပ်အတွက် ပထမအတွေ့အကြုံ: ကြယ် (၇) ပွင့် ဘုရင်လုနန်းတော်]

[ပုံရိပ်ယောင်လောက စတင်ပါပြီ]

“ကြယ် (၇) ပွင့် လုဘုရင် နန်းတော်”

လင်းချွမ် ရေရွတ်ရင်း စိတ်ကို အသင့်ပြင်ထား၏။ 

လင်းချွမ်အမြင်များ ပြန်ကြည်လင်လာပြီး သူ ဘေးဘီကို ကြည့်လိုက်သောအခါ ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုသို့ ရောက်နေသည်အား တွေ့ရသည်။ 

သို့သော် ဝယ်ယူသူ မရှိသေးဘဲ လက်ထောက် တစ်ယောက်သာ မြင်ရသည်။ 

ထိုလက်ထောက်မှာ ခပ်ပိန်ပိန်၊ အသံဩဩဖြစ်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ 

လူငယ်လေးသည် ကြည့်ကောင်းသော်လည်း လင်းချွမ်ကို မမီဘဲ သူ့အရှိန်အဝါလေး သက်သက် ရှိနေ၏။ 

လင်းချွမ် အုတ်ဂူဖော် မိသားစုထဲ မွေးဖွားလာခဲ့သည်။ 

သူ့အဘိုးသည် လွန်ခဲ့သော နှစ် (၅၀) က ထိုအလုပ် လုပ်ခဲ့ပြီး နာမည်ကြီး ပစ္စည်းအချို့ ရဖူး၏။ 

လက်ရှိတွင် လင်းချွမ်မှာ ရှေးဟောင်းပစ္စည်းဆိုင်၏ သူဌေးလေး ဖြစ်နေသည်။ 

“လက်တွေ့နဲ့ နီးစပ်သားပဲ”

“ကောင်လေး ရှေးဟောင်းပိုးထည်စာတွေ ရှိလား”

ရွှေရောင်သွားနှင့် အဘိုးအိုတစ်ဦး ရောက်လာပြီး မေး၏။ 

“မရှိဘူး”

လင်းချွမ် ခပ်တည်တည် ပြန်ဖြေလိုက်သည်။ 

“မိတ်ဆွေတစ်ယောက်က ညွှန်းလိုက်လို့ပါ။ မင်းအဘိုးကို တွေ့ချင်တယ်”

ထိုလူ ပြုံး၍ ပြောလိုက်ပြီး သူ့ရွှေသွားပြောင်ပြောင်ကို တွေ့နေရသည်။ 

“အဘိုးနဲ့ ဘာကိစ္စရှိလို့လဲ”

လင်းချွမ် မျက်မှောင်ကြုတ်၍ မေး၏။ 

ထိုလူ သူ့ကိုစိုက်ကြည့်၍

“မင်းအဘိုးက အဲ့ဒီပိုးသားစာပေကို ခိုးသွားဖူးတယ်။ အဲ့တာကြောင့် ငါ့မှာရှိတာနဲ့တူလား တိုက်ကြည့်ချင်တာ”

“မပြနိုင်ဘူး”

လင်းချွမ် ပြစ်မှုအတွေ့အကြုံများအရ ထိုပစ္စည်းမှာ အရေးကြီးမှန်း သိနေပါသည်။ 

မည်မျှ အရေးကြီးမှန်းတော့ မခန့်မှန်းတတ်ပေ။ 

“နေဦး။ ဒါဆို မင်းကြည့်ကြည့်။ ဒါနဲ့ မင်းအဘိုးမှာ ရှိတာနဲ့ အတူတူပဲလားလို့”

သူ စာရွက်တစ်ရွက် ထုတ်ပြလေသည်။ 

“အဲ့လိုဆိုရင်တော့ ရပါတယ်”

သူ ရှေးဟောင်းပစ္စည်း အကဲဖြတ်ရာတွင်တော့ ဆရာတစ်ဆူ ဖြစ်လေသည်။ 

လင်းချွမ်တစ်ချက်ကြည့်ရုံဖြင့် အတုမှန်း သိလိုက်သည်။ 

ထို့နောက် အမှန်အတိုင်း ပြောလိုက်သောအခါ အဘိုးအို ခပ်လောလော ပြန်ထွက်သွား၏။ 

ထိုညနေ၌။ 

သူ့တတိယဦးလေးမှ နဂါးတောင်တန်းဟူ၍ စာပို့လာ၏။ 

ထိုနဂါးတောင်တန်းမှာ အရေးကြီးအခြေအနေအတွက် ကုဒ်ဖြစ်လေသည်။ 

သို့သော် လင်းချွမ် နောက်ကျသွား၏။ 

ပုံရိပ်ယောင်လောကတွင် အမှန်တော့ လင်းချွမ်နှင့် သူ့အဖေတို့မှာ ကိုယ်တိုင် အုတ်ဂူဖော်ခြင်း မပြုလုပ်ဖူးပေ။ 

ထိုတတိယဦးလေး၌သာ အတွေ့အကြုံပိုများ၏။ 

ထို့ကြောင့် လင်းချွမ် သူ့တာဝန်ပြီးမြောက်ရန် ထိုဦးလေး၏အကူအညီ လိုလေသည်။ 

မဟုတ်လျှင် ကြယ် (၇) ပွင့် လုဘုရင်နန်းတော် ဘယ်နားရှိမှန်းပင် သူ မသိပါ။ 

ဒါက ဒီပိုးသားစာပေနဲ့များ ဆိုင်နေလား။ 

စနစ်က အလကားတော့ ပေးထားမှာမဟုတ်ဘူး။ 

တစ်ခုခုတော့ ရှိရမယ်။ 

ထို့နောက် သူ ပိုးသားစာရွက်ကို ဓာတ်ပုံရိုက်ကာ ဦးလေးအား ပို့ပေးလိုက်သည်။ 

တစ်ဖက်မှ ချက်ချင်း စာပြန်လာ၏။ 

“ဒါ မြေပုံပဲ”

“မြေပုံလား”

လင်းချွမ် မျက်မှောင်ကြုတ်၍ ထပ်မေးလိုက်သည်။ 

“ဘယ်လို မြေပုံလဲ”

“အုတ်ဂူ မြေပုံပဲ။ လုဘုရင်နဲ့ ပတ်သက်နေတာ။ မင်း အုတ်ဂူထဲ ဝင်တူးကြည့်ချင်လား”

“ဟုတ်ကဲ့”

ထိုနာမည်ကြားသည်နှင့် လင်းချွမ် စိတ်လှုပ်ရှားသွား၏။ 

သူ ပထမအတွေ့အကြုံ စတင်လေပြီ။ 

All Chapters