← Chapters

ဘဝအသစ်

Vol. 14 Ch. 199

ဘဝအသစ်

Vol. 14 Ch. 199

“ဂရုမစိုက်ပါဘူး”

ကျန်း နှုတ်ခမ်းလေးစူလျက် သူ့ကို ပိုတင်းကြပ်အောင် ဖက်ထားသည်။ 

ဘေးတွင် လူမည်မျှ ရှိနေပါစေ သူ့မျက်လုံးထဲ လင်းချွမ်တစ်ယောက်သာ မြင်နေ၏။ 

“စောင့်နေရတာ ကြာသွားရင် တောင်းပန်ပါတယ်နော်”

လင်းချွမ် နူးညံ့နွေးထွေးစွာ ပြန်ဖက်ထားရင်း မွှေးပျံ့သော ရနံ့သင်းသင်းလေးကို ခံစားမိသည်။ ထိုရနံ့ကြောင့် စိတ်ထဲတွင်လည်း ပူလောင် လှိုက်မောသွား၏။ 

ကျန်း အချိန်အတော်ကြာအောင် ဖက်ပြီးမှ လင်းချွမ်ကိုယ်ပေါ်မှ ဆင်းလာကာ သူ့ကို စိုက်ကြည့်နေသည်။ 

“ရှင်းရှင်း ဘာလို့ အဲ့လောက် ကြည့်နေတာလဲ”

လင်းချွမ် ပြုံး၍ မေး၏။ 

ကျန်း၏အပြုံးမှာ တောက်ပ၍ တက်ကြွလန်းဆန်းနေသည်။ 

“ရှင်ပြန်လာတာ သိပ်ကောင်းတာပဲ။ ကျွန်မ ဒီနေ့ ဘာဝတ်ထားလဲ သိချင်လား”

“ဘာဝတ်ထားလို့လဲ”

လင်းချွမ် သူ့တစ်ကိုယ်လုံးကို ကြည့်လိုက်မိသည်။ 

သူ အဖြူရောင်သိုးမွေးအပါးအင်္ကျီနှင့် ဂျင်းဘောင်းဘီပြာ အကြပ်လေးကို အားကစားဖိနပ် အဖြူနှင့် တွဲဖက် ဝတ်ဆင်ထားလေသည်။ မျက်နှာ၌ မိတ်ကပ်ခပ်ပါးပါးရှိနေပြီး လှပသော အချိုးအစားများ ပို၍ ထင်ရှားနေ၏။ 

ကျန်း လင်းချွမ်ကိုဆွဲ၍ လေဆိပ်ထဲမှ အမြန် ထွက်လာခဲ့သည်။ 

ထို့နောက် လင်းချွမ်ရှေ့တွင်ရပ်၍ ဂျင်းဘောင်းဘီလေးကို အနည်းငယ် ခေါက်ပြလိုက်သောအခါ… အနက်ရောင် အသားကပ်ဘောင်းဘီ။ 

ဒါက…

လင်းချွမ် တံတွေးမျိုချ၍ ကျန်းကို ကြည့်ကာ ရယ်မောလျက်

“တကယ် လူဆိုးမလေး ဖြစ်နေပြီပဲ”

“ဒါဆို… အိမ်ပြန်ကြမယ်လေ”

ကျန်း မျက်တောင်လေး တဖျတ်ဖျတ်ခတ်၍ လင်းချွမ်နားအနား ကပ်ပြောလိုက်သည်။ 

“နောက်ထပ် surprise ရှိသေးတယ်”

“ကောင်းပါပြီဗျာ”

လင်းချွမ် ကျန်း၏ခါးလေးကို ဖက်လျက် ကားထဲ ဝင်သွား၏။ 

တက္ကစီယာဉ်မောင်းမှာ ကျွမ်းကျင်စွာ စတင် မောင်းနှင်လေသည်။ 

မကြာမီ အန်လင်းမြို့၊ ချင်းရှုရပ်ကွက်သို့ ရောက်လာကြသည်။ 

“အိမ်ပြန်မယ်ဆို”

လင်းချွမ် အံ့ဩစွာ ပြန်မေးလိုက်၏။ 

“မကြာခင် သိရပါလိမ့်မယ်”

ကျန်းမှ ပြောရင်း လင်းချွမ်လက်ကိုဆွဲကာ အဆောက်အဦထဲ ဝင်သွားသည်။ 

လင်းကျန်အိမ်ရာ။ 

လင်းချွမ် မှင်တက်၍ ကြောင်တောင်တောင် လိုက်ကြည့်နေမိစဉ် ကျန်း သူ့ကို ဓာတ်လှေကားထဲ ဆွဲသွား၏။ 

အလွှာ (၃၀)။ 

ဒင်!

သူတို့ အလွှာ (၃၀) သို့ ရောက်လာကြသည်။ 

ကျန်းမှ အရှေ့မှဦးဆောင်၍ သွားနေပြီး အခန်းတစ်ခုကို သူ့လက်ဗွေရာဖြင့်ဖွင့်ကာ လင်းချွမ်ဘက်သို့ ပြုံးကြည့်၍

“အိမ်ကနေ ကြိုဆိုလိုက်ပါတယ် သူဌေး”

“ဒါက…”

လင်းချွမ် အထဲဝင်သွားရင် အလွန်အံ့ဩစွံ့အနေသည်။ 

တစ်ချက်ကြည့်ရုံဖြင့် ပေ (၂၀၀) ပတ်လည်နှင့် အိပ်ခန်း (၄) ခန်း၊ ဧည့်ခန်း (၂) ခန်းတို့ ပါဝင်သော အကောင်းစား ဇိမ်ခံတိုက်ခန်းမှ သိသာ၏။ 

ဟင်။ 

ကျန်း ခြေဖျားလေးထောက်လျက် လင်းချွမ် လည်ပင်းအား သိုင်းဖက်ကာ

“သူဌေး ဒီနေ့ကစပြီး ဒါ ကျွန်မတို့အိမ်ပဲ”

“ဘယ်အချိန်က ပြင်ဆင်ထားလိုက်တာလဲ”

လင်းချွမ် သူ့ကို ညင်သာစွာ ပြန်ဖက်ရင်း မေးသည်။ 

“ရှင် ခရီးထွက်သွားတည်းကပေါ့။ အားလုံး အလှပြင်ဆင်ပြီး သေချာ စစ်ဆေးထားတာ။ နေလို့ ရတယ်”

ကျန်းမှ ဆက်၍

“ရှင့်အဝတ်တွေက ကျွန်မခေါက်ပြီး ဗီရိုထဲ သိမ်းထားလိုက်ပြီ။ ဟိုဘက်က အခန်းက ရှင် ဂိမ်းဆော့ဖို့။ စာရေးတာလည်း သုံးလို့ရတယ်။ အာ ကျန်သေးတယ်”

“ကိုတို့အခန်းက ဘယ်မှာလဲပဲပြောပါ”

လင်းချွမ် ခရီးဆောင်အိတ်ကို ဘေးဖယ်၍ ကျန်းအား ပွေ့ချီလိုက်သည်။ 

ကျန်း မျက်နှာလေးရဲသွားကာ

“ဘယ်အခန်းဖြစ်ဖြစ်…နေလို့ရပါတယ်။ အေးဆေးပေါ့”

လင်းချွမ် အိပ်ခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားလိုက်၏။ 

ကုတင်အသစ်ကြီးမှာ အလွန်နူးညံ့နေပြီး ကျန်းရှင်းရှင်းကတော့ ပိုနူးညံ့နေသည်။ 

မွှေးပျံ့သော ရနံ့လေးလည်း သင်းနေ၏။ 

လင်းချွမ် ကျန်းမျက်နှာလေးကို ညင်သာစွာ ထိတွေ့၍ အနမ်းမိုးများ စတင်လေတော့သည်။ 

လင်းချွမ်တစ်ယောက် တိုက်ပွဲမှ စစ်သူကြီးကဲ့သို့ ရွပ်ရွပ်ချွံချွံ ကြိုးစားကာ ရန်သူများကို မမောမပန်း တိုက်ခိုက်လေသည်။ 

ဤသို့ဖြင့် နေ့လယ်ခင်းအချိန် နေရောင်ခြည်များ အခန်းလိုက်ကာမှတစ်ဆင့် ထိုးဖောက်လာသည်ကို တွေ့ရ၏။ 

ထို့နောက် တဖြည်းဖြည်း အနောက်အရပ်သို့ ဝင်ရောက်ကာ ခပ်ကွေးကွေး လမင်းလေးနှင့် အစားထိုးခံလိုက်ရတော့သည်။ 

ထိုအခါ အေးချမ်းသော လရောင်နှင့် ညအလှကို တမူထူးခြားစွာ ခံစားရပြန်၏။ 

လင်းချွမ် နူးညံ့သော အိပ်ရာထက်၌ လဲလျောင်းရင်း နူးညံ့မွှေးကြိုင်သော ကျန်းအား ဖက်ထားလေသည်။ သူတို့ လွမ်းဆွတ်ခဲ့ရသော ထိုအခိုက်အတန့်အား ကောင်းစွာ ဖြတ်သန်းနေ၏။ 

သူတို့ တိုက်ပွဲများစွာ တိုက်ခိုက်ပြီးနောက် အနားယူနေချိန် ဖြစ်ပါသည်။ 

ထိုစဉ် လင်းချွမ်နားထဲ၌ ရင်းနှီးနေသော စက်ရုပ်သံကို ကြားလိုက်ရသည်။ 

[တက်ကြွမှုအပြည့်၊ မျှော်လင့်ချက်အပြည့်ဖြင့် ဘဝ]

[ဘဝအသစ်၊ အတွေ့အကြုံအသစ်]

[ဂုဏ်ယူပါသည်။ ရှေးဟောင်းပစ္စည်းများ စာအုပ်သည် subscription (၂) သောင်း ရရှိပြီး၍ နောက်ထပ် အတွေ့အကြုံအသစ် ရရှိနိုင်ပါပြီ]

[နောက်ထပ်ဘဝအသစ်ကို ယခုချက်ချင်း ခံစားမည်လား]

All Chapters